Topics

Conflict, Peace & Security

2 Apr 2021

အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းကာ တပ်မတော်က အာဏာသိမ်း

ရွေးကောက်ပွဲမဲစာရင်းနှင့်ပတ်သက်ပြီး မသမာမှုများရှိနိုင်သည်ဟု သီတင်းပတ်ပေါင်းများစွာ စွပ်စွဲနေခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းတွင် တပ်မတော်က အာဏာသိမ်းယူလိုက်သည်။ အာဏာသိမ်ယူမှုဖြစ်စဉ်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်များ၊ လွှတ်တော်တက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီမှ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များနှင့် ထင်ရှားသည့် နိုင်ငံရေးသမားများအပါအဝင် ရဟန်းတော်တပါးတို့ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ နိုင်ငံတော်အာဏာအား အဓမ္မရယူရန် ကြိုးပမ်းခြင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ထုတ်ပြန်ပြီး အရေးပေါ်အခြေအနေကြေညာကာ ထိုသို့လုပ်ဆောင်ရခြင်းဖြစ်သည်ဟု တပ်မတော်ဘက်က ပြောဆိုခဲ့သည်။ အရေးပေါ်အခြေအနေကြေညာမှုကို ဒုတိယသမ္မတတဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အရေးပေါ်ကာလကို တနှစ်သတ်မှတ်ပြီး မဲစာရင်းများ ပြန်လည်စစ်ဆေးပြီးပါက […]
27 Mar 2021

အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒ ထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒ ထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာ သိမ် းကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (မတ် ၂၅ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၃၂၀ ဦးထက် မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုး ဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ မတ် ၂၅ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၃၀၅ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းတွင် ပါဝင် ခြင်း မရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။
27 Mar 2021

ဥပဒေကြောင်းအရ တိုက်ပွဲသည်လည်း အရေးကြီးပါသည်

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီဟာ ဥပဒေတွေကို စိတ်ကြိုက် ပြင်ဆင်ပြီး ယခင် စစ်အစိုးရများနည်းတူ နိုင်ငံရေးအရ အရေးဆိုမှုတွေအပေါ် နှိပ်ကွပ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒီအထဲမှာ နိုင်ငံသား အခွင့်အရေးကို ကာကွယ်ပေးတဲ့ ဥပဒေကို ဆိုင်းငံ့လိုက်တာ၊ ရပ်ကျေးဥပဒေ အပါအဝင် ရာဇသတ်ကြီး ဥပဒေပုဒ်မတွေကို ဖွင့်ဆိုချက်အရရော၊ ပြစ်မှု ပြစ်ဒဏ်ကိုပါ တိုးပြီး စိတ်ကြိုက် ပြင်ဆင်လိုက်တဲ့ ကိစ္စရပ်တွေလည်း ပါခဲ့ပါတယ်။ အဲဒီလို ပြင်ဆင်မှုတွေ လုပ်ပြီးတဲ့နောက် ဆန္ဒထုတ်ဖော်မှုတွေကို အကြမ်းဖက် အင်အားသုံး ပစ်ခတ် ဖြိုခွင်းတာတွေ လုပ်ခဲ့သလို၊ အာဏာသိမ်းတဲ့ နေ့ကစပြီး လက်ရှိအချိန်အထိလည်း ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။ ဖမ်းဆီးမှုတွေနဲ့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်တဲ့ လူ့အခွင့်အရေးနဲ့ လူဂုဏ်သိက္ခာ ချိုးဖောက်ခံရခြင်း များစွ ာဖြစ်ခဲ့တာကိုလည်း ပြည်သူတွေက ရယူထားတဲ့ မှတ်တမ်း၊ ဗီဒီယိုတွေမှာ အထင်အရှား တွေ့ခဲ့ရပါတယ်။ ဖမ်းထားတဲ့ သူတွေထဲက တချို့ကို ပြန်လွှတ်ပေးခဲ့တယ် ဆိုပေမယ့် လက်ရှိအချိန်အထိ ဖမ်းဆီး အမှုဖွင့်ခံရသူက ၃၀၀၀ နီးပါး ရှိလာပါပြီ။ ဒီအထဲမှာ အကြောင်းပြချက် တစုံတရာ မရှိဘဲ အဖမ်းခံရသူတွေ ရှိသလို၊ ဖမ်းပြီးတဲ့နောက် ဘယ်နေရာမှာ ရှိနေလဲ ဆိုတာ မသိရသူတွေလည်း ရှိနေပါတယ်။ ဒီအခါ မတရား ဖမ်းဆီးခံရသူတွေ၊ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရသူတွေအတွက် ဥပဒေကြောင်းအရ တိုက်ပွဲဝင်မှုက အရေးကြီးကိစ္စရပ်တခု ဖြစ်လာပါတယ်။
25 Mar 2021

