Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
6 Apr 2018 Broadcast • Latest Notes & Updates • Media Room သမ္မတသစ် ဦးဝင်းမြင့် အခက်အခဲတွေကို ဘယ်လို ကျော်လွှားမလဲ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်နေပြီ ဖြစ်သော သမ္မတသစ် ဦးဝင်းမြင့်အနေဖြင့် နိုင်ငံတော်တွင် ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများကို မည်သို့ ကျော်လွှားမည် ဆိုသော အချက်နှင့် ပတ်သက်သော ဆွေးနွေးခန်းကို MCN သတင်းဌာနက မတ် ၃၁ ရက်တွင် ရိုက်ကူးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးခန်းတွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ MCN သတင်းဌာန အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်တို့နှင့်အတူ ISP Myanmar မှ ထုတ်ဝေနေသော The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးဂျာနယ်၏ အယ်ဒီတာ တဦးဖြစ်သူ ကိုနေထွန်းနိုင်လည်း ဆွေးနွေးခဲ့သည်။ ဆွေးနွေးခန်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
6 Apr 2018 Broadcast • Media Room သမ္မတသစ်နှင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း သမ္မတသစ်နှင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း အယ်ဒီတာ စကားဝိုင်းကို မတ် ၂၃ ရက်တွင် DVB ရုပ်သံက ရိုက်ကူး ထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ အယ်ဒီတာ စကားဝိုင်းတွင် NLD ပါတီ၊ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်၊ DVB သတင်းဌာနမှ ဦးတိုးဇော်လတ်တို့နှင့်အတူ ISP Myanmar မှ ထုတ်ဝေနေသော The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး ဂျာနယ်မှ အယ်ဒီတာ တဦးဖြစ်သူ ကိုနေထွန်းနိုင်လည်း ပါဝင် ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အယ်ဒီတာ စကားဝိုင်း ဆွေးနွေးခန်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
6 Apr 2018 Broadcast • Media Room သမ္မတ ဘယ်လိုလူမျိုး ဖြစ်သင့်လဲ မကြာမီ ရွေးချယ်မည့် သမ္မတအသစ်နှင့် ပတ်သက်၍ ဘီဘီစီ မြန်မာပိုင်း သတင်းဌာန၏ မြန်မာ့အရေး၊ ကမ္ဘာ့အရေး အစီအစဉ်၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးခန်းတွင် NLD ပါတီ၏ ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်၊ ဘီဘီစီ သတင်းဌာနမှ ဦးဘမော်တို့နှင့်အတူ ISP Myanmar ၏ ပြင်ပ ဆက်ဆံ ဆက်သွယ်ရေးဌာန၊ ဒါရိုက်တာ ဦးအောင်သူငြိမ်းလည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ မတ် ၂၄ ရက်က ထုတ်လွှင့်ခဲ့သော ဆွေးနွေးခန်းကို အောက်တွင် နားသောတဆင်နိုင်ပါသည်။
29 Mar 2018 Analysis • PERSPECTIVE အထောက်အကူ ပေးနိုင်မည့် ပတ်ဝန်းကျင်တစ်ခု ရှာဖွေခြင်း – ကင်ညာမှ အရပ်ဘက်အဖွဲ့အစည်းများ ရုန်းကန်ခဲ့ရသည့် ကာလများ The Myanmar Quarterly အတွဲ ၁ တွင် ဖော်ပြခဲ့သော (ဦး) အောင်သူငြိမ်း၏ Outlook of Rulers: Tactics for Controlling Civil Society Organizations and Protests အုပ်ချုပ်သူများ ဘက်မှအမြင် – အရပ်ဘက် လူ့အဖွဲ့အစည်းများ (CSOs) နှင့် ဆန္ဒပြပွဲများကို ထိန်းချုပ်နည်းနိသျှည်း ဆောင်းပါးကို ကင်ညာနိုင်ငံမှ အခြေအနေများနှင့် နှိုင်းဆဆင်ခြင် စဉ်းစားကြည့်ခြင်း။ ■ နောက်ခံသမိုင်းကြောင်း အချက်အလက်များ ကင်ညာနိုင်ငံသည် အာဖရိကတိုက် အရှေ့ဖက် ကမ်းရိုးတန်း၊ အီကွေတာအနီးတွင် တည်ရှိပြီး ၁၉၆၃ ခုနှစ်၌ ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိခဲ့ကာ ခါးသီးလှသည့် အမျိုးသားရေးဝါဒီ လွတ်မြောက်ရေး ရုန်းကန် လှုပ်ရှားမှုများ နောက်ပိုင်း ၁၉၆၄ ခုနှစ်၌ […]
