Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
25 Jun 2021 What Matters တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၂၃ ရက်အထိ (၂၀၂၁) အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၃) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေ စိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ ● အကြိမ် ၅၀၀ ထက်မနည်း ဖြစ်ပွား စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၄၉၉ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ KNU ရဲ့ထုတ်ပြန်ချက်ကို ကိုးကားထားတဲ့ KIC သတင်းဌာနဖော်ပြချက်အရ စစ်အာဏာ သိမ်းပြီးနောက် မေလအတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၉၃ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၂၈ ဦးသေဆုံးခဲ့ပြီး၊ ၁၈၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဒ့ါအပြင် ချင်းပြည်နယ်၊ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာလည်းဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ကြပါတယ်။ ဧပြီလမှ စပြီး ဇွန် ၂၃ ရက်အထိ အဲဒီ ဒေသတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ၂၂ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ကြပါတယ်။ ● အရပ်သား ၁၁၆ ဦးကျော် သေဆုံး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၁၁၆ ဦးကျော် ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူ ၁၁၀ ဦးကျော် ရှိခဲ့ပါတယ်။ ဒီထဲကမှ ၂၅ ဦး ကျော်ဟာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့တဲ့အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူ ၃၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ ၁၁ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ● စစ်ပြေးဒုက္ခသည် ၁၅၀,၀၀၀ ကျော်တိုးလာ တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ယခုတလအတွင်း စစ်ပြေး ဒုက္ခသည် ၁၅၀,၈၄၆ တိုးလာပြီး၊ စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ပြေး ဒုက္ခသည် အရေအတွက် ၂၂၈,၀၀၀ ဦးကျော် ရှိလာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်ကစပြီး အခု၂၀၂၁ ခုနှစ် ဇွန် တတိယပတ် ကာလအထိ စစ်ပြေး ဒုက္ခသည် အရေအတွက်ကိုကြည့်ရင် ၇၂၅,၅၀၀ ဦးကျော် ရှိလာခဲ့ပါတယ်။ တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေအနက် ၁၀၀,၀၀၀ ကျော်ဟာ ကယား ပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအပြီး ဘေးလွတ်ရာကို တိမ်းရှောင်လာကြတာပဲ ဖြစ်ပါတယ်။ ဒါက ကယားပြည်နယ်အတွင်း ရှိနေသူတွေထဲက သုံးပုံတပုံကျော်ဟာ စစ်ပြေးဒုက္ခသည် ဖြစ်လာကြတာ ဖြစ်ပါတယ်။အလားတူ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်မှာ စစ်ပြေးဒုက္ခသည် ၁၅,၀၀၀ ကျော်၊ စစ်ကိုင်းတိုင်းမှာ ၁၅,၀၀၀ ကျော်၊မကွေးတိုင်းမှာ ၁၀,၀၀၀ ကျော်နဲ့ ဧရာဝတီတိုင်းမှာ ၂,၀၀၀ ကျော်အထိ အသီးသီးရှိလာခဲ့ပါတယ်။ ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်က ၇၀၀,၀၀၀ ကျော်အထိ ရှိလာသလို၊ အရင်ကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်ပမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် အရေအတွက်ကလည်း ၉၇၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ဘင်္ဂလား ဒေ့ရှ်ဘက်ခြမ်းမှာ ရိုဟင်ဂျာဒုက္ခ သည်ပေါင်း ၈၈၀,၀၀၀ ကျော်၊ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်းမှာ စစ်ရှောင်ဒုက္ခသည် ၉၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၂၇) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူး ပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်း အားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
