Topics

Others

7 Mar 2018

လောကဓံနဲ့ အတူနေထိုင်နည်းကို လက်တွေ့သင်ပေးခဲ့သူ (သို့မဟုတ်) ဦးကြည်မောင်

လူတိုင်းလူတိုင်းဟာ အသက်ရှင် နေထိုင်တဲ့ ကာလတစ်လျှောက်မှာ လောကဓံတရားတွေနဲ့ အခါအားလျော်စွာ ရင်ဆိုင်ခဲ့ကြရမှာ အသေအချာပါပဲ။ အချို့လည်း လက်မြှောက် အရှုံးပေးသွားသလို၊ အချို့လည်း ရင်ဆိုင် ဖြတ်သန်းကြပါတယ်။ “ဘဝဟူသည် ခေါက်ရှာငှက်ပျံ လောကဓံ” ဆိုတဲ့ ဆိုးရိုးစကားတစ်ခု ရှိပါတယ်။ ခေါက်ရှာငှက် ဘယ်လိုပျံတယ် ဆိုတာကို မြင်ဖူးရင်တော့ သိပါလိမ့်မယ်။ ခေါက်ရှာငှက်ရဲ့ ပျံသန်းမှုပုံစံက အခြားငှက်တွေနဲ့မတူဘဲ နိမ့်လိုက် မြင့်လိုက် ပျံသန်းပါတယ်။ ဒါကြောင့် ဘဝဆိုတာလည်း တစ်သမတ်ထဲ သွားနေတာ မဟုတ်ဘဲ လောကဓံတရားတွေကြောင့် နိမ့်လိုက်မြင့်လိုက် ဖြစ်တတ်တာကို ခေါက်ရှာငှက်ပျံပုံနဲ့ ဥပမာပေးထားတာပါ။ လောကဓံတရားနဲ့ ပတ်သက်လို့ လာဘ်နည်းတာ၊ များတာ၊ အခြွေအရံ နည်းတာ၊ များတာ၊ ကဲ့ရဲ့တာ၊ ချီးမွန်းတာ၊ သုခ၊ ဒုက္ခဆိုပြီး ရှစ်ပါးရှိတယ်လို့ ဘုရားရှင် ဟောကြားခဲ့ပါတယ်။ […]
8 Nov 2017

ပြည်သူ့ရေးရာ မူဝါဒရေးဆွဲရေး ဆိုင်ရာ သုသေတန အခြေပြု သင်တန်း (မွန်ပြည်နယ်)

မွန်ပြည်နယ် အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အဖွဲ့ (ISP Myanmar) တို့ ပူးပေါင်းပြီး ပြည်သူ့ရေးရာ မူဝါဒ ရေးဆွဲရေးဆိုင်ရာ သုတေသန အခြေပြု သင်တန်းကို မော်လမြိုင်မြို့ရှိ Royal Hinthar ဟိုတယ်တွင် ပြုလုပ်နေပါသည်။ အဆိုပါ သုတေသန အခြေပြု သင်တန်းကို နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ပြုလုပ်မည် ဖြစ်ကာ ISP Myanmar ၏ အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင်၊ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်း၊ သင်တန်းရေးရာ လက်ထောက် ဒါရိုက်တာ ဒေါက်တာ ဆုမွန်သဇင်အောင်နှင့် သန်တန်း ညှိနှိုင်းရေးမှူး ဒေါ်ထွန်းမင်းစန္ဒာတို့က ပြည်သူ့ရေးရာ မူဝါဒ ဘာသာရပ်နှင့် သက်ဆိုင်သော အကြောင်းအရာများကို […]
20 Jun 2017