28 Mar 2018 Analysis • COVER STORIES အကူးအပြောင်းများ၊ အသွင်ကူးပြောင်းခြင်းများနှင့် အဆုံးအဖြတ်ကာလကို ရောက်ရှိနေသည့် မြန်မာနှင့် ရှေ့ရေး ■ ၁။ နိဒါန်း ကမ္ဘာ့ဘဏ်နှင့် အခြားသော အလှူရှင်နိုင်ငံများက မြန်မာနိုင်ငံအနေဖြင့် လွန်ခဲ့သော နှစ်များအတွင်းက အကူးအပြောင်း သုံးခု စတင်ခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။ ယင်းတို့မှာ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အကူးအပြောင်း၊ စစ်ပွဲများမှ ငြိမ်းချမ်းရေးသို့ အကူးအပြောင်းနှင့် ဗဟိုမှချုပ်ကိုင်သည့် စီးပွားရေးစနစ်မှ ဈေးကွက် စီးပွားရေးစနစ်သို့ အကူးအပြောင်းတို့ပင် ဖြစ်ကြပါသည် (World Bank, 2012)။ အကူးအပြောင်းကာလဆိုင်ရာ ယူဆချက်မှာ အခြေအနေတစ်ခုမှ တစ်ခုဆီသို့ လုပ်ငန်းစဉ် သို့မဟုတ် အချိန်ကာလ အပိုင်းအခြား အပြောင်းအလဲတစ်ရပ်ဟု ညွှန်းဆိုပါသည်။ အထက်တွင် ရေးသား ဖော်ပြခဲ့သည့်အနက် ယူဆချက်တစ်ခုမှာ မြန်မာနိုင်ငံ အနေဖြင့် အပြောင်းအလဲ ပြုလုပ်နေသည်သာမက ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေး အောင်မြင်ဖြစ်ထွန်းမှုဆီသို့ ဦးတည် ပြောင်းလဲနေသည့် လမ်းကြောင်းပေါ်တွင်လည်း ရောက်ရှိနေသည် […]
17 Mar 2018 Analysis • COVER STORIES Transition စမှတ်နှင့် အောင်မြင်မှု မြန်မာ့အသွင်အကူးအပြောင်း စမှတ်ယူပုံပေါ် မူတည်ပြီး အောင်မြင်မှု၊ ကျရှုံးမှု၊ သွားမည့် လမ်းကြောင်းတို့ကို တွက်နိုင်ပါသည်။ “Transition ဘယ်ကစ” သည်ကို သတိထားနိုင်လျှင် “Transition ဆုံးအောင်” တစ်နည်း အောင်မြင်အောင် ပိုဆောင်ရွက်နိုင်မည်။ Transition သည် ၁၉၈၈ ခုနှစ် လှုပ်ရှားမှုကြီးအပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အာဏာစွန့်အပြီးတွင် စတင်သလား။ အဆင့် ခုနစ်ဆင့်ပါသော လမ်းပြမြေပုံ ခုနစ်ချက် ရေးဆွဲကြေညာချိန် ၂၀၀၃ ခုနှစ်တွင် စတင်သလား။ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် တက်ချိန်တွင် စတင်သလား။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲ ဝင်ချိန်တွင် စတင်သလား။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီး အစိုးရဖွဲ့ချိန်တွင် စတင်သလား။ စတင်သည့် […]
17 Mar 2018 Analysis • COVER STORIES အသွင်ကူးပြောင်းမှုများ အောင်မြင်ခြင်း၊ နောက်ပြန်ခြင်း အကြောင်းချင်းရာများနှင့် မြန်မာနိုင်ငံအတွက် မူဝါဒရေးရာ အဆိုပြုချက်များ ကျွန်တော်က ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သူ။ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ပြည်တော်မပြန်နိုင်ဘဲ ဖြစ်ခဲ့ရသည်။ သို့သော် ကံကောင်းထောက်မ၍ အပြောင်းအလဲများ ဖန်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး၊ သမ္မတ ဦးသိန်းစိန် အစိုးရက ပြည်ပရောက်နေသူများ အိမ်ပြန်နိုင်ရေး ဖိတ်ခေါ်ခဲ့သည်။ တစ်ချိန်တည်းတွင် နိုင်ငံအတွင်း၌လည်း ပြုပြင်ပြောင်းလဲမှုအချို့ စတင်ဆောင်ရွက်နေခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လာနိုင်ခဲ့ပြီး၊ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းက အထောက်အကူပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအရင်းအမြစ်အဖွဲ့၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးဌာန (MDRI-CESD) တွင် သုတေသနပြုတာဝန် ထမ်းဆောင်ခွင့် ရခဲ့သည်။ ထိုအချိန်က မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် ရင်ခုန်ခဲ့ရသည်။ စိတ်အားထက်သန် နေခဲ့ရသည်။ ပြည်ပရောက်ဘဝမှ အာဖဂန်နစ္စတန်သို့ ပြန်လာပြီး နောက်ပိုင်းတွင် သမ္မတဖြစ်လာခဲ့သူ […]
7 Mar 2018 Analysis • Special Features ၁၉၉၀ ပြည့်နှစ်အတွင်း ဦးကြည်မောင်အား တွေ့ဆုံမေးမြန်းခဲ့ပြီး အပြည့်အ၀ ဖော်ပြခဲ့ဖူးခြင်း မရှိသော မေးမြန်းချက် အပြည့်အစုံနှင့် ဆောင်းပါး ဦးကြည်မောင်အား တွေ့ဆုံမေးမြန်းခဲ့ခြင်း ■ ဒေါမနစ် ဖူလ်ဒါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် တည်ထောင်ခဲ့သည့် ၁၉၈၈ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးကြီး ကြည်မောင်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး၌ ဒေါမနစ်ဖူလ်ဒါနှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံ စကားပြောဖြစ် ခဲ့ပါသည်။ ထိုစဉ်က ဦးကြည်မောင်သည် ပါတီ၏ ယာယီ ခေါင်းဆောင်သဖွယ် ဖြစ်နေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်အထိ အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း၏ ညာလက်ရုံး ဖြစ်ခဲ့ပြီး NLD ပါတီ တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်း ဖြစ်သည့် ဗိုလ်မှူးချုပ် အောင်ကြီးနှင့်အတူ ပါတီ စတင် တည်ထောင်ချိန်ကတည်းက ပါဝင်ခဲ့သူလည်း ဖြစ်ပါသည်။ ဦးနေဝင်းနှင့် ဗိုလ်မှူးချုပ် အောင်ကြီးတို့မှာ […]
7 Mar 2018 Analysis • Special Features ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၁၃ ရက်ထုတ် Asiaweek မဂ္ဂဇင်း နိုင်ငံတကာရေးရာ စာမျက်နှာ-၂၈ ၌ ဖော်ပြခဲ့သော ဦးကြည်မောင်အား မေးမြန်းချက် အင်တာဗျူး Asiaweek မဂ္ဂဇင်း၊ ၁၃-၇-၁၉၉၀၊ နိုင်ငံတကာရေးရာ စာမျက်နှာ-၂၈ ဦးကြည်မောင်နှင့် တွေ့ဆုံမေးမြန်းခြင်း “ကျွန်တော်တို့ မျှမျှတတ ဆောင်ရွက်ပါ့မယ်” ဗိုလ်မှူးကြီး ကြည်မောင်သည် ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူ၊ လွတ်လပ်ရေးတိုက်ပွဲဝင် စစ်သည်တော်တစ်ဦးနှင့် သစ္စာရှိ တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ပါသည်။ ယခုအချိန်၌ အသက် ၇၂ နှစ်အရွယ် ရှိပြီဖြစ်သည့် ဦးကြည်မောင်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရခိုက် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာပါသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Asiaweek မဂ္ဂဇင်းမှ ပင်တိုင်ဆောင်းပါးရှင် ဒေါမနစ်ဖူလ်ဒါနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံမေးမြန်းခဲ့မှု ပြုလုပ်ခဲ့သည်များထဲမှ ကောက်နှုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။ ■ မေး – ရွေးကောက်ပွဲ ပြီးတာလည်း တစ်လကျော် ကြာသွားခဲ့ပြီဆိုတော့ လက်ရှိ အုပ်ချုပ်နေတဲ့သူ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု […]
