Topics

Covid-19 and Myanmar

17 Feb 2022

ငါးလအတွင်း ကိုဗစ်ကူးစက်ခံရမှု အမြင့်ဆုံး ပြန်ရောက်လာ

စစ်ကောင်စီရဲ့ တရားဝင်ကိန်းဂဏန်းတွေကို ဆန်းစစ်ရင်ပဲ ကိုဗစ်ကူးစက်မှုဟာ ငါးလအတွင်း အမြင့်ဆုံး ပြန်ရောက်လာတဲ့အပြင် နောက်ထပ် လှိုင်းတခုဖြစ်မယ့် အသွင်ဆောင်လာတာကို တွေ့ရပါတယ်။ ဒီကူးစက်မှုတွေထဲမှာလည်း ရန်ကုန်တိုင်းအတွင်း ကူးစက်မှုက အများဆုံးဖြစ်လာပြီး ဖေဖော်ဝါရီလ ၁၅ ရက်တာကာလ အတွင်း လူပေါင်း ၆,၉၀၀ နီးပါး ကူးစက်ခဲ့ပါတယ်။ တနိုင်ငံလုံးကို ခြုံကြည့်ရင်တော့ ဖေဖော်ဝါရီလ ၁၄ ရက်တာ ကာလအတွင်း ကိုးဗစ်ကူးစက်မှုအားလုံးရဲ့ ၅၄ ရာခိုင်နှုန်းဟာ လူနေထူထပ်တဲ့ ရန်ကုန်တိုင်းအတွင်းမှာ ဖြစ်ပါတယ်။
1 Dec 2021

ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်(Omicron) နှင့် မြန်မာနိုင်ငံအတွက် သတိပြုစရာ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၃) ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တောင်အာဖရိကနဲ့ ဘော့ဆွာနာ နိုင်ငံတွေမှာ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် (Omicron) ဗိုင်းရပ်စ်ကိုစတွေ့ခဲ့ပါတယ်။ နိုဝင်ဘာ ၃၀ မှာ ပြည်ပ ခရီးသွားတွေကတဆင့် အိုမီခရွန် ပြန့်နှံ့ရောက်ရှိသွားတဲ့ နိုင်ငံ ၁၉ နိုင်ငံထက်မနည်း ရှိလာပါတယ်။ အချိန်တိုအတွင်းမှာပဲ ခရီးသွားတွေက တဆင့် ဩစတြေးလျ၊ ဩစတြီးယား၊ ဗြိတိန်၊ ကနေဒါ၊ ချက်၊ ဒိန်းမတ်၊ဂျာမနီ၊ အစ္စရေး၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ဟောင်ကောင်၊ ဂျပန်၊ ဘရာဇီးနဲ့ ဆွစ်ဇာလန် နိုင်ငံတွေဆီ ရောက်သွားပြီး သံသယ လူနာ ၁,၀၀၀ ကျော် ရှိလာပါတယ်။ Download as PDF မျိုးကွဲသစ် အိုမီခရွန်က အန္တရာယ်ကြီးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပြောထားပါတယ်။ တချိန်တည်းမှာပဲ ကူးစက်မှုနှုန်း မြန်မယ့် အခြေအနေရှိနိုင်တာကြောင့် နိုင်ငံပေါင်းများစွာက ကိုယ့်နည်းလမ်းနဲ့ကိုယ် ကာကွယ် တားဆီး ကန့်သတ်မှုလုပ်မယ့်အစီအစဉ်တွေ ချက်ချင်း ဆိုသလို လုပ်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၄၀ ကျော်ဟာ တောင်အာဖရိကနဲ့ ဆက်စပ်နိုင်ငံတွေက လာမယ့်သူတွေကို တားဆီး ကန့်သတ်မယ့် အစီအစဉ်တွေ လုပ်ခဲ့ပြီး ဂျပန်၊ အစ္စရေးနဲ့ မော်ရိုကို အစရှိတဲ့ နိုင်ငံတွေကတော့ နိုင်ငံခြားက ဝင်လာမယ့်သူ အားလုံးကို ပိတ်ပင်လိုက်ပါတယ်။ တချိန်တည်းမှာ ခရီးသွားလုပ်ငန်းတွေ ပြန်စပြီး စီးပွားရေးနာလံထဖို့ အားယူနေတဲ့အာရှနိုင်ငံတွေအဖို့ အိုမီခရွန် ပြန့်နှံ့လာမှုက ထိုးနှက်ချက် ဖြစ်လာပါတယ်။ အခုပေါ်လာတဲ့ ကိုဗစ် မျိုးကွဲသစ် အိုမီခရွန်ဟာ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းတုန်းက အိန္ဒိယနိုင်ငံမှာ စတွေ့ခဲ့တဲ့ ကိုဗစ်မျိုးကွဲ ဒယ်လ်တာ (Delta) ကူးစက်မှုလှိုင်း အကျပိုင်းရောက်ချိန်မှာ အသစ်ပေါ်လာတာ ဖြစ်ပါတယ်။ ကိုဗစ်မျိုးကွဲသစ်ကို နာမည်ပေးပုံကထူးခြားခဲ့ပါတယ်။ ပုံမှန်အတိုင်းဆိုရင် ဗိုင်းရပ်စ်မျိုးကွဲတွေကို ဂရိအက္ခရာနဲ့ အစဉ်လိုက် နာမည်ပေးရာ အလှည့်ကျတဲ့ အက္ခရာတွေထဲမှာ အက္ခရာ ရှီ (Xi) ကို ကျော်ပြီး အိုမီခရွန်လို့ ပေးလိုက်တာ ဖြစ်ပါတယ်။ တရုတ်ရဲ့ နိုင်ငံရေးအကဲဆတ်မှုကို ကျော်လွှားချင်တဲ့အတွက် အက္ခရာစဉ်ကို ကျော်ခဲ့ပုံရပါတယ်။ မြန်မာနိုင်ငံအဖို့ ဒေသတွင်း နိုင်ငံတွေနည်းတူ သတိထားရမယ့် အခြေအနေ ဖြစ်လာပါတယ်။ စစ်အာဏာ သိမ်းခံရပြီး နောက်ပိုင်းကိုဗစ်တတိယလှိုင်းဒဏ်ကိုပါ အလူးအလဲ ခံခဲ့ရတာကြောင့် နိုင်ငံတွင်း ကိုဗစ်မျိုးကွဲ အိုမီခရွန်နဲ့အတူ ဖြစ်လာမယ့် လှိုင်းကိုပါရင်ဆိုင်ရဦးမယ် ဆိုရင် ကြီးမားတဲ့ အခက်တွေ့မှု ထပ်ဖြစ်လာနိုင်ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါခဲ့တဲ့ကျန်းမာရေး ဝန်ထမ်းတွေကို ဖမ်းဆီး၊ တရားစွဲဆို၊ ၀ရမ်းထုတ်မှုတွေ လုပ်ခဲ့တဲ့အတွက် ချည့်နဲ့ခဲ့ရတဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားဟာ အခုထိ အပြည့်အ၀ ပြန်လည် လည်ပတ်နိုင်စွမ်း မရှိသေးပါဘူး။ ကိုဗစ်ကြောင့် ကျဆင်းနေတဲ့စီးပွားရေးကလည်း အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပိုဆိုးတဲ့ အခြေအနေကို ဦးတည်နေပါတယ်။ အခုလည်း ကုန်သွယ်မှုကျဆင်းနေတာကို ကျားကန်တဲ့အနေနဲ့ အပြည့်အဝ ပြန်ဖွင့်ဖို့ စိုင်းပြင်းနေတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေလည်းအိုမီခရွန်ကြောင့် ပြန်ပိတ်သွားမယ့် အခြေအနေ ရှိပါတယ်။ ◉ အိုမီခရွန် (Omicron) ဟာ ပိုပြီး ကူးစက်မှု မြန်စေမှာလား ပညာရှင်တွေက နိဂုံးချုပ်ကောက်ချက် မဆွဲနိုင်သေးပါဘူး။ ဒါပေမဲ့ အိုမီခရွန်မှာ အရင်က မမြင်တွေ့ဖူးသေးတဲ့ မျိုးရိုးဗီဇပြောင်းအတွဲ (mutation) ၅၀ ကို တွေ့ရပါတယ်။ ဒါ့အပြင် လူ့ခန္ဓာကိုယ် ဆဲလ်အတွင်း တွယ်ငြိနိုင်တဲ့ ဆူးချွန်ပရိုတင်း (spike proteins) ၃၀ကျော်လည်း ပါဝင်ပြီး ရောဂါကူးစက်မှု မြန်ဆန်စေနိုင်ပါတယ်။ ဒါ့အပြင် အခြားမျိုးကွဲတွေလိုပဲ ဗီဇပြောင်းလဲမှု ရှိနိုင်တာကြောင့်ကူးစက်မှု မြင့်တက်လာနိုင်ဖွယ် ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းလောက်မှာ အိန္ဒိယနိုင်ငံကနေ စတင်ကူးစက်ခဲ့တဲ့ ဒယ်လ်တာမျိုးကွဲ (Delta) ကူးစက်မှုဟာ လှိုင်းတခုလို မြင့်မားခဲ့ပြီး