2016
Year of the Monkey

2016

၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်

ISP-Myanmar ၏ ပထမဆုံး (Flagship Publication) ဖြစ်သော ‘မြန်မာ့မဟာဗျူဟာနှင့် မူ၀ါဒလေ့လာရေးဂျာနယ်’ (The Myanmar Quarterly) အမှတ်-၁ ကို ထုတ်၀ေခဲ့ပြီး ISP-Myanmar ကို အများပြည်သူသို့ တရား၀င်စတင် မိတ်ဆက်ခဲ့သည်။

The Myanmar Quarterly တွင် ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးအတွက် ဆီလျှော် အရေးပါသည်ဟု အယ်ဒီတာအဖွဲ့က ယူဆသော အကြောင်းအရာတရပ်ရပ်ကို မျက်နှာဖုံး ခေါင်းစဉ်တင်၍ သုတေသီများ၊ မြန်မာ့အရေးလေ့လာသူများ၏ ရှုထောင့်စုံ ရေးသားချက်များ၊ အဆိုပါအကြောင်းအရာများနှင့် ပတ်သက်၍ ပြောရေးဆိုခွင့် ရှိသူများနှင့် ဆက်သွယ်မေးမြန်းချက်များ၊ ဆီလျှော်သော စာအုပ်သုံးသပ်ချက်များကို ထည့်သွင်းဖော်ပြခဲ့သည်။ ခေါင်းစီးတင်ဖော်ပြသည့် အကြောင်းအရာနှင့် ပတ်သက်၍ သုတေသီများ၊ မူ၀ါဒချမှတ်သူများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးလှုပ်ရှားသူများ၊​ မီဒီယာများနှင့် ပြည်သူများအကြား အထောက်အထားအခြေပြု၊ ယဉ်ကျေးသော ဆွေးနွေးဖလှယ်မှုများ ဖြစ်ထွန်းလာစေရန် မျှော်မှန်းခဲ့သည်။

ပထမဆုံး ထုတ်၀ေခဲ့သော The Myanmar Quarterly တွင် မျက်နှာဖုံးခေါင်းစီးအဖြစ် ‘ဒီမိုကရေစီတပိုင်း စပ်ကြားအုပ်စိုးမှုစနစ်အောက်မှ အရပ်ဘက် အဖွဲ့အစည်းများ၏ နိုင်ငံရေး’ (Politics of Civil Society in Hybrid Regime) ဖြစ်ပါသည်။

2016

၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ကနေ စက်တင်ဘာ ၄ ရက်အထိ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံသို့ တက်ရောက်ခဲ့ပြီး အထူးဖိတ်ကြားထားသော အစုအဖွဲ့ ကိုယ်စားလှယ်အဖြစ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ထိုအချိန်နောက်ပိုင်း ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအ၀ေး သုံးကြိမ်စလုံးတွင်လည်း ISP-Myanmar အဖွဲ့၀င်များ ပါ၀င်တက်ရောက် ဆွေးနွေးမှုများ လုပ်ခဲ့ပါသည်။

2016

၂၀၁၆ ခုနှစ် မေလ

မြန်မာနိုင်ငံ၏ သမိုင်း၀င် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်း မြန်မာ့မဟာဗျု ဟာနှင့် မူ၀ါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ကို ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်၍ စတင်တည်ထောင်ခဲ့သည်။

ISP-Myanmar ကို လွတ်လပ်ပြီးပါတီစွဲကင်းသော သုတေသန (Think Tank) တခု အဖြစ် ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါ၀င်မှု အားကောင်းလာစေရန် လုပ်ဆောင်မည့်ဦးတည်ချက်ထားခဲ့သည်။ ဒီမိုကရေစီ အားကောင်းရေး၊ အုပ်ချုပ်မှုစနစ် ကောင်းမွန်ရေး၊ ဖက်ဒရယ်မူ ကျင့်ထုံးများ အပြင် အခြေခံ လူ့အခွင့်အရေးများကို ထောက်ခံအားပေးခဲ့သည်။ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်းပြီး သည်းညည်းခံစိတ် ကြီးမားသော လူမှုအဖွဲ့ အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးအတွက်လည်း ရည်မျှော်ခဲ့ပါသည်။