Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
25 Jul 2023 ISP Clips သတိပြုရမည့် နိုင်ငံရေးစတိုရီဇာတ်ကြောင်း ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝီနိုင်း တွေ့ခွင့်ရခဲ့ပြီးနောက်ပိုင်း သတိပြုရမယ့် နိုင်ငံရေးစတိုရီဇာတ်ကြောင်းနဲ့ ပတ်သက်ပြီး အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။ နှစ်ရှည်ထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝီနိုင်း တွေ့ခွင့် ရခဲ့ပြီးနောက်ပိုင်း ဆက်စပ်အခြေအနေတွေအပေါ် ISP-Myanmar ရဲ့ ကနဦးသုံးသပ်ချက် အမှတ်-၁၆ မှာ ဖော်ပြခဲ့ပါတယ်။
14 Jul 2023 ISP's OnPoint ရှေ့တန်းပြန်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍ နှစ်ရှည်ထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၉ ရက်က နေပြည်တော်မှာ တွေ့ခွင့်ရခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ်ဝိနိုင်း (Don Pramudwinai) က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ဒီသတင်းမှန်ကန်ကြောင်း အတည်ပြုပါတယ်။
26 Jun 2023 ISP Clips ငါးလအတွင်း အရပ်သား သေဆုံးမှု စံချိန်တင် မြင့်တက် ၂၀၂၃ ခုနှစ် ပထမငါးလတာကာလအတွင်း နိုင်ငံတဝန်းမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှု တွေက ဆက်လက်မြင့်တက်ခဲ့ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုအစီအစဉ်မှာ အာဏာသိမ်းမှုအလွန် နောက်ဆက်တွဲ ပဋိပက္ခတွေကြောင့် အရပ်သားသေဆုံးမှု အခြေအနေကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
19 Jun 2023 ISP Clips စစ်ကိုင်းဖိုရမ်နှင့် မျှော်မှန်းချက်သုံးရပ် ၂၀၂၃ ခုနှစ် မေ ၃၀ ရက်နဲ့ ၃၁ ရက်မှာ ပထမအကြိမ် စစ်ကိုင်းဖိုရမ်ကို ကျင်းပခဲ့ပါတယ်။ ဒီတပတ် ISP-Myanmar ရဲ့ မြင်ကွင်းကျယ်မှတ်စု အစီအစဉ်မှာ ဒီဖိုရမ်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေအပြင် စစ်ကိုင်းတိုင်းအတွင်းက လက်နက်ကိုင်ပဋိပက္ခ အခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြား ဖော်ပြထားပါတယ်။
14 Jun 2023 Data Matters • What Matters ၂၀၂၃ ခုနှစ် ပထမငါးလတာအတွင်း အရပ်သား သေဆုံးမှု စံချိန်တင် မြင့်တက်လာ ၂၀၂၃ ခုနှစ် ပထမငါးလတာအတွင်း လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် အရပ်သား ၇၄၈ ဦးထက်မနည်း စံချိန်တင် သေဆုံးခဲ့ပါတယ်။ အဲ့ဒီအရပ်သားသေဆုံးမှု အရေအတွက်ဟာ အရင်နှစ်တနှစ်လုံးမှာ သေဆုံးခဲ့တဲ့ အရပ်သားစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းနီးပါး အထိ ရှိပါတယ်။
29 May 2023 ISP Clips EAOs-PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်မှု ပြန်များလာ အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံအနှံ့မှာ လက်နက်ကိုင်တိုက်ပွဲပေါင်း ၉,၃၀၀ ကျော် ဖြစ်ခဲ့ပါတယ်။ အခုနှစ် လေးလအတွင်းမှာတော့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ပြန်များလာခဲ့ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခအခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
22 May 2023 ISP's OnPoint ဆိုင်ကလုန်းမိုခါ၊ အယ်လ်နီညိုရှေ့ပြေးနှင့် မြန်မာ့ပဋိပက္ခအနာဂတ် ဆိုင်ကလုန်းမိုခါဟာ မြန်မာနိုင်ငံမှာ ၂၀ဝ၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းပြီးရင် ထိခိုက်ဆုံးရှုံးမှုအများဆုံး မုန်တိုင်းဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ် အော်မှာဖြစ်ပွားခဲ့တဲ့ မုန်တိုင်းတွေထဲမှာ Saffir–Simpson Hurricane Wind Scale (SSHWS) အဆင့်ငါးရှိတဲ့ တတိယမြောက်မုန်တိုင်း ဖြစ်ပါတယ်။ ဒီမုန်တိုင်းနဲ့ဆက်စပ်ပြီး မြန်မာနိုင်ငံအတွက် ဆက်စပ်စဉ်းစားရမယ့် အဓိက အချက်သုံးချက် တွေ့ရပါတယ်။