အခုအချိန်မှာ အကျပိုင်းကို ပြန်ရောက်လာပါတယ်။ ဒီအခြေအနေမှာအိုမီခရွန် (Omicron) က အစားထိုးပြီး နောက်ထပ် ကူးစက်မှု လှိုင်းတခုဖြစ်လာမှာကို နိုင်ငံတကာက စိုးရိမ်နေကြတာပါ။ ◉ အိုမီခရွန် (Omicron) က ပြင်းထန်ရောဂါ ဖြစ်စေမှာလား အိုမီခရွန်က ပြင်းထန်ရောဂါ ဖြစ်စေမှာလားဆိုတာ အရေးကြီးတဲ့ မေးခွန်းတခုဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံမှာ တွေ့ရတဲ့ ကူးစက်မှုလောက်နဲ့ သုံးသပ်အဖြေထုတ်လို့ မရနိုင်သေးပါဘူး။ ဒါပေမဲ့ အရင် ကိုဗစ် ကူးစက်မှုတွေမှာ ကူးစက်မှု သိပ်မခံရတဲ့အသက် ငယ်ရွယ်သူတွေမှာ ရောဂါလက္ခဏာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ အခြားနာတာရှည်ရောဂါ ရှိနေတဲ့သူတွေအတွက်ဘယ်လို ဖြစ်နိုင်သလဲဆိုတာ အတိအကျ သိရဖို့ အနည်းဆုံးအချိန် တလ၊ နှစ်လ လိုအပ်ပါသေးတယ်။ ◉ ကာကွယ်ဆေးတွေ အလုပ်ဖြစ်ဦးမှာလား လက်ရှိထိုးနေတဲ့ ကိုဗစ် ကာကွယ်ဆေးတွေက အိုမီခရွန်ကို ကာကွယ်ပေးနိုင်မလား ဆိုတာက အရေးကြီးတဲ့ မေးခွန်း ဖြစ်နေပါတယ်။ ကာကွယ်ဆေး ထိုးပြီးတဲ့ လူတချို့ ကူးစက်ခံရတယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့ သေချာမှုမရှိသေးဘဲ အချိန်ယူလေ့လာဖို့ လိုအပ်နေပါသေးတယ်။ ကျွမ်းကျင်သူတွေ ပြောဆိုချက်အရတော့ အိုမီခရွန် ကူးစက်ခံထားရသူတွေထဲမှာကာကွယ်ဆေး ထိုးထားသူ နည်းတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသူတွေမှာလည်း ရောဂါ မပြင်းထန်နိုင်ဘူးလို့ ပြောကြပါတယ်။ ကာကွယ်ဆေး ထုတ်နေတဲ့ ဆေးကုမ္ပဏီတွေကတော့ အသေးစိတ် လေ့လာမှုတွေ ဆက်လုပ်နေပြီးကာကွယ်ဆေးတွေကို အဆင့်မြှင့်တင်မှု လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ ◉ ဘာဆက်လုပ်ကြမလဲ ဆေးကုမ္ပဏီတွေဘက်က ကာကွယ်ဆေး အသစ်တွေ ဆက်လက် စမ်းသပ်ဖို့ လိုအပ်နေတဲ့အချိန်မှာ၊ အုပ်စိုးသူတွေ၊ ပြည်သူ့ကျန်းမာရေးဌာနတွေကတော့ ရှိထားပြီးဖြစ်တဲ့ ဆေးတွေနဲ့ ကာကွယ်ဆေး ထိုးပေးတာ၊ ကိုဗစ်စည်းမျဉ်းတွေအတိုင်း လိုက်နာစေတာ၊ ကူးစက်ခံရသူ စတင်တွေ့ရှိတာနဲ့ ခြေရာကောက် – လူနာရှာဖွေ ကုသ (Track and trace) လုပ်ငန်းလုပ်တာ တွေကိုပဲ အားထည့်ဆောင်ရွက်ရမယ့်ပုံ ရှိပါတယ်။ အိုမီခရွန်က အရင်မျိုးကွဲတွေထက် ပိုပြီး ကူးစက်လာရင် အရင်လို တားမြစ်ပိတ်ဆို့တာတွေလည်း ဖြစ်နိုင်ပါတယ်။ စီးပွားရေးအရထိခိုက်နစ်နာမှု အကျိုးဆက်က ဆက်ဖြစ်လာဦးမှာမို့ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) ကိုစနစ်တကျတပ်ဆင်တာ၊ လက်ကို မကြာခဏ ဆေးတာ၊ မလိုအပ်ဘဲ လူအုပ်ထဲ မသွားတာတွေ၊ တဦးနဲ့ တဦး တတ်နိုင်သမျှ ခပ်ခွာခွာနေတာတွေ ဆက်လုပ်ကြရပါဦးမယ်။ ကာကွယ်ဆေး ထိုးခြင်းက အရေးအကြီးဆုံး အချက်တခု ဖြစ်နေပြီး ရတဲ့နေရာမှာ ရတဲ့ကာကွယ်ဆေး ထိုးနှံထားမှ ကိုဗစ်မျိုးကွဲသစ်တွေကို ရင်ဆိုင်ရာ ထိခိုက်မှု နည်းစေပါမယ်။ ကာကွယ်ဆေးထိုးထားပြီးရင်တောင်ပေါ့ပေါ့ဆဆ မနေဘဲ သတိဝီရိယ ထားပြီး ကာကွယ်ကြရမှာ ဖြစ်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်လဲ အိုမီခရွန်က ကူးစက်မြန်နိုင်ခြေရှိပြီး ပြီးပြည့်စုံတဲ့ နိုင်ငံတွေမှာတောင် မျိုးကွဲသစ်အကြောင်း သိဖို့ အချိန်ယူ လေ့လာနေရဆဲ ဖြစ်ပါတယ်။ အခုချိန်မှာ ရာသီတုပ်ကွေးနဲ့အတူ ကိုဗစ်ကူးစက်ခံရမှု ကျဆင်းမသွားသေးတဲ့ အပြင်၊ ကာကွယ်ဆေးထိုးနှံထားမှု ၅၀ရာခိုင်နှုန်း ပြည့်မှီခြင်း မရှိသေးပါဘူး။ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ယန္တရားက အပြည့်အ၀ ပြန်လည် လည်ပတ်နိုင်စွမ်း မရှိသေးပါဘူး။ ဒါကြောင့် ကိုဗစ်ကူးစက်မှုအခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး တဦးချင်းကစလို့ ထိရောက်တဲ့ ကာကွယ်တားဆီးမှု လုပ်နိုင်ရေးက အလေးအထားသင့်တဲ့ အကြောင်းအချက်တခု ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းအချက်အလက်တွေ၊ ထုတ်ပြန်ကြေညာ ချက်တွေ နဲ့ ဒေသအလိုက်ကူးစက်ပြန့်နှံ့မှုတွေကို ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) က ဝက်ဘ်ဆိုက်နဲ့ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနတွေရဲ့ ဝက်ဘ်ဆိုက်မှာ ဝင်ရောက်လေ့လာနိုင်ပါ တယ်။ ကပ်ရောဂါကူးစက်မှုနဲ့ ကာကွယ်ဆေးထိုးနှံမှု ဆိုင်ရာ အချက်အလက်တွေကို ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ Coronavirus Resource Center ဝက်ဘ်ဆိုက်၊ Our World in Data ဝက်ဘ်ဆိုက်တွေအပြင် ရိုက်တာသတင်းဌာနကဖော်ပြထားတဲ့ Covid-19 Tracker မှာလည်း ကြည့်နိုင်ပါတယ်။
25 Aug 2021

