ISP Products

Analysis

17 Mar 2018

အသွင်ကူးပြောင်းရေးကာလ မြန်မာ့ စီးပွားရေးနှင့် ငြိမ်းချမ်းရေး အကျပ်အတည်းအတွက် အဖြေ တရုတ်ဆီမှာ ရှိသလား

နိုင်ငံတစ်နိုင်ငံ၏ အသွင်ကူးပြောင်းမှုကို လေ့လာရာတွင် ပြည်တွင်းရှိ နိုင်ငံရေးမျှခြေများ၊ မူဝါဒ အကောင်းအဆိုးများအား လေ့လာသုံးသပ်ခြင်းသည် အရေးပါသကဲ့သို့ ပြင်ပ အချင်းအရာများ ဖြစ်သော ပထဝီနိုင်ငံရေး၊ အိမ်နီးချင်းများကိုလည်း လုံး၀ လျစ်လျူရှုထား၍ မရပါ။ တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှင့်အတူ သူ၏ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်ရှိ အခန်းကဏ္ဍသည် တစ်စထက်တစ်စ အရေးပါလာသည်။ ကမ္ဘာ့ရေးရာများကို သုံးသပ်ရာတွင် တရုတ်နိုင်ငံ၏ သက်ရောက်မှုကို ချန်လှပ်ထား၍ မရနိုင်တော့ပေ။ အထူးသဖြင့် မြန်မာနိုင်ငံအရေးကို သုံးသပ်ရာတွင် ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်ခု ဖြစ်သည့်အပြင်၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်း၊ အကြီးမားဆုံးသော ကုန်သွယ်ဖက်နှင့် ရင်းနှီးမြုပ်နှံသည့်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် အခရာကျသည်။ ထို့အပြင် ရခိုင်ပြည်နယ် အရေးတွင် နိုင်ငံတကာ၏ ဖိအားပေးမှုများ မြင့်တက်လာသည့်အလျောက် ကုလသမဂ္ဂ […]
17 Mar 2018

ငြိမ်းချမ်းရေးအား ကျော်တက်ခြင်း၊ ရုပ်ရှင်အကယ်ဒမီ၊ မြန်မာအိုင်ဒေါနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတား

(၁) ဤဆောင်းပါးတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြင်ပ ကိစ္စများဖြစ်သည့် ရုပ်ရှင်အကယ်ဒမီ၊ မြန်မာအိုင်ဒေါနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတားပြဿနာ ရှုထောင့်များမှ ချဉ်းကပ်ထားသည်။ အခြားသုံးသပ်သူများက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အခင်းအကျင်း၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်၊ ဆွေးနွေးပွဲတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် အကောင်အထည်ဖော်မှုနှင့် လက်နက်ကိုင် တိုက်ပွဲများကို နိုင်ငံရေး ရှုထောင့်များမှ တင်ပြထားကြပြီး ဖြစ်သောကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်ကို Pop Culture ရှုထောင့်မှ တင်ပြရန် ရုပ်ရှင်၊ ဂီတ၊ အနုပညာကဏ္ဍနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတား ကိစ္စကဲ့သို့သော Identity အခြေပြု ဖြစ်စဉ်ကို ရွေးချယ် လေ့လာထားခြင်း ဖြစ်သည်။ အဓိက တင်ပြလိုသည့် အချက်မှာ – ငြိမ်းချမ်းရေးဟု ဆိုရာတွင် […]
17 Mar 2018

ရက်စက် ယုတ်မာမှုများကို တုံ့ပြန်ခြင်း

မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ် မေလ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ချိန်သည် စစ်အေးတိုက်ပွဲ အဆုံးသတ်ခါနီး အချိန်ကာလ ဖြစ်သည်။ ကမ္ဘာတစ်လွှားတွင်လည်း အသွင်ကူးပြောင်းမှုများ အလျင်အမြန် ပေါ်ပေါက်နေချိန် ဖြစ်ပါသည်။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ၌ ဘာလင်တံတိုင်းကြီးလည်း ပြိုကျသွားပြီ ဖြစ်သည်။ ကျန်သည့် အရှေ့ဥရောပ နိုင်ငံများမှာလည်း အသွင်ကူးပြောင်းမှုများ လုပ်ဆောင်နေဆဲပင် ဖြစ်ပါသည်။ ထို့အပြင် ၁၉၈၉ ခုနှစ် နှစ်ကုန်ပိုင်း၌ သဘောထား ကွဲလွဲဖွယ် ပြဇာတ်များ ရေးသားသူနှင့် ဒီမိုကရေစီ လိုလားသည့် ရှေ့နေ ဗားကလပ် ဟာဗယ် ချက်ကိုစလိုဗက်ကီးယားနိုင်ငံ သမ္မတ ဖြစ်လာခဲ့သည်။ ဖေဖော်ဝါရီလ၌ တောင်အာဖရိက အာဏာပိုင်များက နယ်လ်ဆင် မင်ဒဲလားကို အကျဉ်းထောင်မှ လွှတ်ပေးလိုက်သည်။ ထိုလအတွင်းမှာပင် ချီလီနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး […]
17 Mar 2018