18 Jun 2021 What Matters လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များနှင့် လမ်းကြောင်းနှစ်သွယ် အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၂) Download PDF Version မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက် တိုင်းရင်းသား ဒေသတွေအတွင်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့တွေအကြား လက်နက်ကိုင်ပဋိပက္ခတွေ ပိုမို ကြီးထွားလာပါတယ်။ ဒါ့အပြင် ဒေသအချို့မှာလည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အာဏာသိမ်း စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာပြီး စစ်ဘေးရှောင်ပြည်သူတွေလည်း များပြားလာပါတယ်။ တခါ ရှိရင်းစွဲ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စိန်ခေါ်ချက်တွေအပြင် ကိုဗစ်-၁၉တတိယလှိုင်း ကူးစက်နှုန်းလည်း မြင့်မား လာပါတယ်။ တချိန်တည်းမှာပဲ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲအခြေအနေတွေကို အကြောင်းပြုပြီး နိုင်ငံအတွင်းရှိ လူဦးရေ သုံးသန်းခွဲလောက်ဟာ လာမယ့်လတွေအတွင်း အငတ်ဘေး ဆိုက်နိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ခန့်မှန်းထားပါတယ်။ ဒီအခါမှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စတွေက အရေးကြီးလာပါတယ်။ ∎ ဆိုလိုရင်း အနှစ်ချုပ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေကို တစိုက်မတ်မတ် လုပ်ကြတဲ့ နိုင်ငံတကာ အဖွဲ့ တွေ ကို ယေဘုယျအားဖြင့် အုပ်စုအမျိုးအစားနှစ်ခု ခွဲခြားနိုင်ပါတယ်။ ပထမတခုက နိုင်ငံတကာ ကြက်ခြေနီအသင်းကို တည်ထောင်ခဲ့သူ Henry Dunant ရဲ့ အယူအဆကို လက်ခံကျင့်သုံးတဲ့အုပ်စုဖြစ်ပါတယ်။ ဒီအုပ်စုမှာပါတဲ့ အဖွဲ့တွေက လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး လုပ်ငန်းတွေကို လုပ်တဲ့အခါ နိုင်ငံရေးနဲ့ ရော ယှက်မစဉ်းစားဘဲ ပဋိပက္ခအတွင်း အကူအညီလိုအပ်နေသူတွေအရေးကိုပဲ ဦးစားပေး ဆောင်ရွက်လေ့ရှိပါတယ်။ သူတို့ရဲ့ လုပ်ငန်းစဉ်တွေက ဘက်လိုက်မှု၊ ခွဲခြားမှု ကင်းရှင်းပြီး ကြားနေသဘောနဲ့ အမှီ အခိုကင်းကင်း လုပ်ကြ ပါတယ် (Barnett,2005)။ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC) လို အဖွဲ့အစည်းတွေဟာ ဒီအယူအဆအတိုင်း လုပ်လေ့ရှိပါတယ်။ ဒုတိယ အမျိုးအစားက လူတွေကြုံနေရတဲ့ ဘေးဒုက္ခအကျပ်အတည်းတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့ ဆိုရင် အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကပ်ဘေးဒဏ်ခံနေရတဲ့ နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အုတ် မြစ်တွေကိုပါ ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ ယူဆချက်ကို အခြေပြုကျင့်သုံးပါတယ် (Barnett,2005)။ ဒါက အမေရိကန်သမ္မတဟောင်း Woodrow Wilson ရဲ့ လမ်းစဉ် ဖြစ်ပါတယ်။ ဒီယူဆချက်ကို လက်ခံကျင့်သုံး တဲ့ အဖွဲ့တွေဟာ အရေးပေါ် အကူအညီပေးရေးလုပ်ငန်းတွေအပြင် ဒေသဖွံ့ဖြိုးရေးနဲ့ လူသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ ယှဉ်တွဲလုပ်ကြပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၊ နိုင်ငံ တကာ ကယ်ဆယ်ရေးကော်မတီ (IRC)၊ CARE၊ Oxfam နဲ့ World Vision တို့လို အဖွဲ့အစည်းတွေက ဒီယူဆ ချက်အတိုင်း လုပ်လေ့ရှိပါတယ်။ ကမ္ဘာအရပ်ရပ်က လူသားလုံခြုံရေးကဏ္ဍအပေါ် စိန်ခေါ်မှုဖြစ်စေတဲ့ ဘေးဒုက္ခအကျပ်အတည်းတွေကို ကူညီ ဆောင်ရွက်တဲ့အခါဒီလမ်းနှစ်သွယ်အနက် ဘယ်နည်းလမ်းက ပိုအလုပ်ဖြစ်သလဲဆိုတာ သုတေသီတွေအကြား အကျယ်တဝင့် လေ့လာဆွေးနွေးကြပါတယ်။ ပဋိပက္ခကြောင့် ဆက်နွှယ်ဖြစ်ပေါ်လာတဲ့ ကပ်ဘေးတွေကို ကိုင် တွယ်ဖြေရှင်းရာမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်အပြင် နိုင်ငံရေးကိုပါ ယှဉ်တွဲ စဉ်းစား လေ့ရှိတဲ့ အချက်က အာရုံစိုက်စရာ ဖြစ်ပါတယ်။ ∎ ဘာကြောင့် အလေးထားသင့်သလဲ အာဏာရှင်နိုင်ငံတွေမှာ ပဋိပက္ခအကျပ်အတည်းအမျိုးမျိုးကြောင့် ပေါ်ပေါက်လာတဲ့ ကပ်ဘေးဒုက္ခတွေကို နိုင်ငံ တကာအသိုက်အဝန်းက အကူအညီပေးနိုင်ဖို့ ကြိုးပမ်းကြတဲ့အခါ အုပ်စိုးသူတွေဘက်က တုံ့ပြန်ပုံတွေကို သတိ ပြု အလေးထားသင့်ပါတယ်။ အထူးသဖြင့် လူ့အဖွဲ့အစည်းအတွင်း အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေ ဖော်ဆောင်နိုင်ဖို့ အပူတပြင်းလိုအပ်လာတဲ့အခါ အာဏာရှင်တွေအဖို့ နိုင်ငံရေးစနစ်နဲ့ ထဲထဲဝင်ဝင် ပတ်သက်မှုမရှိတဲ့ ကျန်းမာရေးကဏ္ဍလို ကိစ္စရပ်တွေအတွက်ပဲ ပူးပေါင်းဆောင်ရွက်လေ့ရှိကြတာက သတိ ပြုစရာ တခုဖြစ်ပါတယ်။ လူသားလုံခြုံရေးကဏ္ဍအတွက် မရှိမဖြစ်လိုအပ်တဲ့ကျန်းမာရေးဝန်ဆောင်မှု၊ အစားအသောက်နဲ့ဆေးဝါးတွေ လက်လှမ်းမီရရှိနိုင်ဖို့ကလည်း အရေးတကြီးလိုအပ်ပါတယ်။ ဒါပေမဲ့ ဒီအကူ အညီတွေကို ဘယ်သူကပေးတာလဲ (ဝါ) ဘယ်သူကတဆင့် ပေးတာလဲဆိုတာမျိုးကလည်း အရေးကြီးပါတယ်။ ဥပမာကျူးကျော်နယ်ချဲ့တဲ့နိုင်ငံရဲ့စစ်တပ်က ဒေသခံပြည်သူတွေကို ဆေးပေးဝေမယ်ဆိုရင် ဒေသခံတွေ က နှစ်သက်ကြည်ဖြူလက်ခံယူချင်ပါ့မလား။ တခါအကူအညီပေးတဲ့ အရင်းခံ စိတ်စေတနာကလည်း အရေးပါ ပြန်ပါတယ်။ ဥပမာ အာဏာရှင်တွေက ထောက်ပံကြေးပေးတာဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ဆိုရင် အာဏာရှင် ဆန့်ကျင်တဲ့ ပြည်သူတွေက ဒီအကူအညီယူပြီး အာဏာရှင်တွေလူရာဝင်စေမယ့် အရေးကိုတော့ မလုပ်ချင်ဘူး ဆိုတဲ့ ခံယူချက်မျိုး ရှိနေမှာပါပဲ။ ဘယ်သူပေးပေး၊ ဘာကြောင့်ပေးပေး ယူမယ်ဆိုသူတွေရှိနိုင်သလို မယူဘူး ဆိုတာမျိုးလည်း ရှိတဲ့အခါ လူသားချင်းစာနာမှုအကူအညီပေးတာဟာ အားလုံးကို ညီတူညီမျှအကျိုးပြုတယ်လို့ မှတ်ယူဖို့ ခက်လာပါတယ်။ ဒါကြောင့် နိုင်ငံရေးပဋိပက္ခတွေနဲ့ ဆက်နွှယ်လာတဲ့ အကူအညီဆိုတိုင်း သန့်စင်တဲ့ပရဟိတသက်သက်လို့ မြင်ဖို့ခက်ပါတယ်။ အရင်းခံအကြောင်းတရားဖြစ်တဲ့ နိုင်ငံရေးပဋိပက္ခတွေကိုပါ တစိတ် တပိုင်း ဆက်နွှယ်ဖြေရှင်းနိုင်မယ့် အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းစဉ်တွေ ဖော် ဆောင် နိုင်ဖို့ အရေးကြီးတယ်ဆိုတဲ့ ရှုမြင်ပုံဟာ အလေးထားသင့်တဲ့ အကြောင်းအချက်တရပ်ပဲ ဖြစ်ပါတယ်။ ∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား စစ်ကောင်စီရဲ့ အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပိုများပြားလာပြီး စစ်ဘေးရှောင် ပြည်သူအရေအတွက် ၂၀၀,၀၀၀ ကျော် ရှိလာပါတယ်။ နဂိုရှိပြီးသား