ဖိနှိပ်နှောင့်ယှက်ခြင်းနှင့် အမြတ်ထုတ်မှု မရှိသော ကျန်းမာရေး ကုသစောင့်ရှောက်ခွင့်

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၀) ကမ္ဘာ့နိုင်ငံ အနှံ့မှာ ဖြစ်ပွားနေတဲ့ ကျန်းမာရေး ကုသစောင့်ရှောက်မှု လုပ်ငန်းတွေအပေါ် တိုက်ခိုက်၊ ဖိနှိပ်၊ နှောင့်ယှက်မှုတွေပြုလုပ်ခြင်းအပေါ် စာရင်းပြုစုတဲ့ Insecurity Insight က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနစ်ဖေဖော်ဝါရီ ၁ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ ကျန်းမာရေး ကဏ္ဍအပေါ် တိုက်ခိုက်နှောက်ယှက်မှု ဖြစ်ရပ်ပေါင်း ၂၅၂ ခု ရှိခဲ့ပါတယ်။ ဆေးရုံတွေကို ဝင်ရောက် တိုက်ခိုက်တာ၊ စီးနင်းတာတွေ ဖြစ်ခဲ့သလို ဆေးပညာရှင်တွေကို တိုက်ခိုက် ဖမ်းဆီး ဖိနှိပ်ခဲ့တာကြောင့် ၂၅ ဦး အသက် ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း(AAPP)ရဲ့ စာရင်းအရ ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း ၅၉၅ ဦးကိုလည်း စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့တရားစွဲဆို ဝရမ်း ထုတ်ထားပါတယ်။ ဒါ့အပြင် ဆရာဝန် ၄၈ ဦး ဖမ်းဆီး ချုပ်နှောင် ခံထားရပါတယ်။ ဒီစာရင်းတွေမှာ မပါဝင်သေးတဲ့ ဖြစ်ရပ်တွေလည်း ရှိနိုင်ပါတယ်။ ဒီအခြေ အနေတွေအရ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဆေးကုသ စောင့်ရှောက်ခံယူခွင့်ပျက်ပြားနေတယ်လို့ ဆိုနိုင်ပါတယ်။ Download PDF Version ∎ ဆိုလိုရင်း အနှစ်ချုပ် တိုက်ပွဲတွေ၊ ပဋိပက္ခတွေ ဖြစ်ပွားတဲ့အခါ ဒဏ်ရာရသူ၊ နာမကျန်း ဖြစ်သူတွေကို ကျန်းမာရေး ပညာရှင်တွေက အနှောင့်အယှက် မရှိဘဲ အလျင်မီ ထိရောက်တဲ့ ဆေးကုသ စောင့်ရှောက်မှု ပေးနိုင်ရေးဟာ ဘက်မလိုက်သော ဆေးကုသခွင့် (Medical Neutrality) ဆိုတဲ့ အခြေခံမူတရပ် ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအနှံ့မှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းနဲ့ နယ်စည်းမထား ဆရာဝန်များ အဖွဲ့တို့ကလည်း ဒီအခြေခံမူကို လက်ခံ ကျင့်သုံးပါတယ်။ ဒါ့အပြင် နိုင်ငံပေါင်း ၁၉၆ နိုင်ငံက သဘောတူ လက်မှတ်ထိုးထားတဲ့ ဂျီနီဗာ ကွန်ဗင်းရှင်း (Geneva Convention) ရဲ့ လူသား ဆန်သော အခြေခံမူတရပ်လည်း ဖြစ်ပါတယ်။ ဒါကို ISP-Myanmar က ရေးသားထားတဲ့ “လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များနှင့် လမ်းကြောင်းနှစ်သွယ်” (အလေးထားရမည့် အကြောင်းအချက်များ အမှတ်- ၃၂) မှာလည်း ထောက်ပြထားပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၂) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ [link] https://ispmyanmar.com/burmese/2021/06/18/wm-32/ ဒီလို လူသားဆန်တဲ့ နိုင်ငံတကာ စံနှုန်းတွေကို ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ လိုက်နာမှု အားနည်း နေပါသေးတယ်။ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ အကြား ထိခိုက် ဒဏ်ရာရသူတွေကို ဆေးကုသ စောင့်ရှောက်မှု ပေးတဲ့ ကျန်းမာရေး ပညာရှင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်တပ်တွေ၊ လက်နက်ကိုင်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ခံနေတယ်လို့ Rohini J. Haar နဲ့ အခြားသုတေသီတွေက ဆိုပါတယ် (Haar et al., 2021)။ ၁၉၈၃ ခုနစ်ကနေ ၂၀၁၉ အတွင်း ထုတ်ဝေခဲ့တဲ့ သုတေသန စာစောင်ပေါင်း၁၄၀၀ ကျော်ထဲကမှ ၄၅စောင်ကို ရွေးချယ်ပြီး Haar နဲ့ သုတေသီတွေက ပြန်လည် သုံးသပ်တင်ပြရာမှာ-  ● ဆေးရုံ၊ ဆေးပေးခန်းတွေကို ပစ်ခတ်တိုက်ခိုက်တာ၊ ● လူနာတွေကို ပစ်ခတ် တိုက်ခိုက်တာ (အသက်အန္တရာယ်ပြုတာ၊ ခြိမ်းခြောက်တာ)၊ ● ကျန်းမာရေး ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ ခြိမ်းခြောက်တာ၊ ● ဆေးကုသမှု မလုပ်နိုင်အောင် နှောက်ယှက်တာ၊ ● ဆေးပစ္စည်း သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို တိုက်ခိုက်တာ၊ နှောက်ယှက်တာ၊ နှောင့်နှေး ကြန့် ကြာအောင် လုပ်တာ၊ ● ဆေးရုံ၊ ဆေးခန်းတွေကို ဆေးကုသမှု မဟုတ်တဲ့ အခြားကိစ္စတွေ လုပ်ဆောင်တာ စတဲ့ ဆေးကုသမှုကို နှောက်ယှက်ဖျက်ဆီးတဲ့အပြုအမူတွေကို ပဋိပက္ခ ကြုံတွေ့နေရတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ ကြုံတွေ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ဘက်မလိုက်တဲ့ဆေးကုသခွင့် ပျက်ပြားတာပဲ ဖြစ်ပါတယ်။ ∎ ဘာကြောင့် အလေးထားသင့်သလဲ ပဋိပက္ခ ဖြစ်ပွားတဲ့ ဒေသတွေမှာ ဆေးကုသမှု ပေးနေတဲ့အပေါ် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးမှု ကြီးမားပါတယ်။ ဆေးကုသမှု ပေးနေတဲ့ ကျန်းမာရေး လုပ်သားတွေ အသက်ဆုံးရှုံးရတဲ့ အထိ ကြုံကြရသလို၊ လူနာတွေ တိုက်ခိုက် ခံရတဲ့အခါမှာလည်း ရုပ်ပိုင်း နဲ့ စိတ်ဒဏ်ရာတွေ ဖြစ်စေပါ တယ်။ ဒီအခြေအနေမှာ ဆက်လက် ဆေးကုပေးဖို့ မလုံခြုံတာကြောင့်ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေကနေ ဆေးပညာရှင်တွေ စွန့်ခွာ ကြရပါတယ်။ ဒါ့အပြင် ကပ်ဘေးနဲ့ အခြား အသက် ကယ်ဆယ်ရေးတွေ အဓိက လုပ်ဆောင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကိုပါ နှောင့်နှေး ကြန့်ကြာတာ၊ ထိခိုက် ပျက်စီးမှု ဖြစ်စေပါတယ်။ ဥပမာ ကြက်ခြေနီ အမှတ်အသား၊ ဆေးဘက်ဆိုင်ရာ အမှတ်အသား တွေဟာ နိုင်ငံတကာ ဥပဒေအရ အကာအကွယ်ပေးခံရမယ့် အမှတ်အသားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံ ပေါင်း ၁၀ နိုင်ငံမှာ ဒီအမှတ်အသားတွေကို ပစ်မှတ်သဖွယ် ထားပြီးကျန်းမာရေး ဝန်ထမ်းတွေ၊ ဆေးရုံ ဆေးခန်း တွေ၊ ဆေးပစ္စည်းတွေကို ပိုမိုဦးတည် တိုက်ခိုက်ကြပါတယ်။ ဒါဟာ လူသားချင်းစာနာအကူအညီပေးရေး လုပ်ငန်းတွေကိုပါ နှောင့်နှေး ရပ်တန့်သွားစေအောင် တမင်ရည်ရွယ်တာလည်း ဖြစ်တတ်ပါတယ်။ ဒီလိုနှောင့်နှေး ရပ်တန့်သွားတာနဲ့အမျှ ဒီအကူအညီတွေပေါ်မှာ မှီတည်နေတဲ့ လူ့ ဘဝတွေ၊ အသက်တွေများစွာ သေကြေ ပျက်စီးဖို့ဖြစ်လာရပါတယ်။ ဒီအခါမှာ လူသားလုံခြုံရေးအတွက် ကျန်းမာရေး ကုသ စောင့် ရှောက်မှုတွေကို အနှောင့်အယှက် ကင်းကင်းနဲ့လုပ်ဆောင်နိုင်ဖို့ဆိုတဲ့ အချက်ဟာ အလေးထားသင့်တဲ့ အချက်ဖြစ်လာပါတယ်။ ∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား တိုက်ပွဲတွေ၊ ပဋိပက္ခတွေအကြား ထိခိုက် ဒဏ်ရာရသူတွေ သက်သာ ချောင်ချိရေး၊ ပြည်သူတွေကို ကာကွယ်ရေး ပြုလုပ်ပေးပါမယ်လို့ ဂျီနီဗာ ကွန်ဗင်းရှင်းမှာ မြန်မာနိုင်ငံက လက်မှတ်ထိုး သဘောတူ ထားပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ကုသစောင့်ရှောက်မှုလုပ်ငန်းတွေအပေါ် ဖိနှိပ် တိုက်ခိုက် မှုရှိနေတဲ့ နိုင်ငံများ စာရင်းမှာလည်း ပါဝင်နေပါတယ် (Haar et al. 2021)။ သုတေသန အဖွဲ့များစွာ ရဲ့အချက်အလက်အရ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဆေးကုသ စောင့်ရှောက်ခံယူခွင့် ပျက်ပြားနေတယ်လို့ ဆိုနိုင်ပါတယ်။ ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်မှု ဒဏ်တွေအပြင် ကိုဗစ်တတိယလှိုင်းရဲ့ ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေကြောင့်နောက်ဆက်တွဲ ကျန်းမာရေး အကျပ်အတည်း ပြဿနာကို မြန်မာပြည်သူတွေ အလူးအလဲ ခံနေရပါတယ်။ သာမန် အချိန်မှာ ကပ်ဘေးနဲ့ သဘာဝဘေး အန္တရာယ်တွေကို အစိုးရက ဦးဆောင် ဖြေရှင်းတဲ့အခါ ထိရောက် မြန်ဆန်ဖို့ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ပူးပေါင်းပါဝင်မှုက အလွန် အရေးကြီး ပါတယ်။ အခုအချိန်မှာ စစ်ကောင်စီရဲ့ ကိုဗစ်ကာကွယ်ရေး လုပ်ငန်းတွေအပေါ်မှာပြည်သူလူထုရဲ့ ယုံကြည်မှုက အနိမ့်ဆုံး အခြေအနေမှာ ရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်း တွေပြန်လည် အသက်ဝင်ဖို့ ခက်ခဲနေပြီး အခြေအနေတွေဟာ လူသားချင်းစာနာမှု အကျပ်အတည်း ဆိုက်တဲ့အထိ ယိုယွင်း ပျက်စီးနေပါပြီ။ ကပ်ဘေးရင်ဆိုင်ဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းက ပေးလာနိုင်တဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေနဲ့ အသက်ကယ်ဆယ်ရေး လုပ်ငန်းတွေ အလုပ်ဖြစ်ဖို့ စစ်ကောင်စီနဲ့ အခြားသော လက် နက်ကိုင် အဖွဲ့အားလုံးအနေဖြင့် ကျန်းမာရေး ကုသစောင့်ရှောက်မှုအပေါ် ဖိနှိပ်မှု၊ တိုက်ခိုက်မှုတွေ မလုပ်ဖို့ ကတိပြုဖို့၊ လက်တွေ့လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။ ဒီအပိုင်းကိုတော့ ISP-Myanmar က ရေးသားထား တဲ့ “ကိုဗစ်-၁၉ တတိယလှိုင်း အ‌ကျပ်အတည်းကို လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ အကူ အညီဖြင့် ဖြေရှင်းရေး မူဝါဒအကြံပြုချက်” မှာ အကျယ်တဝင့် ဖတ်နိုင်ပါတယ်။ ➥ ISP-Myanmar ရဲ့ မူဝါဒ အကြံပြုချက်ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ [link] https://ispmyanmar.com/burmese/2021/07/20/pe1/ ဒါ့အပြင် နိုင်ငံတကာရဲ့ အကူအညီတွေ အပေါ်မှာ အလွဲသုံးစား မလုပ်ဖို့၊ ပွင့်လင်း မြင်သာမှုရှိဖို့၊ နိုင်ငံရေးအရ အမြတ်ထုတ်မှုတွေမလုပ်ဖို့ လိုအပ်ပါမယ်။ အထူးသဖြင့် လူသားချင်း စာနာမှု အကူအညီတွေ လွတ်လပ်စွာ လုပ်ဆောင်နိုင်ဖို့နဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ဖိနှိပ် ခြိမ်းခြောက်ခံရခြင်းမှ ကင်းဝေးပြီး လွတ်လပ်စွာ ဆေးကုသခွင့်ရဖို့ အရေး ကြီးလှပါတယ်။ ▂ ISP-Myanmar က ဖော်ပြခဲ့ပြီးဖြစ်သည့် What Matters အကြောင်းအရာများ အားလုံးကို အောက်ဖော်ပြပါ link တွင် တစုတစည်းတည်း ဖတ်ရှု၊ download ရယူနိုင်ပါသည်။ https://ispmyanmar.com/burmese/category/what-matters/
29 Jul 2021

