Topics

Others

2 Dec 2021

ISP-Myanmar အဖွဲ့ဝင် ကိုအောင်မျိုးထက်ကိုထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ခြင်းအား ပြင်းထန်စွာကန့်ကွက်ခြင်း

၁။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၌ တာဝန် ထမ်းဆောင်နေသူ တဦးဖြစ်သည့် ကိုအောင်မျိုးထက်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့နယ်တရားရုံး (ရွှေဘိုထောင်တွင်းတရားရုံး)က ပုဒ်မ၅၀၅ – က ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ် လိုက်ခြင်းအား ISP-Myanmar အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပါသည်။ ၂။ စာနယ်ဇင်းသမားအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ကိုအောင်မျိုးထက်သည် ၂၀၂၁ ခုနှစ် ဧပြီ ၂၀ ရက်တွင် ၎င်း၏ ဇာတိဖြစ်သောစစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့၌ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်သည်။၎င်းကို ဖမ်းဆီးချိန်၌ သတင်းထောက်ဟု ယူဆ၍ လည်းကောင်း၊ DVB နှင့် Mizzima သတင်းဌာနများသို့ သတင်းများ ပေးပို့သည်ဆိုသော ယူဆချက်ဖြင့်လည်းကောင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရှိရကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က ဖြင့် တရားစွဲဆိုခဲ့ပါသည်။ ၃။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) ဖိနှိပ်ခံနေရချိန်၌ ကိုအောင်မျိုးထက်ကို ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်ခြင်းသည် မြန်မာနိုင်ငံ၌ သတင်းမီဒီယာ လွတ်လပ်ခွင့် ကင်းမဲ့နေခြင်းအား ထပ်မံ ပြဆိုလိုက်သော သာဓကတခု ဖြစ်ပြီး ယခုချမှတ်လိုက်သည့် အမိန့်ကို ပြန်လည် ပြင်ဆင်ရန် ISP-Myanmar က အလေးအနက် တိုက်တွန်းပါသည်။ ၄။ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံတွင် စာနယ်ဇင်းသမား ၁၁၆ ဦးထက်မနည်း ဖမ်းဆီး ခံခဲ့ရသည်။ ထိုအထဲတွင် ၇၉ ဦးအား ပြန်လွှတ်ပေးခဲ့သည် ဆိုသော်လည်း ၃၇ ဦးမှာ လက်ရှိအချိန်အထိဖမ်းဆီး ခံထားရဆဲဖြစ်ပြီး၊ နှစ်ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရသည်။ ယင်းသို့ ဖမ်းဆီး ထောင်ချ တရားစွဲဆိုထားသောစာနယ်ဇင်းသမား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်နှင့် တရားစွဲဆိုထားမှုများအား ရုပ်သိမ်းပေးရန် ISP- Myanmar ကအလေးအနက် တောင်းဆိုပါသည်။ ၅။ ISP-Myanmar သည် လွတ်လပ်သော သုတေသန အဖွဲ့အစည်းတခုဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အရပ်ဘက် အဖွဲ့အစည်းများ ရှင်သန် အားကောင်းရေး အတွက် ၂၀၁၆ ခုနှစ်မှ စတင်ကာ အစဉ်တစိုက်လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်ပါသည်။
28 Sep 2021

