Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
16 Jul 2017 Analysis • INTERVIEWS တနင်္သာရီ မြစ်မကြီးနှင့် ဌာနေ တိုင်းရင်းသားများကွန်ရက်မှ ကိုဖရန်ကီအား မေးမြန်းခြင်း တနင်္သာရီ မြစ်မကြီးနှင့် ဌာနေ တိုင်းရင်းသားများကွန်ရက် (TRIP NET) တည်ထောင်သူ ကိုဖရန်ကီအား မေးမြန်းခြင်း ■ မေး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အကြောင်းအရာအလိုက် ဆွေးနွေးမှုဆိုပြီး ပါပါတယ်။ အဲဒီအထဲမှာ သယံဇာတ အရင်းအမြစ် ခွဲဝေရေးကလည်း ခေါင်းစဉ်တစ်ခု အနေနဲ့ပါဝင်ပါတယ်။ ဒီတော့ ဖက်ဒရယ်စနစ်နဲ့ သယံဇာတအရင်းအမြစ် ခွဲဝေရေး အဆက်အစပ်ကို အရိုးရှင်းဆုံး ဘယ်လိုနားလည်နိုင်မလဲဆိုတာ ရှင်းပြပေးပါ။ ဖြေ။ ဖက်ဒရယ်စနစ်နဲ့ သယံဇာတ အရင်းအမြစ် ခွဲဝေရေးခေါင်းစဉ်နဲ့ ပတ်သက်ပြီး ရိုးရိုးရှင်းရှင်း မြင်နိုင်တာကတော့ ဖက်ဒရယ်ဆိုတာ တန်းတူမှု၊ စည်းလုံးမှု၊ ဝိုင်းဝန်းကူညီမှုနဲ့ ဆက်စပ်မှု ဆိုတာတွေကို အခြေခံထားတယ်။ ဒါကြောင့် သဘာဝရင်းမြစ် ခွဲဝေမှုဆိုတာကို စဉ်းစားကြတဲ့အခါ အခွန်အကောက်နဲ့ ဘဏ္ဍာရေးဆိုတာကို […]
16 Jul 2017 Analysis • INTERVIEWS NNER အဖွဲ့ဝင် ဒေါက်တာသိန်းလွင်အား မေးမြန်းခြင်း မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင် ဒေါက်တာသိန်းလွင်အား မေးမြန်းခြင်း ■ မေး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အကြောင်းအရာအလိုက် ဆွေးနွေးမှုဆိုပြီး ပါပါတယ်။ အဲဒီအထဲမှာ ပညာရေးကလည်း ခေါင်းစဉ်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ဒီတော့ ဖက်ဒရယ်နဲ့ ပညာရေး အဆက်အစပ်ကို အရိုးရှင်းဆုံးဘယ်လို နားလည်နိုင်မလဲဆိုတာ ရှင်းပြပေးပါ။ ဖြေ။ ဖက်ဒရယ်စနစ် ထူထောင်တော့မယ်ဆိုရင် သက်ဆိုင်ရာ ပြည်နယ်တိုင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရပါမယ်။ ကိုယ်ပိုင်ပြဌာန်း ဆိုရာမှာလည်း ပညာရေးကို ကိုယ်ပိုင်ပြဌာန်းခွင့်ထဲမှာလည်း ထည့်ရပါမယ်။ ပညာရေးဆိုင်ရာကိုယ်ပိုင်ပြဌာန်းခွင့်မှာ ကိုက်ညီတဲ့ ပညာရေးစနစ် လိုတယ်။ ကျွန်တော်တို့နိုင်ငံက ဒီလို တိုင်းရင်းသားလူမျိုးများစွာ နေထိုင်သောနိုင်ငံ ဖြစ်ပါသည်။ သက်ဆိုင်ရာ ပြည်နယ်တွေမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေ […]
16 Jul 2017 Analysis • INTERVIEWS ပြည်ထောင်စု အင်စတီကျု၏ မန်းနေးဂျင်း ဒါရိုက်တာ ဦးခွန်းဆေအား မေးမြန်းခြင်း ■ မေး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဒေသအလိုက်၊ လူမျိုးစုအလိုက်၊ အကြောင်းအရာ ခေါင်းစဉ်အလိုက်ဆိုပြီး သုံးမျိုး ပါဝင်ပါတယ်။ ဒီလို သုံးခု ခွဲခြားထားတာက ဘာအတွက် ဘယ်လို အထောက်အကူပြုပါသလဲ။ လိုအပ်တဲ့ခွဲခြားမှုအဖြစ် ရှုမြင်ပါသလား။ ဖြေ – အဲဒါ ကျွန်တော် မပါဘူးဗျ။ အဲဒီတော့ ဒီဥစ္စာက ကျွန်တော် ဖြေလို့မရဘူး။ ■ မေး။ အဲဒီ သုံးခုခွဲတာရယ်၊ လေ့လာသူ သုံးသပ်သူအနေနဲ့ ကြည့်မယ်ဆိုရင် အားသာချက်၊ အားနည်းချက် ဘယ်လို အကျိုးရှိမလဲ။ ဖြေ – အခု လောလောဆယ်ကတော့ လုပ်နိုင်သလောက် သူတို့ ဘာတွေလုပ်နိုင်သလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ဖို့ပဲ လိုတယ်လို့ […]
20 Jun 2017 Analysis အကြမ်းမဖက် တော်လှန်ရေးများ၊ အာဏာရှင်နိုင်ငံများရှိ ပြည်သူ့အာဏာ လှုပ်ရှားမှုများအကြောင်း အကြမ်းမဖက် တော်လှန်ရေးများ (အာဏာရှင်နိုင်ငံများရှိ ပြည်သူ့အာဏာ လှုပ်ရှားမှုများအကြောင်း) Unarmed Insurrections: People Power Movements in Nondemocracies. Kurt Schock. Minneapolis, MN: The University of Minnesota Press, 2005. 228 Pages. အာကာဟိန်း ၁ ၁၉၈၀ ပြည့်နှစ်များ မတိုင်မီ အချိန်အထိ အကြမ်းမဖက် လှုပ်ရှားမှုဟု ဆိုလိုက်ရင် အများအားဖြင့် နိုင်ငံရေးအရ ရင့်ကျက်ပြီးနိုင်ငံများ တစ်နည်းအားဖြင့် ဒီမိုကရေစီနိုင်ငံများ (ဥပမာ- ၁၉၆၀ တစ်ဝိုက်တွင် အမေရိကန်နိုင်ငံ၌ ပေါ်ပေါက်ခဲ့သော လူမည်းအခွင့်အရေး လှုပ်ရှားမှု) တွင်သာ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်လိမ့်မည်ဆိုပြီး ပညာရှင်အများစုက အမှတ်သညာ ပြုကြသည်။ အခု လက်ရှိအချိန်အထိ သေနတ်ပြောင်းဝမှာရှိတဲ့ […]
20 Jun 2017 Analysis စပ်ကြားအုပ်စိုးမှုစနစ် နိုင်ငံများ၏ ဆန္ဒပြမှု၊ နိုင်ငံရေးနှင့် ကွန်မြူနစ်အလွန် ရုရှားနိုင်ငံ၏ လူထုသဘောထား ကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းပုံ စပ်ကြားအုပ်စိုးမှုစနစ် နိုင်ငံများ၏ ဆန္ဒပြမှု၊ နိုင်ငံရေးနှင့် ကွန်မြူနစ်အလွန် ရုရှားနိုင်ငံ၏ လူထုသဘောထား ကွဲလွဲမှုများကို ကိုင်တွယ်ဖြေရှင်းပုံ “The politics of protest in hybrid regimes: managing dissent in post-communist Russia, Graeme Robertson. New York, Cambridge University Press, 2011.” ဆုမွန်သဇင်အောင် ၁ ဒီဆောင်းပါးဟာ ပါမောက္ခ ဂရေမီရိုဘင်ဆန် (Graeme Robertson) ရဲ့ “The politics of protest in hybrid regimes : managing dissent in post-communist Russia, New York, Cambridge University Press, […]