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

➤ ယခု ဆန်းစစ်ချက်အား PDF file ဖြင့် Download ရယူနိုင်ပါသည်။ အကျဉ်းချုပ် ‒ ကမ္ဘာမှာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဦးစားပေးပြီး အင်တိုက် အားတိုက် လုပ်ကြ၊ ကာကွယ်ဆေး ထိုးနှံရေး အတွက် မဟာဗျူဟာတွေ ချမှတ်နေ ကြပေမယ့် မြန်မာမှာတော့ အရင်းအမြစ် မလောက်ငတာ၊ အာဏာသိမ်း စစ် ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်မှု မလုပ်လိုတာ၊ စစ်ကောင်စီဘက်ကလည်း ပေါင်းစပ် ညှိနှိုင်းမှု မရှိတာတွေကြောင့် တကျောင်း တဂါထာ ဖြစ်နေပါတယ်။ ‒ မြန်မာအဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု COVAX ကနေ ကာကွယ်ဆေး ရနိုင်သလို၊ နှစ်နိုင်ငံချင်း ပူးပေါင်း ဆောင်ရွက်မှုအဖြစ် တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတွေက မျှော်မှန်းလို့ […]
15 May 2021

သင်ယူမှု ဆုံးရှုံးခြင်း မဖြစ်စေရန် အရေးကြီးပါသည်

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၅) Download PDF Version ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်-၁၉ ကူးစက် ကပ်ဘေးကြောင့် နိုင်ငံတကာ နည်းတူ မြန်မာနိုင်ငံမှာလည်း စာသင်ကျောင်းတွေကို ပိတ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းခံရပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထု လှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ကျောင်းသား လူငယ်အများအပြား ဦးဆောင် ပါဝင်ခဲ့ကြသလို ဆရာ-ဆရာတွေ၊ကျောင်း-တက္ကသိုလ်တွေနဲ့ သက်မွေး တက္ကသိုလ်တွေကလည်း အကြမ်း မဖက် လှုပ်ရှားမှု (CDM) မှာ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။အာဏာသိမ်း စစ်ကောင်စီက လူထုလှုပ်ရှားမှု ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွဲပြီး အခု (ကိုဗစ် တတိယလှိုင်း အန္တရာယ်ကိုစိုးရိမ်မှုတွေရှိ နေတဲ့ကြားက) ကျောင်းတွေကို ပြန်ဖွင့်ဖို့ ကြိုးစားလာပါတယ်။ တဖက်မှာလည်း “စစ်အာဏာရှင် လက်အောက် – ကျောင်းမတက်ရေး” လှုံ့ဆော်မှုတွေ ရှိပါတယ်။ ဒီအခြေအနေတွေ ကြားထဲမှာ သင်ယူလေ့လာမှု ဆုံးရှုံးခြင်းများ (Learning losses) မဖြစ်စေရေးဟာ အလေးထားသင့်တဲ့ အကြောင်းအချက်တခု ဖြစ်လာပါတယ်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ ∎ ဆိုလိုရင်း အနှစ်ချုပ် နိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ချမှတ် ကျင့်သုံးကြတဲ့ မူဝါဒတွေမှာ လူသားရင်းမြစ် (Human capital) နဲ့လူ့အဖွဲ့အစည်းပေါ် ရင်းနှီး မြှုပ်နှံမှုတွေကို အများအပြား လုပ်ကြပါတယ်။ အထူးသဖြင့် ပညာရေး ကဏ္ဍက အရေးကြီးပါတယ်။လူတဦးချင်း ထုတ်လုပ်နိုင်စွမ်း တိုးတက်ဖို့အတွက် ကျွမ်းကျင်မှုတွေ ဖြည့်ဆည်း ပေးရပါတယ်။ စီးပွားရေးစနစ် တခုလုံးအတွက်တော့ ပြောင်းလဲလာတဲ့ နည်းပညာတွေကို အမီလိုက်ဖို့ ပညာရေးအခံ လိုအပ်ပါတယ်။ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (OECD) အစီရင်ခံစာ (၂၀၂၀) ရဲ့ ဖော်ပြချက်မှာ ပါရှိတဲ့ သုတေသနတွေအရ ကျောင်းတွေ ပိတ်ထားရတာကြောင့် တတန်းကနေ ၁၂ တန်း ပညာရေး ဆုံးရှုံးရသူ ကျောင်းသားတွေဟာ သူတို့ ဘဝ တသက်တာမှာ လစာဝင်ငွေ သုံးရာခိုင်နှုန်းအထိ လျော့နည်းသွားဖွယ် ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတွေအနေနဲ့တော့ ကျန်ရာရှိတဲ့ ရာစုနှစ် တလျောက်လုံး အခုလိုသင်ယူလေ့လာမှု ဆုံးရှုံးမှု အတွက် GDP ရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်းသွားဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်။အထူးသဖြင့် အခွင့်အရေးနည်းတဲ့၊ ချို့ငဲ့တဲ့ ကျောင်းသား တွေအပေါ် ထိခိုက် သက်ရောက်မှု ပိုကြီးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက် ကပ်ဘေးကြောင့် ပြီးခဲ့တဲ့ ပညာသင်နှစ်ကို ရပ်နားခဲ့ရပါတယ်။ အခုအခါမှာ စစ်အာဏာသိမ်းမှုကြောင့် လူငယ်တွေအပါအဝင် လူအများစုရဲ့ အနာဂတ်ဟာ မရေရာမှုတွေ ဖြစ်လာပါတယ်။ စစ်အာ သိမ်းမှုကြောင့် ဖြစ်လာတဲ့အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုတွေကို (ခေတ်အဆက်ဆက် လူထု တော်လှန်ရေးများနည်းတူ) လူငယ်တွေကပဲအစပျိုး ဦးဆောင်ခဲ့ကြပါတယ်။ အာဏာသိမ်း စစ်ကောင်စီက အကြမ်း ဖက် ဖြိုခွဲမှုတွေ လုပ်ခဲ့တဲ့အပြင် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျန်းမာရေးနဲ့ ပညာရေး နယ်ပယ်က ပညာရှင်၊ ဝန်ထမ်းတွေကိုလည်း အလုပ်ဖြုတ်တာ၊ ပုဒ်မ ၅၀၅-က တပ်ပြီးတရားစွဲဆို