ISP-Myanmar ၏ Bridge Education Program သင်ကြားမှု စတင်

အကြောင်း အမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးနေရသည့် လူငယ်များ၏ ပညာရေးအတွက် တတ်စွမ်းသမျှ ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းမှုအဖြစ် ISP-Myanmar က လုပ်ဆောင်ခဲ့သော အစီအစဉ်သစ်တခု ဖြစ်သည့် Bridge Education Program သို့ တက်ရောက်လိုသူများအား လျှောက်လွှာ ခေါ်ယူခြင်းကို ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ပြုလုပ်ခဲ့ပါသည်။ လူငယ်များ၏ ပညာရေး တက်လမ်းအတွက် ကြားကာလ ပညာရေး ဖြည့်ဆည်းမှု အနေဖြင့် လုပ်ဆောင်ခြင်းလည်း ဖြစ်သောအဆိုပါ အစီအစဉ်၌ ပါဝင်ခွင့်ရရန် နိုင်ငံအနှံ့မှ အရည်အသွေး ကောင်းမွန်သည့် လျှောက်လွှာ များစွာ လက်ခံ ရရှိခဲ့ပါသည်။အစီအစဉ်၌ ပါဝင်ခွင့်ရရေးအတွက် အချိန်ပေး အားထုတ် ကြိုးပမ်း၍ လျှောက်ထားခဲ့ကြသူ တဦးချင်းစီ တိုင်းကို ကျေးဇူးတင်ရှိပါကြောင်း ပဏာမ အနေဖြင့် ပြောကြားလိုပါသည်။ ငွေကြေးတစုံတရာ ပေးရန်မလိုဘဲ အခမဲ့ သင်ကြားပေးခြင်း ဖြစ်သော Bridge Education Program သို့ တက်ရောက်ခွင့် ရမည့်သူများအား ရွေးချယ်ခြင်းကို အဆင့်သုံးဆင့်ဖြင့် ပြုလုပ်ခဲ့ပါသည်။ ပထမအဆင့်တွင် လျှောက်လွှာများအား ပဏာမ စိစစ်ခဲ့ပြီး၊ဒုတိယ အဆင့်တွင် ကနဦး ရွေးချယ်ခံရသူများအား အင်္ဂလိပ်စာ အရည်အချင်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။ ထို့နောက် နောက်ဆုံးအဆင့် အနေဖြင့် လူတွေ့မေးမြန်းခြင်းကို online မှတဆင့် video call ခေါ်ယူ၍ ပြုလုပ်ခဲ့ပါသည်။ နိုင်ငံအနှံ့မှ လျှောက်လွှာပေါင်း ၂၃၆ စောင် လက်ခံရရှိခဲ့ပြီး ယခုအခါ Bridge Education Program သို့ တက်ရောက်ခွင့်ရသူ ၃၁ ဦးကို ရွေးချယ်ခဲ့ပြီး ဖြစ်ပါသည်။ လျှောက်လွှာများအား အရည်အချင်းနှင့် လိုအပ်ချက် တို့ကို အခြေခံရွေးချယ်ပြီး ထိုစံနှုန်း နှစ်ရပ်တွင် မျှခြေ အနေအထားရှိသည့် လျှောက်လွှာရှင်များကို ဦးစားပေး ရွေးချယ်ခဲ့ရာ ယှဉ်ပြိုင်မှု များခဲ့ပါသည်။ သို့ရာတွင် အစီအစဉ်အတွက် လက်ခံနိုင်သည့် ဦးရေမှာ အကန့်အသတ် ရှိသောကြောင့် ယခု အပတ်စဉ်အတွက် ၃၁ ဦးကိုသာ ရွေးချယ်ခဲ့ရခြင်း ဖြစ်ပါသည်။ အစီအစဉ်အတွက် ရွေးချယ်ခံရသူများကို ကြိုဆိုခြင်းနှင့် အစီအစဉ် စတင်ခြင်းကို စက်တင်ဘာ ၂၆ ရက်တွင် အွန်လိုင်းမှတဆင့်ပြုလုပ်ခဲ့ပါသည်။ ထို့နောက် Bridge Education Program အား ယနေ့ စက်တင်ဘာ ၂၇ ရက်တွင် စတင်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ သုံးလတာ ကြာမြင့်မည် ဖြစ်ပါသည်။ ❏ အစီအစဉ်၏ ရည်ရွယ်ချက် ISP-Myanmar က ယခု လုပ်ဆောင်သည့် “Bridge Education Program” သည် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးနေရသည့် လူငယ်များ၏ ပညာရေးအတွက် တတ်စွမ်းသမျှ ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းခြင်း ဖြစ်ပါသည်။ လူငယ်များ၏ပညာရေး တက်လမ်းအတွက် ကြားကာလ ပညာရေး ဖြည့်ဆည်းမှုအနေဖြင့် လုပ်ဆောင်ခြင်းလည်း ဖြစ်ပါသည်။ လက်ရှိအချိန်တွင် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ကိုဗစ်ကပ်ဘေး ရိုက်ခတ်မှုများကြောင့် မြန်မာနိုင်ငံတွင်ပညာသင်ယူခွင့် ဆုံးရှုံးခြင်း အန္တရာယ်ကို ရင်ဆိုင် ကြုံတွေ့ နေကြရသည်။ စစ်ကောင်စီနှင့် မပူးပေါင်း သပိတ်မှောက်ရေးလှုပ်ရှားမှု (CDM) ပါဝင်ခဲ့သည့် ဆရာ-ဆရာမ များစွာကို အာဏာသိမ်း စစ်ကောင်စီက ရာထူးမှ ထုတ်ပစ်ပြီး ဖမ်းဆီးမှုများ၊ ၀ရမ်းထုတ် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။ ထိုနည်းတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သောကျောင်းသား ကျောင်းသူ လူငယ်များကိုလည်း ပစ်ခတ် ဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက် ထောင်သွင်း အကျဉ်းချမှုများကိုဆက်တိုက် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ကျောင်းသား ကျောင်းသူ အများစုသည် အာဏာသိမ်း စစ်တပ်၏ လက်အောက်တွင်ဆက်လက် ပညာဆည်းပူးရန် ဆန္ဒမရှိတော့ပေ။ ထိုအခြေအနေတွင် ကိုဗစ်ကပ်ဘေး၏ ရိုက်ခတ်မှုများကလည်း တပူပေါ် နှစ်ပူဆင့် ဖြစ်စေခဲ့သည်။ လူငယ်များ အနေဖြင့်လည်း ပြည်တွင်းနှင့် နိုင်ငံတကာ တက္ကသိုလ်များတွင် ပညာသင်ယူခွင့် ရရှိရန်အခွင့်အလမ်းများ ရှာဖွေခြင်းထက် မိသားစု၏ ကျန်းမာရေးနှင့် လူမှုနေမှုဘ၀ ရှင်သန် ရပ်တည်နိုင်ရေးတို့ အတွက် ဦးစားပေးရုန်းကန် လာကြရပါသည်။ မည်သို့ပင်ဖြစ်စေ ယခု ရင်ဆိုင် ကြုံတွေ့နေရသော ပြဿနာ များစွာအနက် နိုင်ငံ၏ ပဋိပက္ခများ ဖြေရှင်းရေး၊ နိုင်ငံ တည်ဆောက်ရေး (State-building) နှင့် ပြည်ထောင်စု ကြန်အင်လက္ခဏာ တည်ဆောက်ရေး (Nation-building) အစရှိသော ဖြစ်စဉ်များတွင်လည်း လူငယ်ထု၏ တွေးဆ မျှော်မှန်းနိုင်မှု စွမ်းရည်နှင့် ဆန်းစစ် အဖြေရှာခြင်း စွမ်းရည်တို့က အရေးပါလျက် ရှိပြီး လိုအပ်မှုများလည်း ရှိနေသည်။ ထို့ကြောင့် လူငယ် တဦးချင်းစီ၏ ပညာသင်ယူခွင့် ရနိုင်ရေးသည် နိုင်ငံတည်ဆောက်ရေး ဖြစ်စဉ်အတွက်အလွန် အရေးကြီးလှပါသည်။ ❏ သင်ကြားပို့ချပေးမည့် ဘာသာရပ်များ ▲ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု (Academic Skills) နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ် ပညာရေးတွင် စနစ်တကျ ဆန်းစစ်ဝေဖန် တွေးခေါ်ခြင်း၊ တွေ့ရှိချက်များကို နည်းနာနိဿယများနှင့်အညီသုံးသပ် တင်ပြခြင်းတို့အတွက် ပညာရပ်ဆိုင်ရာ စာပေများ ဖတ်ရှုပုံ၊ ပြောဆို တင်ပြပုံနှင့် ရေးသားပုံဆိုင်ရာအရည်အချင်းများ မဖြစ်မနေ လိုအပ်ပါသည်။ ဤအရည်အချင်းများ ပြောင်မြောက်အောင် သွေးခွင့်ရပါမည်။ ▲ သုတေသန မိတ်ဆက် (Research Introduction) စစ်အာဏာသိမ်းမှုကို ရင်ဆိုင်ခဲ့ရသည့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု နွေဦး တော်လှန်ရေးနှင့်အတူ လူမှုလေ့လာမှုများ (social inquiries) ပို၍ လိုအပ်ပါမည်။ အခြေခံ သုတေသန လုပ်ထုံး လုပ်နည်း၊ စနစ်များကို လေ့လာလေ့ကျင့်ခြင်းဖြင့် အဓိက ကျသည့် ပြဿနာများအပေါ် လက်တွေ့ကျကျ ချဉ်းကပ် နိုင်မည် ဖြစ်သကဲ့သို့၊ ပညာရပ် ဆိုင်ရာဆက်လက် ဆည်းပူးမှုများအတွက် အခြေခံကောင်း ဖြစ်ပါလိမ့်မည်။ ▲ အင်္ဂလိပ်စာ အဆင့်မြင့်သင်တန်းများ (English Language Skills) ရေးသား တင်ပြခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများကို ပိုင်နိုင်စွာ ပြုလုပ်နိုင်ရန် အတွက် အင်္ဂလိပ်စာ ကျွမ်းကျင်မှုသည်အခြေခံ လိုအပ်ချက်တခု ဖြစ်ပါသည်။ ဤအစီအစဉ်တွင် တက္ကသိုလ် ပညာရေး အတွက် ဦးတည်သည့် အင်္ဂလိပ်စာ အရေး၊အပြောတို့ကို လေ့လာရမည် ဖြစ်သည်။ ▲ ပဋိပက္ခ နှင့် ငြိမ်းချမ်းရေးလေ့လာမှု (Conflict and Peace Studies) စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ရှုပ်ထွေး ခက်ခဲသည့် မြန်မာ့နိုင်ငံရေး ပဋိပက္ခအပေါ် ပို၍လေ့လာ ဆန်းစစ်နိုင်ရန် လိုအပ်ပါမည်။ ပဋိပက္ခများ မည့်သည့် အတွက်ကြောင့် ဖြစ်ရသနည်း၊ မည်မျှ သက်ဆိုး ရှည်နေတတ်သနည်း၊ ပြေလည်အောင် ဖြေရှင်းနိုင်ရေးအတွက် မည်သို့ အားထုတ် ကြသနည်း၊ မည်ကဲ့သို့ အဆုံးသတ် သွားကြသနည်း စသဖြင့် ပညာရပ်ဆိုင်ရာ သဘောတရားများ၊ယူဆချက်များ၊ နှိုင်းယှဉ် လေ့လာအပ်သည့် ဖြစ်ရပ်များကို လေ့လာ သင်ယူကြရပါမည်။ ပဋိပက္ခနှင့် ပဋိပက္ခဖြေရှင်းရေးပညာရပ် ရှုထောင့်မှ ရှုပ်ထွေး ပွေလီသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု နောက်ခံများကို လေ့လာရန်၊ ခွဲခြမ်းသုံးသပ်ရန် လိုအပ်မည် သာမက၊ မည်သို့မည်ပုံ တိုးတက် အသွင်ပြောင်းမည်ကိုလည်း မြော်မြင် ကြည့်ရန်လိုအပ်ပါသည်။အထူးသဖြင့် နိုင်ငံတည်ဆောက်ရေး (State-building) နှင့် ပြည်ထောင်စု ကြန်အင်လက္ခဏာ တည်ဆောက်ရေး (Nation-building) အမြင်များကိုလည်း လေ့လာရပါလိမ့်မည်။ ▲ စီးပွားရေးဆိုင်ရာ တွေးခေါ်မှု (Economic ways of thinking) စီးပွားရေးပညာ အခြေခံ မိတ်ဆက် လေ့လာမှု ဖြစ်ပါသည်။ စီးပွားရေးနှင့် ပတ်သက်၍ ရှားပါးသည့် ရင်းမြစ်များကို စီမံကြရာ၌လူတစ်ဦးချင်း၊ လုပ်ငန်းတခုချင်းနှင့် အစိုးရများက မည်သို့ ဆုံးဖြတ်ကြသည်၊ မည်သို့ သော မူဝါဒများ ချမှတ်ကြသည်ကိုလေ့လာနိုင်ပါမည်။ ခေတ်ပြိုင် စီးပွားရေးဆိုင်ရာ တွေးခေါ်မှုများနှင့် မူဝါဒများ၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ ထူးခြား ကြောင်းချက်များကို လေ့လာနိုင်မည် ဖြစ်သည်။ ❏ သင်တန်းကြာမြင့်ချိန် သင်တန်းကာလမှာ ရက်သတ္တပတ် ၁၂ ပတ် ကြာမြင့်မည် ဖြစ်ပါသည်။ တရက်လျှင် နှစ်နာရီနှင့် တပတ်လျှင် ငါးရက် တက်ရောက်ရမည် ဖြစ်ပါသည်။ ⑉⑉⑉⑉⑉⑉ ❏ သင်ကြားမှုပုံစံနှင့် သင်တန်းသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု အွန်လိုင်းမှ တဆင့် သင်ကြားပေးခြင်း ဖြစ်ပါသည်။ ISP-Myanmar ၏ Bridge Education Program က လက်ရှိ ရင်ဆိုင် ကြုံတွေ့နေရသည့် ထူးခြား အခြေအနေကို အပြည့်အဝ အသိအမှတ်ပြုပါသည်။ ပါဝင် တက်ရောက်သူ တဦးချင်း၏ ပုဂ္ဂိုလ် ရေးလုံခြုံမှု(learners’ personal […]
20 Apr 2021

ISP-Myanmar ၏ အဖွဲ့ဝင်တဦးဖြစ်သူ ကိုအောင်မျိုးထက်အား ချက်ချင်းပြန်လွှတ်ရန် တောင်းဆိုခြင်း

ရက်စွဲ – ဧပြီ ၂၀ ရက်၊ ၂၀၂၁ ခုနှစ်။ ၁) မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) တွင် တာဝန် ထမ်းဆောင်နေသူ တဦးဖြစ်သော ကိုအောင်မျိုးထက်သည် ၎င်း၏ ဇာတိ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့၌ ယနေ့ (ဧပြီ ၂၀ ရက်) နံနက်ပိုင်းက လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရှိရပါသည်။ ၂) လက်ရှိအချိန်တွင် ကိုအောင်မျိုးထက်နှင့် အဆက်အသွယ် မရသေးသည့်အပြင် မည်သည့် အကြောင်းကြောင့် ဖမ်းဆီးသည်ဆိုခြင်းနှင့် မည်သို့ ဆောင်ရွက်နေသည် ဆိုခြင်းကိုလည်း အတိအကျ မသိရသေးသဖြင့် ၎င်း၏ လုံခြုံရေးအတွက် စိုးရိမ် ပူပန်ရပါသည်။ ထို့ကြောင့် အကြောင်းတစုံတရာ မသိရဘဲ ဖမ်းဆီးခြင်း ခံခဲ့ရသည့် […]
16 Feb 2021

အရေးပေါ် ပန်ကြားချက်

၁။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) အနေဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် သဘောထား ပြသခဲ့ပြီး ဖြစ်သည်။ ထို့အတူ စစ်အာဏာသိမ်းမှု၏ အကျိုးဆက် ဖြစ်သော လက်ရှိ အထွေထွေ အကျပ်အတည်းမှ ထွက်မြောက်ရေးအတွက်လည်းကောင်း၊ အနာဂတ် မျိုးဆက်သစ်များ အပါအဝင် ပြည်သူလူထု၏ မျှော်လင့်ချက်များကို ထောက်ရှု၍ လည်းကောင်း၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးကို ရှေးရှု၍ လည်းကောင်း၊ နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံအနေဖြင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည် ရပ်တည် နိုင်ရေးအတွက် လည်းကောင်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းကို အမြန်ဆုံး ပြုလုပ်ပါရန် ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန် တောင်းဆိုခဲ့ပြီး […]
5 Feb 2021

