Topics

Myanmar Quarterly

24 Jul 2017

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်စဉ်နှင့်မျှခြေ ကနဦး အဆိုပြုချက်များ

မင်းဇင် ၁ ၂၀၁၀ ပြည့်နှစ် နိုင်ငံရေးဖြေလျော့မှု နောက်ပိုင်း ထူးခြားချက် တစ်ခုကတော့ ၁၉၆၂ ခုနှစ် တပ်မတော် အာဏာသိမ်းခဲ့ချိန်ကစလို့ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စု ပြိုကွဲခွဲထွက်ရေး ထပ်တူပြုထားတဲ့ အမြင်ဟာ အားနည်းသွားတာပါပဲ။ ဖက်ဒရယ်ဟာ နိုင်ငံရေးအရ တားမြစ်ချက် မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဖက်ဒရယ်ကို ဘယ်လို အနက်ကောက်မလဲ ဆိုတာကတော့ အင်အားစု အသီးသီးကြားမှာ အငြင်းအခုန် ဝိဝါဒပွားစရာ ဖြစ်နေဆဲပါ။ အားရစရာ တစ်ခုကတော့ ဝိဝါဒတွေကို ဘက်စုံဆွေးနွေးစရာ ပလက်ဖောင်း “စင်” အဖြစ် ၂၁ ရာစုပင်လုံ ညီလာခံ၊ မိုင်ဂျာယန် မျက်နှာစုံညီ အစည်းဝေးလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေအချင်းချင်း ဆွေးနွေးတဲ့ ညီလာခံ၊ တစ်တိုင်းပြည်လုံးက အရပ်ဘက် အဖွဲ့အစည်းတွေ စုပေါင်းဆွေးနွေးတဲ့ဖိုရမ် […]
24 Jul 2017

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှ တပ်မတော်၏ ဖက်ဒရယ်အမြင်

ကိုရဲ ၁ ■ ၁။ မြန်မာ့နိုင်ငံရေး အသိပညာနယ်ပယ်အတွင်းမှ ဖက်ဒရယ်ဝေါဟာရ ၁၉၄၉ ခုနှစ် ဇွန် ၁၇ ရက်က ကျင်းပခဲ့တဲ့ တိုင်းပြည်ပြု လွှတ်တော်မှာ ဖာပွန်မဲဆန္ဒနယ်အမတ် စောဝီရီကျော်က ဗမာပြည်ထောင်စု နိုင်ငံတော်ကို အင်္ဂလိပ်ဘာသာနဲ့  Union of Burma လို့ ဆိုရာမှာ ဇဝေဇဝါဖြစ်စေတဲ့အတွက် ပြည်ထောင်စု ဆိုတာကို Federal Union of Burma လို့ ခေါ်ရင် အဓိပ္ပာယ် ပိုရှင်းမယ်ဆိုတဲ့အကြောင်း ဆွေးနွေး တင်ပြခဲ့ပါတယ် (“တိုင်းပြည်ပြု လွှတ်တော် စာတွဲ-၁၊  အစည်းအဝေး အမှတ် ၅”၊ ၁၉၄၇၊ စာ-၁၂၆)။ အဲဒီဆွေးနွေးချက်နဲ့ ပတ်သက်ပြီး ဦးအောင်ဆန်းက “အခြေခံဥပဒေကို ပြဌာန်းရာမှာ ဗမာစာမူကိုပဲ အရင်းခံထားမှာ ဖြစ်တဲ့အတွက် ဗမာစကားလုံးဖြစ်တဲ့ […]
24 Jul 2017