စစ်ဘေး ရှောင်အရေအတွက် အပါအဝင်ဆိုရင် မြန်မာနိုင်ငံရဲ့လူဦးရေ ခြောက်သိန်းနီးပါးဟာ စစ်ဘေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရပါ တယ်။ ဒါ့အပြင် ရခိုင်ဒေသတွင်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ရိုဟင်ဂျာ တသိန်းကျော်အပါအဝင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ရှိနေသူတွေပါ ပေါင်းရင် ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း တသန်းကျော်လည်း ရှိနေပါတယ်။ အခုချိန်မှာ တိုးမြင့်လာတဲ့ စစ်ဘေးရှောင်ဒေသတွေနဲ့ စခန်းတွေမှာ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေ နည်းပါးနေရုံသာမက သောက်သုံးရေကြောင့် ဝမ်းပျက်ဝမ်းလျော ရောဂါတွေ လည်း ဖြစ်ပွားနေပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် ကျန်းမာရေးကဏ္ဍ ပြိုဆင်းလာမှုနဲ့အတူ ပြီးခဲ့တဲ့ ဇွန်လက စပြီး ကိုဗစ်ပိုး တွေ့နှုန်းက ပြန်မြင့်လာပါတယ်။ ဇွန် ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ တရက်အတွင်း ကိုဗစ်ပိုး စစ်ဆေးမှု ၂၉၀၂ ခု အနက် ၃၇၃ ယောက်မှာ ပိုးတွေ့ရှိပြီးကူးစက်နှုန်း ၁၃ ရာခိုင်နှုန်းအထိ ရောက်လာပါတယ်။ ဒါဟာ စစ် အာဏာ သိမ်းပြီးနောက် တရက်အတွင်း ပိုးတွေ့ရှိမှုနှုန်း အများဆုံး ဖြစ်ပါတယ်။ တခါ အခြားကူးစက် ရောဂါတွေရဲ့ ကာကွယ်ကုသရေး လုပ်ငန်းတွေမှာလည်း ယို့ယွင်းမှုတွေ ရှိလာပါတယ်။အထူးသဖြင့် တီဗီရောဂါ တိုက်ဖျက်ရေးနဲ့ အိပ်ချ်အိုင်ဘီ၊ အေအိုင်ဒီအက်စ် လူနာတွေအတွက် အေအာရ်တီ ဆေးပေးဝေနိုင်မှုတွေမှာ ကြီး မားတဲ့ စိန်ခေါ်မှုတွေ ရှိလာပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာက အကူအညီပေးရေး အဖွဲ့အစည်းတွေကို အုပ်ချုပ်ရေးယန္တရား အပေါ် အနှောင့်အယှက် ပြုသူတွေအဖြစ်စစ်အစိုးရအဆက်ဆက်က ရှုမြင်ခဲ့ကြပါတယ်။ အခုလည်း ဒီအမြင် ဟာ ပြောင်းလဲသွားပုံ မရှိပါဘူး။ စစ်ကောင်စီအနေနဲ့ စစ်ဘေးရှောင်စခန်းတွေဆီ ကူညီရေး ပစ္စည်းတွေ ပို့ဆောင် ပေး နေတဲ့ လူငယ်တွေ ၊ ဒုက္ခသည် တွေကို အကူအညီပေးနေတဲ့ ဆရာဝန်တွေကို ဖမ်းဆီးတာ၊ ပစ်ခတ်တာတွေကိုလည်း လုပ်နေ ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေး ဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှု ၁၇၉ ခုအထိ ရှိခဲ့ပြီး ၁၃ ဦး အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၉ ရက်ကလည်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ကျန်းမာရေးနဲ့ ဆေးဝါး စောင့်ရှောက်မှုတွေ လုပ်နေတဲ့ နယ်စည်း မထားဆရာဝန်များအဖွဲ့ (MSF) ကို လုပ်ငန်းတွေရပ်ဆိုင်းဖို့ စစ်အာဏာပိုင်တွေက အမိန့်ပေးခဲ့ပါတယ်။ ဒါကို ကြည့်ရင်လည်းနိုင်ငံရေးနဲ့ နှီးနွှယ်ပြီး လုပ်ဆောင်လေ့မရှိဘဲ ဟန်နရီဒူးနန့်ရဲ့ အယူအဆ အပေါ်ကိုသာ အခြေခံ ဆောင်ရွက်ကြတဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေကိုပင်လျှင် စစ်ကောင်စီဘက်က တားမြစ် ပိတ်ပင်မှုတွေ လုပ်တာကို ထင်ရှားပါတယ်။ ဒီမတိုင်ခင် ဇွန် ၃ ရက်မှာတော့ ICRC အဖွဲ့ အကြီးအကဲ Peter Maurer နဲ့ အာဏာသိမ်း စစ်ကောင်စီတို့တွေ့ဆုံခဲ့ပြီး အကျဉ်းထောင်တွေကို ပြန်လည်သွားရောက်ခွင့်ပြုဖို့၊ ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေဆီ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိုမိုရရှိစေနိုင်ဖို့ ICRC က