Transition စမှတ်နှင့် အောင်မြင်မှု

မြန်မာ့အသွင်အကူးအပြောင်း စမှတ်ယူပုံပေါ် မူတည်ပြီး အောင်မြင်မှု၊ ကျရှုံးမှု၊ သွားမည့် လမ်းကြောင်းတို့ကို တွက်နိုင်ပါသည်။ “Transition ဘယ်ကစ”  သည်ကို သတိထားနိုင်လျှင် “Transition ဆုံးအောင်”  တစ်နည်း အောင်မြင်အောင် ပိုဆောင်ရွက်နိုင်မည်။ Transition သည် ၁၉၈၈ ခုနှစ် လှုပ်ရှားမှုကြီးအပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အာဏာစွန့်အပြီးတွင် စတင်သလား။ အဆင့် ခုနစ်ဆင့်ပါသော လမ်းပြမြေပုံ ခုနစ်ချက် ရေးဆွဲကြေညာချိန် ၂၀၀၃ ခုနှစ်တွင် စတင်သလား။ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် တက်ချိန်တွင် စတင်သလား။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲ ဝင်ချိန်တွင် စတင်သလား။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီး အစိုးရဖွဲ့ချိန်တွင် စတင်သလား။ စတင်သည့် […]
17 Mar 2018

ဘဏ္ဍာရေး လိုငွေပြမှုနှင့် ကုန်သွယ်ရေး လိုငွေပြမှု (Budget Deficit and Trade Deficit)

ယနေ့ မြန်မာနိုင်ငံ စီးပွားရေးတွင် ဘဏ္ဍာရေးလိုငွေပြမှု (Budget Deficit) ပြဿနာနှင့် ကုန်သွယ်ရေးလိုငွေပြမှု (Trade Deficit) ပြဿနာကို အဓိကထား ထောက်ပြကြသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံကဲ့သို့ သေးငယ်သော တံခါးဖွင့် စီးပွားရေး (Small Open Economy) နိုင်ငံ၊ အသွင်ကူးပြောင်းစနိုင်ငံ (Transitional Economy)၊ စက်မှုကဏ္ဍများ မဖွံ့ဖြိုးသေးသောနိုင်ငံ (Undeveloped Economy) တစ်နိုင်ငံအနေဖြင့် (လက်တွေ့ကျကျ ကြည့်ပါက) ယင်း လိုငွေပြမှုများသည် မလွှဲမရှောင်သာသော အနေအထားအဖြစ် ကာလတစ်ခုကို ဖြတ်သန်းရဦးမည်ဟု ယူဆသည်။ အကြောင်းမှာ အစိုးရယန္တရား အရွယ်အစား (Size of Government) မှာ ယခင်နှင့်စာလျှင် ပို၍ သေးငယ်သွားသော်လည်း အစိုးရ အသုံးစရိတ် (Government Expenditure) မှာမူ ကျန်းမာရေးကဏ္ဍ […]
17 Mar 2018

အသွင်ကူးပြောင်းမှုများ အောင်မြင်ခြင်း၊ နောက်ပြန်ခြင်း အကြောင်းချင်းရာများနှင့် မြန်မာနိုင်ငံအတွက် မူဝါဒရေးရာ အဆိုပြုချက်များ