အာဏာရှင်၏ နိုင်ငံရေးအင်အားကို ချည့်နဲ့စေခြင်းက အကြမ်းမဖက် လူထုလှုပ်ရှားမှု၏ အစွမ်းထက်ဆုံး လက်နက်တခု ဖြစ်သည်ဆိုသော အယူအဆ

စစ်အာဏာရှင် စနစ်ရဲ့ အုပ်ချုပ်မှုကို အံတုဖြိုချဖို့ လုပ်ဆောင်ကြတဲ့အခါ အကြမ်းမဖက်တဲ့ ပြည်သူတွေဘက်မှာ ဘယ်လို စွမ်းရည်မျိုးတွေ၊ လက်နက်မျိုးတွေ ရှိဖို့လိုမလဲ။ ထင်ရှားတဲ့ နိုင်ငံရေးသိပ္ပံ ပညာရှင်ဖြစ်တဲ့ Gene Sharp ကတော့ နိုင်ငံရေးအင်အားကိုပဲ အားကိုးဖို့ တိုက်တွန်းခဲ့ပါတယ်။ ပြည်သူက ရွေးကောက်ထားတဲ့ အစိုးရတွေကို ဖယ်ရှား ထိန်းသိမ်းပြီး ရာဇပလ္လင်ပေါ်ကို အာဏာသိမ်း ခေါင်းဆောင်တွေ တက်ထိုင် လိုက်နိုင်တာနဲ့ အာဏာရှင်တွေဟာ တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ ထိန်းချုပ်ခွင့် ရသွားကြတာ မဟုတ်ပါဘူး။ အာဏာသိမ်းယူမှု အထမြောက်ဖို့ ဆိုရာမှာ အာဏာသိမ်း အဖွဲ့အစည်းဟာ အစိုးရ ယန္တရားကို အုပ်စီးမိနိုင်ဖို့ လိုသလို၊ ပြည်တွင်းမှာရှိတဲ့ လူမှု စီးပွားအဖွဲ့အစည်းတွေ၊ ဩဇာတိက္ကမ ကြီးသူ ပုဂ္ဂိုလ်တွေရဲ့ လက်ခံမှုရှိမှ ဖြစ်နိုင်ပါလိမ့်မယ်။ တနည်းအားဖြင့် စစ်အာဏာရှင်တွေက လူ့အဖွဲ့အစည်းရဲ့ ကူညီထောက်ခံမှု မရှိရင်၊ တခါ “နိုင်ငံရေးအင်အား” မရှိရင် အုပ်ချုပ်မှု ယန္တရား လည်ပတ်ဖို့ ခက်ခဲ စေနိုင်လို့ ဖြစ်ပါတယ်။
19 Mar 2021

အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒ ထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာ သိမ်းကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းမှုတွေ၊ ဖမ်းဆီးခံရစဉ် ရရှိတဲ့ ဒဏ်ရာတွေ၊ ရပ်ရွာ လုံခြုံရေးအတွက် ညကင်းစောင့်ရင်း ပစ်ခံရသူတွေ အားလုံးကို ပေါင်းလိုက်ရင် (မတ် ၁၈ ရက်အထိ စာရင်းအရ) သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူအရေအတွက် ၂၂၄ ဦးထက် မနည်းရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ မတ် ၁၈ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၁၈၆ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းတွင် ပါဝင်ခြင်း မရှိသေးဘဲ ကျန်နေသူ အများ အပြားလည်း ရှိနိုင်ပါတယ်။
14 Mar 2021

