Topics

Conflict, Peace & Security

28 Nov 2023

ဆင်သွားရင် လမ်းဖြစ်တဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေနှိမ်နင်းရေး

မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၈၀) ‘စစ်ဆင်ရေး ၁၀၂၇’ အရှိန်မြင့်လာတာနဲ့အတူ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပြင်းပြင်းထန်ထန်ချေမှုန်းလာပါတယ်။ I SP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ဒီအကြောင်းခြင်းရာကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။ ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။
25 Nov 2023

နိုင်ငံအနှံ့ မြို့နယ်စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်း၌ တိုက်ပွဲများဖြစ်ပွား

အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၂၂၁ ခုထက်မနည်း (မြို့နယ်စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်း)၌ လက်နက်ကိုင်တိုက်ပွဲပေါင်း ၁၂,၂၂၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအတွင်း နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၁၁၀ ထက်မနည်းတွင် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် မြို့နယ် ၇၇ ခု၊ ၂၀၂၃ ခုနှစ်တွင် ‘စစ်ဆင်ရေး ၁၀၂၇’စတင်ပြီးနောက် (နိုဝင်ဘာလအထိ) မြို့နယ် ၃၄ ခု၊ စုစုပေါင်း ၁၁၁ မြို့နယ် ထပ်တိုးလာခဲ့သည်။ အောက်ဖော်ပြပါ မြေပုံသုံးခုတွင် အာဏာသိမ်းမှုအလွန် လက်နက်ကိုင်တိုက်ပွဲများ ကျယ်ပြန့်လာသည်ကို နှစ်အလိုက် ပိုင်းခြားဖော်ပြထားပါသည်။
25 Nov 2023

စစ်ဆင်ရေး ၁၀၂၇ နောက်ပိုင်း တိုက်ပွဲများ ကျယ်ပြန့်သက်ရောက်လာမှု

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းတပ်များ၏ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း နိုင်ငံအနှံ့ တိုက်ပွဲများ ကျယ်ပြန့်သက်ရောက်လာမှုအခြေအနေကို နှိုင်းယှဉ်ဖော်ပြထားခြင်းဖြစ်ပါသည်။ အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံအနှံ့ မြို့နယ် ၂၂၁ ခုထက်မနည်းတွင် လက်နက်ကိုင်တိုက်ပွဲပေါင်း ၁၂,၂၂၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ တလတာနီးပါးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကရင်နီဒေသတို့တွင် တိုက်ပွဲပေါင်း ၅၂၅ ကြိမ်ထက်မနည်းဖြစ်ခဲ့သည်။