မြန်မာ့လူမျိုးစုနှင့် ဖက်ဒရယ် ပြဿနာအပေါ် အတွေးတချို့

အက်ရှ်လေ ဆောက်သ် ၁ ■ နိဒါန်း အတိတ်ရဲ့ အရိပ်ရှည်ကြီးက မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေအပေါ်မှာ သက်ရောက်လျက် ရှိပါတယ်။  ဒါ့အပြင် တစိတ်တပိုင်း ဒီမိုကရေစီစနစ်အတွက် လူမျိုးစုရေး၊ ဖက်ဒရယ်အရေး မြော်မြင်ချက်တွေ၊ ပုံဖော်ချင်တာတွေကလည်း တစ်ခုနဲ့တစ်ခု အားပြိုင်နေကြပါတယ်။ ဒီဆောင်းပါးက လူမျိုးစုရေး၊ ဖက်ဒရယ်အရေးတွေရဲ့ နက်နဲရှုပ်တွေးမှုကို သမိုင်းရေးအမြင်နဲ့ ချဉ်းကပ်ရှုမြင်ထားတာ ဖြစ်ပါတယ်။ ■ ကိန်းဂဏန်း အရေအတွက်များ၊ လူမျိုးတွေကို ခွဲခြားသတ်မှတ်မှုများ  ၂၀၁၄ ခုနစ် မတ်နဲ့ ဧပြီလဆန်းမှာ သန်းခေါင်စာရင်း ကောက်ယူ ပြီးစီးခဲ့ပေမယ့်၊ မြန်မာနိုင်ငံရဲ့ လူဦးရေ စာရင်းဇယားတွေဟာ အခုချိန်ထိ အငြင်းပွားစရာ ဖြစ်နေတုန်းပါပဲ။ ပြီးခဲ့တဲ့ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၄ သန်း ရှိတယ်လို့ […]
24 Jul 2017

ပြည်မအခြေစိုက် နိုင်ငံရေးပါတီများ၏ လူမျိုးစုပေါ်လစီ

ကျော်ဝင်း ၁ ■ နိဒါန်း (အမျိုး၊ ဘာသာ၊ သာသနာမှ အမျိုးသားလွတ်လပ်ရေးသို့) မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေး သမိုင်းကြောင်းကို ပြန်ပြောကြသည့်အခါတိုင်း “နိုင်ငံရေးအစ ဝိုင်အမ်ဘီအေက” ဆိုသော ဆိုရိုးစကားတစ်ခုမှ အစပြုလေ့ ရှိကြပါသည်။ သို့နှင့်တိုင် ၁၉၀၆ ခုနှစ်က ထူထောင်ခဲ့သော “ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း” (ဝိုင်အမ်ဘီအေ)မှာ ပီပီသသ နိုင်ငံရေးအဖွဲ့အစည်းတော့ မဟုတ်ခဲ့ပါ။ အသင်းကြီး၏ ရည်ရွယ်ချက် ကိုယ်တိုင်က “အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာရေးကို အားပေးဆောင်ရွက်ဖို့” ဖြစ်သည်။ သို့အတွက် “အမျိုးကိုချစ်ပါ၊ ဘာသာကို လေးစားပါ၊ သာသနာကို ချီးမြင့်ပါ၊ ပညာကို အားပေးပါ” ဟု ကြွေးကြော်သံ ထုတ်ခဲ့ကြသည်။ တစ်နိုင်ငံလုံး ကျွန်ဘ၀ ကျရောက်နေသည်ဖြစ်၍ အများစု ဗမာလူမျိုးနှင့် သူတို့၏ ကိုးကွယ်ရာ […]
24 Jul 2017

မြန်မာပြည်က ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြဿနာ

ဘာတေးလ် လင့်တ်နာ ၁ ■ ပြဿနာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်တွေအကြား ကြိမ်ဖန်များစွာ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဘယ်မှ ခရီးမရောက်ရတဲ့ အကြောင်းရင်းရှိပါတယ်။ အဲဒါကတော့ ဘက်နှစ်ဖက်လုံးကြားမှာ သူတို့ ဘာလိုချင်လဲဆိုတဲ့အပေါ် အခြေခံကျကျ ကွဲလွဲနေလို့ ဖြစ်ပါတယ်။ အရင် ပြည်ခိုင်ဖြိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အစိုးရရော လက်ရှိ ဒီချုပ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အစိုးရကပါ မြန်မာပြည်က လက်နက်ကိုင် တိုင်းရင်းသား အင်အားစုအားလုံးကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ပထမဆုံး ရေးထိုးပြီးမှ အစီအစဉ်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ကို တိုက်တွန်း ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း တပ်မတော်ရဲ့ သဘောထား ရပ်တည်ချက်က ပိုပြီး ရှင်းလင်းပါတယ်။ သူတို့က တိုင်းရင်းသား […]
24 Jul 2017

ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ပင်လုံသစ္စာ

ခွန်းမတ်ရ်ကိုဘန် ၁ ■ မိတ်ဆက် ဤ ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ပင်လုံသစ္စာ ဆောင်းပါးတွင် တိုင်းရင်းသားလူမျိုးများ၏ နောက်ခံ နိုင်ငံရေးသမိုင်းကို အကျဉ်းမျှသာဖော်ပြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုထားသော ပင်လုံစာချုပ်နှင့် ကတိကဝတ်များ၊ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံထားရှိရမည့် အခြေခံမူများ၊ အခြေခံ ကျောရိုးကိုသာ ရှင်းလင်းချက်အနည်းငယ် တင်ပြခြင်းမှအပ သမိုင်းဝင်မှတ်တမ်း စာမူရင်းပါရှိသည့်အတိုင်း အဓိကဖော်ပြထားခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသား ခေါင်းဆောင်များသည် ဗြိတိသျှ ကိုလိုနီလက်ထက် ကာလတွင် သီးခြားနယ်မြေ တည်ရှိသော ဗမာပြည်မ (Burma Proper) နယ်မြေ၊ ပြည်ထောင်စု ရှမ်းပြည် (The Federated Shan States) နယ်မြေ၊ […]
24 Jul 2017

၁၉၆၂ အာဏာသိမ်းမှုနှင့် ရန်ကုန်အလွန် မြန်မာနိုင်ငံမှ လက်နက်ကိုင်ပဋိပက္ခ အခင်းအကျင်းများအပေါ် သမာသမတ်ကျသည့် ချဉ်းကပ်မှု

၁၉၆၂ အာဏာသိမ်းမှုနှင့် ရန်ကုန်အလွန် မြန်မာနိုင်ငံမှ လက်နက်ကိုင်ပဋိပက္ခ အခင်းအကျင်းများအပေါ် သမာသမတ်ကျသည့် ချဉ်းကပ်မှု ၁ ဂျွန် ဗျူခန်နန် ၂ ■ ၁။ နိဒါန်း မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်နှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့်အပြင် များပြားလှသော သီးခြားပဋိပက္ခများလည်း ရှိပေသည်။ ၃ သုတေသီများမှာ ပြည်တွင်းစစ်များနှင့် ပတ်သက်၍ စာရွက်စာတမ်းပေါင်း မြောက်မြားစွာ ရေးသားခဲ့ကြသော်လည်း ၎င်းတို့၏ လေ့လာသုတေသန ပြုမှုများတွင် မြန်မာနိုင်ငံအကြောင်းကို များစွာ လျစ်လျူရှုခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ပြည်တွင်းစစ်အကြောင်းကို စာအုပ်ရေးသားရန် လျစ်လျူရှုထားခဲ့ခြင်းကြောင့် သက်ဆိုးရှည်လှသည့် ပဋိပက္ခများနှင့် ပြည်တွင်းစစ်အပေါ် အမြင်အမျိုးမျိုးကို အကဲဖြတ် ရှင်းလင်းပြနိုင်ရန်မှာ အရေးပါလှသည့် ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့ပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံများမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းမရှိသော တိုင်းပြည်များထက် […]
24 Jul 2017

ကောင်းမွန်သော သယံဇာတ စီမံအုပ်ချုပ်မှု – မြန်မာ့ငြိမ်းချမ်းရေးအတွက် သန္ဓေလော

မော်ထွန်း ၁ လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံသည် ပြည်တွင်းစစ်နှင့် ဖွားဖက်တော် ဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်မှာပင် လက်နက်ကိုင်ပဋိပက္ခ အမျိုးမျိုးအောက်သို့ မြန်မာနိုင်ငံ သက်ဆင်းသွားခဲ့ပြီး အမျိုးသား တန်းတူမှုသည် လက်နက်ကိုင် တော်လှန်ရေး၏ ဘူမိနက်သန် အကြောင်းတရားတစ်ခု ဖြစ်ခဲ့သည်။ ထို့အတူ လက်ညှိုးထိုးမလွဲ ရောင်းစားစရာ ဖြစ်သော တွင်းထွက် သယံဇာတများ၊ ကျွန်းတောများနှင့် နေပြောက်မထိုး၊ မိုးမခ သစ်တောအုပ်ကြီးများကလည်း ပဋိပက္ခအတွက် ရေရှည်ရှင်သန်စေသော အကြောင်းချင်းရာများ ဖြစ်လာခဲ့ပါသည်။ တိုင်းရင်းသား လက်နက်ကိုင်များ၏ အဓိက တောင်းဆိုချက်ဖြစ်သည့် အမျိုးသား တန်းတူညီမျှရေးသည် လွတ်လွပ်ရေး ရပြီးနောက် အစိုးရအဆက်ဆက်၏ တိုင်းပြည်သယံဇာတများအပေါ် ကောင်းမွန်စွာ စီမံခန့်ခွဲမှု မရှိနိုင်ခဲ့ခြင်းအောက်၌ နာကျည်းစရာ ဖိနှိပ်မှုအသွင်ဆောင် မူဝါဒများသာ ဖြစ်လာခဲ့ပြီး တိုင်းရင်းသားများ၏ တောင်းဆိုချက်မှာ အိပ်မက်ပမာ […]
17 Jul 2017

