Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
22 Jun 2017 Analysis • COVER STORIES လူထုလှုပ်ရှားမှုနှင့် ဘောင်ခတ်ခြင်း (Framing) လူထုလှုပ်ရှားမှုနှင့် ဘောင်ခတ်ခြင်း (Framing) ကိုတာ ၁ ၁။ ဧပြီ ၂၀၁၆၊ တောင်ကြီး ပညာရေးဆွေးနွေးပွဲ၌ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေးကွန်ရက် (NNER) က ကြေညာချက်တစ်ခု ထုတ်သည်။ ပထမအပိုဒ်၌ အောက်ပါအတိုင်း ပါသည်။ “ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက်သည် ပညာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် တန်းတူရည်တူ လွတ်လပ်စွာ ဆောင်ရွက်သော ကွန်ရက်ဖြစ်သည်။ ဤကွန်ရက်သည် ပူးပေါင်းဆောင်ရွက်ခြင်း၌ အလေးအနက်ထားသည်။” တန်းတူရည်တူ ဟူ၍လည်းကောင်း၊ ကွန်ရက် ဟူ၍လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၌ အလေးအနက် ထားပါသည် ဟူ၍လည်းကောင်း (NNER)က အထူးပြု ဖော်ပြသည်ကို တွေ့ရသည်။ သူတို့ကား တစ်ဦးတစ်ယောက်က ကြိုးကိုင် ချယ်လှယ်ထားသော အဖွဲ့မဟုတ်၊ မည်သူ့ကိုမျှ ကဏ္ဍကောစ […]
20 Jun 2017 Analysis • NUMBERS SPEAK ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဥ်းသားများ စာရင်း မြန်မာနိုင်ငံ အကျဉ်းထောင်အတွင်း ကျန်ရှိနေသေးသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဥ်းသားများ စာရင်းကို ထိုင်းနိုင်ငံအခြေစိုက် AAPP-B အသင်း၏ စာရင်းကို ဖော်ပြပါသည်။
20 Jun 2017 Analysis • PERSPECTIVE နိုင်ငံရေးစနစ် အပြောင်းအလဲနှင့် နိုင်ငံရေး အာဏာ၏ ရေသောက်မြစ် ခြောက်သွယ် နိုင်ငံရေးစနစ် အပြောင်းအလဲနှင့် နိုင်ငံရေး အာဏာ၏ ရေသောက်မြစ် ခြောက်သွယ် ကျော်ကျော်ငြိမ်းချမ်း ၁ နိုင်ငံရေးနဲ့ လူမှုသိပ္ပံဘာသာရပ် နယ်ပယ်မှာ အာဏာ(သို့) နိုင်ငံရေးအာဏာနဲ့ ပတ်သက်လို့ အဓိပ္ပာယ်ဖွင့်ဆိုမှု အမျိုးမျိုး ရှိကြပါတယ်။ ယေဘုယျ ဖွင့်ဆိုချက် တစ်ခုက “လူ့ဘောင် အသိုင်းအဝိုင်းအတွက် လူထုအရင်းအမြစ်တွေကို စီမံခန့်ခွဲနိုင်တဲ့၊ ပေါ်လစီမူဝါဒတွေကို ချမှတ် လုပ်ဆောင်နိုင်တဲ့ လူအသိုင်းအဝိုင်း တစ်ခုထဲက လူတစ်စုက ကိုင်စွဲထားတဲ့ လုပ်ပိုင်ခွင့် အာဏာ” ၂ လို့ ဆိုပါတယ်။ အကြမ်းမဖက် လူထုလှုပ်ရှားမှုများဆိုင်ရာ ဂုရုတစ်ပါးဖြစ်တဲ့ ဒေါက်တာဂျင်းရှပ်ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကတော့ ဒီလိုပါ။ “နိုင်ငံရေးအာဏာ ဆိုသည်မှာ အထူးသဖြင့် လက်ရှိ အာဏာပိုင်အစိုးရ၊ နိုင်ငံတော်နှင့် သြဇာအာဏာရှိ အတိုက်အခံများက မိမိတို့ အာဏာရရှိရေး ရည်မှန်းချက်များ အောင်မြင် […]
