Topics

Political Economy

3 Nov 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-တရုတ် ကုန်သွယ်မှု အပါအဝင် ပြည်ပ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၇) မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ အားကောင်းမောင်းသန် ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စရပ်တွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ တုံ့ပြန်မှုတွေကြောင့်စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်သွားတာ၊ ဘဏ်စနစ် ပုံမှန် လည်ပတ်နိုင်ခြင်း မရှိတော့တာ၊ ငွေကြေးစီးဆင်းမှု ပြတ်တောက်တာတွေအပြင် စီးပွားရေး ပိတ်ဆို့ အရေးယူခံရတာနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှု၊ ပုံရိပ်ကျဆင်းတာတွေလည်း ဖြစ်လာခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေ အဘက်ဘက်မှာ ပြိုဆင်းခဲ့ပါတယ်။စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု တန်ဖိုးဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ကျော်ရှိခဲ့ရာကနေ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန်ဒေါ်လာ သန်း၁,၇၀၀ ကျော်ပဲ ရှိခဲ့ပြီး ထက်ဝက်ကျော်ခန့် ကျဆင်းခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေပြုလုပ်တဲ့ ကုန်သွယ်မှုပမာဏကိုလည်း အာဏာမသိမ်းခင်ကာလနဲ့အာဏာသိမ်းပြီးကာလကို နှိုင်းယှဉ်ကြည့်ပါက သိသိ သာသာ ကျဆင်းနေတာတွေ့ရပါတယ်။ Download as PDF ဒါ့အပြင် ၂၀၂၁ ခုနှစ် သြဂုတ်အထိ ခြောက်လတာ ကာလအတွင်းမှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ ပြည်ပစီမံကိန်းတွေ ရပ်ဆိုင်းသွားသလို ပြည်တွင်းက အလုပ်သမား ၅၀၀,၀၀၀ လောက်ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးထားတဲ့ ပို့ကုန် အထည်ချုပ် လုပ်ငန်းတွေဟာလည်း နိုင်ငံတွင်းကနေ တဖြည်းဖြည်း ဆုတ်ခွာသွားကြပြီ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို မမှုဘဲ အိမ်နီးချင်း နိုင်ငံအချို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု (အထူးသဖြင့် တရုတ်နဲ့ ရုရှား) နဲ့တင်ဆက်လက်ရှင်သန် ရပ်တည် နိုင်တယ်လို့ ဆိုထားပါတယ်။ သမိုင်း အတွေ့အကြုံအရလည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကို အင်အားသုံး ဖြိုခွင်းပြီး အာဏာသိမ်းခဲ့တဲ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာလွှဲပေးခြင်း မရှိဘဲ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူ နှိပ်ကွပ်ခဲ့ခြင်းတွေ ရှိခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုတွေအပေါ် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမဲ့အိမ်နီးချင်း တရုတ်၊ ထိုင်းနဲ့ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေရဲ့ စီးပွားရေး ကူးလူးဆက်ဆံမှုတွေကြောင့်နိုင်ငံတကာ ဖိအားတွေဟာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ နိုင်ငံတခု၊ အုပ်ချုပ်မှု အဖွဲ့အစည်းတရပ် ရပ်တည် ရှင်သန်နိုင်ဖို့ဆိုရင် ကုန်သွယ်မှု ကဏ္ဍကလည်း အရေးပါတဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှု ဆိုင်ရာ အချက်အလက်တွေကို အလေးထားစောင့်ကြည့်ရမဲ့ ကိန်းဂဏန်းအချက်အလက်များအဖြစ် လစဉ် ထုတ်နုတ် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီလိုတင်ပြရာမှာ စစ်အာဏာ မသိမ်းခင် ကုန်သွယ်ရေး အခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး ဘယ်လို ပြောင်းလဲလာတယ်၊ ကုန်သွယ်ရေးမှာ ဘယ်နိုင်ငံတွေကို ပိုပြီး အားကိုးလာရတယ် ဆိုတာကို အထောက်အထားအားဖြင့် ပေါ်လွင်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဘက် ဖြစ်သလို အာဏာသိမ်း စစ်ကောင်စီကို အဓိက ကျောထောက် နောက်ခံပြုပေးနိုင်တဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး အခြေအနေတွေကို အလေးပေးစောင့်ကြည့် တင်ပြသွားမှာ ဖြစ်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ မြန်မာ့ စီးပွားရေးဟာ အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ်အတွင်းမှာ ၁၈ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးသန်းကျော်လောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုတွေကို လာမဲ့ သုံးလကနေ ခြောက်လအတွင်း ကြုံတွေ့ရတော့မယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဧပြီက ခန့်မှန်းထားပါတယ်။ တခါ မြန်မာ့ လူဦးရေရဲ့ ထက်ဝက်ကျော်ခန့်ဟာလည်း လာမဲ့နှစ်ဆန်းပိုင်းမှာ ဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်မှာကို ရင်ဆိုင်ရတော့မယ်လို့ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ပိုဆိုးတာက အခုအချိန်မှာ ကိုဗစ်-၁၉ တတိယလှိုင်းရဲ့ ရိုက်ခတ်မှုကို နိုင်ငံတဝန်း ပြင်းပြင်းထန်ထန် ရင်ဆိုင် နေရတာကြောင့်စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတွေဟာ ခန့်မှန်းထားတာတွေထက် ပိုပြီး ဆိုးနိုင်ခြေ ရှိပါတယ်။ အာဏာသိမ်းမှုအပြီးမှာ ဖြစ်ပွားခဲ့တဲ့စီးပွားရေး အကျပ်အတည်းတွေနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေက မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိမလဲ ဆိုတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်အရေးပါပါတယ်။ ဒါ့အပြင် စီးပွားရေး ကိန်းဂဏန်းတွေဟာ ပြည်ပနိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့ အကျိုးစီးပွား စဉ်းစားချက်တွေကို များစွာ ထင်ဟပ်လျက်ရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ ပြည်ပနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးထဲထဲဝင်ဝင်နားလည်စေဖို့ အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ ပြည်တွင်း-ပြည်ပ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက်၊ ကာလတူကုန်သွယ်မှု တန်ဖိုးတွေကို ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ ဒါ့အပြင်အဲဒီက အချက်အလက်တွေကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာပါတဲ့ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ် လေ့လာနိုင်ပါတယ်။
7 Oct 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု အခြေအနေ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၃) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ စီးပွားရေး ပြိုလဲမှု အန္တရာယ်ကိုရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ကိုဗစ် ကပ်ဘေးကြောင့် နာလံမထူနိုင် ဖြစ်ခဲ့ရာကနေ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း လပိုင်းအတွင်းမှာပဲ စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်တာ၊ ရှိပြီးသား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ၊ မရေမရာမှု တွေကြောင့်ကတိကဝတ် ပြုထားတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ နောက်ဆုတ်သွားတာ စတာတွေကြောင့် စီးပွားရေးဖွံ့ဖြိုးမှု ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ခဲ့ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှု တွေကြောင့် မြန်မာနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်း ထုတ်ကုန် (ဂျီဒီပီ) ကလည်း အခု ဘဏ္ဍာနှစ်မှာပဲ ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ် လို့လည်း Oxford Economics က ခန့်မှန်းထားပါတယ်။ Download as PDF အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ကိုဗစ် ကပ်ရောဂါကြောင့် ဖြစ်ပွားခဲ့တဲ့ စီးပွားရေး ဆုတ်ယုတ်မှုတွေရဲ့ပေါင်းစပ်မှုကြောင့် အခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ကဏ္ဍအားလုံးမှာ ဖွံ့ဖြိုးမှု နှေးကွေးသွားမယ် လို့ စက်တင်ဘာ ဒုတိယပတ်မှာအာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)က ထုတ်ပြန်ခဲ့တဲ့ “ ဖွံ့ဖြိုးမှုညွှန်းကိန်းများ ကြိုတင်ခန့်မှန်းမှု” အစီရင်ခံစာမှာ ခန့်မှန်းပါတယ်။မြန်မာနိုင်ငံရဲ့ ဂျီဒီပီ တိုးတက်မှုနှုန်းဟာ ကျန်တဲ့ အာဆီယံ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဆိုးဆိုးရွားရွားပဲ အနုတ်လက္ခဏာ ပြနေပါတယ်။ ဒါ့အပြင် အမေရိကန် ဒေါ်လာဈေး သိသိသာသာ မြင့်တက်ပြီး ငွေကြေး ဖောင်းပွမှုနှုန်းက ဆက်လက်မြင့်တက်နေမယ်လို့ADB အစီရင်ခံစာက သုံးသပ်ပါတယ်။ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ ပထမနှစ်ဝက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၅၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နိုင်ငံရဲ့ အခြေအနေ မတည်ငြိမ်မှု တွေကြောင့် ၂၀၂၂ ခုနှစ်အတွက် အလားအလာကိုတောင် ADB က ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ∎ ဘာကြောင့်အရေးကြီးတာလဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတ ခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစား လိုက်နာမှု မရှိတဲ့၊ ဒေသခံ ပြည်သူလူထုရဲ့ ဘဝ တိုးတက်မှုတွေကိုထောက်ပံ့မှု မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကြောင့်လည်း တိုင်းပြည်ဟာ ပိုမို ချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရ ပြီးပါပြီ။ တခါ မြန်မာနိုင်ငံမှာဘယ်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေသလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေ အဓိက ဝင်ရောက်နေသလဲ ဆိုတာဟာ လက်ရှိ နိုင်ငံရေး အကျပ်အတည်းအတွင်း နိုင်ငံတကာပါဝင်မှုကို နားလည်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ လူထုတွေရဲ့ နေ့စဉ် ဘဝတွေကိုပါတိုက်ရိုက် သက်ရောက်မှုရှိတာကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုနေသလဲ ဆိုတဲ့အပေါ် မျက်ခြေမပြတ် ရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို သတင်းအချက်အလက် ဂေဟစနစ် ပျက်စီးနေချိန်မှာ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စီမံကိန်းတွေ၊ ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်း မြင်သာမှုရှိသလား၊ သက်ရောက်မှုဘယ်လိုဖြစ်နိုင်သလဲ စတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေကအလေးထား စောင့်ကြည့်စရာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက် ကာလတူ ရင်းနှီး မြှုပ်နှံမှုတွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ် တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေ၊ Oxford Economics နဲ့Economist Intelligence Unit က ထုတ်ပြန်တဲ့ စာတမ်းတွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။
21 Sep 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-တရုတ် ကုန်သွယ်မှု အပါအဝင် ပြည်ပ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၉) မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ အားကောင်းမောင်းသန် ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စရပ်တွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ တုံ့ပြန်မှုတွေကြောင့်စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်သွားတာ၊ ဘဏ်စနစ် ပုံမှန် လည်ပတ်နိုင်ခြင်း မရှိတော့တာ၊ ငွေကြေးစီးဆင်းမှု ပြတ်တောက်တာတွေအပြင် စီးပွားရေး ပိတ်ဆို့ အရေးယူခံရတာနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှု၊ ပုံရိပ်ကျဆင်းတာတွေလည်း ဖြစ်လာခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေ အဘက်ဘက်မှာ ပြိုဆင်းခဲ့ပါတယ်။စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု တန်ဖိုးဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ကျော်ရှိခဲ့ရာကနေ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန်ဒေါ်လာ သန်း၁,၇၀၀ ကျော်ပဲ ရှိခဲ့ပြီး ထက်ဝက်ကျော်ခန့် ကျဆင်းခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေပြုလုပ်တဲ့ ကုန်သွယ်မှုပမာဏကိုလည်း အာဏာမသိမ်းခင်ကာလနဲ့အာဏာသိမ်းပြီးကာလကို နှိုင်းယှဉ်ကြည့်ပါက သိသိ သာသာ ကျဆင်းနေတာတွေ့ရပါတယ်။ Download as PDF ဒါ့အပြင် ၂၀၂၁ ခုနှစ် သြဂုတ်အထိ ခြောက်လတာ ကာလအတွင်းမှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ ပြည်ပစီမံကိန်းတွေ ရပ်ဆိုင်းသွားသလို ပြည်တွင်းက အလုပ်သမား ၅၀၀,၀၀၀ လောက်ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးထားတဲ့ ပို့ကုန် အထည်ချုပ် လုပ်ငန်းတွေဟာလည်း နိုင်ငံတွင်းကနေ တဖြည်းဖြည်း ဆုတ်ခွာသွားကြပြီ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို မမှုဘဲ အိမ်နီးချင်း နိုင်ငံအချို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု (အထူးသဖြင့် တရုတ်နဲ့ ရုရှား) နဲ့တင်ဆက်လက်ရှင်သန် ရပ်တည် နိုင်တယ်လို့ ဆိုထားပါတယ်။ သမိုင်း အတွေ့အကြုံအရလည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကို အင်အားသုံး ဖြိုခွင်းပြီး အာဏာသိမ်းခဲ့တဲ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာလွှဲပေးခြင်း မရှိဘဲ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူ နှိပ်ကွပ်ခဲ့ခြင်းတွေ ရှိခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုတွေအပေါ် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမဲ့အိမ်နီးချင်း တရုတ်၊ ထိုင်းနဲ့ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေရဲ့ စီးပွားရေး ကူးလူးဆက်ဆံမှုတွေကြောင့်နိုင်ငံတကာ ဖိအားတွေဟာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ နိုင်ငံတခု၊ အုပ်ချုပ်မှု အဖွဲ့အစည်းတရပ် ရပ်တည် ရှင်သန်နိုင်ဖို့ဆိုရင် ကုန်သွယ်မှု ကဏ္ဍကလည်း အရေးပါတဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှု ဆိုင်ရာ အချက်အလက်တွေကို အလေးထားစောင့်ကြည့်ရမဲ့ ကိန်းဂဏန်းအချက်အလက်များအဖြစ် လစဉ် ထုတ်နုတ် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီလိုတင်ပြရာမှာ စစ်အာဏာ မသိမ်းခင် ကုန်သွယ်ရေး အခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး ဘယ်လို ပြောင်းလဲလာတယ်၊ ကုန်သွယ်ရေးမှာ ဘယ်နိုင်ငံတွေကို ပိုပြီး အားကိုးလာရတယ် ဆိုတာကို အထောက်အထားအားဖြင့် ပေါ်လွင်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဘက် ဖြစ်သလို အာဏာသိမ်း စစ်ကောင်စီကို အဓိက ကျောထောက် နောက်ခံပြုပေးနိုင်တဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး အခြေအနေတွေကို အလေးပေးစောင့်ကြည့် တင်ပြသွားမှာ ဖြစ်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ မြန်မာ့ စီးပွားရေးဟာ အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ်အတွင်းမှာ ၁၈ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးသန်းကျော်လောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုတွေကို လာမဲ့ သုံးလကနေ ခြောက်လအတွင်း ကြုံတွေ့ရတော့မယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဧပြီက ခန့်မှန်းထားပါတယ်။ တခါ မြန်မာ့ လူဦးရေရဲ့ ထက်ဝက်ကျော်ခန့်ဟာလည်း လာမဲ့နှစ်ဆန်းပိုင်းမှာ ဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်မှာကို ရင်ဆိုင်ရတော့မယ်လို့ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ပိုဆိုးတာက အခုအချိန်မှာ ကိုဗစ်-၁၉ တတိယလှိုင်းရဲ့ ရိုက်ခတ်မှုကို နိုင်ငံတဝန်း ပြင်းပြင်းထန်ထန် ရင်ဆိုင် နေရတာကြောင့်စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတွေဟာ ခန့်မှန်းထားတာတွေထက် ပိုပြီး ဆိုးနိုင်ခြေ ရှိပါတယ်။ အာဏာသိမ်းမှုအပြီးမှာ ဖြစ်ပွားခဲ့တဲ့စီးပွားရေး အကျပ်အတည်းတွေနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေက မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိမလဲ ဆိုတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်အရေးပါပါတယ်။ ဒါ့အပြင် စီးပွားရေး ကိန်းဂဏန်းတွေဟာ ပြည်ပနိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့ အကျိုးစီးပွား စဉ်းစားချက်တွေကို များစွာ ထင်ဟပ်လျက်ရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ ပြည်ပနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးထဲထဲဝင်ဝင်နားလည်စေဖို့ အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ ပြည်တွင်း-ပြည်ပ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက်၊ ကာလတူကုန်သွယ်မှု တန်ဖိုးတွေကို ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ ဒါ့အပြင်အဲဒီက အချက်အလက်တွေကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာပါတဲ့ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ် လေ့လာနိုင်ပါတယ်။
6 Sep 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၄) မကြာသေးခင် နှစ်တွေကမှ အာရှမှာ ဖွံ့ဖြိုးမှု အမြန်ဆုံးလို့ သတ်မှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ စစ်အာဏာသိမ်းမှုရဲ့ ရလဒ်ကြောင့် စီးပွားရေးပြိုလဲမှု အန္တရာယ်ကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် နှစ်ရာခိုင်နှုန်း အထိကျဆင်းခဲ့တဲ့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်တဲ့ ထုတ်ကုန်လုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေကြောင့် ဒီနှစ်အတွင်းမှာပဲ ခြောက်ရာခိုင်နှုန်းအထိ ပြန်တက်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်က အစောပိုင်းမှာ ခန့်မှန်းခဲ့ပါတယ်။ဒါပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် ဒီခန့်မှန်းချက်ဟာ အဟောသိကံ ဖြစ်သွားပါတယ်။ Download as PDF စစ်အာဏာသိမ်းပြီးနောက်ပိုင်း လပိုင်းအတွင်းမှာပဲ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်တာ၊ ရှိပြီးသား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေထွက်ခွာတာ၊ မရေမရာမှုတွေကြောင့် ကတိကဝတ်ပြုထားတဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ နောက်ဆုတ်သွားတာ စတာတွေကြောင့်စီးပွားရေးဖွံ့ဖြိုးမှု ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ခဲ့ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့်မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) ကလည်း အခုဘဏ္ဍာနှစ်မှာပဲ ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ်လို့လည်းOxford Economics က ခန့်မှန်းထားပါတယ်။ လတ်တလော အခြေအနေမှာလည်း မြန်မာနိုင်ငံကနေ နိုင်ငံခြားကုမ္ပဏီကြီးတွေ ထွက်ခွာဖို့ ပြင်နေသလို တယ်လီနောလို ဆက်သွယ်ရေး ကုမ္ပဏီကလည်း အရှုံးခံရောင်းချပြီး ထွက်သွားပါတယ်။ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ စက်မှုအိမ်ရာစီမံကိန်းတွေ၊ အခြားစက်မှုဇုန် စီမံကိန်းတွေကိုလည်း ရပ်နားထားရပါတယ်။ ဒါ့အပြင် စီးပွားရေးပြိုလဲတာ၊နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ စွန့်ခွာတာတွေကြောင့် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းတွေမှာလုပ်ကိုင်တဲ့ပြည်သူတွေ အလုပ်အကိုင် ဆုံးရှုံးခဲ့ပြီး အခုနှစ်မှာ လူပေါင်း ၃ ဒသမ ၄ သန်းကျော်လောက် စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့ရမယ်လို့လည်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးခဲ့ပါတယ်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP) ကတော့ အာဏာသိမ်းမှုဟာ အရင်က တိုးတက်မှုတွေကို ပြောင်းပြန်လှန်လိုက်ပြီး ၄၈ ဒသမ ၂ ရာခိုင်နှုန်းသော