ကျွန်တော်က ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သူ။ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ပြည်တော်မပြန်နိုင်ဘဲ ဖြစ်ခဲ့ရသည်။ သို့သော် ကံကောင်းထောက်မ၍ အပြောင်းအလဲများ ဖန်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး၊ သမ္မတ ဦးသိန်းစိန် အစိုးရက ပြည်ပရောက်နေသူများ အိမ်ပြန်နိုင်ရေး ဖိတ်ခေါ်ခဲ့သည်။ တစ်ချိန်တည်းတွင် နိုင်ငံအတွင်း၌လည်း ပြုပြင်ပြောင်းလဲမှုအချို့ စတင်ဆောင်ရွက်နေခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လာနိုင်ခဲ့ပြီး၊ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းက အထောက်အကူပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအရင်းအမြစ်အဖွဲ့၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးဌာန (MDRI-CESD) တွင် သုတေသနပြုတာဝန် ထမ်းဆောင်ခွင့် ရခဲ့သည်။ ထိုအချိန်က မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် ရင်ခုန်ခဲ့ရသည်။ စိတ်အားထက်သန် နေခဲ့ရသည်။ ပြည်ပရောက်ဘဝမှ အာဖဂန်နစ္စတန်သို့ ပြန်လာပြီး နောက်ပိုင်းတွင် သမ္မတဖြစ်လာခဲ့သူ […]
7 Mar 2018

လူရှောင်ဘိုနှင့် ကင်ဆာ

A tribute to liu xiobo ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ၊ ၁၉၈၈ ခုနှစ် သြဂုတ် ၈ ရက်၊ မြန်မာနိုင်ငံမှာ ကျောင်းသားများ ဦးဆောင်ခဲ့ပြီးနောက် ပြည်သူများ ပူးပေါင်းပါဝင်လာတဲ့ တစ်ပါတီ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ အရေးတော်ပုံကြီးကနေ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့ပြီး ပါတီစုံ ဒီမိုကရေစီစနစ်ကို မိတ်ဆက်နိုင်ခဲ့ပါတယ်။ သို့သော်လည်းပဲ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် မှာ စစ်တပ်က အာဏာသိမ်းယူ ခဲ့ပါတယ်။ အဲဒီနောက် စစ်အုပ်ချုပ်ရေးနဲ့ နှစ်ပေါင်းများစွာ ဆက်လက်သွားခဲ့ရာ ပြည်သူများရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးက ဆိတ်သုဉ်းနေခဲ့ပြီး ယခုအချိန်ထိလည်း ဆက်လက် ကြိုးစားနေရဆဲပါ။ ရှစ်လေးလုံး အရေးတော်ပုံ […]
7 Mar 2018

ဦးကြည်မောင် ဘာသာပြန်

(အကျဉ်းချုပ် – ဦးကြည်မောင်၏ ကိုယ်ရေးအကျဉ်း၊ “လေးအတတ်နှင့် ဉာဏ်အထူး” ၊ “ပန်းအတတ်နှင့် ဉာဏ်အထူး” စာအုပ်များအကြောင်းနှင့် ထိုစာအုပ်များကို ဘာသာပြန်ပုံ နမူနာ မြည်းစမ်းစရာများ။ဘာသာပြန်ခြင်းနှင့် စပ်လျဉ်းသော အယူအဆများ။ ဘာသာပြန်ရာ၌ သစ္စာရှိသည် ဟူသည်မှာ ဘာလဲ။ ဆရာဇော်ဂျီ၊ ဦးခင်ဇော်တို့၏ ဘာသာပြန်ပုံ နမူနာများ၊ သူတို့ အယူအဆများနှင့် တိုက်ကြည့်သော် ဦးကြည်မောင်၏ လက်ရာမှာ ဘာသာပြန်ကောင်း ဖြစ်သည်) ■ အချီး ဤစာတမ်းပါ ဦးကြည်မောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ခေါင်းဆောင် တစ်ဦးဖြစ်သော ဗိုလ်မှူးကြီး (ဟောင်း) ဦးကြည်မောင် ဖြစ်သည်။ ထို ဦးကြည်မောင်၏ အင်တာဗျူး တစ်ခုကို ဖတ်ဖူးသည်။ အဲလန် –         ခင်ဗျားကြည့်ရတာ နဝတ ခြိမ်းခြောက်မှုကို […]
7 Mar 2018