သဘောထားကြေညာချက်

၁။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုအပေါ် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) အနေဖြင့် ဆန့်ကျင်ကန့်ကွက်ပါသည်။ ထို့နည်းတူ စစ်အာဏာသိမ်းရန် မည်သည့် အကြောင်းပြချက်မျိုးကိုမျှ လက်သင့်မခံပါ။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု မဖြစ်ခင်အချိန်ကလည်း မည်သည့် နိုင်ငံရေးအကျပ် အတည်းမျိုး ရှိစေကာမူ အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် မလုပ်ဆောင်သင့်ကြောင်း သဘောထားမှတ်ချက်များ ပြုခဲ့ပြီးဖြစ်သည်။ ၂။ ၂၀၁၀ ပြည့်နှစ်တွင် စတင်ခဲ့သည့် နိုင်ငံရေးဖြေလျော့မှု (Political Liberalization) ဖြစ်စဉ်မှတဆင့် ဖက်ဒရယ်ပြည်ထောင်စုနှင့် ဒီမိုကရေစီတည်ဆောက်ရေး ဦးတည်ချက်များကို အရှိန်အဟုန်မြှင့်တင်ရမည့်အချိန်တွင် ယခုကဲ့သို့ စစ်အာဏာသိမ်းယူခဲ့ခြင်းသည် တိုင်းပြည်၏ နိုင်ငံရေးဖြစ်ထွန်းမှုအား နောက်ပြန်လန်ကျစေသည့် ဖြစ်ရပ်ဆိုးပင်ဖြစ်ပါသည်။ ထို့အတူ ၁၉၅၈ ခုနှစ်မှ စတင်ပြီး ယိုယွင်းပျက်ပြားခဲ့ရသည့် အရပ်ဘက်-စစ်ဘက် […]
18 Nov 2020

မြန်မာ့သမိုင်းပညာရှင်ဒေါ်ကြန် (၁၉၁၈-၂၀၁၉)

အယ်ဒီတာမှတ်ချက် – ယခုဖော်ပြထားသော ဆောင်းပါးသည် ISP-Myanmar မှ ထုတ်ဝေနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) အမှတ် ၅ အတွက် တောင်းခံထားခြင်း ဖြစ်သည်။ ယခုဆောင်းပါးကို မောင်ဇေယျာက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၀ ရက်တွင် ရေးသားပေးပို့ခဲ့ခြင်း ဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၆ ရက်တွင် ကျရောက်သည့် “မြန်မာ့သမိုင်းပညာရှင်ဒေါ်ကြန် တနှစ်ပြည့်” အတွက် ISP-Myanmar က ဖော်ပြခြင်း ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၆ က ရာပြည့်သမိုင်းဒေဝီဟု တင်စားဂုဏ်ပြုခံရသော ဆရာမကြီး ဒေါ်ကြန် (မကြန်) ကွယ်လွန်ခဲ့ပါပြီ။ မြန်မာ့သမိုင်းသုတေသနနယ်ပယ်တွင် နှစ်ပေါင်း ၆၀ ကျော်၊ အသက် […]
4 Nov 2020

ဆရာဦးထွန်းလွင်သို့ အမှတ်ရခြင်း

အယ်ဒီတာမှတ်ချက် – ယခုဖော်ပြထားသော ဆောင်းပါးသည် ISP-Myanmar မှ ထုတ်ဝေနေသော မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် (The Myanmar Quarterly) အမှတ် ၅ အတွက် တောင်းခံထားခြင်း ဖြစ်သည်။ ယခုဆောင်းပါးကို ဒေါက်တာမြင့်ဇော်က ၂၀၂၀ ပြည့်နှစ် မတ် ၃ ရက်တွင် ရေးသားပေးပို့ခဲ့ခြင်း ဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်တွင် ကျရောက်သည့် “မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် ကွယ်လွန်ခဲ့ခြင်း တနှစ်ပြည့်” အတွက် ISP-Myanmar က ဖော်ပြခြင်း ဖြစ်ပါသည်။ ဘဝမှာ ဒဏ်ရာတွေ ပါမှ ကဗျာတွေ လှတတ်တယ် ကဗျာတွေ အလွန်လှပေမယ့် ဒဏ်ကတော့ ပြင်းပါတယ်။ တင်မိုး ဆရာ့ကိုလွမ်းရသော အချိန်များတွင် ဆရာက […]
3 Nov 2020

ချည်သောကြိုးများ ဖြတ်ခဲ့ပါ… (မီဒီယာလွတ်လပ်ခွင့်နှင့် ပြောင်းလဲရမည့်ဥပဒေများ)

အယ်ဒီတာမှတ်ချက် ISP-Myanmar အနေဖြင့် မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းလာရေးအတွက် မြော်မြင်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ အစိုးရသည် လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့်အပြင် ပြည်သူအားလုံးပါဝင်မှုကို လမ်းဖွင့်ပေးသော အစိုးရတရပ် ဖြစ်ပေါ်ရေးကို ဦးတည်ပါသည်။ အဆိုပါ ဦးတည်ချက်၊ မြော်မြင်ချက်များနှင့် ပတ်သတ်၍ ရှုထောင့်စုံ အမြင်များ ထုတ်ဖော်ခွင့်ရရေး၊ ထိုအမြင်များပေါ် အခြေခံ၍ ဆီလျော် ထိရောက်မည့် မူဝါဒများ ပေါ်ထွန်း ရေးကို အားပေးပါသည်။ သို့ဖြစ်၍ ပြင်ပသုတေသီများ၊ လှုပ်ရှား ဆောင်ရွက်နေသူများကို ဖိတ်ခေါ်၍ သဘောထားအမြင် ဆောင်းပါးများ ရေးသားရန်တောင်းခံပါသည်။ မတူကွဲပြားသည့် အမြင်များကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစား၍ မူဝါဒများ ချမှတ်နိုင်စေရေး ရည်သန်ပါသည်။ ဆောင်းပါးများပါ အမြင်သဘောထားများမှာ ဆောင်းပါးရှင်များ၏ အာဘော်သာဖြစ်ပါသည်။ ယခုဆောင်းပါးတွင် […]
24 Sep 2019

မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး မှတ်ချက်စကား

မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး မှတ်ချက်စကား စက်တင်ဘာ ၂၁ ရက်က “ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် တရားမျှတမှု – ဒဿန အဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း” ခေါင်းစဉ်ဖြင့် ISP – Myanmar မှ ပြုလုပ်သော Myanmar Quarterly Symposium အဖွင့်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံအမတ်ကြီး H. E. Kristian Schmidt ပြောကြားခဲ့သည့် မှတ်ချက်စကား ဗီဒီယို ဖြစ်ပါသည်။ မြန်မာဘာသာဖြင့် အလွတ်သဘော ပြန်ဆိုထားချက်ကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။ ► EU သံအမတ်ကြီး၏ အဖွင့်မှတ်ချက် မင်္ဂလာပါ။ ကျေးဇူးတင်ပါတယ်။ သိပ်ကောင်းပါတယ်။ ကျနော် ခံစားနေရတာ တက္ကသိုလ်ကို ပြန်ရောက်သွား သလိုပါပဲ။ ကျနော် […]
23 Sep 2019

ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု” ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း

” ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု၊ ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း “- ISP Myanmar က စီစဉ် ပြုလုပ်နေသော Myanmar Quarterly Symposium ၏ စတ္တုထ အကြိမ် ဆွေးနွေးပွဲ စကားဝိုင်းကို အောက်ပါ ဗီဒီယိုဖိုင်များတွင် ကြည့်ရှုနိုင်ပါသည်။ ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း အပိုင်း(၁) ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း အပိုင်း(၁) ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း အပိုင်း(၂) ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း အပိုင်း(၂) ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု […]
7 Mar 2018

လူရှောင်ဘိုနှင့် ကင်ဆာ

A tribute to liu xiobo ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ၊ ၁၉၈၈ ခုနှစ် သြဂုတ် ၈ ရက်၊ မြန်မာနိုင်ငံမှာ ကျောင်းသားများ ဦးဆောင်ခဲ့ပြီးနောက် ပြည်သူများ ပူးပေါင်းပါဝင်လာတဲ့ တစ်ပါတီ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ အရေးတော်ပုံကြီးကနေ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့ပြီး ပါတီစုံ ဒီမိုကရေစီစနစ်ကို မိတ်ဆက်နိုင်ခဲ့ပါတယ်။ သို့သော်လည်းပဲ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် မှာ စစ်တပ်က အာဏာသိမ်းယူ ခဲ့ပါတယ်။ အဲဒီနောက် စစ်အုပ်ချုပ်ရေးနဲ့ နှစ်ပေါင်းများစွာ ဆက်လက်သွားခဲ့ရာ ပြည်သူများရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးက ဆိတ်သုဉ်းနေခဲ့ပြီး ယခုအချိန်ထိလည်း ဆက်လက် ကြိုးစားနေရဆဲပါ။ ရှစ်လေးလုံး အရေးတော်ပုံ […]