ISP-Myanmar အကြောင်း

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရမဟုတ်သည့် သုတေသနအဖွဲ့ ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါသည်။

ISP-Myanmar သည် ဒီမိုကရေစီ အားကောင်းရေး၊ အုပ်ချုပ်မှုစနစ် ကောင်းမွန်ရေး၊ ဖက်ဒရယ်မူနှင့် ကျင့်ထုံးများ၊ အခြေခံလူ့အခွင့်အရေးတို့ကို ထောက်ခံအားပေးနေပါသည်။ ISP-Myanmar ၏ လုပ်ဆောင်ချက်များသည် ကြံ့ကြံ့ခံနိုင်စွမ်းနှင့် သည်းခံနိုင်စွမ်း ရှိသော လူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းရေး၊ ထိုလူ့အဖွဲ့အစည်းမှ ပေါ်ပေါက်လာသော အစိုးရသည် တာဝန်ယူမှု တာဝန်ခံမှုရှိပြီး အားလုံးပါဝင်မှု ရှိစေရန် လမ်းဖွင့်ပေးရေးကို ရည်ရွယ်ပါသည်။

ISP-Myanmar ၏ တန်ဖိုးထားမှု

လက်ရှိတွင် ISP-Myanmar ၏ အဓိက အစီအစဉ်သုံးရပ်မှာ (၁)ပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ (၂) တရုတ်-မြန်မာဆက်ဆံရေးကို အခြေခံသော တရုတ်ရေးရာလေ့လာမှုနှင့် (၃)သုတေသနကွန်ရက် တို့ဖြစ်ကြသည်။ ISP-Myanmar ကို ဌာနငါးခုဖြင့် ဖွဲ့စည်းထားရာ Research, Capacity Building, Communications, Finance နှင့် HR/Admin တို့ ဖြစ်ကြသည်။ ကျွန်ုပ်တို့၏ သုတေသနတွေ့ရှိချက်များကို ဆောင်းပါးများ၊ ဒေတာပုံဖော်မှုများ၊ အပြန်အလှန် တုံ့ပြန်နိုင်သော အကြောင်းအရာများ၊ ပေါ့ကပ် (podcast) အသံလွှင့်အစီအစဉ်များ၊ ဗီဒီယိုများ၊ အွန်လိုင်းကတဆင့် တက်ရောက်နိုင်သော ဆွေးနွေးပွဲများ၊ လူကိုယ်တိုင်တက်ရောက်နိုင်သော ဆွေးနွေးပွဲများ အပါအဝင် ကြားခံအမျိုးမျိုးမှတဆင့် ကျွန်ုပ်တို့၏ပရိသတ်များကို ဖြန့်ဝေပါသည်။ ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များကို ISP-Myanmar ၏ ဝက်ဘ်ဆိုဒ်များနှင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းမျိုးစုံတွင် မြန်မာ၊ အင်္ဂလိပ် ဘာသာနှစ်မျိုးဖြင့် တွေ့နိုင်ပါသည်။​
 
ထို့အပြင် ကပြင်ရပ်ဝန်းကို အထူးအလေးအမြတ်ထားပါသည်။ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားများသာ သီးသန့်ပါဝင်နိုင်သော ရပ်ဝန်းဖြစ်ပြီး ISP ကို အစဉ်တစိုက် ဖတ်ရှုလာကြသော ပရိသတ်များနှင့် တိုက်ရိုက်ထိတွေ့ရာ အဓိကပလက်ဖောင်း ဖြစ်ပါသည်။ မြန်မာ့အရေးနှင့် ပတ်သက်သော ကိစ္စရပ်များအပေါ် အချက်အလက်အခြေပြု ဆွေးနွေးငြင်းခုန်မှုများကို ကပြင်ရပ်ဝန်းအတွင်း လုပ်ဆောင်လျက်ရှိသည်။ စွမ်းရည်မြှင့်တင်ရေး သင်တန်းများနှင့် အစီအစဉ်အမျိုးမျိုးမှတဆင့် အနာဂတ် မျိုးဆက်များကို ပျိုးထောင်ရန် ရည်ရွယ်ထားပါသည်။ ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်မှာ မြန်မာ့ကျောင်းပြင်ပ ပညာရေး၏ အဟကို ဖြည့်ပေးနိုင်ရန်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အစီအစဉ်များသည် နိုင်ငံတဝှမ်းကို ဖြန့်ကြက်ထားနိုင်ပြီး လူမှုနောက်အခံအစုံမှ လူပုဂ္ဂိုလ်အသီးသီးကို လွှမ်းခြုံနိုင်သောကြောင့် ကျယ်ပြန့်သော ပေါက်ရောက်မှု ရှိပါသည်။

ISP-Myanmar ၏ လုပ်ဆောင်မှု

Timeline

Check out our timeline of milestones through the years since the establishment of ISP-Myanmar in 2016. Explore the galleries of our training, talk shows and publications of best sellers.

ISP Departments