20 Jun 2017 Analysis • PERSPECTIVE တရားဥပဒေ စိုးမိုးရေး (သို့မဟုတ်) NLD အစိုးရအတွက် အခွင့်အလမ်း တရားဥပဒေ စိုးမိုးရေး (သို့မဟုတ်) NLD အစိုးရအတွက် အခွင့်အလမ်း ဇူနက်တာ ဟားဘတ် ၁ ■ နိဒါန်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဆန္ဒရှိသည့် အကြောင်းအရာများအနက် တစ်ခုမှာ “တရားဥပဒေ စိုးမိုးရေး” ဖြစ်ပြီး မြန်မာပြည်အတွက် ဦးစားပေး ကိစ္စတစ်ခု ဖြစ်ကြောင်း ယခင်ကတည်းက ပြောဆိုထားခဲ့ပြီး ဖြစ်သည်။ “တရားဥပဒေ စိုးမိုးရေး”ဟူသည့် စကားလုံးမှာလည်း ၂၀၁၂ ကတည်းက ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော လွှတ်တော် ကော်မတီတစ်ခု ဖြစ်သည့် “တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မီတီ”၏ ခေါင်းစဉ်အမည်တွင် ပါဝင်သည့် စကားလုံးဖြစ်ကာ၊ ရွေးကောက်ပွဲ ကာလကတည်းက NLD ပါတီ ဥက္ကဋ္ဌနှင့် လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပြင် တိုင်းဒေသကြီးနှင့် […]
20 Jun 2017 Analysis • RESEARCH FINDINGS ဒါန၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ဒါန၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ဇော်တူးဆိုင်း ၁ လန်ဒန်အခြေစိုက် Charitable Aid Foundation က ကမ္ဘာပေါ်တွင် အလှူဒါနပြုလုပ်မှု အများဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်တွင် နောက်တစ်ကြိမ် ပြန်လည် ပါဝင်လာခဲ့ပါတယ်။ အဲဒီ တစ်ပြိုင်တည်းမှာပဲ မေးခွန်းထုတ်ရမှာက အလှူအတန်းက ရလာတဲ့ အလှူဒါနတွေ ဘယ်လောက် များသလဲ။ ငွေရေးကြေးရေးတွေကို ဘယ်လို ထိန်းသိမ်းကြသလဲ ဆိုတာပါပဲ။ ဘယ်သူတွေ လှူကြသလဲ။ အလှူဒါနကို လက်ခံတဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ရှိကြသလား။ ပညာရှင်တွေဟာ ၁၉၉၀ အစောပိုင်းကတည်းက နိုင်ငံတကာမှာ အလှူအတန်းတွေ များလာပြီး ဘာသာရေး အကျင့်ပျက်ခြစားမှုတွေလဲ များပြားလာတဲ့အတွက် စစ်တမ်းတွေ ကောက်၊ သုတေသနတွေလုပ်ရင်း လေ့လာတွေ့ရှိချက်တွေကို ဆွေးနွေးကာ စာပေစာတမ်းတွေ […]
20 Jun 2017 Analysis • COVER STORIES အုပ်ချုပ်သူများဘက်မှအမြင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs) နှင့် ဆန္ဒပြပွဲများကို ထိန်းချုပ်နည်း နိသျှည်း ■ အောင်သူငြိမ်း၁ မြန်မာနိုင်ငံရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေဖြင့် ဘေးအန္တရာယ် ကြုံရဖွယ်၊ စိုးရိမ်ဖွယ် အခြေအနေ ရှိနေပါပြီလား။ မြန်မာနိုင်ငံတွင် လူကြိုက်များသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အစိုးရ အာဏာရလာခဲ့သော်လည်း၊ များမကြာသေးမီက အထက်မြန်မာပြည်မှ အလုပ်သမားအရေး လှုပ်ရှားသူ ၁၅ ဦးကို ဒဏ်ငွေ ၅,၀၀၀ ကျပ်၊ သို့မဟုတ် တစ်လကြာ အကျဉ်းကျခံရန် အမိန့်ချမှတ်ခဲ့သည်ကို တွေ့ကြရသည်။ ထိုသူများမှာ လုပ်ငန်းခွင်အတွင်း မမျှတမှု ပြဿနာများကို တင်ပြရန် စစ်ကိုင်းစက်မှုဇုန်မှ အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ ယခုနှစ် မေလတွင် ချီတက်လာသည့် ဆန္ဒပြသူများ ဖြစ်ကြသည်။ ၂ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရက “နိုင်ငံအတွင်းရှိ နိုင်ငံရပ်ခြား အကူအညီများကို စောင့်ကြည့် ကြီးကြပ်နိုင်ရန် ပူးပေါင်းညှိနှိုင်းရေး […]
20 Jun 2017 Analysis စပ်ကြား အုပ်ချုပ်ရေးများနှင့် လူမှု လူ့အဖွဲ့အစည်း အရှေ့တောင်အာရှဒေသတွင်း နှိုင်းယှဉ်လေ့လာ ဆန်းစစ်ချက် ■ ဂျွန် ဗျူခန်နန် ၁ တပ်မတော်ဟာ အသွင်ယူ ဒီမိုကရေစီစနစ် တစ်ရပ်ကို ကူးပြောင်းမှုမှာ အောင်အောင်မြင်မြင်နဲ့ကို ဦးဆောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မကြာသေးမီက NLD က ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တဲ့ အစိုးရကတော့ စပ်ကြား အုပ်ချုပ်ရေးစနစ် တစ်ခုကို ကိုယ်စားပြုပြန်ပါတယ်။ စပ်ကြား အုပ်ချုပ်ရေးဟာ ဒီ The Myanmar Quarterly မဂ္ဂဇင်းရဲ့ ပထမဦးဆုံး issue မှာ ပင်မ အယူအဆ အဖြစ်နဲ့ တင်ပြသွားမယ့် အယူအဆ တစ်ရပ်ပါ။ စပ်ကြား အုပ်ချုပ်ရေးဆိုတဲ့ ဝေါဟာရဟာဆိုရင် ဒီမိုကရေစီစနစ်ရဲ့ အခြေခံအချက်တွေ ဖြစ်တဲ့ ရွေးကောက်ပွဲလို အချက်တွေ ပါဝင် ဖွဲ့စည်းထားသလို၊ နိုင်ငံရေးမှာ အရင်ကရှိခဲ့တဲ့ အာဏာရှင်စနစ်ဆီက ပါဝင် ပတ်သက်ဖူးသူတွေ အနေနဲ့ သူတို့ရဲ့ […]
20 Jun 2017 Analysis • COVER STORIES အရပ်ဘက်အဖွဲ့အစည်းဆိုင်ရာ အရေးပါသည် ရှုထောင့်အမြင်များ ကမ်မီလာ ဘူဇီ ၁ ၁။ မိတ်ဆက် အရပ်ဘက်အဖွဲ့အစည်းတွေ တည်ရှိခြင်းဟာ အားကောင်းတဲ့ ဒီမိုကရေစီတစ်ခုရဲ့ အရေးအပါဆုံးသော လက္ခဏာတွေထဲက တစ်ခုလို့ ကျွန်မတို့ အမြဲတမ်းလိုလို စဉ်းစားမိတတ်ကြပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီအတွက် အရေးပါတယ် ဆိုရာမှာ အကြောင်းရင်း သုံးခု ရှိပါတယ်။ ပထမတစ်ခုက ဒီအဖွဲ့အစည်းတွေဟာ မတရားမှုတွေ ပြုလုပ်နေတဲ့ အစိုးရကို ပြန်လည် တွန်းလှန်ဖို့အတွက် စုဝေးမှုတွေ လုပ်နိုင်စေမယ့် ဗဟိုဌာနချုပ်တွေအနေနဲ့ အသုံးပြုနိုင်တယ်။ ဒီကနေတစ်ဆင့် ဒီမိုကရေစီ ထိန်းသိမ်းထားလို့ရတယ်။ ဒုတိယက ဒီအဖွဲ့အစည်းတွေဟာ ဒီမိုကရေစီမှာ လူထုပါဝင်လာဖို့ စည်းရုံးမှုတွေ လုပ်နိုင်လာတယ်။ အဲဒီအတွက်ကြောင့် သမားရိုးကျ ဒီမိုကရေစီပုံစံဟာ နိုင်ငံသားတွေအဖို့ ပိုပြီး အဓိပ္ပာယ်ရှိလာ စေတယ်။ နောက်ဆုံးတစ်ချက်ကတော့ အရပ်ဘက်အဖွဲ့အစည်းတွေထဲမှာ စုဝေးတာတွေ၊ လှုပ်ရှား ဆောင်ရွက်တာတွေ ပါဝင်လုပ်ဆောင်ခြင်းကနေ […]