30 Dec 2017 Latest Notes & Updates နှစ်နှစ်သား ဒီမိုကရေစီနှင့် ၂ဝ၁၈ ခုနှစ် မြန်မာ့နိုင်ငံရေး အလားအလာ ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) သတင်းဂျာနယ်တွင် အိအိတိုးလွင် ရေးသားခဲ့သော သတင်းဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဒီမိုကရေစီ တိုက်ပွဲကို နည်းလမ်းမျိုးစုံဖြင့် ဆင်နွှဲနေသည့် နိုင်ငံ အများအပြားရှိသည်။ အောင်မြင်သည့် နိုင်ငံ ရှိသလို မအောင်မြင်သည့် နိုင်ငံလည်းရှိသည်။ အောင်မြင်ပြီးနောက် ပြန်လည် ကျဆုံးသွားသော နိုင်ငံများလည်းရှိနေသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီ တိုက်ပွဲ ဆင်နွှဲနေသည့် အရှေ့တောင်အာရှ နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ နှစ်ပေါင်း ၂ဝ ကျော်ကြာ ဒီမိုကရေစီ တိုက်ပွဲ ဆင်နွှဲပြီးနောက်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) သည် ၂ဝ၁၆ မတ်လ ကုန်ပိုင်းတွင် အစိုးရ အာဏာကို ရယူနိုင်ခဲ့သည်။ ယခုဆိုလျှင် နှစ်နှစ်သား အစိုးရဘဝ၊ အတိအကျပြောလျှင် တစ်နှစ်နှင့် ရှစ်လ […]
22 Nov 2017 Broadcast • Media Room ဒေသတွင်း နိုင်ငံတကာ အစည်းအဝေးများနှင့် ရခိုင်အရေး အာဆီယံ ထိပ်သီး အစည်းအဝေး အပါအဝင် ဒေသတွင်း နိုင်ငံတကာ အစည်းအဝေးများကို ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မြန်မာတို့တွင် မကြာသေးမီ ရက်များအတွင်း ပြုလုပ်ခဲ့သည်။ အဆိုပါ နိုင်ငံတကာ အစည်းအဝေးများ၌ ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ ဖိအားပေးမှု ကျဆင်းစေရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ခဲ့သော အရာများနှင့် လုပ်ဆောင်သင့်သည့် အကြံပြု အကြောင်းအရာများအပေါ် ဆွေးနွေးခြင်းကို “မျက်မှောက်ရေးရာ သုံးသပ်စရာ” အစီအစဉ်အဖြစ် နိုဝင်ဘာ ၁၈ ရက်တွင် MCN သတင်းဌာနက ရိုက်ကူးခဲ့ပါသည်။ ထိုအစီအစဉ်ကို နိုဝင်ဘာ ၂၀ ရက် ညပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က ထုတ်လွှင့်ခဲ့သည်။ စကားဝိုင်း အစီအစဉ်၌ မြန်မာ့အရေး လေ့လာ သုံးသပ်သူ ဒေါက်တာ […]
22 Jul 2017 Broadcast • Media Room ဒီမိုကရေစီ အစိုးရသစ်နဲ့ တပ်မတော် ဆက်ဆံရေး ဒီမိုကရေစီ အစိုးရသစ်နှင့် တပ်မတော် ဆက်ဆံရေးအပေါ် ဆွေးနွေးခဲ့သည့် DVB အယ်ဒီတာ စကားဝိုင်းကို ဇူလိုင် ၂၂ ရက်တွင် ထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ စကားဝိုင်း၌ The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးဂျာနယ် အယ်ဒီတာ ဦးအောင်သူငြိမ်းလည်း ပါဝင် ဆွေးနွေးခဲ့သည်။