လောကဓံနဲ့ အတူနေထိုင်နည်းကို လက်တွေ့သင်ပေးခဲ့သူ (သို့မဟုတ်) ဦးကြည်မောင်

လူတိုင်းလူတိုင်းဟာ အသက်ရှင် နေထိုင်တဲ့ ကာလတစ်လျှောက်မှာ လောကဓံတရားတွေနဲ့ အခါအားလျော်စွာ ရင်ဆိုင်ခဲ့ကြရမှာ အသေအချာပါပဲ။ အချို့လည်း လက်မြှောက် အရှုံးပေးသွားသလို၊ အချို့လည်း ရင်ဆိုင် ဖြတ်သန်းကြပါတယ်။ “ဘဝဟူသည် ခေါက်ရှာငှက်ပျံ လောကဓံ” ဆိုတဲ့ ဆိုးရိုးစကားတစ်ခု ရှိပါတယ်။ ခေါက်ရှာငှက် ဘယ်လိုပျံတယ် ဆိုတာကို မြင်ဖူးရင်တော့ သိပါလိမ့်မယ်။ ခေါက်ရှာငှက်ရဲ့ ပျံသန်းမှုပုံစံက အခြားငှက်တွေနဲ့မတူဘဲ နိမ့်လိုက် မြင့်လိုက် ပျံသန်းပါတယ်။ ဒါကြောင့် ဘဝဆိုတာလည်း တစ်သမတ်ထဲ သွားနေတာ မဟုတ်ဘဲ လောကဓံတရားတွေကြောင့် နိမ့်လိုက်မြင့်လိုက် ဖြစ်တတ်တာကို ခေါက်ရှာငှက်ပျံပုံနဲ့ ဥပမာပေးထားတာပါ။ လောကဓံတရားနဲ့ ပတ်သက်လို့ လာဘ်နည်းတာ၊ များတာ၊ အခြွေအရံ နည်းတာ၊ များတာ၊ ကဲ့ရဲ့တာ၊ ချီးမွန်းတာ၊ သုခ၊ ဒုက္ခဆိုပြီး ရှစ်ပါးရှိတယ်လို့ ဘုရားရှင် ဟောကြားခဲ့ပါတယ်။ […]
7 Mar 2018

ရန်ကုန်နှင့် မန္တလေးမှ အပြောင်းအလဲများ

ရန်ကုန် ၊ ၃.၇.၁၉၉၀ အစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲ ပေးနေသော်လည်း လူအများက လွယ်လွယ်ကူကူ မေ့ပစ်လိုက်ကြသည်။ ■ ဒေါမနစ် ဖူလ်ဒါ ရန်ကုန် – တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်မှာ အသက် ၅၀ ပင် မပြည့်သေးသော်လည်း ကမ္ဘာပေါ်ရှိ လျှို့ဝှက် ထောက်လှမ်းရေးသမားများအနက် လူသိအများဆုံးသူ တစ်ဦးဖြစ်နိုင်ပါသည်။ သူသည် ယနေ့အချိန်၌ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ၏ အတွင်းရေးမှူး-၁၊ အတိုကောက် S1 အနေဖြင့် နေ့စဉ် မျက်နှာ ထွက်ပြနေသည်ကို တွေ့ရပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလ၊ အာဏာရယူလိုက်စဉ် ကတည်းက နဝတ၏ စီမံချက် အမြောက်အမြားကို အင်တိုက်အားတိုက် ခြေလှမ်းကျဲကျဲ […]
7 Mar 2018

၁၉၉၀ ပြည့်နှစ်အတွင်း ဦးကြည်မောင်အား တွေ့ဆုံမေးမြန်းခဲ့ပြီး အပြည့်အ၀ ဖော်ပြခဲ့ဖူးခြင်း မရှိသော မေးမြန်းချက် အပြည့်အစုံနှင့် ဆောင်းပါး

ဦးကြည်မောင်အား တွေ့ဆုံမေးမြန်းခဲ့ခြင်း ■ ဒေါမနစ် ဖူလ်ဒါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် တည်ထောင်ခဲ့သည့် ၁၉၈၈ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးကြီး ကြည်မောင်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး၌ ဒေါမနစ်ဖူလ်ဒါနှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံ စကားပြောဖြစ် ခဲ့ပါသည်။ ထိုစဉ်က ဦးကြည်မောင်သည် ပါတီ၏ ယာယီ ခေါင်းဆောင်သဖွယ် ဖြစ်နေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်အထိ အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း၏ ညာလက်ရုံး ဖြစ်ခဲ့ပြီး NLD ပါတီ တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်း ဖြစ်သည့် ဗိုလ်မှူးချုပ် အောင်ကြီးနှင့်အတူ ပါတီ စတင် တည်ထောင်ချိန်ကတည်းက ပါဝင်ခဲ့သူလည်း ဖြစ်ပါသည်။ ဦးနေဝင်းနှင့် ဗိုလ်မှူးချုပ် အောင်ကြီးတို့မှာ […]
7 Mar 2018

၁၉၉၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်ထုတ် Asiaweek မဂ္ဂဇင်း နိုင်ငံတကာရေးရာ စာမျက်နှာ-၂၈ ၌ ဖော်ပြခဲ့သော ဦးကြည်မောင်အား မေးမြန်းချက် အင်တာဗျူး

