Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
28 Sep 2020 Myanmar Quarterly အလံဖြူ ဘယ်သူလွှင့် ‘လူ …’ တဲ့။အသိဉာဏ်ရှိတဲ့ သတ္တဝါကို ‘လူ’လို့ ခေါ်သတဲ့။ဘယ်လို အသိဉာဏ်မျိုးလဲ …။(၁) ‘သကတ္တ’နဲ့ ‘ပရတ္တ’ – မိမိအကျိုး၊ သူတပါးအကျိုး ခွဲခြားသိတာ၊ ဆိုလိုတာက ကိုယ့် အကျိုးသာမက သူ့အကျိုးပါ ဒွန်တွဲစဉ်းစားတာ၊ ချုပ်လိုက်တော့ ‘ကိုယ်ချင်းစာတရား’ ပေါ့။(၂) ‘အတ္တ’နဲ့ ‘အနတ္တ’ – အကျိုးရှိခြင်း၊ အကျိုးမဲ့ခြင်းကို ခွဲခြားသိတာ။ ဒီအလုပ် လုပ်ရင် အကျိုးရှိတယ်။ ဒီစကားပြောရင် အကျိုးမဲ့တယ်။ ဒီစကားပြောရင် အကျိုးရှိတယ်။ ဒီအလုပ်လုပ်ရင် အကျိုးမဲ့တယ်ကို သိတာ။ ဒီ ‘အကျိုး’ ဆိုတာမှာလည်း ‘ကိုယ်ချင်း စာတရား’ နဲ့ယှဉ်တဲ့ ‘အကျိုး’ ပါပဲ။(၃) ‘ပုည’နဲ့ ‘ပါပ’ – ကောင်းမှု၊ မကောင်းမှု။ ကုသိုလ်၊ အကုသိုလ်ကို စိတ်ဖြာပြီး သိတာ။ […]
30 Jul 2020 Myanmar Quarterly နိုင်ငံသားတိုင်း ကျန်းမာရေး သာတူညီမျှ လွှမ်းခြုံပေးရန် (Universal Health Coverage) မြန်မာလျှောက်ရမည့်လမ်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ၏ Universal Health Coverage (UHC) ဆိုသည့်စကားလုံးကို ဆီလျော်အောင် မြန်မာမှုပြုထားခြင်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အလိုအရ UHC ဆိုသည်မှာ လူသားအားလုံး လိုအပ်သည့်အချိန်တွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ငွေကြေးအခက်အခဲ တစုံတရာမရှိဘဲ (ရောဂါကြောင့် ကျန်းမာရေးစရိတ်ထောင်းပြီး မွဲပြာကျရခြင်း၊ ကျန်းမာရေးစရိတ်ကြောင့် ဆင်းရဲတွင်းနက်သွားခြင်းများ မရှိဘဲ) လွယ်ကူလျင်မြန်စွာရရှိအောင် ဖန်တီးထားသည့်စနစ်မျိုးဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။နိုင်ငံသားတိုင်း ကျန်းမာရေး သာတူညီမျှလွှမ်းခြုံပေး ဆိုသော အယူအဆသည် ကမ္ဘာ့နိုင်ငံအားလုံးကျင့်သုံးရန် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ မူဝါဒတခုဖြစ်ပြီး(၁) Population Coverage ခေါ် လွှမ်းခြုံနိုင်သည့်လူဦးရေဆိုင်ရာ ရှုထောင့်(၂) Service Coverage ခေါ် ကျန်းမာရေးဝန်ဆောင်မှု လွှမ်းခြုံခြင်းဆိုင်ရာ ရှုထောင့်နှင့်(၃) Financial Coverage ခေါ် ကျန်းမာရေးဆိုင်ရာ […]
29 Mar 2018 Myanmar Quarterly အလှည့်အပြောင်းတစ်ခု လိုအပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၂၀၁၆ ခုနှစ်တွင် NLD အရပ်သားအစိုးရ တက်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် တိုင်းပြည်အတွက် အဓိက အရေးကြီးသည့် လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လိုအပ်သည့် ဌာနများ၊ ကော်မတီများ၊ ကော်မရှင်များ ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အရှိန်မြှင့်၍ လုပ်ဆောင်ခဲ့သည်။ ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံအား အစိုးရသစ် တက်ပြီး ငါးလ အကြာတွင် ကျင်းပနိုင်ခဲ့သည်။ ထိုညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး မစုံနိုင်ခဲ့သော်လည်း အများစု တက်ရောက်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ အဆိုပါ ညီလာခံတွင် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချနိုင်ခဲ့သော်လည်း တက်ရောက်သော အဖွဲ့တိုင်း၏ သဘောထားများကို ပွင့်လင်း လွတ်လပ်စွာ တင်ပြနိုင်ခဲ့ပြီး ပြည်သူလူထုကြားထဲအထိ ချပြနိုင်ခဲ့သည့် အဆင့်သို့ ရောက်ခဲ့သည်ဟု […]
29 Mar 2018 Myanmar Quarterly အရေးနိမ့်ဒီမိုကရေစီ အပြောင်းအလဲ – Failed Democratization ■ နိဒါန်း ၁၉၉၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းကာလမှာ ဒီမိုကရက်များအတွက် မျှော်လင့်ချက်များ မြင့်မား ရှင်သန်နေသော “ရွှေခေတ်” ဟု ဆိုနိုင်ပါလိမ့်မည်။ ၁၉၇၄ ခုနှစ် ပေါ်တူဂီနိုင်ငံမှ စတင်ခဲ့သော ဒီမိုကရေစီ လှိုင်းကြီးမှာ အာရပ်ကမ္ဘာမှလွဲ၍ တစ်ကမ္ဘာလုံးအနှံ့ ပြန့်နှံ့သွားခဲ့ရာ ဟားဗတ်ပါမောက္ခ ဆမ်မျူရယ်(လ)ဖီ ဟန်တင်တန် (Samuel P. Huntington) က “ဒီမိုကရက်တိုင်ဇေးရှင်း တတိယလှိုင်း” ဟု သတ်မှတ် ပေးခဲ့သည်။ ဆိုခဲ့ပါ ၁၉၉၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းကာလမှာ ဆိုခဲ့ပြီးသော တတိယလှိုင်း ကာလ၏ အထွတ်အထိပ်ပင် ဖြစ်ပါသည်။ သို့နှင့်တိုင် နောင်ဆယ်နှစ် သာသာခန့်အကြာ၊ ၂၁ ရာစု၏ ပထမ ဆယ်စုနှစ်သို့ ရောက်သောအခါတွင်မူ ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်မှာပင် ကပြောင်းကပြန် ဖြစ်ရပ်များစွာနှင့် ရင်ဆိုင် […]
28 Mar 2018 Myanmar Quarterly မြန်မာ့အသွင်ကူးပြောင်းရေးနှင့် တပ်မတော်၏ အခန်းကဏ္ဍ မြန်မာနိုင်ငံတွင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးသည် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာရမည့် ကိစ္စတစ်ခု ဖြစ်သည်။ ယခုဆောင်းပါးတွင် ၂၀၁၆ ခုနှစ် မတ်လကို အစပြု၍ အသွင်ကူးပြောင်းရေးကာလ တစ်နှစ်ကျော် အချိန်အတွင်း အစိုးရနှင့် တပ်မတော်အကြား ဖြစ်ပေါ်နေသည့် အခြေအနေများကို အကျဉ်းချုံ့ တင်ပြမည် ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တပ်မတော်ကို ဥပဒေအရ အာဏာ တစ်စိတ်တစ်ပိုင်း အပ်နှင်းထားပြီး ဖြစ်သည်ဟု ဆိုကြသည်။ ထိုအချက်ကြောင့်ပင် လက်ရှိ အနေအထား၌ နောက်ကြောင်း ပြန်လှည့်ခြင်းဟု သတ်မှတ်နိုင်သော အာဏာသိမ်းခြင်းကို တပ်မတော်က လုပ်မည်မဟုတ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာကို ချုပ်ကိုင်ထားပြီး ဖြစ်သည်ဟု သုံးသပ်ကြခြင်း ဖြစ်သည်။ သို့သော် ၂၀၁၅ ခုနှစ် […]