17 Jul 2017 Analysis • INTERVIEWS ရေမွန်မက်ဆေးဆေးဆုရှင် လဖိုင်ဆိုင်းရော်အား မေးမြန်းခြင်း မေတ္တာ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း တည်ထောင်သူနှင့် ၂၀၁၃ ခုနှစ် ရေမွန်မက်ဆေးဆေးဆုရှင် လဖိုင်ဆိုင်းရော်အား မေးမြန်းခြင်း ■ မေး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ဒေသအလိုက်၊ လူမျိုးစုအလိုက်၊ အကြောင်းအရာ ခေါင်းစဉ်အလိုက်ဆိုပြီး သုံးမျိုး ပါဝင်ပါတယ်။ ဒီလို သုံးခုခွဲခြားထားတာက ဘာအတွက်၊ ဘယ်လို အထောက်အကူ ပြုပါသလဲ။ လိုအပ်တဲ့ ခွဲခြားမှုအဖြစ် ရှုမြင်ပါသလား။ ဖြေ။ ပထမဆုံးအနေနဲ့ စိတ်ကျေနပ်တယ်လေ။ အားရတာကတော့ ဒီအထဲမှာ ပါဝင်နေတဲ့ အားလုံးဟာ ကျွန်မတို့ရဲ့ ပဋိပက္ခကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ လက်ခံထားတယ်လို့ နားလည်တယ်လေ။ အဲဒါကြောင့် အားတက်စရာကောင်းတယ်။ တစ်ဖက်က ကျတော့လည်း ခေါင်းစဉ်သုံးမျိုးကို ဘာဖြစ်လို့ ခွဲထားသလဲ ကျွန်မ မသိဘူး။ ခွဲထားတဲ့ ပုဂ္ဂိုလ်များရဲ့ ရည်ရွယ်ချက်ကို […]
16 Jul 2017 Analysis • BOOK REVIEWS စစ်နှင့်ငြိမ်းချမ်းရေး ကချင် အပစ်အခတ်ရပ်စဲမှု (၁၉၉၄-၂၀၁၁) သုံးသပ်ချက် မန်ဒီဆေဒန်၊ အယ်ဒီတာ၊ မြန်မာနယ်စပ်ဒေသများရှိ စစ်နှင့်ငြိမ်းချမ်းရေး ကချင် အပစ်အခတ်ရပ်စဲမှု (၁၉၉၄-၂၀၁၁) သုံးသပ်ချက် ၂၀၁၆၊ စာမျက်နှာ ၅၁၇။ ဒေးဗစ်စကော့မက်သီဆင် ၁ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတာနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်ရမှုက ကျယ်ကျယ်ပြန့်ပြန့်ကို ရှိနေတာပါ။ အရင်တုန်းက ရခဲ့တဲ့ ကချင် အပစ်အခတ်ရပ်စဲရေး အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ မန်ဒီဆေဒန်က တည်းဖြတ်ထားတဲ့ စာတမ်းစုဟာဆိုရင် ပယ်ပယ်နယ်နယ် အဝေဖန်ခံနေရတဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို လမ်းကြောင်းမှန်ပေါ် ပြန်လာဖို့ တွန်းအားပေးနေတဲ့ လက်ရှိ အားထုတ်မှုတွေအပေါ် ယုံကြည်မှု တိုးလာအောင် လုပ်ဖို့အတွက်တော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာ ရှည်ကြာနေပြီး အလွန်ခက်ခဲတဲ့အပြင် ပါဝင်သူ နှစ်ဘက်စလုံးကို ပျက်စီးစေတဲ့ လက်နက်ကိုင်ပဋိပက္ခကို ငြိမ်းချမ်းစေဖို့ ကြိုးစားအားထုတ်မှု အားလုံးအတွက် […]
16 Jul 2017 Analysis • BOOK REVIEWS နိုင်ငံတော် တည်ဆောက်ခြင်း၊ ဂျာမနီနှင့် အီတလီနိုင်ငံများ ထူထောင်ခြင်းနှင့် ဖက်ဒရယ်ဝါဒ ပဟေဠိ ဒေးဗစ်ဇေးဘလက်၊ ၂၀၀၆၊ နိုင်ငံတော် တည်ဆောက်ခြင်း၊ ဂျာမနီနှင့် အီတလီနိုင်ငံများ ထူထောင်ခြင်းနှင့် ဖက်ဒရယ်ဝါဒ ပဟေဠိ ၊ ပရင်စတန်။ အောက်စ်ဖို့ဒ်၊ ပရင်စတန်တက္ကသိုလ်ပုံနှိပ်တိုက်။ ကမ်မီလာဘူဇီ ၁ ဇေးဘလက်ရဲ့ ၂၀၀၆ ခုနှစ်ထုတ် စာတမ်းဟာ ၁၉ ရာစုအတွင်းမှာ ဂျာမနီနဲ့ အီတလီတို့ရဲ့ နိုင်ငံထူထောင်မှုတွေကို အပြိုင်လေ့လာမှု ပြုထားခြင်းဖြစ်ပြီး ဂျာမနီအနေနဲ့ ဖက်ဒရယ်နိုင်ငံ ဖြစ်လာချိန်မှာ အီတလီအနေနဲ့ ဘာကြောင့် ဖြစ်မလာရလဲဆိုတာကို စာတမ်းရှင်အနေနဲ့ လေ့လာထားချက် ဖြစ်ပါတယ်။ ၁၉ ရာစုဟာ ဥရောပ၊ မြောက်အမေရိက၊ တောင်အမေရိက တိုက်ကြီးတွေမှာ နိုင်ငံရေးမြေပုံတွေ အပြောင်းအလဲဖြစ်ခဲ့လို့ ကမ္ဘာ့သမိုင်းမှာ အရေးပါတဲ့ ဆုံမှတ်အဖြစ် မကြာခဏ ရှုမြင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအချိန်ဟာ အဖွဲ့အစည်းမူဘောင်စုံလင်မှုတွေ အားကောင်းပြီး အမျိုးသားနိုင်ငံတွေ ပေါ်ထွက်လာတဲ့အချိန်လည်း ဖြစ်တယ်လို့ ဇေးဘလက်က […]