Topics

Myanmar Quarterly

17 Dec 2018

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား

” မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား “- ISP Myanmar က စီစဉ် ပြုလုပ်နေသော Myanmar Quarterly Symposium ၏ တတိယ အကြိမ် ဆွေးနွေးပွဲ စကားဝိုင်းကို အောက်ပါ ဗီဒီယိုဖိုင်များတွင် ကြည့်ရှုနိုင်ပါသည်။ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား – ( ပထမပိုင် း) မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား – ( ဒုတိယပိုင်း ) မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား – ( တတိယပိုင်း ) မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား – ( တတိယပိုင်း )  
29 Mar 2018

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို အရေးယူခံရသူများ

ယခင်အစိုးရ လက်ထက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ခံရသူများ လက်ရှိအစိုးရ လက်ထက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရပြီး အာမခံ မရရှိသူများ အယ်ဒီတာမှတ်ချက် ယခုဖော်ပြပါ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့် ပတ်သက်သော အမှုဖြစ်စဉ်၊ အကြောင်းအရာ၊ ကိန်းဂဏန်း၊ အချက်အလက် အားလုံးကို ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့က (၂၀၁၇ ခုနှစ် ဇွန် ၆ ရက်အထိ ရရှိခဲ့သော အချက်အလက်များအပေါ် မူတည်၍) ပြုစုခဲ့သော အစီရင်ခံစာများကို အခြေခံပြီး ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိအစိုးရ လက်ထက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် […]
29 Mar 2018

အလှည့်အပြောင်းတစ်ခု လိုအပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

၂၀၁၆ ခုနှစ်တွင် NLD အရပ်သားအစိုးရ တက်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် တိုင်းပြည်အတွက် အဓိက အရေးကြီးသည့် လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လိုအပ်သည့် ဌာနများ၊ ကော်မတီများ၊ ကော်မရှင်များ ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အရှိန်မြှင့်၍ လုပ်ဆောင်ခဲ့သည်။ ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံအား အစိုးရသစ် တက်ပြီး ငါးလ အကြာတွင် ကျင်းပနိုင်ခဲ့သည်။ ထိုညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး မစုံနိုင်ခဲ့သော်လည်း အများစု တက်ရောက်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ အဆိုပါ ညီလာခံတွင် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချနိုင်ခဲ့သော်လည်း တက်ရောက်သော အဖွဲ့တိုင်း၏ သဘောထားများကို ပွင့်လင်း လွတ်လပ်စွာ တင်ပြနိုင်ခဲ့ပြီး ပြည်သူလူထုကြားထဲအထိ ချပြနိုင်ခဲ့သည့် အဆင့်သို့ ရောက်ခဲ့သည်ဟု […]
29 Mar 2018

အရေးနိမ့်ဒီမိုကရေစီ အပြောင်းအလဲ – Failed Democratization

■ နိဒါန်း ၁၉၉၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းကာလမှာ ဒီမိုကရက်များအတွက် မျှော်လင့်ချက်များ မြင့်မား ရှင်သန်နေသော “ရွှေခေတ်” ဟု ဆိုနိုင်ပါလိမ့်မည်။ ၁၉၇၄ ခုနှစ် ပေါ်တူဂီနိုင်ငံမှ စတင်ခဲ့သော ဒီမိုကရေစီ လှိုင်းကြီးမှာ အာရပ်ကမ္ဘာမှလွဲ၍ တစ်ကမ္ဘာလုံးအနှံ့ ပြန့်နှံ့သွားခဲ့ရာ ဟားဗတ်ပါမောက္ခ ဆမ်မျူရယ်(လ)ဖီ ဟန်တင်တန် (Samuel P. Huntington) က “ဒီမိုကရက်တိုင်ဇေးရှင်း တတိယလှိုင်း” ဟု သတ်မှတ် ပေးခဲ့သည်။ ဆိုခဲ့ပါ ၁၉၉၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းကာလမှာ ဆိုခဲ့ပြီးသော တတိယလှိုင်း ကာလ၏ အထွတ်အထိပ်ပင် ဖြစ်ပါသည်။ သို့နှင့်တိုင် နောင်ဆယ်နှစ် သာသာခန့်အကြာ၊ ၂၁ ရာစု၏ ပထမ ဆယ်စုနှစ်သို့ ရောက်သောအခါတွင်မူ ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်မှာပင် ကပြောင်းကပြန် ဖြစ်ရပ်များစွာနှင့် ရင်ဆိုင် […]
28 Mar 2018