28 Mar 2018 Myanmar Quarterly အရပ်သား အစိုးရ၏ တစ်နှစ်တာကာလနှင့် မူဝါဒ လေ့လာသုံးသပ်ချက် ■ နိဒါန်း ၂၀၁၆ ခုနှစ် မတ်လမှာ အာဏာရလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဦးဆောင်တဲ့ အရပ်သားအစိုးရ တာဝန်ယူခဲ့တာ ၂၀၁၇ ခုနှစ် မတ်လမှာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အစိုးရ ဖြစ်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးမှာ မျှော်မှန်းသလောက် မရောက်ဖြစ်ခဲ့ရတာတွေ ရှိလာပါတယ်။ နိုင်ငံရေးအရ လူထုထောက်ခံမှုများ ရထားတဲ့ NLD အစိုးရဟာ ဘာကြောင့် မူဝါဒ အကောင်အထည်ဖော်ရာမှာ ရှေ့မရောက်နိုင် ဖြစ်ရတယ်ဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးပါ့မယ်။ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်တွေကို လေ့လာသုံးသပ်ရင် လူမျိုးစုပြဿနာ (ဝါ) ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုမိုအကဲသာပြီး ကျန်သော စိန်ခေါ်မှုတွေကို ငြိမ်းချမ်းရေးပြီးမှ အားထည့် ဆောင်ရွက်မည့် သဘောကို တွေ့ရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာကို ဖြေရှင်းရာမှာ ၂၁ ရာစု […]
28 Mar 2018 Politics အကူးအပြောင်းများ၊ အသွင်ကူးပြောင်းခြင်းများနှင့် အဆုံးအဖြတ်ကာလကို ရောက်ရှိနေသည့် မြန်မာနှင့် ရှေ့ရေး ■ ၁။ နိဒါန်း ကမ္ဘာ့ဘဏ်နှင့် အခြားသော အလှူရှင်နိုင်ငံများက မြန်မာနိုင်ငံအနေဖြင့် လွန်ခဲ့သော နှစ်များအတွင်းက အကူးအပြောင်း သုံးခု စတင်ခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။ ယင်းတို့မှာ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အကူးအပြောင်း၊ စစ်ပွဲများမှ ငြိမ်းချမ်းရေးသို့ အကူးအပြောင်းနှင့် ဗဟိုမှချုပ်ကိုင်သည့် စီးပွားရေးစနစ်မှ ဈေးကွက် စီးပွားရေးစနစ်သို့ အကူးအပြောင်းတို့ပင် ဖြစ်ကြပါသည် (World Bank, 2012)။ အကူးအပြောင်းကာလဆိုင်ရာ ယူဆချက်မှာ အခြေအနေတစ်ခုမှ တစ်ခုဆီသို့ လုပ်ငန်းစဉ် သို့မဟုတ် အချိန်ကာလ အပိုင်းအခြား အပြောင်းအလဲတစ်ရပ်ဟု ညွှန်းဆိုပါသည်။ အထက်တွင် ရေးသား ဖော်ပြခဲ့သည့်အနက် ယူဆချက်တစ်ခုမှာ မြန်မာနိုင်ငံ အနေဖြင့် အပြောင်းအလဲ ပြုလုပ်နေသည်သာမက ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေး အောင်မြင်ဖြစ်ထွန်းမှုဆီသို့ ဦးတည် ပြောင်းလဲနေသည့် လမ်းကြောင်းပေါ်တွင်လည်း ရောက်ရှိနေသည် […]
17 Mar 2018 China Studies အသွင်ကူးပြောင်းရေးကာလ မြန်မာ့ စီးပွားရေးနှင့် ငြိမ်းချမ်းရေး အကျပ်အတည်းအတွက် အဖြေ တရုတ်ဆီမှာ ရှိသလား နိုင်ငံတစ်နိုင်ငံ၏ အသွင်ကူးပြောင်းမှုကို လေ့လာရာတွင် ပြည်တွင်းရှိ နိုင်ငံရေးမျှခြေများ၊ မူဝါဒ အကောင်းအဆိုးများအား လေ့လာသုံးသပ်ခြင်းသည် အရေးပါသကဲ့သို့ ပြင်ပ အချင်းအရာများ ဖြစ်သော ပထဝီနိုင်ငံရေး၊ အိမ်နီးချင်းများကိုလည်း လုံး၀ လျစ်လျူရှုထား၍ မရပါ။ တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှင့်အတူ သူ၏ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်ရှိ အခန်းကဏ္ဍသည် တစ်စထက်တစ်စ အရေးပါလာသည်။ ကမ္ဘာ့ရေးရာများကို သုံးသပ်ရာတွင် တရုတ်နိုင်ငံ၏ သက်ရောက်မှုကို ချန်လှပ်ထား၍ မရနိုင်တော့ပေ။ အထူးသဖြင့် မြန်မာနိုင်ငံအရေးကို သုံးသပ်ရာတွင် ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်ခု ဖြစ်သည့်အပြင်၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်း၊ အကြီးမားဆုံးသော ကုန်သွယ်ဖက်နှင့် ရင်းနှီးမြုပ်နှံသည့်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် အခရာကျသည်။ ထို့အပြင် ရခိုင်ပြည်နယ် အရေးတွင် နိုင်ငံတကာ၏ ဖိအားပေးမှုများ မြင့်တက်လာသည့်အလျောက် ကုလသမဂ္ဂ […]
17 Mar 2018 Myanmar Quarterly ငြိမ်းချမ်းရေးအား ကျော်တက်ခြင်း၊ ရုပ်ရှင်အကယ်ဒမီ၊ မြန်မာအိုင်ဒေါနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတား (၁) ဤဆောင်းပါးတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြင်ပ ကိစ္စများဖြစ်သည့် ရုပ်ရှင်အကယ်ဒမီ၊ မြန်မာအိုင်ဒေါနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတားပြဿနာ ရှုထောင့်များမှ ချဉ်းကပ်ထားသည်။ အခြားသုံးသပ်သူများက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အခင်းအကျင်း၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်၊ ဆွေးနွေးပွဲတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် အကောင်အထည်ဖော်မှုနှင့် လက်နက်ကိုင် တိုက်ပွဲများကို နိုင်ငံရေး ရှုထောင့်များမှ တင်ပြထားကြပြီး ဖြစ်သောကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်ကို Pop Culture ရှုထောင့်မှ တင်ပြရန် ရုပ်ရှင်၊ ဂီတ၊ အနုပညာကဏ္ဍနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတား ကိစ္စကဲ့သို့သော Identity အခြေပြု ဖြစ်စဉ်ကို ရွေးချယ် လေ့လာထားခြင်း ဖြစ်သည်။ အဓိက တင်ပြလိုသည့် အချက်မှာ – ငြိမ်းချမ်းရေးဟု ဆိုရာတွင် […]
17 Mar 2018 Myanmar Quarterly ရက်စက် ယုတ်မာမှုများကို တုံ့ပြန်ခြင်း မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ် မေလ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ချိန်သည် စစ်အေးတိုက်ပွဲ အဆုံးသတ်ခါနီး အချိန်ကာလ ဖြစ်သည်။ ကမ္ဘာတစ်လွှားတွင်လည်း အသွင်ကူးပြောင်းမှုများ အလျင်အမြန် ပေါ်ပေါက်နေချိန် ဖြစ်ပါသည်။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ၌ ဘာလင်တံတိုင်းကြီးလည်း ပြိုကျသွားပြီ ဖြစ်သည်။ ကျန်သည့် အရှေ့ဥရောပ နိုင်ငံများမှာလည်း အသွင်ကူးပြောင်းမှုများ လုပ်ဆောင်နေဆဲပင် ဖြစ်ပါသည်။ ထို့အပြင် ၁၉၈၉ ခုနှစ် နှစ်ကုန်ပိုင်း၌ သဘောထား ကွဲလွဲဖွယ် ပြဇာတ်များ ရေးသားသူနှင့် ဒီမိုကရေစီ လိုလားသည့် ရှေ့နေ ဗားကလပ် ဟာဗယ် ချက်ကိုစလိုဗက်ကီးယားနိုင်ငံ သမ္မတ ဖြစ်လာခဲ့သည်။ ဖေဖော်ဝါရီလ၌ တောင်အာဖရိက အာဏာပိုင်များက နယ်လ်ဆင် မင်ဒဲလားကို အကျဉ်းထောင်မှ လွှတ်ပေးလိုက်သည်။ ထိုလအတွင်းမှာပင် ချီလီနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး […]