အမှုဖွင့် ဖမ်းဆီးတာတွေ လုပ် ဆောင်နေပါတယ်။ ဒီကြားထဲမှာပဲ စစ်ကောင်စီက တက္ကသိုလ်ဆိုင်ရာ အဆင့်မြင့်ပညာသင်တန်းတွေကို မေလ ထဲမှာ ဖွင့်စေခဲ့ပြီး၊ ဇွန်လပိုင်းမှာ အခြေခံ ပညာကျောင်းတွေ ပြန်ဖွင့်ဖို့ ကြော်ငြာပါတယ်။ တဖက်မှာလည်းအာဏာသိမ်း စစ်ကောင်စီကို ဖီဆန်တဲ့ အနေနဲ့ “စစ်အာဏာရှင်အောက်က ပညာရေးကို ဆန့်ကျင်ရေး”၊ “ကျောင်းမတက်ရေး” လှုပ်ရှား တောင်းဆိုမှုတွေ ဖြစ်လာသလို တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား အများစုကလည်း ကျောင်းမတက်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။ ပိုစိုးရိမ်စရာ တခုကတော့ တက္ကသိုလ် ပရိ၀ုဏ်အတွင်းမှာ ဗုံးပေါက်ကွဲမှုလို ကိစ္စမျိုးတွေဖြစ်လာနေတာပါပဲ။ ဒီအခါမှာ နိုင်ငံရေးဘောင်ကို ကျော်ပြီး ပညာရေးကို စဉ်းစား သင့်ပါသလား၊ သင်ယူလေ့လာမှု ဆုံးရှုံးခြင်းတွေ ဖြစ်ခဲ့ရင်ကျောင်းသား လူငယ်တဦးချင်း သာမက လူ့အဖွဲ့အစည်း၊ နိုင်ငံ၊ စီးပွားရေးစနစ် တခုလုံးအပေါ် ဘယ် လောက် သက်ရောက် နစ်နာနိုင်ပါသလဲ။ မူဝါဒ ချမှတ်သူများ၊ တော်လှန်ပြောင်းလဲရေးလိုလားသူများအနေနဲ့ စနစ်တကျ လေ့လာချင့်ချိန် ဆုံးဖြတ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ∎ ဘာကြောင့် အလေးထားသင့်သလဲ OCED/ Harvard survey (2020 May) လေ့လာချက်တွေအရ ကိုဗစ်-၁၉ ကူးစက် ကပ်ဘေးကြောင့် ကျောင်းများ ပိတ်ထားရတဲ့အခါသင်ယူလေ့လာ ဆုံးရှုံးမှု၊ စီးပွားရေး သက်ရောက်မှုတွေ သာမက၊ ကျောင်းသား တဦးချင်း (ကလေးများနဲ့ အရွယ်ရောက်စ လူငယ်များ) ရဲ့ လူမှု- စိတ်ခံစားမှုပိုင်းဆိုင်ရာ၊ စိတ်အားထက်သန်မှု ဆိုင်ရာ ဖွံ့ဖြိုးမှု တွေအပေါ် များစွာ သက်ရောက်တယ်လို့ ဖော်ပြပါတယ်။ အကြောင်းကတော့ စာသင်ခန်းဖော်များနဲ့ ထိတွေ့ ဆက်ဆံရမှု လျော့နည်းနေရလို့ ဖြစ်ပါတယ်။ UNICEF ရဲ့ ဖော်ပြချက်တွေအရ အသက်ငယ်ရွယ်စဉ် အချိန်ကစလို့ လေ့လာသင်ယူမှု ရရှိနိုင်မှုဟာ ကလေးသူငယ် အခွင့်အရေး တခုဖြစ်ပြီး၊ ကမ္ဘာကုလသမဂ္ဂက ချမှတ်ထားတဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေး ပန်းတိုင်များ (SDG 2030) မှာလည်း အရေးပါတဲ့ ပစ်မှတ်ထားရည်မှန်းချက်တခု ဖြစ် တာကြောင့် အလေးထားသင့်ပါတယ်။ ∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား မြန်မာနိုင်ငံရဲ့ အခြေအနေက မိအေးနှစ်ခါနာ ပုံစံမျိုးပါပဲ။ ကိုဗစ်ကပ်ဘေးကြောင့် ထိခိုက် နစ်နာခဲ့ရတာတွေကို ပြန်လည် ကုစားဖို့မစွမ်းနိုင်သေးတဲ့အချိန်မှာ စစ်အာဏာ သိမ်းမှုကြောင့် မသေချာ၊ မရေရာမှုတွေ ပြည့်နှက်ပြီး တ ဖြည်းဖြည်း ပြိုလဲသွားမယ့် ဘက်ကို ဦးတည်နေပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ စံသတ်မှတ်ချက်တွေအရ ပညာရေး နိမ့်ကျတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ပညာရေး အသုံးစရိတ်ဟာGDP ရဲ့ နှစ်ရာခိုင်နှုန်းလောက်ပဲ သုံးစွဲနိုင်ပါတယ်။ ဒီသုံးစွဲမှုဟာ NLD အစိုးရလက်ထက်ရောက်မှ ရောက်လာတာ ဖြစ်ပြီး၊ ၂၀၁၀ပြည့်နှစ် မတိုင်ခင် စစ်အစိုးရလက်ထက်မှာ အဲဒီလောက်တောင် သုံးစွဲမှု မရှိခဲ့ပါဘူး။ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ၂၀၁၅ ခုနှစ် စစ်တမ်း ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ အသက် ၃-၅ နှစ်ကြားကလေး ၂၀ ရာခိုင်နှုန်းဟာ စနစ်တကျ ဖွဲ့စည်းထားတဲ့ ကျောင်းစာ (သင်ယူမှု) မလုပ်နိုင်ပါဘူး။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရအသက် ၆-၁၀ ကြား ကလေး ၈၁ ရာခိုင်နှုန်းကပဲ မူလတန်းကျောင်းကို တက်ရောက် နိုင်ပါတယ်။ အသက် ၁၀-၁၉ နှစ်ကြားကလေးတွေမှာလည်း ကျောင်းထွက်ရမှုနှုန်း မြင့်မားပါတယ်။ အသက် ၁၇ နှစ်မှာ ကျောင်းထွက်ရသူ ၃၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သန်းခေါင်စာရင်း (၂၀၁၄) အရ တွေ့ရှိရပါတယ်။ အသက် ၃-၁၇ နှစ်အကြား ကလေး ၁၈၄,၀၀၀ ဦးဟာလည်း မြန်မာနိုင်ငံပဋိပက္ခစစ်ပွဲများ ဖြစ်ပွားရာဒေသတွေ မှာ ကြီးပြင်း နေရပါတယ် (UNICEF)။ ကမ္ဘာ့ဘဏ် ဖော်ပြချက်တွေအရ ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံက တက္ကသိုလ်တွေနဲ့ အဆင့်မြင့် ပညာရေးဌာနတွေမှာ သင်ကြား နေတဲ့ဆရာ၊ ဆရာမ ၂၆,၀၀၀ ကျော် ရှိပါတယ်။ CDM လှုပ်ရှားမှုကြောင့် ဆရာ-ဆရာမပေါင်း ၁၁,၀၀၀ ကျော်ကို အရေးယူ ထုတ်ပစ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက မေ ၁၁ ရက်မှာ ဖော်ပြပါတယ်။ ဖမ်းဆီးခံရသူ ၃,၈၀၀ ကျော်မှာ ဆရာ-ဆရာမ ၄၇ ဦး ပါဝင်ပြီး၊၁၅၀ ကျော်ကိုလည်း ၀ရမ်းထုတ်ထားပါတယ်။ ဒီလုပ်ဆောင်မှုတွေက ရှိထားပြီးဖြစ်တဲ့ လူသားရင်းမြစ်နဲ့ လူ့အဖွဲ့အစည်းအတွင်းက ရင်းနှီးမြှုပ်နှံမှုတွေမှာ ဂေဟစနစ် ပျက်သုဉ်းတဲ့အထိ ဆိုးကျိုးဖြစ်စေပါတယ်။ အချိန်တိုအတွင်း ပြန်လည် ကုစားနိုင်ဖို့ ခက်ခဲပါမယ်။ မြန်မာနိုင်ငံမှာ ပညာရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အမျိုးသား ပညာရေး မဟာဗျူဟာအစီအစဉ် (NESP 1) ၂၀၁၆ -၂၀၂၁ နဲ့ (NESP 2) ၂၀၂၁-၂၀၃၀ တို့ကို ပြင်ဆင်နေပါတယ်။ အခု စစ်အာဏာ သိမ်းလိုက်တာကြောင့်စစ်ကောင်စီ အုပ်ချုပ်ရေးကို ကျောင်းဆရာ-ကျောင်းသား အများစုက ပူးပေါင်း ဆောင်ရွက်မှု မလုပ်တော့ပါဘူး။ ဒါ့အပြင် NESP 2 အကောင်အထည်ဖော်မှုတွေမှာ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုနဲ့ ရန်ပုံငွေ ရရှိမှုအပိုင်းတွေမှာလည်း အခက်အခဲများစွာကြုံတွေ့ရမှာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုကြောင့် ဖြစ်စေ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပုံသဏ္ဌာန် မျိုးစုံနဲ့ ပါဝင်လုပ်ဆောင် နေရတာကြောင့် ဖြစ်စေ သင်ယူလေ့လာမှု ဆုံးရှုံးခြင်းတွေ (Learning losses) ရှိလာတော့မှာ ဖြစ်ပါတယ်။အထူးသဖြင့် အခြေခံအဆင့်ကျောင်းပညာရေးကိစ္စက အထူးအလေးထား စဉ်းစားသင့်ပါတယ်။ ကလေးသူငယ်တွေ ကျောင်းတက်ခွင့် ဆုံးရှုံးရမယ်ဆိုရင် သူတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးခွင့်၊ လူမှုဆက်ဆံရေး အတွေ့အကြုံ ကျယ်ပြန့်ခွင့်တွေသာမက မိဘတွေရဲ့စားဝတ်နေရေးကအစ တိုင်းပြည်အနာဂတ်အဆုံး အကုန် ထိခိုက်မှာဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေအနေနဲ့ ကျောင်းနေရွယ်ကလေးကို အိမ်မှာထား စာသင်ပေးတဲ့ အိမ်ကျောင်း၊ ပုဂ္ဂလိက ကျောင်း၊ နိုင်ငံရပ်ခြားကကျောင်း စတာတွေကို မထားနိုင်သလို၊ သားသမီးငယ်တွေကို ကျောင်း မပို့နိုင် လို့ လူကြီးတယောက်ယောက် အိမ်မှာ စောင့်ရှောက်သူအဖြစ် နေနေရတဲ့အခါမိသားစုဝင်ငွေ ရှာနိုင်စွမ်း နည်းပါးသွားမှာမျိုးကိုလည်း လျော့မတွက်သင့် လှပါဘူး။ အလားတူ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်းကနေ၊ ပြည်သူ အချင်းချင်း ကျောင်းသား အချင်းချင်း အမုန်းပွားတာကစလို့ အကြမ်းဖက်တာ အထိ မဖြစ်စေဖို့ ဂရုထားသင့်ပါတယ်။ ဒါကြောင့် ပညာရေးအတွက် မူဝါဒပဲ ဖြစ်ဖြစ်၊ လှုံဆော်လှုပ်ရှားမှုတွေပဲ ဖြစ်ဖြစ် ချမှတ်ရာမှာ ရေတိုသက်သက် မကြည့်ဘဲ ရှေရှည်ကို ဘက်စုံထောင့်စုံ လက်တွေ့ကျကျ စဉ်းစားသင့်ပါတယ်။ ဥပမာအားဖြင့် အပြိုင် ပညာရေးစနစ်တွေကို ကျယ်ကျယ်ပြန့်ပြန့် မဖန်တီးပေးနိုင်သေးတဲ့ ကာလမှာ ဒီမိုကရေစီနဲ့ ဖယ်ဒရယ် တန်ဖိုးတွေနဲ့ လျော်ညီတဲ့ သမိုင်းနဲ့ တိုင်းရင်းသား မိခင်ဘာသာစကားလိုသင်ရိုးတွေကို စာသင်ကျောင်းတွေမှာ ဖြည့်စွက် သင်ကြားနိုင်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်တာမျိုးက ပညာရေးလည်း အဆက်မပြတ်စေဘဲ လှုပ်ရှားမှုကိုလည်း လူတိုင်းပါဝင်နိုင်တဲ့ နည်းနဲ့ ဆက်ထိန်းနိုင်ဖို့ လမ်းစတခုမို့ အကျိုး များနိုင်ပါတယ်။ ဒီဥပမာအပြင် အခြား ပိုမိုကောင်းမွန်တဲ့ ထိုးထွင်း ဖန်တီးမှုရှိတဲ့ နည်းနာတွေကိုလည်း ၀ိုင်းစဉ်းစားသင့်ပါတယ်။ ဒါ့အပြင် မိဘေတွအနေနဲ့ အခြေခံပညာအဆင့်က သူတို့သားသမီးတွေရဲ့ အနာဂတ်ကို စီမံပုံဖော်ပိုင်ခွင့်၊ ကျောင်သားတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေကို ဒီမိုကရေစီစနစ်ရဲ့ တန်ဖိုးထားမှု တခုဖြစ်တဲ့ လူတဦးချင်းစီရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်အဖြစ် လေးစား အသိမှတ်ပြုဖို့ လိုအပ်ပါတယ်။ ငါဖြစ်စေချင်တာနဲ့ မတူ ငါ့ရန်သူဆိုပြီး မိဘနဲ့ ကျောင်းသားတွေကို အပြစ်တင် ရန်-ငါခွဲနေမယ့်အစား စစ်အာဏာရှင်စနစ်ကို ပြည်သူအားလုံး သူ့နည်းနဲ့သူ၊ သူတတ်နိုင်တဲ့ အခြေနေဘောင်ထဲက တိုက်ပွဲဝင်နိုင်အောင် တီထွင် ကြံဆမှုရှိတဲ့ တိုက်ပွဲပုံစံတွေကို ဖန်တီး ဖော်ထုတ်ပေးတာ၊ ချိတ်ဆက် ထိရောက်အောင် ဆောင်ရွက်ပေးတာကသာလျှင် အသင့်တော်ဆုံး နည်းလမ်းတခု ဖြစ်နိုင်ပါမယ်။ ပစ်မှတ်မလွဲဖို့ တန်ဖိုးထားမှုမသွေဖည် လိုအပ်လှပါတယ်။ အချုပ်ကတော့ သင်ယူလေ့လာမှု ဆုံးရှုံးခြင်းကို ကုစားနိုင်ဖို့နဲ့ (စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကာလအတွင်း) ပညာ ဆက်သင်လိုသူတွေ အခွင့်အရေး မဆုံးရှုံးစေဖို့ ပညာရေးမူဝါဒကို ဘယ်လို ဖော်ဆောင်ကြမလဲ၊ စာသင်ကြားရေးနဲ့ ပတ်သက်တဲ့ လှုံဆော်လှုပ်ရှားမှုတွေကို ဖော်ဆောင်ရာမှာ အင်အားစု အသီးသီးက ရေတိုသာမက ရေရှည်ပါ ထည့်စဉ်းစားတဲ့ လက်တွေ့ကျကျ ပြင်ဆင်မှုတွေ ပြုလုပ်ကြရပါတော့မယ်။
30 Apr 2021

