Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
30 Jul 2020 Publications မြန်မာ့ဖက်ဒရယ်နှင့် ဒီမိုကရေစီအပေါ် ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်များ၏ နားလည်သဘောပေါက်မှုအား ဆန်းစစ်လေ့လာချက် သုတေသန စာတမ်း (eBook) ကို ယခု Link တွင် မည်သူအဆို အခမဲ့ download ရယူနိုင်ပါပြီ။ သုတေသနစာတမ်းကို အဓိကမေးခွန်း လေးခုဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ထိုမေးခွန်းများမှာ – (၁) နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများက ပြုစုထားသော ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနှင့် ဖက်ဒရယ် နိုင်ငံတည်ထောင်ရေး လုပ်ငန်းစဉ်ဆိုင်ရာ စာတမ်းများသည် လွှတ်တော် ကိုယ်စားလှယ်များအတွက် မည်မျှ ထိရောက်ပါသနည်း။ (၂) ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ ဖက်ဒရယ်နိုင်ငံ ထူထောင်ရေးနှင့် စပ်လျဉ်း၍ အဆိုပါ စာတမ်းမျာက အဓိကထား ဖော်ပြသော အကြောင်းအရာများနှင့် အကြံပြုချက်များမှာ အဘယ်သို့နည်း။ (၃) ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ ဖက်ဒရယ်မူများအကြောင်း ရေးသားထားသည့် ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ စာတမ်းများသည် လွှတ်တော် […]
4 May 2019 Analysis သမ္မတ နှစ်သစ်မိန့်ခွန်းကို မူဝါဒ ရှုထောင့်မှ ဆန်းစစ်ခြင်း မူဝါဒများ အလုပ်ဖြစ် မဖြစ်ကို စဉ်းစားကြတဲ့ အခါ ချဉ်းကပ်ပုံ အမျိုးမျိုးထဲမှ အခြေခံ အဆင့် သုံးဆင့်နဲ့ စဉ်းစားတဲ့ ပုံစံ ရှိပါတယ်။ အဲဒါကတော့ အရင်ဆုံး လိုချင်တဲ့ ဦးစားပေး ပန်းတိုင်များ (Goals/ Objectives) ချမှတ်၊ ပြီးနောက် အဲဒီ ပန်းတိုင်တွေကို ရောက်ဖို့ မဟာ ဗျူဟာတွေ (Strategies) ရေးဆွဲ၊ နောက်ဆုံး အဲဒီ မဟာဗျုဟာတွေကို အသေးစိတ် အကောင်အထည် ဖော်ပေးမယ့် နည်းလမ်းတွေနဲ့ ပြီးစီးမှု အချက်အလက်တွေကို ဖော်ပြပေးမယ့် (Measures & Milestones) ဆိုပြီး GOSM အဆင့် သုံးဆင့်နဲ့ ကြည့်တဲ့ ချဉ်းကပ်ပုံ ဖြစ်ပါတယ်။ ဥပမာ – အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) […]
3 Dec 2018 Print သေးငယ်ကျစ်လျစ်သော ဝန်ကြီးအဖွဲ့ (Small Cabinet) မူက မြန်မာမှာ ဘာကြောင့် မလုပ်မဖြစ်သလဲ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ “သေးငယ်ကျစ်လစ်သော ဝန်ကြီးအဖွဲ့ ” (Small Cabinet) မူဟာ မြန်မာနိုင်ငံ အတွက် အလုပ်ဖြစ်ခဲ့ဟန် မတူပါဘူး။ သုံးနှစ်အတွင်းမှာပဲ မူလဖွဲ့စည်းစဉ်ကနဲ့ မတူတော့ဘဲ ပုံစံတွေ ပြောင်း၊ ဝန်ကြီးဌာနတွေ ထပ်တိုး၊ ဒုတိယ ဝန်ကြီးတွေကိုလည်း ခန့်အပ်လာရပါတယ်။ မြန်မာနိုင်ငံရဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းပုံတွေကို လေ့လာမယ်ဆိုရင် Small cabinet ဆိုတာက ဦးနေဝင်းလက်ထက် ၁၉၆၂ ခုနှစ်ထဲက စခဲ့တာပါ။ ဖဆပလအပါအဝင် ကျန်တဲ့ အစိုးရတွေက ကနဦးမှာ ဝန်ကြီးဌာနအနည်းငယ်၊ ဝန်ကြီးအနည်းငယ်ဖြင့် ဖွဲ့စည်းခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဝန်ကြီးဌာနတွေ အများအပြား တိုးချဲ့ခဲ့သလို၊ ဦးဆောင်မယ့် ဝန်ကြီးတွေကိုလည်း ထပ်တိုး ခန့်အပ်လေ့ရှိပါတယ်။ NLD အစိုးရကတော့ အစောပိုင်းမှာ Small […]