မြန်မာ့အသွင်ကူးပြောင်းရေးနှင့် တပ်မတော်၏ အခန်းကဏ္ဍ

မြန်မာနိုင်ငံတွင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးသည် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာရမည့် ကိစ္စတစ်ခု ဖြစ်သည်။ ယခုဆောင်းပါးတွင် ၂၀၁၆ ခုနှစ် မတ်လကို အစပြု၍ အသွင်ကူးပြောင်းရေးကာလ တစ်နှစ်ကျော် အချိန်အတွင်း အစိုးရနှင့် တပ်မတော်အကြား ဖြစ်ပေါ်နေသည့် အခြေအနေများကို အကျဉ်းချုံ့ တင်ပြမည် ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တပ်မတော်ကို ဥပဒေအရ အာဏာ တစ်စိတ်တစ်ပိုင်း အပ်နှင်းထားပြီး ဖြစ်သည်ဟု ဆိုကြသည်။ ထိုအချက်ကြောင့်ပင် လက်ရှိ အနေအထား၌ နောက်ကြောင်း ပြန်လှည့်ခြင်းဟု သတ်မှတ်နိုင်သော အာဏာသိမ်းခြင်းကို တပ်မတော်က လုပ်မည်မဟုတ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာကို ချုပ်ကိုင်ထားပြီး ဖြစ်သည်ဟု သုံးသပ်ကြခြင်း ဖြစ်သည်။ သို့သော် ၂၀၁၅ ခုနှစ် […]
28 Mar 2018

အရပ်သား အစိုးရ၏ တစ်နှစ်တာကာလနှင့် မူဝါဒ လေ့လာသုံးသပ်ချက်

■ နိဒါန်း ၂၀၁၆ ခုနှစ် မတ်လမှာ အာဏာရလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဦးဆောင်တဲ့ အရပ်သားအစိုးရ တာဝန်ယူခဲ့တာ ၂၀၁၇ ခုနှစ် မတ်လမှာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အစိုးရ ဖြစ်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးမှာ မျှော်မှန်းသလောက် မရောက်ဖြစ်ခဲ့ရတာတွေ ရှိလာပါတယ်။ နိုင်ငံရေးအရ လူထုထောက်ခံမှုများ ရထားတဲ့ NLD အစိုးရဟာ ဘာကြောင့် မူဝါဒ အကောင်အထည်ဖော်ရာမှာ ရှေ့မရောက်နိုင် ဖြစ်ရတယ်ဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးပါ့မယ်။ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်တွေကို လေ့လာသုံးသပ်ရင် လူမျိုးစုပြဿနာ (ဝါ) ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုမိုအကဲသာပြီး ကျန်သော စိန်ခေါ်မှုတွေကို ငြိမ်းချမ်းရေးပြီးမှ အားထည့် ဆောင်ရွက်မည့် သဘောကို တွေ့ရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာကို ဖြေရှင်းရာမှာ ၂၁ ရာစု […]
17 Mar 2018

၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ရလဒ် အနှစ်ချုပ်

၂၀၁၇ ဧပြီ ၁ ရက်က ပြုလုပ်ခဲ့သော ကြားဖြတ် ရွေးကောက်ပွဲအပြီး ရလဒ် အနှစ်ချုပ် ညွှန်းကိန်းများ ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ပြည်သူ့လွှတ်တော်တွင် ငါးနေရာ၊ အမျိုးသားလွှတ်တော်တွင် သုံးနေရာ၊ ပြည်နယ်လွှတ်တော်တွင် တစ်နေရာ စုစုပေါင်း ကိုးနေရာ (ရာခိုင်နှုန်းအားဖြင့် ၄၇ ဒသမ ၃၇ ရာခိုင်နှုန်း) အနိုင်ရရှိခဲ့ပါသည်။ ဒုတိယ အများဆုံး အနိုင်ရရှိခဲ့သော ပါတီမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဖြစ်ပြီး (ရာခိုင်နှုန်းအားဖြင့် ၃၁ ဒသမ ၅၈ ရာခိုင်နှုန်း) အနိုင်ရရှိခဲ့ကာ ပြည်သူ့လွှတ်တော်တွင် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော်တွင် လေးနေရာ စုစုပေါင်း ခြောက်နေရာ အနိုင်ရရှိခဲ့သည်။ ယခု ကြားဖြတ် […]
17 Mar 2018

ငြိမ်းချမ်းရေးအား ကျော်တက်ခြင်း၊ ရုပ်ရှင်အကယ်ဒမီ၊ မြန်မာအိုင်ဒေါနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတား

(၁) ဤဆောင်းပါးတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြင်ပ ကိစ္စများဖြစ်သည့် ရုပ်ရှင်အကယ်ဒမီ၊ မြန်မာအိုင်ဒေါနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတားပြဿနာ ရှုထောင့်များမှ ချဉ်းကပ်ထားသည်။ အခြားသုံးသပ်သူများက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အခင်းအကျင်း၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်၊ ဆွေးနွေးပွဲတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် အကောင်အထည်ဖော်မှုနှင့် လက်နက်ကိုင် တိုက်ပွဲများကို နိုင်ငံရေး ရှုထောင့်များမှ တင်ပြထားကြပြီး ဖြစ်သောကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်ကို Pop Culture ရှုထောင့်မှ တင်ပြရန် ရုပ်ရှင်၊ ဂီတ၊ အနုပညာကဏ္ဍနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတား ကိစ္စကဲ့သို့သော Identity အခြေပြု ဖြစ်စဉ်ကို ရွေးချယ် လေ့လာထားခြင်း ဖြစ်သည်။ အဓိက တင်ပြလိုသည့် အချက်မှာ – ငြိမ်းချမ်းရေးဟု ဆိုရာတွင် […]
17 Mar 2018

ရက်စက် ယုတ်မာမှုများကို တုံ့ပြန်ခြင်း

မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ် မေလ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ချိန်သည် စစ်အေးတိုက်ပွဲ အဆုံးသတ်ခါနီး အချိန်ကာလ ဖြစ်သည်။ ကမ္ဘာတစ်လွှားတွင်လည်း အသွင်ကူးပြောင်းမှုများ အလျင်အမြန် ပေါ်ပေါက်နေချိန် ဖြစ်ပါသည်။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ၌ ဘာလင်တံတိုင်းကြီးလည်း ပြိုကျသွားပြီ ဖြစ်သည်။ ကျန်သည့် အရှေ့ဥရောပ နိုင်ငံများမှာလည်း အသွင်ကူးပြောင်းမှုများ လုပ်ဆောင်နေဆဲပင် ဖြစ်ပါသည်။ ထို့အပြင် ၁၉၈၉ ခုနှစ် နှစ်ကုန်ပိုင်း၌ သဘောထား ကွဲလွဲဖွယ် ပြဇာတ်များ ရေးသားသူနှင့် ဒီမိုကရေစီ လိုလားသည့် ရှေ့နေ ဗားကလပ် ဟာဗယ် ချက်ကိုစလိုဗက်ကီးယားနိုင်ငံ သမ္မတ ဖြစ်လာခဲ့သည်။ ဖေဖော်ဝါရီလ၌ တောင်အာဖရိက အာဏာပိုင်များက နယ်လ်ဆင် မင်ဒဲလားကို အကျဉ်းထောင်မှ လွှတ်ပေးလိုက်သည်။ ထိုလအတွင်းမှာပင် ချီလီနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး […]
7 Mar 2018