ကိုဗစ်-၁၉ တတိယလှိုင်းနှင့် လူသားလုံခြုံမှု

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၃) Download PDF Version ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရချိန်ကစပြီး မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်နေကြ၊ ပေးဆပ်နေကြတဲ့ အချိန်မှာ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် ၁၉ ကပ်ဘေးကြီးကလည်း ပျံ့နှံနှုန်း ပိုမို မြန်ဆန်၊ အသေအပျောက်နှုန်း ပိုများတဲ့ တတိယလှိုင်းအဖြစ်နဲ့ ထပ်မံ ခြိမ်းခြောက်လာပြန်ပါပြီ။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ ဧပြီ ၂၁ ရက်နေ့ တရက်ထဲမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၁၀,၀၀၀ ကျော် တွေ့ခဲ့ပါတယ်။ နောက်ထပ် အိမ်နီးချင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာလည်း ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုုင်းကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် တတိယလှိုင်းမှာတော့ နေ့စဉ်နဲ့အမျှ ရောဂါပိုး ကူးစက်ခံရသူပေါင်း […]
8 Jul 2020

စီးပွားရေးကဏ္ဍ စောင့်ကြည့်ရမည့် အရေးကြီးဖြစ်စဉ်များ (၄)

မေလ ၁ ရက်နေ့တွင် ဖြန့်ချိခဲ့သော ISP-Myanmar ၏ COVID-19 Special series ဒုတိယမြောက်စာအုပ်မှ စတင်၍ စီးပွား ရေးကဏ္ဍ စောင့်ကြည့်ရမည့် အရေးကြီးဖြစ်စဉ်များကို မှတ်တမ်းတင် ဖော်ပြခဲ့ပါသည်။ ယခု စတုတ္ထမြောက်စာအုပ်တွင်လည်း ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၆ ရက်နေ့အထိ ရရှိသော အချက်အလက်များကို အခြေပြုပြီး ထူးခြားချက်များကို ဆက်လက်၍ စုစည်းဖော်ပြအပ်ပါသည်။ မြန်မာ့စီးပွား အကျုံ့ ကမ္ဘာဘဏ် အစီရင်ခံစာ Myanmar Economic Monitor (မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ) အဖြစ် ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ကမ္ဘာတဝန်းဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြောင့် မြန်မာ့ စီးပွားရေး အကြီးအကျယ် ထိခိုက်နစ်နာဖွယ် ရှိသည်ဟု ဖော်ပြထားသည်။ တွက်ချက်မှုများအရ ဘဏ္ဍာရေးနှစ် […]
25 May 2020

စီးပွားရေးကဏ္ဍ စောင့်ကြည့်ရမည့် အရေးကြီးဖြစ်စဉ်များ (၃)

မေလ ၁ ရက်နေ့တွင် ဖြန့်ချိခဲ့သော ISP-Myanmar ၏ COVID-19 Special series ဒုတိယမြောက်စာအုပ်မှ စတင်၍ စီးပွား ရေးကဏ္ဍ စောင့်ကြည့်ရမည့် အရေးကြီးဖြစ်စဉ်များကို မှတ်တမ်းတင် ဖော်ပြခဲ့ပါသည်။ ယခုစာအုပ်တွင်လည်း ထူးခြားချက်များကို ဆက်လက်၍ စုစည်းဖော်ပြအပ်ပါသည်။ စီးပွားရေးအရ ကြံ့ကြံ့ခံနိုင်စွမ်း (Economic resiliency) ကမ္ဘာ့ဘဏ်၏ ဧပြီ ၁ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းကို ၃ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ လျော့ကျမည်ဟု ဖော်ပြထားသည်။ သို့ရာတွင် တရားဝင်ကဏ္ဍများကိုသာ တွက်ဆထားခြင်းဖြစ်ရာ တရားမဝင် ကဏ္ဍ များအပေါ်လည်း သက်ရောက်မှု ကြီးမားနိုင်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အစီရင်ခံစာအရ “ဧပြီလတွင် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း ဆက်တိုက် သုံးလ ကျဆင်းခဲ့သည်ဟု ဆိုသည်။ […]
1 May 2020

စောင့်ကြည့်ရမည့် အရေးကြီးဖြစ်စဉ်များ (၂)

စီးပွားရေးအရ ကြံ့ကြံ့ခံနိုင်စွမ်း (Economic resiliency) ကမ္ဘာ့ဘဏ်၏ ဧပြီ ၁ ရက် ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းကို ၃ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ လျော့ကျမည်ဟု ဖော်ပြထားသည်။ သို့ရာတွင် တရားဝင် ကဏ္ဍများကိုသာ တွက်ဆထားခြင်းဖြစ်ရာ တရားမဝင် ကဏ္ဍများအပေါ်လည်း သက်ရောက်မှု ကြီးမားနိုင်သည်။ (က) ပုဂ္ဂလိက လုပ်ငန်းများ ယိုင်နဲ့လာမှု နှင့် လူမွဲအဖြစ် ခံယူလာရနိုင်မှု [အန္တရာယ် – မြင့်မား] Covid-19 ကူးစက်ကပ်ဘေး ကာလအတွင်း မြန်မာ့စီးပွားရေး လုပ်ငန်းများ ယိုင်နဲ့လာသည်။ တရားဝင် မှတ်ပုံတင်ထားသော လုပ်ငန်း ၉၀၀ နီးပါး ယာယီနှင့် အမြဲတမ်း ပိတ်သိမ်းခဲ့ရသည်။ (ယင်းသည် နိုင်ငံ တခုလုံး စုစုပေါင်း လုပ်ငန်းအားလုံး၏ ၁၂ ရာ ခိုင်နှုန်း ဖြစ်သည်။) အခြားစစ်တမ်း […]