Asiaweek မဂ္ဂဇင်း၊ ၁၃-၇-၁၉၉၀၊ နိုင်ငံတကာရေးရာ စာမျက်နှာ-၂၈ ဦးကြည်မောင်နှင့် တွေ့ဆုံမေးမြန်းခြင်း “ကျွန်တော်တို့ မျှမျှတတ ဆောင်ရွက်ပါ့မယ်” ဗိုလ်မှူးကြီး ကြည်မောင်သည် ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူ၊ လွတ်လပ်ရေးတိုက်ပွဲဝင် စစ်သည်တော်တစ်ဦးနှင့် သစ္စာရှိ တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ပါသည်။ ယခုအချိန်၌ အသက် ၇၂ နှစ်အရွယ် ရှိပြီဖြစ်သည့် ဦးကြည်မောင်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရခိုက် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာပါသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း  Asiaweek မဂ္ဂဇင်းမှ ပင်တိုင်ဆောင်းပါးရှင် ဒေါမနစ်ဖူလ်ဒါနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံမေးမြန်းခဲ့မှု ပြုလုပ်ခဲ့သည်များထဲမှ ကောက်နှုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။ ■ မေး – ရွေးကောက်ပွဲ ပြီးတာလည်း တစ်လကျော် ကြာသွားခဲ့ပြီဆိုတော့ လက်ရှိ အုပ်ချုပ်နေတဲ့သူ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု […]
7 Mar 2018

ဦးကြည်မောင်နှင့် ပတ်သက်၍ မျှမျှတတ သုံးသပ် ဆင်ခြင်ကြည့်ခြင်း

ကျွန်တော် ဦးကြည်မောင်နှင့် တွေ့ခဲ့ရသည်မှာ ၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးနောက် တစ်လနီးပါးအကြာတွင် ဖြစ်ပါသည်။ ဦးကြည်မောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သောင်ပြိုကမ်းပြို အနိုင်ရရှိရန် ထိန်းသိမ်းပဲ့ကိုင် တာဝန်ခံခဲ့ရသူ တစ်ဦးဖြစ်သော်လည်း ထိုအချိန် (၁၉၉၀ ပြည့်နှစ် ဇူလိုင်တွင်) က နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသော ပါတီ၏ အနှိုင်းမဲ့ ထင်ပေါ်ကျော်ကြားသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ အများစုက ချီးကျူး အမှတ်ပေးခဲ့ကြပါသည်။ “ဒေါ်စုမှာက ထူးခြားတဲ့ ဥပဓိရုပ်၊ အရည်အသွေး၊ သြဇာတိက္ကမနဲ့ ပြည့်စုံတယ်ဆိုတာ ခင်ဗျားလည်း ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့က အသက်ကြီးပါပြီ။ အပြင်မထွက်နိုင်တော့ဘူး။ ပန်းကုံးတွေနဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း မမျှော်လင့်တော့ပါဘူး။ ကျွန်တော်တို့ ကိုယ့်အကြောင်း ကိုယ်သိတယ်။ အဲဒီတော့ ဖြစ်နိုင်တာကိုပဲ […]
7 Mar 2018

ဦးကြည်မောင်၏ ခေါင်းဆောင်မှုနှင့် မဟာဗျူဟာ 

■ နိဒါန်း ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စတင် တည်ထောင်ခဲ့ကြတဲ့ ဦးဆောင်ခဲ့သူတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်တဲ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီကို ဦးဆောင်ခဲ့သူ၊ ၁၉၉၇ ခုနှစ်မှာ သဘောထား မတိုက်ဆိုင်မှုတွေကြောင့် NLD ပါတီက နုတ်ထွက်သွားခဲ့သူ၊ NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးကြည်မောင် ကွယ်လွန်ခဲ့တာ ၁၃ နှစ် ပြည့်ပါပြီ။ ၁ ဦးကြည်မောင်နဲ့ ပတ်သက်ရင် သမိုင်းရှိတယ်။ သတ္တိရှိတယ်။ ရည်တည်ချက် ခိုင်မာပြီး အကျပ်အတည်းကာလမှာ မဟာဗျူဟာကျတဲ့ ခေါင်းဆောင်မှု ပေးနိုင်တယ် စသဖြင့် ပြောစရာအများကြီး ရှိပါတယ်။ ဒါ့အပြင် စာဖတ်တဲ့ စစ်သားတစ်ဦး ဖြစ်တယ်။ ကျောင်းသားခေါင်းဆောင် ဘဝကနေ စစ်သားဘဝ၊ အဲဒီကနေ […]