17 Mar 2018 Politics Transition စမှတ်နှင့် အောင်မြင်မှု မြန်မာ့အသွင်အကူးအပြောင်း စမှတ်ယူပုံပေါ် မူတည်ပြီး အောင်မြင်မှု၊ ကျရှုံးမှု၊ သွားမည့် လမ်းကြောင်းတို့ကို တွက်နိုင်ပါသည်။ “Transition ဘယ်ကစ” သည်ကို သတိထားနိုင်လျှင် “Transition ဆုံးအောင်” တစ်နည်း အောင်မြင်အောင် ပိုဆောင်ရွက်နိုင်မည်။ Transition သည် ၁၉၈၈ ခုနှစ် လှုပ်ရှားမှုကြီးအပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အာဏာစွန့်အပြီးတွင် စတင်သလား။ အဆင့် ခုနစ်ဆင့်ပါသော လမ်းပြမြေပုံ ခုနစ်ချက် ရေးဆွဲကြေညာချိန် ၂၀၀၃ ခုနှစ်တွင် စတင်သလား။ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် တက်ချိန်တွင် စတင်သလား။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲ ဝင်ချိန်တွင် စတင်သလား။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီး အစိုးရဖွဲ့ချိန်တွင် စတင်သလား။ စတင်သည့် […]
17 Mar 2018 Political Economy ဘဏ္ဍာရေး လိုငွေပြမှုနှင့် ကုန်သွယ်ရေး လိုငွေပြမှု (Budget Deficit and Trade Deficit) ယနေ့ မြန်မာနိုင်ငံ စီးပွားရေးတွင် ဘဏ္ဍာရေးလိုငွေပြမှု (Budget Deficit) ပြဿနာနှင့် ကုန်သွယ်ရေးလိုငွေပြမှု (Trade Deficit) ပြဿနာကို အဓိကထား ထောက်ပြကြသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံကဲ့သို့ သေးငယ်သော တံခါးဖွင့် စီးပွားရေး (Small Open Economy) နိုင်ငံ၊ အသွင်ကူးပြောင်းစနိုင်ငံ (Transitional Economy)၊ စက်မှုကဏ္ဍများ မဖွံ့ဖြိုးသေးသောနိုင်ငံ (Undeveloped Economy) တစ်နိုင်ငံအနေဖြင့် (လက်တွေ့ကျကျ ကြည့်ပါက) ယင်း လိုငွေပြမှုများသည် မလွှဲမရှောင်သာသော အနေအထားအဖြစ် ကာလတစ်ခုကို ဖြတ်သန်းရဦးမည်ဟု ယူဆသည်။ အကြောင်းမှာ အစိုးရယန္တရား အရွယ်အစား (Size of Government) မှာ ယခင်နှင့်စာလျှင် ပို၍ သေးငယ်သွားသော်လည်း အစိုးရ အသုံးစရိတ် (Government Expenditure) မှာမူ ကျန်းမာရေးကဏ္ဍ […]
17 Mar 2018 Politics အသွင်ကူးပြောင်းမှုများ အောင်မြင်ခြင်း၊ နောက်ပြန်ခြင်း အကြောင်းချင်းရာများနှင့် မြန်မာနိုင်ငံအတွက် မူဝါဒရေးရာ အဆိုပြုချက်များ ကျွန်တော်က ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သူ။ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ပြည်တော်မပြန်နိုင်ဘဲ ဖြစ်ခဲ့ရသည်။ သို့သော် ကံကောင်းထောက်မ၍ အပြောင်းအလဲများ ဖန်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး၊ သမ္မတ ဦးသိန်းစိန် အစိုးရက ပြည်ပရောက်နေသူများ အိမ်ပြန်နိုင်ရေး ဖိတ်ခေါ်ခဲ့သည်။ တစ်ချိန်တည်းတွင် နိုင်ငံအတွင်း၌လည်း ပြုပြင်ပြောင်းလဲမှုအချို့ စတင်ဆောင်ရွက်နေခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လာနိုင်ခဲ့ပြီး၊ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းက အထောက်အကူပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအရင်းအမြစ်အဖွဲ့၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးဌာန (MDRI-CESD) တွင် သုတေသနပြုတာဝန် ထမ်းဆောင်ခွင့် ရခဲ့သည်။ ထိုအချိန်က မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် ရင်ခုန်ခဲ့ရသည်။ စိတ်အားထက်သန် နေခဲ့ရသည်။ ပြည်ပရောက်ဘဝမှ အာဖဂန်နစ္စတန်သို့ ပြန်လာပြီး နောက်ပိုင်းတွင် သမ္မတဖြစ်လာခဲ့သူ […]
24 Jul 2017 Myanmar Quarterly ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်စဉ်နှင့်မျှခြေ ကနဦး အဆိုပြုချက်များ မင်းဇင် ၁ ၂၀၁၀ ပြည့်နှစ် နိုင်ငံရေးဖြေလျော့မှု နောက်ပိုင်း ထူးခြားချက် တစ်ခုကတော့ ၁၉၆၂ ခုနှစ် တပ်မတော် အာဏာသိမ်းခဲ့ချိန်ကစလို့ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စု ပြိုကွဲခွဲထွက်ရေး ထပ်တူပြုထားတဲ့ အမြင်ဟာ အားနည်းသွားတာပါပဲ။ ဖက်ဒရယ်ဟာ နိုင်ငံရေးအရ တားမြစ်ချက် မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဖက်ဒရယ်ကို ဘယ်လို အနက်ကောက်မလဲ ဆိုတာကတော့ အင်အားစု အသီးသီးကြားမှာ အငြင်းအခုန် ဝိဝါဒပွားစရာ ဖြစ်နေဆဲပါ။ အားရစရာ တစ်ခုကတော့ ဝိဝါဒတွေကို ဘက်စုံဆွေးနွေးစရာ ပလက်ဖောင်း “စင်” အဖြစ် ၂၁ ရာစုပင်လုံ ညီလာခံ၊ မိုင်ဂျာယန် မျက်နှာစုံညီ အစည်းဝေးလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေအချင်းချင်း ဆွေးနွေးတဲ့ ညီလာခံ၊ တစ်တိုင်းပြည်လုံးက အရပ်ဘက် အဖွဲ့အစည်းတွေ စုပေါင်းဆွေးနွေးတဲ့ဖိုရမ် […]
24 Jul 2017 Myanmar Quarterly ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှ တပ်မတော်၏ ဖက်ဒရယ်အမြင် ကိုရဲ ၁ ■ ၁။ မြန်မာ့နိုင်ငံရေး အသိပညာနယ်ပယ်အတွင်းမှ ဖက်ဒရယ်ဝေါဟာရ ၁၉၄၉ ခုနှစ် ဇွန် ၁၇ ရက်က ကျင်းပခဲ့တဲ့ တိုင်းပြည်ပြု လွှတ်တော်မှာ ဖာပွန်မဲဆန္ဒနယ်အမတ် စောဝီရီကျော်က ဗမာပြည်ထောင်စု နိုင်ငံတော်ကို အင်္ဂလိပ်ဘာသာနဲ့ Union of Burma လို့ ဆိုရာမှာ ဇဝေဇဝါဖြစ်စေတဲ့အတွက် ပြည်ထောင်စု ဆိုတာကို Federal Union of Burma လို့ ခေါ်ရင် အဓိပ္ပာယ် ပိုရှင်းမယ်ဆိုတဲ့အကြောင်း ဆွေးနွေး တင်ပြခဲ့ပါတယ် (“တိုင်းပြည်ပြု လွှတ်တော် စာတွဲ-၁၊ အစည်းအဝေး အမှတ် ၅”၊ ၁၉၄၇၊ စာ-၁၂၆)။ အဲဒီဆွေးနွေးချက်နဲ့ ပတ်သက်ပြီး ဦးအောင်ဆန်းက “အခြေခံဥပဒေကို ပြဌာန်းရာမှာ ဗမာစာမူကိုပဲ အရင်းခံထားမှာ ဖြစ်တဲ့အတွက် ဗမာစကားလုံးဖြစ်တဲ့ […]