ရန်ကုန်နှင့် မန္တလေးမှ အပြောင်းအလဲများ

ရန်ကုန် ၊ ၃.၇.၁၉၉၀ အစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲ ပေးနေသော်လည်း လူအများက လွယ်လွယ်ကူကူ မေ့ပစ်လိုက်ကြသည်။ ■ ဒေါမနစ် ဖူလ်ဒါ ရန်ကုန် – တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်မှာ အသက် ၅၀ ပင် မပြည့်သေးသော်လည်း ကမ္ဘာပေါ်ရှိ လျှို့ဝှက် ထောက်လှမ်းရေးသမားများအနက် လူသိအများဆုံးသူ တစ်ဦးဖြစ်နိုင်ပါသည်။ သူသည် ယနေ့အချိန်၌ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ၏ အတွင်းရေးမှူး-၁၊ အတိုကောက် S1 အနေဖြင့် နေ့စဉ် မျက်နှာ ထွက်ပြနေသည်ကို တွေ့ရပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလ၊ အာဏာရယူလိုက်စဉ် ကတည်းက နဝတ၏ စီမံချက် အမြောက်အမြားကို အင်တိုက်အားတိုက် ခြေလှမ်းကျဲကျဲ […]
7 Mar 2018

ဦးကြည်မောင်နှင့် ပတ်သက်၍ မျှမျှတတ သုံးသပ် ဆင်ခြင်ကြည့်ခြင်း

ကျွန်တော် ဦးကြည်မောင်နှင့် တွေ့ခဲ့ရသည်မှာ ၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးနောက် တစ်လနီးပါးအကြာတွင် ဖြစ်ပါသည်။ ဦးကြည်မောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သောင်ပြိုကမ်းပြို အနိုင်ရရှိရန် ထိန်းသိမ်းပဲ့ကိုင် တာဝန်ခံခဲ့ရသူ တစ်ဦးဖြစ်သော်လည်း ထိုအချိန် (၁၉၉၀ ပြည့်နှစ် ဇူလိုင်တွင်) က နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသော ပါတီ၏ အနှိုင်းမဲ့ ထင်ပေါ်ကျော်ကြားသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ အများစုက ချီးကျူး အမှတ်ပေးခဲ့ကြပါသည်။ “ဒေါ်စုမှာက ထူးခြားတဲ့ ဥပဓိရုပ်၊ အရည်အသွေး၊ သြဇာတိက္ကမနဲ့ ပြည့်စုံတယ်ဆိုတာ ခင်ဗျားလည်း ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့က အသက်ကြီးပါပြီ။ အပြင်မထွက်နိုင်တော့ဘူး။ ပန်းကုံးတွေနဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း မမျှော်လင့်တော့ပါဘူး။ ကျွန်တော်တို့ ကိုယ့်အကြောင်း ကိုယ်သိတယ်။ အဲဒီတော့ ဖြစ်နိုင်တာကိုပဲ […]
7 Mar 2018

ဦးကြည်မောင်၏ ခေါင်းဆောင်မှုနှင့် မဟာဗျူဟာ 

■ နိဒါန်း ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စတင် တည်ထောင်ခဲ့ကြတဲ့ ဦးဆောင်ခဲ့သူတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်တဲ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီကို ဦးဆောင်ခဲ့သူ၊ ၁၉၉၇ ခုနှစ်မှာ သဘောထား မတိုက်ဆိုင်မှုတွေကြောင့် NLD ပါတီက နုတ်ထွက်သွားခဲ့သူ၊ NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးကြည်မောင် ကွယ်လွန်ခဲ့တာ ၁၃ နှစ် ပြည့်ပါပြီ။ ၁ ဦးကြည်မောင်နဲ့ ပတ်သက်ရင် သမိုင်းရှိတယ်။ သတ္တိရှိတယ်။ ရည်တည်ချက် ခိုင်မာပြီး အကျပ်အတည်းကာလမှာ မဟာဗျူဟာကျတဲ့ ခေါင်းဆောင်မှု ပေးနိုင်တယ် စသဖြင့် ပြောစရာအများကြီး ရှိပါတယ်။ ဒါ့အပြင် စာဖတ်တဲ့ စစ်သားတစ်ဦး ဖြစ်တယ်။ ကျောင်းသားခေါင်းဆောင် ဘဝကနေ စစ်သားဘဝ၊ အဲဒီကနေ […]