20 Jun 2017 Analysis • COVER STORIES ဒီမိုကရေစီတစ်ပိုင်း စပ်ကြားအုပ်စိုးမှု စနစ်အောက်က အရပ်ဘက် အဖွဲ့အစည်းများ၏ နိုင်ငံရေး မင်းဇင် ၁ မြန်မာ့တပ်မတော် ကျောထောက်နောက်ခံ ပြုထားတဲ့ ပြည်ခိုင်ဖြိုးပါတီအစိုးရကနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအစိုးရကို ၂၀၁၆ ဧပြီလမှာ အာဏာလွှဲပြောင်း ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံရေး အသွင်ကူးပြောင်းရေးရဲ့ ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ မြန်မာစကားပုံမှာ ”တစ်ဂူတည်း ခြင်္သေ့နှစ်ကောင် မအောင်းနိုင်ဘူး” လို့ အဆိုရှိပေမယ့် စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေဟာ တပ်မတော်နဲ့ အရပ်သားအစိုးရသစ်ကို တစ်ဂူတည်း အတူအောင်းနေဖြစ်အောင် ဖန်တီးထားပါတယ်။ တစ်နည်းပြောရရင်တော့ မြန်မာ့အုပ်စိုးမှုစနစ်ကို ရွေးကောက်ပွဲ ဒီမိုကရေစီ တစ်စိတ်တစ်ပိုင်းနဲ့ အာဏာရှင် အင်စတီကျုးရှင်းကျင့်ထုံး အားကောင်းမောင်းသန် ပေါင်းစပ်ထားတဲ့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း စပ်ကြားအုပ်စိုးမှုစနစ် hybrid regime အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒီထက်ပြောရရင် အစိုးရသစ်ဟာ သည်းခြေကြိုက် နိုင်ငံရေးညွှတ်ချက် ရှိတာလည်း […]
20 Jun 2017 Analysis • FOREWORD MMRQ အတွဲ ၁၊ အမှတ် ၁ အတွက် ပါမောက္ခ လာရီဒိုင်းမွန်း၏ စကားဦး The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး ဂျာနယ် အတွဲ ၁၊ အမှတ် ၁ အတွက် ပါမောက္ခ လာရီဒိုင်းမွန်း၏ စကားဦး။ ■ လာရီဒိုင်းမွန်း ဒီလို အင်မတန်မှ အရေးပါတဲ့ ၃-လ တစ်ကြိမ်ထုတ် စာစောင်တစ်ခု ထုတ်ဝေတဲ့အခါမှာ ပါဝင်ခွင့်ရတာက ကျွန်တော့်အတွက်တော့ အင်မတန်မှ ဂုဏ်ယူစရာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံး အတိုင်းအတာအရ လွတ်လပ်မှုနဲ့ ဒီမိုကရေစီတို့ ဆုတ်ယုတ်လာနေချိန်မျိုးမှာ ရာစုနှစ်ဝက်လောက် အာဏာရှင်စနစ်အောက် ရောက်နေရတဲ့ မြန်မာနိုင်ငံရဲ့ လွတ်မြောက်လာမှုဟာ ကြိုဆိုရမယ့် သတင်းကောင်းပဲ ဖြစ်ပါတယ်။ ၈ လေးလုံး အရေးတော်ပုံကြီး ကာလကနေစလို့ တစ်ကမ္ဘာလုံးက လူထုတွေဟာ မြန်မာနိုင်ငံသားတွေရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် လှုပ်ရှား ရုန်းကန်မှုအပေါ် ခိုင်ခိုင်မာမာ ထောက်ခံ အသိအမှတ်ပြုခဲ့ကြပါတယ်။ […]
