ISP-Myanmar’s Data Privacy Policy

ဒေတာ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု မူဝါဒ

(ISP-Myanmar’s Data Privacy Policy)

စတင်အသက်ဝင်သည့်နေ့ – စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။

နောက်ဆုံးပြင်ဆင်မွမ်းမံထားသည့်နေ့ – စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။

ISP-Myanmar မှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါသည်။

စာဖတ်သူအနေဖြင့် ယခုဖော်ပြထားသော ဒေတာလုံခြုံမှုမူဝါဒကို ဂရုတစိုက် ဖတ်ရှုစေချင်ပါသည်။ ISP-Myanmar ဝက်ဘ်ဆိုက်များသို့ လာရောက်ကြည့်ရှု အသုံးပြုခြင်းအပါအဝင် ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင်အဖြစ် စာရင်းသွင်းခြင်းတို့အား လုပ်ဆောင်လိုက်သည်နှင့် တပြိုင်နက် အောက်၌ ဖော်ပြထားသော အချက်အလက်များကို လက်ခံလိုက်ခြင်းဟု ISP-Myanmar က မှတ်ယူပါသည်။

ISP-Myanmar အနေဖြင့် အခြေအနေ၊ အချိန်အခါနှင့် လျော်ညီသော မူဝါဒပြင်ဆင်မှုများကို အခါအားလျော်စွာ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ပြင်ဆင်ပြီးဖြစ်သည့် မူဝါဒများကို ယခုစာမျက်နှာမှာပင် ဖော်ပြသွားပါမည်။ ISP-Myanmar ၏ ဝက်ဘ်ဆိုက်များကို ဆက်လက်အသုံးပြုခြင်းသည် ထိုပြင်ဆင်ချက်များအား လက်ခံခြင်းပင် ဖြစ်သည်ဟု ISP-Myanmar က ယူဆပါသည်။

သတင်း အချက်အလက်စုဆောင်းမှု

(User Information Collection)

ISP-Myanmar ၏ ဝက်ဘ်ဆိုက်နှင့် ISP ကပြင်ရပ်ဝန်းတို့တွင် လူတဦးချင်းစီ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို လေးစားသောအားဖြင့် သုံးစွဲသူများနှင့် သက်ဆိုင်သော သတင်းအချက်အလက်များအား အနည်းဆုံးသာ စုဆောင်းရယူမည် ဖြစ်သည်။

ပုဂ္ဂိုလ်ရေး သတင်းအချက်အလက် နှင့် ဝက်ဘ်ဆိုက်အသုံးပြုခြင်းဆိုင်ရာ အချက်အလက်များကို အသုံးပြုပုံ

(Use of Personal Information and Usage Data)

ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် အခြားသတင်းအချက်အလက်များကို အောက်ပါအကြောင်းရပ်ကိစ္စများမှလွဲ၍ အခြားမည်သည့်အတွက်မျှ အသုံးချမည် မဟုတ်ပါ။ ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် အခြားသတင်းအချက်အလက်များဟု ဆိုရာတွင် ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင်အဖြစ် စာရင်းသွင်းရာ၌ ဖြည့်စွက်သော အချက်အလက်များကိုသာ ဆိုလိုပါသည်။ ဝက်ဘ်ဆိုက်အသုံးပြုခြင်းဆိုင်ရာ အချက်အလက်များဆိုသည်မှာ ISP-Myanmar ၏ ဝက်ဘ်ဆိုက်နှင့် ISP ကပြင်ရပ်ဝန်းသို့ လာရောက်ကြည့်ရှုသည့်အခါ အသုံးပြုသည့် နည်းပညာဆိုင်ရာအချက်အလက်များ (ဥပမာ- browser အမျိုးအစား၊ လာရောက်လည်ပတ် ကြည့်ရှုမှုအကြိမ်ရေနှင့် အခြားသော အချက်အလက်များ စသဖြင့်) ကို ဆိုလိုပါသည်။

  • ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင်များအား ဆက်သွယ်ရာတွင် အသုံးပြုပါမည်။
  • ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင်များက တောင်းဆိုသော အချက်အလက်များကို တောင်းဆိုသည့် အဖွဲ့ဝင်များထံသို့ ပြန်လည် အကြောင်းပြန်၊ မျှဝေပေးခြင်း ကိစ္စရပ်များ၌လည်း အသုံးပြုပါမည်။
  • ISP-Myanmar ၏ ဝက်ဘ်ဆိုက်များ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ရာ၌ လိုအပ်သလို အသုံးပြုပါမည်။

တတိယအဖွဲ့အစည်းများသို့ ဖွင့်ဟပေးမှု

(Third Party Disclosure)

လူပုဂ္ဂိုလ်တဦးချင်းအား အမှတ်အသားပြုနိုင်သော တဦးချင်းစီ၏ အချက်အလက်များကို မည်သည့် တတိယအဖွဲ့အစည်းများထံ လုံး၀ (လုံး၀) ပေးပို့မည်မဟုတ်ပါ။ သို့ရာတွင် လုံးပေါင်းကိန်းဂဏန်း (Aggregate data) များ (ဥပမာ- ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင် အရေအတွက် စုစုပေါင်း၊ ကျား-မ လိင်ခံယူမှုအချိုး စသဖြင့်) ကိုသာ အစီရင်ခံစာများအတွက် အသုံးပြုပါမည်။ ရံဖန်ရံခါ အဆိုပါ လုံးပေါင်းအချက်အလက်များအား အများပြည်သူထံသို့ ချပြပါမည်။

သတင်းအချက်အလက် ကာကွယ်ပေးမှု

(Information Protection)

အမြင့်ဆုံး ထိန်းသိမ်းထားရှိမည် ဖြစ်ပါသည်။

အသုံးပြုသူ၏ အခွင့်အရေး

(Rights of Users)

ISP-Myanmar ၏ ဝက်ဘ်ဆိုက်၊ ISP ကပြင်ရပ်ဝန်းတို့ကို အသုံးပြုသူများအနေဖြင့် သတ်မှတ်ထားသော ရပိုင်ခွင့်များ ရှိပါမည်။ ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင် တဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များအား အဖွဲ့ဝင်များကိုယ်တိုင် အချိန်မရွေး တည်ဖြတ်ပြင်ဆင်နိုင်ပါသည်။ ပြင်ဆင်ရာ၌ အခက်အခဲရှိပါက community@ispmyanmar.com သို့ ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ပါသည်။

ကူကီးများ

(Cookies)

ဝက်ဘ်ဆိုက်များတွင် အသုံးပြုလေ့ရှိကြသော Cookies, Flash cookies, Pixels, Tags, Software development kits, Application program interface, Web beacons များအား မသုံးသလောက် ဖြစ်ပါသည်။ ယင်းတို့မှတဆင့် ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင်များ၏ အချက်အလက်များကို ရယူရန် မရှိပါ။

အပြောင်းအလဲများ အသိပေးချက်

(Notification of Changes)

အပြောင်းအလဲများရှိပါက ISP ကပြင်ရပ်ဝန်း အဖွဲ့ဝင်များထံ တာဝန်သိစွာ အသိပေးပါမည်။

ဆက်သွယ်ရန် အီးမေးလ်

(Contact Information)

လိုအပ်ပါက community@ispmyanmar.com ထံ အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။

အကြံပြုချက်

အောက်မှာ ပါရှိတဲ့လင့်ခ်တွေကို မနှိပ်ခင် အဆင့် ဆင့်အောင် အေးချမ်းတဲ့ နေ့တစ်နေ့မှာဖတ်လိုက်ပါ။