မြန်မာပြည်သူတွေ အနေနဲ့ ဆင်းရဲမွဲတေမှုဒဏ်ကို လာမဲ့နှစ်မှာ ခံစားရမယ်လို့ တွက်ချက်ထားပါတယ်။ ∎ ဘာကြောင့်အရေးကြီးတာလဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင် တခုဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတ ခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစား လိုက်နာမှု မရှိတဲ့၊ ဒေသခံပြည်သူလူထုရဲ့ ဘဝတိုးတက်မှုတွေကိုထောက်ပံ့မှုမပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့်လည်း တိုင်းပြည်ဟာ ပိုမိုချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရပြီးပါပြီ။ တခါ မြန်မာနိုင်ငံမှာဘယ်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေသလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေ အဓိက ဝင်ရောက်နေသလဲ ဆိုတာဟာ လက်ရှိ နိုင်ငံရေးအကျပ်အတည်းအတွင်း နိုင်ငံတကာပါဝင်မှုကို နားလည်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ လူထုတွေရဲ့ နေ့စဉ်ဘဝတွေကိုပါတိုက်ရိုက် သက်ရောက်မှုရှိတာကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုနေသလဲ ဆိုတဲ့အပေါ် မျက်ခြေမပြတ် ရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို သတင်းအချက်အလက် ဂေဟစနစ် ပျက်စီးနေချိန်မှာ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စီမံကိန်းတွေ၊ ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်း မြင်သာမှုရှိသလား၊ သက်ရောက်မှုဘယ်လိုဖြစ်နိုင်သလဲ စတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေကအလေးထား စောင့်ကြည့်စရာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက် ကာလတူ ရင်းနှီး မြှုပ်နှံမှုတွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ် တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေ၊ Oxford Economics နဲ့Economist Intelligence Unit က ထုတ်ပြန်တဲ့ စာတမ်းတွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။
10 Aug 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-တရုတ် ကုန်သွယ်မှုအပါအဝင် ပြည်ပ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၆) Download PDF Version မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ အားကောင်းမောင်းသန် ဖြစ်လာခဲ့ပါတယ်။ ဒီကိစ္စရပ်တွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ တုံ့ပြန်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်သွားတာ၊ ဘဏ်စနစ် ပုံမှန် လည်ပတ်နိုင်ခြင်း မရှိတော့တာ၊ ငွေကြေးစီးဆင်းမှု ပြတ်တောက်တာတွေအပြင်၊စီးပွားရေး ပိတ်ဆို့ အရေးယူခံရတာနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှု၊ ပုံရိပ်ကျဆင်းတာတွေလည်း ဖြစ်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေတွေဟာ အဘက်ဘက်မှာ ပြိုဆင်းခဲ့ပါတယ်။ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု တန်ဖိုးဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ကျော်ရှိခဲ့ရာကနေ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန်ဒေါ်လာ သန်း၁,၇၀၀ ကျော်ပဲ ရှိခဲ့ပြီး ထက်ဝက်ကျော်ခန့် ကျဆင်းခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေပြုလုပ်တဲ့ ကုန်သွယ်မှုပမာဏကိုလည်း အာဏာမသိမ်းခင်ကာလနဲ့အာဏာသိမ်းပြီးကာလကို နှိုင်းယှဉ်ကြည့်ပါက သိသိသာသာ ကျဆင်းနေတာတွေ့ရပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် သြဂုတ်လ အထိ ခြောက်လတာ ကာလအတွင်းမှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ ပြည်ပစီမံကိန်းတွေ ရပ်ဆိုင်းသွားသလို ပြည်တွင်းက အလုပ်သမား ၅၀၀,၀၀၀ လောက်ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးထားတဲ့ ပို့ကုန် အထည်ချုပ် လုပ်ငန်းတွေဟာလည်း နိုင်ငံတွင်းကနေ တဖြည်းဖြည်း ဆုတ်ခွာသွားကြပြီ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို မမှုဘဲ အိမ်နီးချင်းနိုင်ငံအချို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု (အထူးသဖြင့် တရုတ်နဲ့ ရုရှား) နဲ့တင်ဆက်လက်ရှင်သန် ရပ်တည်နိုင်တယ်လို့ ဆိုထားပါတယ်။ သမိုင်း အတွေ့အကြုံအရလည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကို အင်အားသုံး ဖြိုခွင်းပြီး အာဏာသိမ်းခဲ့တဲ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာလွှဲပေးခြင်း မရှိဘဲ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူ နှိပ်ကွပ်ခဲ့ခြင်းတွေ ရှိခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုတွေအပေါ် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမယ့်အိမ်နီးချင်း တရုတ်၊ ထိုင်းနဲ့ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေရဲ့ စီးပွားရေး ကူးလူးဆက်ဆံမှုတွေကြောင့်နိုင်ငံတကာ ဖိအားတွေဟာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ နိုင်ငံတခု၊ အုပ်ချုပ်မှု အဖွဲ့အစည်းတရပ် ရပ်တည် ရှင်သန်နိုင်ဖို့ဆိုရင် ကုန်သွယ်မှု ကဏ္ဍကလည်း အရေးပါတဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှု ဆိုင်ရာ အချက်အလက်တွေကို အလေးထားစောင့်ကြည့်ရမယ့် ကိန်းဂဏန်းအချက်အလက်များအဖြစ် လစဉ် ထုတ်နှုတ် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီလိုတင်ပြရာမှာ စစ်အာဏာ မသိမ်းခင် ကုန်သွယ်ရေး အခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး ဘယ်လို ပြောင်းလဲလာတယ်။ ကုန်သွယ်ရေးမှာ ဘယ်နိုင်ငံတွေကို ပိုပြီး အားကိုးလာရတယ် ဆိုတာကို အထောက်အထားအားဖြင့် ပေါ်လွင်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဘက် ဖြစ်သလို အာဏာသိမ်း စစ်ကောင်စီကို အဓိက ကျောထောက် နောက်ခံပြုပေးနိုင်တဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး အခြေအနေတွေကို အလေးပေးစောင့်ကြည့် တင်ပြသွားမှာ ဖြစ်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ မြန်မာ့ စီးပွားရေးဟာ အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ်အတွင်းမှာ ၁၈ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးသန်းကျော်လောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုတွေကို လာမယ့် သုံးလကနေ ခြောက်လအတွင်း ကြုံတွေ့ရတော့မယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ခန့်မှန်းထားပါတယ်။ တခါ မြန်မာ့ လူဦးရေရဲ့ ထက်ဝက်ကျော်ခန့်ဟာလည်း လာမယ့်နှစ်ဆန်းပိုင်းမှာ ဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်မှာကို ရင်ဆိုင်ရတော့မယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ပိုဆိုးတာက အခုအချိန်မှာ ကိုဗစ်-၁၉ တတိယလှိုင်းရဲ့ ရိုက်ခတ်မှုကို နိုင်ငံတဝန်း ပြင်းပြင်းထန်ထန် ရင်ဆိုင် နေရတာကြောင့်စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတွေဟာ ခန့်မှန်းထားတာတွေထက် ပိုပြီး ဆိုးနိုင်ခြေ ရှိပါတယ်။ အာဏာသိမ်းမှုအပြီးမှာ ဖြစ်ပွားခဲ့တဲ့စီးပွားရေး အကျပ်အတည်းတွေနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေက မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိမလဲ ဆိုတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်အရေးပါပါတယ်။ ဒါ့အပြင် စီးပွားရေး ကိန်းဂဏန်းတွေဟာ ပြည်ပနိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့ အကျိုးစီးပွား စဉ်းစားချက်တွေကို များစွာ ထင်ဟပ်လျက်ရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ ပြည်ပနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးထဲထဲဝင်ဝင်နားလည်စေဖို့ အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ ပြည်တွင်း-ပြည်ပ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက်၊ ကာလတူကုန်သွယ်မှု တန်ဖိုးတွေကို ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ ဒါ့အပြင်အဲဒီက အချက်အလက်တွေကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာပါတဲ့ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ် လေ့လာနိုင်ပါတယ်။
2 Aug 2021

မြန်မာ့ဘဏ်စနစ် ပြိုလဲတော့မလား ဆွေးနွေးချက်များအား ဆန်းစစ်ခြင်း

(လမ်းကြောင်းထွင်အာဘော်များကို ဆန်းစစ်သုံးသပ်ခြင်း အမှတ် – ၂) ▪ နိဒါန်း အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ်လာတဲ့ ငွေသားရှားပါးမှု ပြဿနာဟာ အခုချိန်မှာလည်း ပြေလည် မရှိသေးပါဘူး။ ဘဏ်ထဲမှာ စုငွေ ရှိသည့်တိုင် ငွေသားထုတ်ယူဖို့ အခက်အခဲ ကြုံနေရတာကြောင့် ကိုဗစ် တတိယလှိုင်းလို ကပ်ဘေးကို ရင်ဆိုင်ရတဲ့အခါ တပူပေါ် နှစ်ပူဆင့် ဖြစ်လာပါတယ်။ အခြေခံ စားသောက်ကုန်နဲ့ ဆေးဝါး ဝယ်တာက စပြီး အရေးပေါ် အောက်ဆီဂျင် ဝယ်တဲ့ ကိစ္စအထိငွေသားအလုံ အလောက် မရှိတော့ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ကိုဗစ်-၁၉ ဆိုင်ရာ ကိစ္စရပ်များအတွက် ကန့်သတ်ပမာဏထက် ကျော်လွန်ပြီး ငွေထုတ်ခွင့်ပြုဖို့ နိုင်ငံပိုင်ဘဏ်တွေ၊ ပုဂ္ဂလိက ဘဏ်တွေနဲ့ နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲတွေဆီကို ဗဟိုဘဏ်က အကြောင်းကြားစာ ပို့ခဲ့ပါတယ်။ ဒီလိုမျိုး ငွေသား ရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ ဗဟိုဘဏ်က အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမဲ့ အာဏာမသိမ်းခင် ကာလက ရှိခဲ့တဲ့ အခြေအနေ၊ အဆင့်မျိုး ပြန်ရောက်အောင် ထိန်းသိမ်းနိုင်စွမ်း မရှိသေးတာ တွေ့ရပါတယ်။ နဂိုကတည်းက ချည့်နဲ့နေပြီး ချို့ယွင်းချက် ဗရပွ ဖြစ်နေတဲ့ မြန်မာ့ဘဏ်စနစ်ဟာ ဒီကြားထဲ အကျပ်အတည်းတခုခုနဲ့ ထပ်ကြုံရရင် အမှိုက်ကစ ပြသာဒ် မီးလောင် မဖြစ်ဘူးလို့လည်း မပြောနိုင်ပါဘူး။ ဒါကြောင့်လည်း