17 May 2023 Data Matters EAOs-PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်မှု ပြန်များလာ စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲပေါင်း ၉,၃၄၇ ကြိမ်ထက် မနည်း ဖြစ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ပထမ လေးလလပတ်အတွင်း နိုင်ငံအနှံ့ တိုက်ပွဲပေါင်း ၁,၄၀၇ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ ဒီအထဲကမှ ၅၈ ရာခိုင်နှုန်းကျော်ဟာ တိုင်းရင်းသားလက်နက်ကိုင် (EAOs) နဲ့ ဒေသခံကာကွယ်ရေးတပ် (PDFs) တွေရဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီအကြား ဖြစ်ခဲ့ပါတယ်။ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီအကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ ၂၀၂၂ ခုနှစ် ဇွန်လနောက်ပိုင်း အရေအတွက်အများဆုံးကို ပြန်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
15 May 2023 ISP Clips အာဏာသိမ်းမှုအလွန် စစ်အသုံးစရိတ် သုံးဆနီးပါး မြင့်မားလာ အာဏာသိမ်းမှုအလွန်မှာ စစ်အသုံးစရိတ်ဟာ သုံးဆနီးပါး မြင့်မားလာပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ အာဏာသိမ်းမှုအလွန် စစ်ကောင်စီရဲ့ ဘတ်ဂျက်ခွဲဝေမှု အခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြား ဖော်ပြထားပါတယ်။
8 May 2023 ISP Clips ပြည်တွင်း စစ်ပြေးဒုက္ခသည် နှစ်သန်းခွဲကျော် ရှိလာ စစ်အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်း စစ်ပြေးဒုက္ခသည် အရေအတွက်က နှစ်သန်းခွဲကျော် ရှိလာခဲ့ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ နိုင်ငံအနှံ့ စစ်ပြေးဒုက္ခသည် အခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြား ဖော်ပြထားပါတယ်။
27 Apr 2023 Data Matters စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းခွဲကျော် တိုးလာ စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဧပြီ ၂၀ရက်အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် ပြည်တွင်းစစ် ပြေးဒုက္ခသည်အရေအတွက် ၂,၆၉၄,၅၆၇ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ အာဏာမသိမ်းမီကာလ ကတည်းက ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်က ၄၉၇,၂၀၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။
25 Apr 2023 ISP Clips စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပိုများလာ အခုနှစ် ပထသုံးလအတွင်း နိုင်ငံအနှံ့ တိုက်ပွဲတွေရဲ့ ထက်ဝက်ကျော်ဟာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တွေအကြားမှာ ဖြစ်ခဲ့တာပါ။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ နိုင်ငံအနှံ့လက်နက်ကိုင်ပဋိပက္ခ အခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြား ဖော်ပြထားပါတယ်။
17 Apr 2023 ISP Clips ရှမ်း-ကယားဒေသ၌ ထိုးစစ် အရှိန်မြှင့် အာဏာသိမ်းမှုအလွန် တော်လှန်ရေး အားကောင်းနေတဲ့ ဒေသအများစုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီး ထိုးစစ်ဆင်နေခဲ့ပါတယ်။ ဒါကြောင့် ရှမ်းနဲ့ကယားပြည်နယ် မှာ တိုက်ပွဲတွေ သိသိသာသာ တိုးလာ ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ရှမ်း-ကယားဒေသ လက်နက်ကိုင်ပဋိပက္ခ အခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြား ဖော်ပြထားပါတယ်။
10 Apr 2023 Data Matters ရှမ်း-ကယားဒေသ၌ စစ်ကောင်စီ ထိုးစစ် အရှိန်မြှင့် ၊ စစ်အုပ်ချုပ်ရေးအလွန် နှစ်လအတွင်း တိုက်ပွဲဖြစ်မှု သုံးဆကျော် တိုးလာ စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်ချိန်မှာ ခုခံတွန်းလှန်မှု အားကောင်းနေတဲ့ ဒေသတွေထဲက နေရာအများစု ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီး ဦးတည်ထိုးစစ်ဆင်မှု လုပ်နေပါတယ်။ ကယားပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေ ပိုမိုပြင်း ထန်လာပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုများလာပါတယ်။