ဦးဝင်းမျိုးသူနှင့် တွေ့ဆုံမေးမြန်းခြင်း

■ ဦးဝင်းမျိုးသူ ဦးဝင်းမျိုးသူသည် မြန်မာနိုင်ငံ၏ သဘာ၀၀န်းကျင် အဖွဲ့အစည်းတစ်ခုဖြစ်သော Ecodev ကို စတင်ထူထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သည်။ ■ မေးခွန်း(၁) မြန်မာနိုင်ငံတွင် အရပ်ဘက် အဖွဲ့အစည်းများ၏ တာဝန်ကို ဘယ်လို သတ်မှတ် ခံယူထားပါသလဲ။ ■ ဖြေ ။   ။ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အနည်းဆုံး နယ်ပယ်နှစ်ခုမှာတော့ အရင်ကထက် ပိုပြီး အရေးပါလာတယ်ဆိုတာ သိသာလာပါတယ်။ ပထမ တစ်ခုကတော့ အများပြည်သူ အခြေခံလိုအပ်ချက်နဲ့ ဝန်ဆောင်မှု အခန်းကဏ္ဍက ဟာကွက်တွေကို ဖြည့်စွမ်းပေးနိုင်ရေးပါ။ ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ ဈေးကွက်ဗဟိုပြုစနစ်ကို ဖြည်းဖြည်းချင်းသွားဖို့ ကြိုးစားနေတုန်းပဲ ရှိပါသေးတယ်။  ဒါပေမဲ့ အခြေခံလူတန်းစားတွေ လက်လှမ်းမှီတဲ့၊ အစိုးရက ဖြည့်ဆည်းတဲ့ အခြေခံလိုအပ်ချက်နဲ့ ဝန်ဆောင်မှု […]
20 Jun 2017

မဖြိုးဖြိုးအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

■ မဖြိုးဖြိုးအောင် ၁၉၈၈ သြဂုတ် ၂၅ တွင် မွေး။ ၂၀၀၃-၀၄ တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်၊ ၂၀၀၅ တွင် မှော်ဘီ နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာ ဘာသာရပ်ကို စတင် တက်ရောက်။ ၂၀၀၇ သြဂုတ် ၂၈ တွင် ပြန်လည် ဖွဲ့စည်းခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တွင် ပါဝင်ခဲ့ပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာများအား ဝန်းရံခဲ့။ ၂၀၀၈ နာဂစ် မုန်တိုင်းဒဏ်ခံ ဒေသများသို့ သွားရောက် လှူဒါန်းခြင်း၊ အလောင်းများကို စနစ်တကျ မြေမြှုပ်သင်္ဂြိုဟ်ခြင်းများ ပြုလုပ်ပေးပြီးအပြန် ဘိုကလေးမြို့တွင် အထက်ပါကိစ္စရပ်များကြောင့် လေးနှစ်ခန့် ဖမ်းဆီး ထိန်းသိမ်းခံရ။ ၂၀၁၂ ဇန်နဝါရီတွင် ပြန်လည် ဖွဲ့စည်းခဲ့သော ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ မေလတွင် […]
20 Jun 2017

ဦးဘိုကြည်နှင့် တွေ့ဆုံမေးမြန်းခြင်း

■ ဦးဘိုကြည် ဦးဘိုကြည်သည် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးနှင့် ပြည်သူများ နိုင်ငံသားနှင့် နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ကျင့်သုံး နိုင်စေရေးအတွက် တက်ကြွလှုပ်ရှားနေသူ ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းတွင် အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသူ ဖြစ်ပါသည်။ ■ မေး ။   ။ မြန်မာနိုင်ငံတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ တာဝန်ကို ဘယ်လို သတ်မှတ်ခံယူထားပါသလဲ။ ■ ဖြေ ။   ။ အရပ်ဘက် အဖွဲ့အစည်းများဆိုတာ တိုင်းပြည်ရဲ့ နားနဲ့မျက်စိပါ။ အရပ်ဘက် အဖွဲ့အစည်းတွေဟာ များသောအားဖြင့် နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးနဲ့ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ အလုပ်တွေကို လုပ်ဆောင်လေ့ […]