ဘဏ်စနစ် တခုလုံး ပြိုလဲတော့မလား ဆိုတဲ့ ဆွေးနွေးချက်တွေ ရှိလာပါတယ်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ https://anchor.fm/isp-myanmar/embed/episodes/ep-e15berp ➤ ယခု ဆန်းစစ်ချက်အား PDF file ဖြင့် Download ရယူနိုင်ပါသည်။ ဒီယူဆချက်နဲ့ ပတ်သက်ပြီး မြန်မာ့အရေး ကျွမ်းကျင်သူ သမိုင်းပညာရှင် ဖြစ်တဲ့ ဒေါက်တာ သန့်မြင့်ဦးက ဩဇာကြီးမားတဲ့ ကမ္ဘာ့စီးပွားရေး စာစောင် Financial Times ကို ပြောကြားရာမှာ ၂၀၁၆ ခုနှစ်က တည်းက မြန်မာ့ဘဏ်စနစ် မှာအကျပ်အတည်းတွေ ရှိနေခဲ့တာလို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုတွေနဲ့အတူဖြစ်လာတဲ့ ငွေဖြစ် လွယ်မှု ပြဿနာအပေါ် ဗဟိုဘဏ်ရဲ့ ကိုင်တွယ်ဖြေရှင်းပုံ အားနည်းတာတွေ၊ ဖြေရှင်းဖို့ စိတ်ဆန္ဒ အားနည်းတာတွေနဲ့ ဘဏ်တွေအပေါ် ပုံမှန်ရှိနေကျ ယုံကြည်မှု မရှိတော့တာတွေက အကျပ်အတည်းကို ပိုပြီး ဆိုးရွားစေခဲ့တယ်လို့ ဆိုပါတယ်။Financial Times ရဲ့ ဘန်ကောက် အခြေစိုက် သတင်းထောက် John Reed ရေးသားခဲ့တဲ့ ဆောင်းပါးမှာ မြန်မာနိုင်ငံရဲ့ ငွေသားရှားပါးမှု ပြဿနာဟာ (ပြည်သူဘက်က) ယုံကြည်မှု မရှိတော့တာကြောင့် ဘဏ်အကျပ်အတည်းဖြစ်ဖို့ ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။ ဒီရှုမြင်ချက်ကိုပဲ Crisis of Confidence လို့ ဆောင်းပါးရှင် ခိုင်က Frontier Myanmar မဂ္ဂဇင်းမှာ သုံးသပ်ခဲ့ပါ တယ်။ ဒါ့အပြင် ဆောင်းပါးရှင် Dominic Oo နဲ့ Shawn W. Crispin တို့ကတော့ ယုံကြည်မှု ပြဿနာအပြင် အရင်ကတည်းက ပြန်မဆပ်နိုင်တဲ့ဘဏ်ချေးငွေတွေ ရှိတာကြောင့် အခြေမခိုင်တဲ့ ဘဏ်တွေဟာ နိုင်ငံရေး မတည်ငြိမ်မှု ဖြစ်ချိန်မှာ ပြိုလဲလုနီးပါး အခြေအနေ ဆိုက်သွားတယ်လို့ ဒေသတွင်းမှာ ထင်ရှားတဲ့ မဂ္ဂဇင်းတစောင်ဖြစ်တဲ့ Asia Times မှာ ဆွေးနွေးထားပါတယ်။ ကမ္ဘာ့ဘဏ်က ဒီရက်ပိုင်း ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး စောင့်ကြည့် အစီရင်ခံစာမှာ ဘဏ်တွေနဲ့ ပတ်သက်ပြီးယုံကြည်မှု ပြဿနာနဲ့ အခြေခံလိုအပ်ချက်တွေ အကြောင်းကို အသေးစိတ် ထောက်ပြထားပါတယ်။ ဒါပေမဲ့ ဘဏ်တွေ ပြိုလဲနိုင်ခြေ ရှိ၊ မရှိကိုတော့ မှတ်ချက်ပြုထားတာ မတွေ့ရပါဘူး။ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအချက်တွေကို သုံးသပ်ပြီးဖြစ်တန်ခြေ အနေအထားတွေကို အချက်အလက်တွေနဲ့ ဖော်ပြတဲ့ The Economist Intelligence Unit (EIU) က ထုတ်ခဲ့တဲ့ ၂၀၂၁ခုနှစ် အတွက် မြန်မာနိုင်ငံဆိုင်ရာ တတိယအကြိမ် အစီရင်ခံစာမှာ နိုင်ငံ (စစ်ကောင်စီ) အနေနဲ့ ချေးငွေတွေအားလုံး ပြန်မဆပ်နိုင်တော့မယ့် sovereign default အနေအထားကို မရောက်နိုင်သေးပေမယ့် တိုင်းပြည် ဖရိုဖရဲ ဖြစ်နေတာနဲ့အမျှ ဖြစ်နိုင်ခြေက မြင့်မားနေပါတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ▪ အရေးပါသည့် ဆွေးနွေးချက်များ၊ အထောက်အထားနှင့် အကြံပြုချက်များ မြန်မာနိုင်ငံမှာ ဘဏ်စနစ်တခုလုံး ပြိုလဲနိုင်တဲ့ အထိ ကပ်ဆိုက်သွားနိုင်တယ် ဆိုတဲ့ ဆွေးနွေးချက်တွေမှာ အချက် သုံးချက်ကိုအဓိကထားပြီး သုံးသပ်ပြောဆိုကြပါတယ်။ ပထမဆုံးအချက်က ဘဏ်စနစ် ကပ်ဆိုက်ရောက်နိုင်ခြေဟာ “ယုံကြည်မှုအကျပ်အတည်း”ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူတွေက စစ်အာဏာရှင်စနစ်ကို လက်မခံတာကြောင့် စစ်အာဏာရှင်တွေ အုပ်ချုပ်စီမံတဲ့ ငွေကြေး စီမံခန့်ခွဲမှုအောက်မှာစုဆောင်းငွေတွေကို မထားချင်တော့ပါဘူး။ ဒါ့အပြင် စစ်အာဏာရှင်စနစ်လက်အောက်မှာ ကြိုးဆွဲရာ “က”ရတဲ့ ဗဟိုဘဏ်ရဲ့ရပ်တည်မှုကလည်း အာဏာရှင်ရဲ့ အကျိုးစီးပွားအတွက်သာ ဦးတည်လေ့ရှိတာကြောင့် ဗဟိုဘဏ်က ဘယ်လိုပဲ ဖြေရှင်းမှုတွေလုပ်ပါစေ၊ ထိရောက်ဖို့ အားနည်းပါတယ်။ ဥပမာအားဖြင့် ငွေသား ထုတ်ယူတဲ့အခါ တဦးကို တပတ် ငွေကျပ် သိန်း ၂၀၊ တရက်ကိုကျပ်ငါးသိန်း စသဖြင့် ကန့်သတ်မှုတွေ လုပ်ခဲ့ခြင်းကိုက ဗဟိုဘဏ်ရဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်းအပေါ် ယုံကြည်မှု ပိုကျစေပါတယ်။ တချိန်တည်းမှာပဲ ငွေကြေး ရိုက်ထုတ်ဖို့အတွက် နည်းပညာနဲ့ ကုန်ကြမ်းတွေရောင်းပေးနေတဲ့ ဂျာမဏီ အခြေစိုက် လုပ်ငန်းကပါစစ်အာဏာသိမ်းမှုကို ဒဏ်ခတ်တဲ့ အနေနဲ့ မြန်မာနိုင်ငံအတွက် ကုန်ကြမ်းတွေ မရောင်းပေးတော့ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါကိုလည်းဖြေရှင်းနိုင်စွမ်း မရှိတဲ့အခါ ဗဟိုဘဏ်ရဲ့ လုပ်ဆောင်နိုင်မှု အကန့်အသတ်က ပိုထင်ရှားခဲ့ပါတယ်။ ဒါ့ကြောင့် အပ်နှံထားတဲ့ငွေကြေးတွေကို ရသလောက် တိုးကျိတ် ထုတ်ယူတာတွေ ပိုလုပ်လာပါတယ်။ စီးပွားရေး လုပ်ငန်းတွေကလည်း အရောင်းအဝယ်လုပ်တဲ့အခါ အွန်လိုင်းကနေ ပေးချေတာထက် ငွေစက္ကူနဲ့ပဲ လက်ခံခဲ့တာကြောင့် ငွေသား လိုအပ်ချက်ဟာ ပြည်သူလူထုအတွက်အခက်အခဲကြီးတခု ဖြစ်နေပါတယ်။ တခါ လက်ထဲရှိနေတဲ့ ငွေတွေကို ငွေဖြစ်လွယ်တဲ့ ရွှေ၊ အမေရိကန်ဒေါ်လာတို့နဲ့ လဲလှယ်ဝယ်ယူကြတာကြောင့် မြန်မာငွေကြေးတန်ဖိုးက