20 Jun 2017 Analysis အယ်ဒီတာ့စကား (အတွဲ ၁၊ အမှတ် ၁) The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒရေးရာဂျာနယ်ကို ပထမအကြိမ်အဖြစ် စာဖတ်သူများလက် ပို့ဆောင် မိတ်ဆက်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ဝမ်းမြောက်စကား ဆိုပါရစေ။ မဟာ ဗျူဟာနှင့် မူဝါဒဆိုင်ရာ လေ့လာရေးအဖွဲ့ Institute for Strategy and Policy: Myanmar (ISP Myanmar) ၏ လုပ်ငန်းစီမံကိန်း တစ်ခုအဖြစ် The Myanmar Quarterly ဂျာနယ်ကို သုံးလတစ်ကြိမ် ထုတ်ဝေသွားမှာ ဖြစ်ပါသည်။ ISP Myanmar ၏ အဓိရည်မှန်းချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်ခြင်းနှင့် အရပ်ဘက်ပြည်သူများ နိုင်ငံရေးရာများတွင် ပါဝင်ဆောင်ရွက်မှုကို အားကောင်း ထိရောက်အောင် ပံပိုးခြင်းဖြစ်သည့်အလျောက် The Myanmar Quarterly ဂျာနယ်၏ သဘောထားများမှာလည်း ယင်းကို အပြည့်အ၀ ထင်ဟပ်ရန် […]
25 May 2017 NUMBERS SPEAK ၂၀၁၇ ခုနှစ်တွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများ စာရင်း – ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် UNOCHA Myanmar က ၎င်းးတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ဖော်ပြထားသော အချက်အလက်ကို ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။
28 Apr 2017 Myanmar Quarterly Journal • Publications ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်စဉ်နှင့် မျှခြေ ကနဦး အဆိုပြုချက်များ
2 Jul 2016 Myanmar Quarterly Journal • Publications ဒီမိုကရေစီတပိုင်း စပ်ကြားအုပ်စိုးမှု စနစ်အောက်မှ အရပ်ဘက် အဖွဲ့အစည်းများ၏ နိုင်ငံရေး ဒီမိုကရေစီတပိုင်း စပ်ကြားအုပ်စိုးမှု စနစ်အောက်မှ အရပ်ဘက်အဖွဲ့အစည်းများ၏ နိုင်ငံရေး အမှတ် ၁၊ အောက်တိုဘာ ၂၀၁၆ တပ်မတော် ကျောထောက် နောက်ခံပြုထားတဲ့ ပြည်ခိုင်ဖြိုး ပါတီအစိုးရကနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အစိုးရကို ၂၀၁၆ ဧပြီလမှာ အာဏာ လွှဲပြောင်းပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံရေး အသွင်ကူးပြောင်းရေးရဲ့ ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီလို့ဆိုနိုင်ပါတယ်။ မြန်မာစကားပုံမှာ ”တဂူတည်း ခြင်္သေ့နှစ်ကောင် မအောင်းနိုင်ဘူး” လို့ အဆိုရှိပေမယ့် စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေဟာ တပ်မတော်နဲ့အရပ်သား အစိုးရသစ်ကို တဂူတည်း အတူ အောင်းနေဖြစ်အောင် ဖန်တီးထားပါတယ်။ တနည်း ပြောရရင်တော့ မြန်မာ့ အုပ်စိုးမှုစနစ်ဟာ ရွေးကောက်ပွဲ ဒီမိုကရေစီ တစိတ်တပိုင်းနဲ့ အာဏာရှင် အင်စတီကျုးရှင်း ကျင့်ထုံး […]