ပြည်ခိုင်ဖြိုး ထိပ်တန်း ခေါင်းဆောင်များ ပဋိပက္ခကို လေ့လာခြင်း

ပြည်ခိုင်ဖြိုး ထိပ်တန်းခေါင်းဆောင်များ ပဋိပက္ခကို လေ့လာခြင်း နေယံဦး ၁ ■ နိဒါန်း သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း မြန်မာ့နိုင်ငံရေးတွင် စိတ်ဝင်စားဖွယ် ကောင်းသည့် အကြောင်းအရာတစ်ခုမှာ အုပ်ချုပ်ရေး အာဏာနှင့် ဥပဒေပြုရေး အာဏာတို့အကြား အားပြိုင်မှု ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား အာဏာလွန်ဆွဲမှုကြီး ဖြစ်သည်။ တိတိကျကျ ဆိုရပါက သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သော ပြည်ခိုင်ဖြိုးလွှတ်တော် အမတ်များအကြား နိုင်ငံရေးပဋိပက္ခပင် ဖြစ်သည်။ အခြေခံဥပဒေ ခုံရုံးကိစ္စဖြင့် အစပြုခဲ့သော အာဏာနှစ်ရပ် ပွတ်တိုက်မှုသည် လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပိုမို ပြင်းထန်လာခဲ့သည်။  ”သန်းခေါင်ယံ အာဏာသိမ်းပွဲ”ဟု မီဒီယာများက ခေါ်ဝေါ်သည့် သူရဦးရွှေမန်းအား ပါတီဥက္ကဋ္ဌရာထူးမှ ဖြုတ်ချချိန်တွင် […]
16 Jul 2017

အယ်ဒီတာမှတ်စု (အတွဲ ၁၊ အမှတ် ၂)

(၁) The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ်ရဲ့ ဒုတိယမြောက် ခြေလှမ်း စာဖတ်သူများထံ ရောက်ရှိခဲ့ပါပြီ။ ဒီနေရာမှာ ပထမဆုံးအနေနဲ့ စာဖတ် ပရိသတ်များအား တောင်းပန်စကား ဆိုပါရစေ။ ပုံမှန်အားဖြင့် The Myanmar Quarterly ကို သုံးလတစ်ကြိမ် ထုတ်ဝေဖို့ ရည်မှန်းခဲ့ပေမယ့် အကြောင်းကြောင်းသော အကြောင်းများကြောင့် နှောင့်နှေးခဲ့ရပါတယ်။ ဒါကြောင့်လည်း ၂၀၁၇ ခုနှစ် ဇန်နဝါရီမှာ ထွက်ရှိရမယ့် ဂျာနယ်ဟာ မတ်လရောက်ချိန်မှ စာဖတ်သူတွေထံ ရောက်ရှိခဲ့ရတာ ဖြစ်ပါတယ်။ သို့သော်လည်း နောက်နောင်မှာ အခုလို နှောင့်နှေးမှု မရှိစေဘဲ မူလရည်မှန်းချက်အတိုင်း သုံးလတစ်ကြိမ် အချိန်မီ ထွက်ရှိနိုင်အောင် လုပ်ဆောင်သွားမယ့်အကြောင်း တောင်းပန်စကားဆိုရင်း စကားဦးခြွေပါရစေ။ (၂) ယခုလထုတ် ဂျာနယ်မှာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးနဲ့ […]
16 Jul 2017

ဒီမိုကရေစီဟာ ဆွေးနွေး တိုင်ပင်ကြခြင်း ဖြစ်သည် 

ကိုတာ ၁ ၁။       ဆွေးနွေး တိုင်ပင်ကြပြီး တိုင်းပြည်ကို တည်ဆောက်ကြရတာပါပဲဟု ပြောလျှင် မှားမည်မထင်။ ဒီမိုကရေစီ တိုင်းပြည်များမှာ ဖြစ်သည်။ ဒီမိုကရေစီဟာ ဆွေးနွေးတိုင်ပင်ခြင်းပဲ democracy is a discussion ဟူသော စကားရှိပါသည်။ သို့သော် ဘယ်လို တိုင်ပင်ဆွေးနွေးမလဲ။ ၂။       တချို့က တွန်းတဲ့နည်း (Push) ကို သုံးကြသည်။ အီလိတွေ၌ “အနာဂတ်ကတော့ဖြင့် ဒီလိုပဲဖြစ်သင့်တယ်” ဟူသော အတွေးအခေါ် အိုင်ဒီယာတစ်ခု ရှိသည်ဆိုပါစို့။ မိမိလမ်းကို ထောက်ခံသူတွေ ရအောင်လုပ်သည်။ အာဏာသုံးသည်။ ငွေ၊ လက်နက် စသည် သုံးပြီး တွန်းသည်။ သို့သော် တွန်းတာများလျှင် ပြန်တွန်းခံရသည်။ ဒါနဲ့ပဲ စိတ်ပျက်စရာ ဖြစ်လာသည်။ အားကုန်သည်။ ရွေ့တော့ မရွေ့။ […]
16 Jul 2017

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး၏ သဘောနှင့် နိုင်ငံရေးမှ စစ်တပ် ထွက်ခွာခြင်း

တင်မောင်သန်း ၁ ■ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ကျွန်တော် တင်ပြမည့်ထောင့်ကို ဦးစွာပြောပါရစေ။ မတူသော ထောင့်အသီးသီးမှ ကိစ္စရပ်များကို မတူသော အမြင်အသီးသီးဖြင့် ရှုမြင်ကြရာတွင် တင်ပြသူ၏ ရှုထောင့်ကို သိထားမှသာ တင်ပြသူ၏ ဆိုလိုချက်များကို စာဖတ်သူက ချင့်ချိန်နိုင်ပါလိမ့်မည်။ ယခု တင်ပြချက်တွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို လစ်ဘရယ် ဒီမိုကရေစီ (Liberal Democracy) ရှုထောင့်မှ ကျွန်တော် ရှုမြင်တင်ပြမည် ဖြစ်ပါသည်။ လစ်ဘရယ် ဒီမိုကရေစီတွင် လူတစ်ဦးချင်းနှင့် အုပ်စုများ၏ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးပါသည်။ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ အပါအဝင် အားလုံးပါဝင်သော ဗဟုဝါဒကို ကျင့်သုံးမည့် လူ့အဖွဲ့အစည်းကို လစ်ဘရယ်ဒီမိုကရေစီက ရှေးရှုပါသည်။ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များအပေါ် အရပ်ဘက်က ထိန်းချုပ်ကွပ်ကဲနိုင်ရမည် ဟုလည်း မြင်ပါသည်။ […]
16 Jul 2017

ဟိုင်လီသင်္ဘောရာဇဝင်၊ နော်ေ၀ – မြန်မာ ဆက်ဆံရေးနှင့် အာရှတိုက်အတွင်း နော်ေ၀ သင်္ဘောလိုင်းများ

ဟိုင်လီသင်္ဘောရာဇဝင်၊ နော်ေ၀ – မြန်မာ ဆက်ဆံရေးနှင့် အာရှတိုက်အတွင်း နော်ေ၀ သင်္ဘောလိုင်းများအကြောင်း တစေ့တစောင်း လေ့လာချက် ကမ်မီလာဘူဇီ ၁ ၁၉၄၀ ပြည့်နှစ် သြဂုတ်မှာ ရန်ကုန်မြို့က လူငယ် သူငယ်ချင်းနှစ်ဦးဟာ တန်လွင်ချောင် နဲ့ တန်ဆုတောင်ဆိုတဲ့ တရုတ် နာမည်ဝှက်တွေကို အသုံးပြုပြီးတော့ သင်္ဘောပေါ်ကို တက်လာကြပါတယ်။ သူတို့စီးမယ့် သင်္ဘောဟာ နော်ေ၀ သင်္ဘောလိုင်းပိုင် အရှေ့ဖျားဒေသသွား လွန်းပျံ ကုန်တင်သင်္ဘော တစ်စင်းဖြစ်တဲ့ “ဟိုင်လီ” လို့ခေါ်တဲ့ သင်္ဘောပါ။ တကယ်တော့ ဒီလူငယ်နှစ်ဦးရဲ့ နာမည်အစစ်အမှန်က အောင်ဆန်းနဲ့ လှမြိုင်လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပေါ်ထွန်းစ အမျိုးသားရေး လှုပ်ရှားမှုမှာ ပါဝင်လှုပ်ရှားနေကြတဲ့ သခင်လူငယ် နှစ်ဦးပါ။ သူတို့နှစ်ဦးဟာ တရုတ်ပြည် အမွိုင်မှာရှိတဲ့ ကူလန်ဆု နိုင်ငံတကာ […]