အဆမတန် ထိုးဆင်းခဲ့ပါတယ် (Khine, 2021)။ ရလဒ်အားဖြင့် ငွေအပ်နှံသူတွေရဲ့ဘဏ်တွေအပေါ်ထားရှိတဲ့ ယုံကြည်မှုဟာ ပိုကျဆင်းလာပါတယ်။ ဒီလို ဘဏ်တွေအများစုအပေါ် ယုံကြည်မှုလျော့နည်းရာကနေငွေအပ်နှံသူတွေ တယောက်ကနေ နှစ်ယောက်၊ နှစ်ယောက်ကနေ သုံးယောက်၊ အဲဒီကမှ လူအားလုံး စိုးရိမ် ထိတ်လန့်တကြီး ငွေတွေ ဝိုင်းပြီး ပြန်ထုတ် ကြရင်းနဲ့ ဘဏ်မှာ ငွေစုပြုံထုတ်တဲ့ ပြဿနာ (bank run) ဖြစ်လာပါတယ်။ ဘဏ်တွေမှာ ငွေတွေစုပြုံ ထုတ်တဲ့ ပြဿနာကို ရုတ်တရက် ကြည့်ရင် ဘဏ္ဍာရေး အခြေခံ လိုအပ်ချက်တွေ မကောင်းတာကြောင့် လို့ ပြောကြပါတယ်၊ ဒါပေမဲ့လူထုထောက်ခံမှု မရှိတဲ့ အုပ်စိုးသူတွေကို ပြည်သူ ယုံကြည်မှု မရှိတော့တာ က အမှန်တရားတခု ဖြစ်တယ်လို့ မြန်မာ့ဝါရင့်စီးပွားရေး လုပ်ငန်းရှင်တဦးက Asia Times မဂ္ဂဇင်းရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ ပြောခဲ့ပါတယ်။ ဒုတိယအချက်က ဘဏ်တွေရဲ့ အခြေခံ လိုအပ်ချက် တောင့်တင်းမှုမရှိတဲ့ အနေအထားကြောင့် ဖြစ်ပါတယ်။ The Economic Intelligence Unit က ၂၀၂၁ ခုနှစ်မှာ တတိယအကြိမ် ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ အရဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်တွေဟာညံ့ဖျင်းတဲ့ အကဲဖြတ်ချက်တွေအပေါ် မူတည်ပြီး ချေးငွေ ထုတ်ပေးဖို့ ဆုံးဖြတ်ချက် ချကြတယ်၊ ဒါဟာ ဘဏ်တွေ ကပ်ဆိုက်စေမယ့် အန္တရာယ်ကို ဦးတည် နေတယ်လို့ ပြောခဲ့ပါတယ်။ Asia Times မဂ္ဂဇင်းရဲ့ ဆောင်းပါးမှာလည်း ၂၀၂၁ ဇန်နဝါရီလ စစ်အာဏာ မသိမ်းခင်တုန်းက အခြေအနေ တရပ်ကို ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund – IMF) က မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်တွင်းဘဏ်တွေရဲ့ ဘဏ္ဍာရေး အခြေအနေ အစစ်အမှန်ကို သိရဖို့ နိုင်ငံတကာစစ်ဆေးရေး အဖွဲ့တွေနဲ့ အမြန်ဆုံး စစ်ဆေးပြီး ကုစားပြင်ဆင်ဖို့ အထူးသတိပေးထားပြီး ဒါက ဘဏ်တွေရဲ့ စိုးရိမ်ရတဲ့ အခြေအနေကို ပြဆိုနေတာပါ (Oo & Crispin, 2021)။ တခါ ၂၀၁၇ ခုနှစ်မှာ ဗဟိုဘဏ်က ချမှတ်ခဲ့တဲ့ ပိုမိုတင်းကြပ်တဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီစေမဲ့စည်းမျဉ်းအသစ်တွေ ထုတ်ပြန်လိုက်ချိန်မှာ အဲဒီအချိန်ထိ တောက်လျှောက် ချေးထားခဲ့တဲ့ ဘဏ်ချေးငွေတွေ အားလုံးရဲ့ သုံးပုံတပုံဟာ ကြွေးဆုံးဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်(GIZ Myanmar, 2021)။ ၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ခြောက်လတာကာလမှာ အစိုးရဘဏ် သုံးခုရဲ့ ချေးငွေ ဆုံးရှုံးမှုတန်ဖိုးဟာ ကျပ် ၂၆၃ ဒသမ ၉ ဘီလီယံရှိပါတယ် (Chan Mya Htwe, 2020)။ NLD အစိုးရလက်ထက်မှာ ကိုဗစ်ကာလ စီးပွားရေးကုစားမှု မူဝါဒတွေအရ စည်းမျဉ်းအသစ်တွေကို ဘဏ်တွေ လိုက်နာဖို့အတွက် ၂၀၂၃ ခုနှစ် အထိ ဗဟိုဘဏ်က ရွေ့ဆိုင်းခဲ့ပေမယ့်၊ ဘဏ်ချေးငွေအမြောက်အမြား ဆုံးရှုံးမယ့်အန္တရာယ်ကို အဲဒီ အချိန်ကတည်းက ကြုံနေခဲ့ရတာပါ (The […]
17 Mar 2018

ဘဏ္ဍာရေး လိုငွေပြမှုနှင့် ကုန်သွယ်ရေး လိုငွေပြမှု (Budget Deficit and Trade Deficit)

ယနေ့ မြန်မာနိုင်ငံ စီးပွားရေးတွင် ဘဏ္ဍာရေးလိုငွေပြမှု (Budget Deficit) ပြဿနာနှင့် ကုန်သွယ်ရေးလိုငွေပြမှု (Trade Deficit) ပြဿနာကို အဓိကထား ထောက်ပြကြသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံကဲ့သို့ သေးငယ်သော တံခါးဖွင့် စီးပွားရေး (Small Open Economy) နိုင်ငံ၊ အသွင်ကူးပြောင်းစနိုင်ငံ (Transitional Economy)၊ စက်မှုကဏ္ဍများ မဖွံ့ဖြိုးသေးသောနိုင်ငံ (Undeveloped Economy) တစ်နိုင်ငံအနေဖြင့် (လက်တွေ့ကျကျ ကြည့်ပါက) ယင်း လိုငွေပြမှုများသည် မလွှဲမရှောင်သာသော အနေအထားအဖြစ် ကာလတစ်ခုကို ဖြတ်သန်းရဦးမည်ဟု ယူဆသည်။ အကြောင်းမှာ အစိုးရယန္တရား အရွယ်အစား (Size of Government) မှာ ယခင်နှင့်စာလျှင် ပို၍ သေးငယ်သွားသော်လည်း အစိုးရ အသုံးစရိတ် (Government Expenditure) မှာမူ ကျန်းမာရေးကဏ္ဍ […]
30 Jun 2017

ဆန်ရှင် အလွန်ကာလ စီးပွားရေး အလားအလာကောင်းတွေ ရှိနေ ပြီလား

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က DVB Business Debate (စီးပွားရေး ဒီဘိတ် အစီအစဉ်) မှာ ဆွေးနွေးခဲ့ကြပါတယ်။ ပင်တိုင် ဆွေးနွေးသူတွေ အဖြစ် ကျနော်ရယ်၊ ကိုမောင်မောင် (ပြည်သစ်ညွန့်ဝေ) (CTUM) တို့ ဆွေးနွေးကြပါ တယ်။ စီးပွားရေး ဒဏ်ခတ် အရေးယူမှု (ဆန်ရှင်) တွေ ဖြစ်ပေါ်လာရတယ်၊ အကျိုးရယ် အကြောင်းရယ် ရှိပါတယ်။ အထူးသဖြင့် မြန်မာပြည် လူ့အခွင့်အရေး အခြေအနေနဲ့ များစွာ ဆက်စပ်နေပါတယ်။ အကယ်၍ မြန်မာ အစိုးရ (စစ်အစိုးရ) က လူ့အခွင့်အရေး ဒီမိုကရေစီဆန့်ကျင်တဲ့ လုပ်ရပ်တခုလုပ်တဲ့အခါ၊ အနောက်နိုင်ငံတွေက ဒဏ်ခတ်မှု တခုလုပ်ဖို့ ကြိုးစားပါတယ်။ (Tit for tat) သဘော ဆောင်ပါတယ်။ မြန်မာနိုင်ငံမှာ ရှစ်လေးလုံး လူထုအုံကြွမှုကြီးကို […]