16 Aug 2018 Latest Notes & Updates • Publications • Reports • Reports အပြောင်းအလဲကို စီမံခန့်ခွဲခြင်း – မြန်မာအစိုးရအဖွ့ဲ၏ မူဝါဒချမှတ်သည့် လုပ်ငန်းစဉ် အနှစ်ချုပ် ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းသော ကာလအတွင်း ဝင်ရောက်ခဲ့သည်။ အာဏာရှင်စနစ်၊ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ၊ ဝိရောဓိများ ပြည့်နှက်နေသော အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး၊ ပြည်သူများ၏ ဆင်းရဲတွင်းနက်မှု ပြဿနာများ၊ အစရှိသည်တို့ကို ဆယ်စုနှစ်များစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။ ထိုသို့ ဖြတ်သန်းပြီးမှ စတင်ခဲ့ရသဖြင့် ဒီမိုကရေစီ အားကောင်းရေး၊ ရေရှည်အကျိုးဖြစ်ထွန်းနိုင်မည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အရှည်တည်တံ့နိုင်မည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် အခွင့်အလမ်းတခုလည်း ဖြစ်နေသည်။ အသွင်ကူးပြောင်းမှုကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်ရန် ပို၍ ထိရောက်သော မူဝါဒများ ချမှတ်ရန် လိုအပ်သည်။ ယခုစာတမ်းက မြန်မာအစိုးရအဖွဲ့၏ မူဝါဒ ချမှတ်ပုံကို မိတ်ဆက်ပေးထားသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အုပ်ချုပ်ရေးယန္တရား အခြေအနေများထက် ပြည်ထောင်စု အစိုးရအဖွဲ့၏ မူဝါဒချမှတ်ပုံကို အာရုံစိုက် ဖော်ပြထားပါသည်။ ပင်မရည်ရွယ်ချက်မှာ […]
16 Dec 2017 Latest Notes & Updates NLD အစိုးရအနေနဲ့ ဝန်ကြီးအပြောင်းအလဲတွေ ဒီအချိန်မှာလုပ်ရင် အသင့်တော်ဆုံးလို့ ထင်တယ် The Speaker သတင်းဂျာနယ်မှ အယ်ဒီတာချုပ် အွန်လိုင်းဝဏ္ဏက ISP Myanmar ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းအား မေးမြန်းခဲ့သည့် အင်တာဗျူးကို ပြန်လည် ဖော်ပြပါသည်။ အဆိုပါ အင်တာဗျူးကို ဒီဇင်ဘာ ၁၃ ရက်ထုတ် The Speaker သတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၄ တွင် ဖော်ပြခဲ့သည်။ ”အစိုးရတရပ်အနေနဲ့ ဒီလောက် ချွေတာစရာ မလိုဘူးလို့ ကျနော် ထင်တယ်။ အရေးကြီးတာက ရလဒ်ပြနိုင်ဖို့ပဲ။ ရလဒ် မပြနိုင်ဘူး ဆိုရင် နောက် ရွေးကောက်ပွဲမှာ သူတို့ကို ဘယ်သူ မဲထည့်မှာလဲ။ ဒီတော့ ကိုယ်က ပိုက်ဆံ ချွေတာ မှာလား၊ ရလဒ်ပေါ်အောင် လုပ်မှာလား ဆိုတာ သေသေချာချာ စဉ်းစားဖို့ အရေးကြီးတယ်လို့ […]
26 Jul 2017 Latest Notes & Updates • Media Room • Print နန်းတော်တွင်းမှ သီအိုရီဆရာ၊ ကျရှုံးနိုင်ငံ ပြင်ဆင်ရေးနှင့် အစိုးရတစ်ရပ်၏ လုပ်ငန်းတာဝန် (၁၀) ခု အာဖဂန်နစ္စတန် သမ္မတ အာရှရပ် ဂါနီ (Ashraf Ghani) အကြောင်းကို The New Yorker ဂျာနယ်မှာ ဖတ်ရတယ်။ သူက ထူးခြားတဲ့သူ၊ ဘာဖြစ်လို့လဲ ဆိုတော့ “ကျရှုံးနိုင်ငံများကို ပြန်လည်ပြင်ဆင်ခြင်း” (Fixing Failed States: A Framework for Rebuilding a Fractured World”) ဆိုတဲ့ စာအုပ်ကိုရေးခဲ့ဖူးတဲ့သူ၊ ကျရှုံးနိုင်ငံများအကြောင်းဆိုင်ရာ သိရှိကျွမ်းကျင် သူလို့လည်း ဆိုနိုင်တယ်။ သူ ကိုယ်တိုင်က မတည်မငြိမ်မှုတွေ၊ စစ်ပွဲပဋိပက္ခတွေများတဲ့ နိုင်ငံရေးအရ အလွန်တရာ မတည် မငြိမ်နိုင်လှတဲ့ အာဖဂန် နစ္စတန်လို နိုင်ငံမျိုးမှာ သမ္မတ ဖြစ်လာခဲ့တယ်။ သူရေးခဲ့တဲ့ သဘောတရားတွေကို သူကိုယ်တိုင် ပြန်ပြီး လက်တွေ့ အ သုံးချနိုင်ပါ့မလား.. သူ့နိုင်ငံကိုလည်း […]