အာဏာရှင်ဒေါက်တိုင် နောက်ခံနိုင်ငံကြီးများ၏ ဘက်ပြောင်း ထောက်ခံမှုအကြောင်း လေ့လာချက်

အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ အစိုးရတွေဟာ သူတို့ရဲ့ ရပ်တည်ရေးကို ကျောထောက် နောက်ခံပေးမယ့် အင်အားကြီးနိုင်ငံတွေကို အားကိုး တတ်ကြပါတယ်။ ဒီအာဏာရှင် ဒေါက်တိုင်နိုင်ငံကြီးတွေဟာ အာဏာရှင်အစိုးရကို သံတမန်ရေးရာအကာအကွယ်တွေ၊ စီးပွားရေး အကူအညီတွေ၊ လက်နက် ရောင်းပေးတာတွေ ပြုလုပ်ပါတယ်။ အခြားတဖက်မှာတော့ အပြန်အလှန်အနေနဲ့ အဲ့ဒီနိုင်ငံရဲ့ သယံဇာတ ထုတ်ဖော်ခွင့်တွေ၊ စီးပွားရေး လက်ဝါးကြီး အုပ်တာတွေ၊ မဟာဗျူဟာအရ စီမံကိန်းတွေ အကောင်အထည် ဖော်ရေးတွေကို ဆောင်ရွက်ကြပါတယ်။ ဒါကြောင့် အာဏာရှင်နိုင်ငံတွေမှာ ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားမှုတွေ ဖြစ်လာတဲ့အခါမှာ ဒေါက်တိုင် အင်အားကြီးနိုင်ငံတွေဟာ အာဏာရှင်ကိုပဲ ဆက်ထောက်ခံရမလား၊ ဒါမှမဟုတ် အာဏာရှင်ကို ထောက်ခံမှု ရုပ်သိမ်းပြီး ဒီမိုကရေစီရေး လှုပ်ရှားမှုကို ပြောင်းလဲ ထောက်ခံရမလား ဆိုပြီး ရွေးချယ်မှု အကျပ်အတည်းကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီလိုအခြေအနေမှာ အာဏာရှင် ဒေါက်တိုင်နိုင်ငံကြီးရဲ့ ဘက်ပြောင်းရေး၊ မပြောင်းရေး ဆုံးဖြတ်ချက်တွေအပေါ် ဘယ်အချက်တွေက လွှမ်းမိုးနေသလဲဆိုတာ လေ့လာသင့်ပါတယ်။
13 Mar 2021

အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒ ထုတ်ဖော်မှုတွေ တနိုင်ငံလုံးမှာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်းကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းမှုတွေကြောင့် လည်းကောင်း၊ ဖမ်းဆီးခံရစဉ် ရရှိတဲ့ ဒဏ်ရာတွေကြောင့် လည်းကောင်း၊ ရပ်ရွာလုံခြုံရေးအတွက် ညကင်းစောင့်ရင် ပစ်ခတ်ခံရမှုတွေကြောင့် လည်းကောင်း မတ် ၁၂ ရက်အထိ သေဆုံးခဲ့ရသူ ပြည်သူအရေအတွက် ၇၂ ဦးထက် မနည်း ရှိခဲ့ပါတယ်။ ထို့အတူ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ မတ် ၁၁ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၆၉ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းတွင် ပါဝင်ခြင်း မရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။
10 Mar 2021

“မီဒီယာကို ကန့်သတ်ဖိနှိပ်တိုင်း မှန်းချက်ပေါက် အောင်မြင်တာ မဟုတ်ဘူး” ဆိုသည့် အယူအဆ

စစ်အာဏာ သိမ်းချိန်မှာ မီဒီယာ လွတ်လပ်ခွင့်ကို ကန့်သတ်တာတွေ၊ ထိန်းချုပ်တာတွေ လုပ်ကြတဲ့အခါ နိုင်ငံတခုနဲ့ တခု၊ အာဏာရှင်တဦးနဲ့ တဦး လုပ်ဆောင်ကြပုံချင်း မတူကြပါဘူး။ အခြားတဖက်မှာလည်း မီဒီယာ တွေအပေါ် အာဏာရှင်တွေရဲ့ ကန့်သတ်မှု လုပ်ငန်းစဉ်တွေဟာ အမြဲတစေ အောင်မြင်မှုရလိမ့်မယ်လို့ မပြောနိုင်တဲ့ အကြောင်းအရာတွေ ရှိပါတယ်။ ဒါကြောင့် သုတေသီ Adam Bourgault က သတင်း မီဒီယာတွေအပေါ် အာဏာရှင်တွေက ကန့်သတ်၊ ချုပ်ခြယ်မှုတွေ လုပ်တဲ့အခါ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကို လွှမ်းမိုးနေတဲ့ အချက်လေးချက် ရှိတယ်လို့ ထောက်ပြထားပါတယ်။ အဲ့ဒီအချက်တွေက (၁) အာဏာသိမ်း အစိုးရရဲ့ အာဏာ ဗဟိုချက်ကို ချုပ်ကိုင်ထားနိုင်မှု စွမ်းရည်နဲ့ အဲ့ဒီအာဏာကို ဖြန့်ကျက်ဖို့အတွက် ဖိနှိပ်ရေး ယန္တရား ပြည့်စုံလုံ လောက်မှု၊ (၂) လူ့အဖွဲ့အစည်းက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အယူ အဆနဲ့ပတ်သက်ပြီး ထားရှိ ခံယူတဲ့ ယဉ်ကျေးမှုနဲ့ ထုံးတမ်းဆိုင်ရာ စံနှုန်းတွေ၊ (၃) သတင်းအချက်အလက်နဲ့ နည်းပညာတွေအပေါ်နိုင်ငံသားတွေရဲ့ လက်လှမ်းမှီမှုနဲ့ (၄) အာဏာသိမ်း ခံရတဲ့ နိုင်ငံမှာရှိတဲ့ သတင်းထောက်တွေ၊ မီဒီယာတွေရဲ့ ပရော်ဖက်ရှင်နယ် ပီသမှု စတဲ့ အချက် လေးချက်ပဲ ဖြစ်ပါတယ်။
9 Mar 2021

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကာလ အမျိုးသမီးများ၏ ပါဝင်မှုအပေါ် မေးမြန်းထားသည့် စစ်တမ်း

ဒီကနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ကာလအတွင်း အမျိုးသမီးတွေရဲ့ ပါဝင်မှုအပေါ် ကျပန်းသဘော မေးမြန်းထားတဲ့ စစ်တမ်းတခု ပြုလုပ်ခဲ့ပါတယ်။ ဒီစစ်တမ်းမှာ ပါဝင် ဖြေဆိုသူတွေရဲ့ သဘောထား အမြင်အရ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု အားကောင်းတာကို အခိုင်အမာ ပြဆိုနေပြီး၊ အနာဂတ်မှာ အမျိုးသမီး ကျား-မတန်းတူရေး တန်ဖိုးထားမှု အမူအကျင့်တွေလည်း ပိုအားကောင်းလာမယ့် အခြေအနေမှာ ရှိနေပါတယ်။ ထို့အတူ အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲပုံသဏ္ဌာန် တခုဖြစ်သော “ထဘီအလံထူ လှုပ်ရှားမှု”ကိုလည်း လက်ခံသူများပြားခဲ့ပါတယ်။
9 Mar 2021

အမျိုးသမီးများအား ဖိနှိပ်ကန့်သတ်သော ‘အိမ်တွင်းမှု၊ အိမ်ပြင်ပ နယ်ပယ် ခွဲခြားသတ်မှတ်ခြင်း’ အယူမှား

တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို နားလည်ရာမှာ ကျား-မရေးရာရှေးရိုးစွဲ အယူအဆတွေက အလုပ် မဖြစ်တော့ပါဘူး။ ရှေးရိုးစွဲ အယူအဆတွေမှာ အမျိုးသမီးတွေဟာ အိမ်ထောင်ရှင်မများ ဖြစ်တဲ့အတွက် အိမ်တွင်းမှု ကိစ္စများ(ဝါ) မိသားစု အကျိုးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကိုသာ ဆောင်ရွက်ဖို့ ဖြစ်ပြီး၊ အမျိုးသားတွေကတော့ အိမ်ပြင်ပ လုပ်ငန်းဆောင်တာတွေ (ဝါ) အများ အကျိုးနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ခွင့် ရှိတယ်ဆိုပြီး အမျိုးသမီးတွေရဲ့ လုပ်ပိုင်ခွင့်အပေါ် နယ်ပယ် ခွဲခြားမှု လုပ်ခံရတာ ဖြစ်ပါတယ်။ ဒါကြောင့် Carole Pateman တို့လို ပညာရှင်တွေက ‘အိမ်တွင်းမှု၊ အိမ်ပြင်ပ ခွဲခြားသတ်မှတ်ခြင်း’ Public/ Private Dichotomy ဆိုတဲ့ အယူအဆဟာ အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသူတွေအတွက် ရာစုနှစ်များနဲ့ ချီပြီး အဓိက ဆန့်ကျင် တိုက်ဖျက်ခဲ့ရတဲ့ အယူမှား၊ အယူဆိုး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့ခေတ် နိုင်ငံ အတော်များများမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို လေ့လာကြည့်ရင်လည်း ဒီအယူအဆဟာ အထောက်အထားအရလည်း မှားယွင်းနေသလို ခေတ်နဲ့လည်း မဆီလျော်တော့တာကို တွေ့ရပါတယ်။
8 Mar 2021

ကုလသမဂ္ဂ ကြားဝင်အရေးယူမှုအတွက် ဖြစ်တန်ခြေ ညွှန်းကိန်းများ

စစ်အေးကာလ အလွန်ကစပြီး ကမ္ဘာတဝန်းမှာ ဝင်ရောက် အရေးယူဖို့ ကုလသမဂ္ဂကို တောင်းဆို ခဲ့ကြတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းများစွာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဒီ အကျပ်အတည်းတွေအပေါ် အရေးယူ ကိုင်တွယ်မှုတွေက တခုနဲ့တခု ကွာခြားပါတယ်။ တချို့ အရေးကိစ္စတွေမှာ ထိထိရောက်ရောက် အရေးယူမှုတွေ ရှိသလို တချို့ ကိစ္စတွေမှာတော့ မည်ကာ မတ္တလောက် အရေးယူ ဆောင်ရွက်မှုသာ ရှိခဲ့ပါတယ်။ ဒါကြောင့် လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်း‌တွေအပေါ် ကုလသမဂ္ဂရဲ့ ဝင်ရောက်အရေးယူမှု မယူမှုတွေက ဘယ်လို အခြေအနေတွေမှာ မူတည်ပြီး ကွဲပြားသလဲ ဆိုတာက သုတေသီ တွေ အကြား လေ့လာနေဆဲ မေးခွန်းတခု ဖြစ်ပါတယ်။
5 Mar 2021

အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံးခဲ့ရသူများ

အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများကြောင့် သေဆုံးခဲ့ရသူ အရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ် ခံရသူတွေနဲ့ ပစ်ခတ် ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆန္ဒထုတ်ဖော်မှုတွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိဆိုတာကို လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာအချက်လက်များပဲ ဖြစ်ပါတယ်။
5 Mar 2021

ဖိနှိပ်ဖြိုခွဲမှု၏ ကိုယ့်ရှူးကိုယ်ပတ်တတ်သော သဘောတရား

လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသနရှုထောင့်ကနေ အကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍသစ် တခုကို ISP-Myanmar က တင်ဆက်သွားပါမယ်။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန်တိုတိုအတွင်း အလေးထားသင့်တဲ့ ကိစ္စရပ်တွေကို လူတိုင်း လက်လှမ်းမီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ဒီမိတ်ဆက်ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက်နှိုးဆွဖို့ စဉ်းစားဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒီလိုတင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိက ဖြေဆိုဖို့ အားထုတ်ပါတယ်။