တောင်းဆိုခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးအရ ဖိအားလည်းပေး၊ လူသားချင်းစာနာမှု အကူအညီပေးတဲ့ လမ်းကြောင်း ပုံစံ က လည်း စဉ်းစားစရာပါ။ မြန်မာနိုင်ငံအတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ဟာ ဒီသဘော တရားအတိုင်း ချဉ်းကပ်ထားတယ်လို့ယူဆနိုင်ပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် အမှတ်လေးမှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေပေးရေးဆိုတာပါဝင်တယ်။ ဒီအချက်ကို တခုတည်းကွက် ဖြေရှင်းတာမျိုး မဟုတ်ဘဲ ကျန်နိုင်ငံရေးအဖြေရှာရေးအချက်တွေဖြစ်တဲ့အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ အာဆီယံအထူးကိုယ်စားလှယ်ခန့်ဖို့၊ အင်အားစုအသီးသီး အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ ဆိုတာတွေနဲ့ ချိတ်ဆက်ထားမှသာ ဖြစ်ပါလိမ့်မယ်။ အာဆီယံရဲ့ လမ်းစဉ်ဟာ အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံ ရေးအရတစုံတရာဖိအားပေးနိုင်သလို မြန်မာနိုင်ငံကို အကူအညီပေးနိုင်မယ့် ဖြေရှင်းချက်အဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ဥရောပသမဂ္ဂလို အဖွဲ့အစည်းတွေရဲ့ ရှုမြင်ထားပုံကလည်း ဒီချိတ်ဆက် အကောင် အထည်ဖော်ရေး အယူအဆ အရေးပါတယ်ဆိုတာကို ထင်ရှားစေပါတယ်။ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု ဆိုင်ရာအကူအညီပေးရေး အစီအစဉ်တွေကအာဏာသိမ်းစစ်ကောင်စီအတွက် နိုင်ငံရေး ထွက်ပေါက်သဖွယ် အသုံးချနိုင်မယ့် အခင်းအကျင်း မဖြစ် သွားစေဖို့ ဂရုပြုသင့်တာအမှန်ပါပဲ။ လူသားချင်း စာနာမှုကိစ္စရပ်တွေကို နိုင်ငံရေးနဲ့ခွာပြီး ချဉ်းကပ်တာ (သို့မဟုတ်) ယှဉ်တွဲပြီး စဉ်းစားလေ့ ရှိတဲ့ပုံစံတွေကအကျိုးရလဒ် ကွဲပြားလေ့ရှိတာကြောင့် လက်ရှိ မြန်မာ့အရေးအတွက် အလေးထားသင့်တဲ့ အကြောင်းအချက် ဖြစ်ပါတယ်။ ∎ Further Readings Barnett, M. (2005). Humanitarian transformed. Perspectives on Politics, 3(4), 723–740. Allen, T., & Schomerus, M. (2012). Complex emergencies and humanitarian responses. University of London. International Crisis Group. (2002). […]
12 Jun 2021 Podcasts • What Matters လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား မဟာမိတ်ဖွဲ့ခြင်း၏ အရေးပါမှု အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၁) Download PDF Version စစ်အာဏာသိမ်းမှုနဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေဟာ အချိန်လေးလကျော် ရှိလာပါပြီ။ စစ်အာဏာသိမ်း ကောင်စီက လူထုအပေါ် အကြမ်းဖက် နှိမ်နှင်းမှုတွေ ပြင်းပြင်းထန်ထန် ရှိခဲ့သလို လူထုလှုပ်ရှားမှု ပုံစံကလည်း လက်နက်ကိုင် တော်လှန်ရေးဘက်ကိုဦးတည် ပြောင်းလဲလာတာ တွေ့ရပါတယ်။ နေရာဒေသအသီးသီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာပြီး ရရာ လက်နက်စွဲကိုင်တော်လှန်လာတဲ့ အခြေအနေတွေကိုလည်း တွေ့လာရပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်ရဲ့ရှေ့ပြေးအဖြစ် ပြည်သူ့ ကာကွယ်ရေး တပ်မတော်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ဖယ်ဒရယ် မဟာမိတ်တပ်ပေါင်းစု ပုံစံမျိုး ကနေတဆင့် ဖယ်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းသွားမယ်လို့ ပြောထားတာတွေလည်း ရှိပါတယ်။ ဒီအချိန်မှာ အာဏာသိမ်း စစ်ကောင်စီနဲ့အမျိုးသား ညီညွတ်ရေးအစိုးရ NUG တို့အကြား ပါဝါချိန်ခွင်လျှာ အပြောင်းအလဲက NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ EAOs တွေအကြား မဟာမိတ် ဖွဲ့နိုင်မှုအပေါ် အဓိက မူတည်လာပါတယ်။ ဒါကြောင့်လည်း လက်နက်ကိုင်တော်လှန်ရေးနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းအကြား မဟာမိတ်ဖွဲ့မှုဟာ အလေးထားရမယ့် အကြောင်းအချက်တခုဖြစ်လာပါတယ်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ ∎ ဆိုလိုရင်း အနှစ်ချုပ် တော်လှန်ရေးအဖွဲ့တွေ အရေအတွက် အများအပြား ပါဝင် တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင် ပဋိပက္ခ အခြေအနေမျိုးမှာတော်လှန်ရေး အုပ်စုတွေအကြား ဘာကြောင့် မဟာမိတ် ဖွဲ့ကြသလဲ၊ အဖွဲ့စည်းအသီးသီးဟာ သူတို့ရဲ့ ရှိရင်းစွဲ အခြေအနေတွေမှာအပြောင်းအလဲ အဖြစ်ခံ စွန့်စားပြီး မဟာမိတ်ဖွဲ့မှု အခြေနေသစ်၊ စိန်ခေါ်မှုအသစ်မျိုးကို ဘယ်လို အကြောင်းချက်တွေရဲ့ ဆွဲဆောင်မှုကြောင့် အရဲကိုးလက်ခံဖို ဆုံးဖြတ်ရသလဲ၊ ဒါ့အပြင် မဟာမိတ်ဖွဲ့တယ် ဆိုရင်ရော ဘယ်လိုပုံစံ စုဖွဲ့မှုမျိုးနဲ့ မဟာမိတ် ဖွဲ့ကြသလဲ ဆိုတဲ့ မေးခွန်းတွေကို သုတေသီတွေ၊ ပညာရှင်တွေက ရှာဖွေ လေ့လာကြပါတယ်။ သုတေသနတခုကတော့တော်လှန်ရေးတပ်ဖွဲ့တွေ အများအပြား ပါဝင်နေတဲ့ လက် နက်ကိုင် ပဋိပက္ခ အခြေအနေမျိုးမှာ တော်လှန်ရေး တပ်ဖွဲ့တွေအကြားမဟာမိတ်ဖွဲ့မှုကို စဉ်းစားတဲ့ အခါ လွှမ်းမိုးနေတဲ့ အဓိက အချက်ကြီး သုံးချက်ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချက်တွေကတော့ (၁) တော်လှန်ရေး အိုင်ဒီရော် လိုဂျီ (Revolutionary Ideology)၊ (၂) ပါဝါ (Power) နဲ့ (၃) ပြင်ပနိုင်ငံတခုခုရဲ့ကျောထောက် နောက်ခံပေးမှု(State Sponsorship) တို့ ဖြစ်ပါတယ် (Gade, Gabbay, Hafez, & Kelly, 2019)။ ပထမဆုံး အချက်ဖြစ်တဲ့ တော်လှန်ရေး အိုင်ဒီရော်လိုဂျီကို စဉ်းစားကြတဲ့အခါ ရန်-ငါ ခွဲပြီး ပဋိပက္ခကို ရှု့မြင်ပုံ (တနည်းအားဖြင့်) ဒီပဋိပက္ခမှာ ဘယ်သူက ကိုယ့်လူလဲ၊ ဘယ်သူက သူ့လူလဲ ကတ္တားခြား ရှုမြင်ပုံမျိုးက အခရာ ကျပါတယ်။ တခါ ပဋိပက္ခအလွန်မှာပေါ်ပေါက်လာမယ့် အခင်းအကျင်း အသစ်အောက်မှာ မျှော်လင့်ထားတဲ့ အနာဂတ် မျှော်ရည်ချက် စံပြု နိုင်ငံရေး စုဖွဲ့မှုမျိုး၊ ဒါ့အပြင် နယ်မြေခွဲဝေမှုနဲ့ ပတ်သတ်တဲ့ မျှော်မှန်းချက်များ စတာတွေအပေါ် အခြေခံတတ်ကြပါတယ်။ ဒုတိယ လွှမ်းမိုးနေတဲ့ အချက်ဖြစ်တဲ့ ပါဝါ (Power) စဉ်းစားချက်မှာတော့ အဓိကအားဖြင့် အင်အားအသုံးပြုနိုင်စွမ်း ဘယ်လောက်အထိ တူညီတယ်၊ဘယ်လောက်အထိ ကွာဟတယ် ဆိုတဲ့အပေါ် အခြေပြု စဉ်းစားတာမျိုး ဖြစ်ပါတယ်။ သဘောကတော့ တော်လှန်ရေး အဖွဲ့တွေအကြား အိုင်ဒီရော် လော်ဂျီတင်မက တပ်အင်အား ဘယ်လောက်ကြီးလဲ၊ လက်နက်ဘယ်လောက် ပေါသလဲ၊ စွမ်းရည်ဘယ်လောက် ထက်သလဲ၊ အရင်းအမြစ်ဘယ်လောက်ရှိသလဲ ဆိုတဲ့အချက်တွေကို ထည့်စဉ်းစားတဲ့ သဘောပါပဲ။ မဟာမိတ်ဖွဲ့တယ် ဆိုပြီး နူတ်ခမ်းပဲ့ခြင်း မီးမှုတ်နေတာမျိုး မဖြစ်ချင်ကြလို့ ပါဝါစဉ်းစားချက်ဟာ အရေးပါတာ ဖြစ်ပါတယ်။ တတိယ အချက်ဖြစ်တဲ့ ပြင်ပနိုင်ငံ တခုခုရဲ့ ကျောထောက် နောက်ခံပေးမှု မှာဆိုရင် တူညီတဲ့ တတိယ နိုင်ငံတခုခုက ကျောထောက် နောက်ခံပေးထားတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအချင်းချင်းအကြား မဟာမိတ်ဖွဲ့မှုဟာ ဖြစ်ဖို့ လွယ်ကူလေ့ရှိပြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံမတူညီရင်တော့ မဟာမိတ်ဖွဲ့မှု အတွက် အကန့်အသတ် ရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ ∎ ဘာကြောင့် အလေးထားသင့်သလဲ လက်နက်ကိုင် ပုန်ကန်မှုတွေ ဖြစ်နေတဲ့ အခြေအနေတွေမှာ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေ အကြားက မဟာမိတ်ဖွဲ့မှုတွေဟာ ကစားပွဲအပြောင်းအလဲ (Game-Changer) လို့ ညွှန်းကြတဲ့အထိ ဖြစ်စဉ်တခုလုံး အပြောင်းအလဲတွေကို ဖြစ်စေပါတယ်။ ဒါကြောင့်လည်း အင်အား ကြီးမားတဲ့ အုပ်စိုးသူတပ် (ဝါ) ပြိုင်ဖက်တပ် တွေအနေနဲ့ သူတို့ရဲ့ ဆန့်ကျင်ဘက် တော်လှန်ရေး တပ်ဖွဲ့တွေမဟာမိတ်ဖွဲ့ပြီး အင်အား ကြီးမားလာမှု မရှိအောင် နည်းမျိုးစုံနဲ့ ကြိုးစားလေ့ ရှိကြပါတယ်။ ဒါ့အပြင် မဟာမိတ်ဖွဲ့မှုနဲ့ ပတ်သက်ပြီးသုတေသီ Akcinaroglu က ၁၉၄၆ ခုနှစ်ကနေ ၂၀၀၈ ခုနစ်အတွင်း တကမ္ဘာလုံးမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေရဲ့ တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၃၄၅ ခုကို လေ့လာခဲ့ပါတယ်။ ဒီသုတေသနရဲ့ ရလဒ်အရတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်သုံးချက်အပေါ်အခြေခံပြီး တော် လှန်ရေး အဖွဲ့အစည်းပေါင်း ၁၈၁ ခု (စုစုပေါင်း ၅၂ ရာခိုင်နှုန်း) ဟာ အခက်အခဲတွေကြားထဲက မဟာမိတ် ဖွဲ့မှုတွေကို ပြုလုပ်ခဲ့ကြတယ်လို ဆိုပါတယ် (Akcinaroglu 2012)။ ဒါကြောင့် ဒီလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ အကြားကမဟာမိတ်ဖွဲ့မှု အယူအဆဟာ အင်မတန်မှ အရေးကြီးလှပြီး အလေးထားဖို့ လိုအပ်ပါတယ်။ ∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား ကမ္ဘာ့အကြာဆုံး ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ တော်လှန်ရေး တပ်ဖွဲ့တွေ အကြား မဟာမိတ်စုဖွဲ့မှုဟာ ကြန်အင် လက္ခဏာတရပ် ဖြစ်နေပါပြီ။ ဒါ့အပြင် စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက် ဖြစ်တဲ့ စစ်ရေး ပဋိပက္ခများလည်း ကျယ်ပြန့်လာတာမို့လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအကြား မဟာ မိတ်ဖွဲ့မှုတွေကို လေ့လာတာဟာ မြန်မာနိုင်ငံအတွက် ဆီလျော်မှုရှိပါတယ်။ ရှေ့မှာ ဖော်ပြခဲ့တဲ့ သုတေသနအရ ပထမဆုံးအချက် ဖြစ်တဲ့ တော်လှန်ရေးအိုင်ဒီရော်လိုဂျီဟာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေအကြား မဟာမိတ်ဖွဲ့မှုအပေါ် အတော်လေး လွှမ်းမိုးမှု ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင် တော်လှန်ပုန်ကန်မှုတွေရဲ့ နောက်ဆုံး နိုင်ငံရေးရည်မှန်းချက်ဟာ ဖယ်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးလို့အကြမ်းဖျင်းယူဆနိုင်ပါတယ်။ ဒါပေမဲ့ ရခိုင့်တပ်တော်လို့ အချိန်အနည်းငယ် အတွင်းမှာ အင်အား တောင့်တင်းလာတဲ့ အဖွဲ့အစည်းကတော့ အနိမ့်ဆုံးအဆင့် ကွန်ဖက်ဒရေးရှင်းပုံစံမျိုး လိုချင်တယ်လို့ ပေါ်ပေါ်ထင်ထင် ပြောဆိုထားတာမျိုးလည်း ရှိပါတယ်။ ဒါ့အပြင် ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ထိန်းချုပ်ထားတဲ့ ဝ ပြည်နယ်လို ဟာမျိုးဆိုရင် တရားဝင်ပြည်နယ်ဆိုတဲ့ အသိအမှတ်ပြုမှုမျိုး မပေးထားပေမဲ့ သာမန်ပြည်နယ် တခုထက် ပိုတဲ့ ပုံစံမျိုးအဖြစ် ရှိနေတာပါ။ ဒီလို မတူညီတဲ့မျှော်မှန်းချက်၊ အခွင့်အလမ်း ဖန်တီးနိုင်စွမ်းတွေကြောင့်လည်း တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ အခုဖြစ်နေတဲ့ စစ်အာဏာသိမ်းမှုကနေ ပေါ်ပေါက်လာတဲ့ ပဋိပက္ခအပေါ် ရှုမြင်ပုံ၊ ဒီပဋိပက္ခကနေ ဖြစ်လာနိုင်မယ့် နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်းနဲ့အာဏာသိမ်း စစ်ကောင်စီက လုပ်နေတဲ့ စစ်ဆင်ရေးတွေကြောင့် ဖြစ်ပေါ်လာမယ့် နယ်မြေစိုးမိုးမှု၊ နယ်မြေလက်လွှတ် ဆုံးရှုံးရမှုကိစ္စတွေပေါ်မူတည်ပြီး ဘယ်သူတွေနဲ့ မဟာမိတ်ဖွဲ့ရမလဲ ဆိုတာကို စဉ်းစားနိုင်ခြေရှိတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒုတိယ အချက်ဖြစ်တဲ့ ပါဝါကတော့ အခုလို စစ်အာဏာသိမ်းထားတဲ့ နိုင်ငံရေးအခြေအနေမျိုးမှာ ပိုပြီး အရေးကြီးတဲ့ အချက်တခုဖြစ်ပါတယ်။ စစ်ရေးအင်အား မတူညီသော်လည်း နိုင်ငံရေးအရ ဆွေးနွေးပြီး စုဖွဲ့မှု လုပ်ထားတဲ့ NCA ဖြစ်စဉ်ထဲက PPST လိုအဖွဲ့မျိုးဟာ နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချဖို့အတွက် လိုအပ်တဲ့အချိန်မှာ ဖွဲ့ခဲ့တဲ့ စုဖွဲ့မှုမျိုး ဖြစ်ပါတယ်။ အဲ့ဒီအချိန်တွေတုန်းကလည်းအင်အားချင်း သိပ်မကွာတဲ့ အဖွဲ့တွေအကြားမှာ မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ဆိုပြီး စစ်ရေးမဟာမိတ် ဖွဲ့တာမျိုးတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်ရေးအင်အားကို ပိုအသားပေးတဲ့ အခုလို နိုင်ငံရေး အခြေအနေမျိုး ပြောင်းလဲသွားတဲ့ အခါမှာတော့ မဟာမိတ်စုဖွဲ့မှု စဉ်းစားချက်က “နိုင်ငံရေးလျို စစ်အင်အားပို” ဆိုတဲ့ တွက်ချက်မှုဘက်ကို ပိုကဲလာမလားဆိုတာ ဆင်ခြင်ကြည့်စရာပါ။ ဥပမာပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နဲ့ ၂၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ PPST ရဲ့ အစည်းဝေး (၁၅/၂၀၂၁) အရဆိုရင် စုဖွဲ့မှုအသစ် ဖော်ဆောင်နိုင်ဖို့အတွက် ညီနောင် တိုင်းရင်းသား လက်နက်ကိုင်များအားလုံးနဲ့ပါ ချိတ်ဆက် မဟာမိတ်ဖွဲ့ဖို့ ထုတ်ဖော် ပြောဆိုလာတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ မဟာမိတ်ဖွဲ့မှုတွေမှာ ဒီဒုတိယအချက်ကလည်း အရေး ပါပါတယ်။ တတိယအချက်ဖြစ်တဲ့ ပြင်ပ နိုင်ငံတခုခုရဲ့ ကျောထောက် နောက်ခံရယူမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေက အတိအလင်း ငြင်းဆန်ကြပေမယ့် မကင်းရာ မကင်းကြောင်းတွေ ရှိနေကြတာကိုတော့အားလုံးလိုလို လက်ခံကြပါတယ်။ မြောက်ပိုင်း မဟာမိတ်လို စစ်ရေး မဟာမိတ်အဖွဲ့တွေနဲ့ FPNCC လို နိုင်ငံရေး မဟာမိတ်အဖွဲ့တွေအပေါ်မှာ တရုတ်နိုင်ငံရဲ့ သြဇာ အထိုက်အလျောက် လွှမ်းမိုးနေတာ ကိုလည်း တွေ့ရပါတယ်။ အဲ့ဒီအထဲ ပါဝင်တဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အများစုဟာ တရုတ် – မြန်မာ နယ်စပ်မှာ လှုပ်ရှားလေ့ ရှိကြပြီး တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား တချို့ဟာလည်းအဲ့ဒီအဖွဲ့အစည်းတွေနဲ့ ဆက်စပ်တဲ့ နယ်မြေတွေမှာ ရှိနေပါတယ်။ ဒါကြောင့် အဲ့ဒီတရုတ်-မြန်မာနယ်စပ်ဒေသတလျောက် လှုပ်ရှားနေတဲ့ လက်နက်ကိုင် တပ်တွေရဲ့ မဟာမိတ် စုဖွဲ့မှု စဉ်းစားချက်မှာ ပြင်ပနိုင်ငံရဲ့အခန်းကဏ္ဍကို ထည့်သွင်း တွက်ချက်ရတာဟာအချက် တချက်အဖြစ် ပါဝင်နေတာပါပဲ။ အလားတူပဲ ထိုင်း-မြန်မာ နယ်စပ်တလျောက် လှုပ်ရှားနေတဲ့ လက်နက်ကိုင် တော် လှန်ရေးတပ်တွေရဲ့ မဟာမိတ် စုဖွဲ့မှုမှာလည်း ဆိုင်ရာ ပြင်ပနိုင်ငံရဲ့ အခန်းကဏ္ဍဟာ အရေးပါတဲ့အချက် တချက် ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း အပြန်အလှန် အကျိုးစီးပွားတွေအရ ဒီမဟာမိတ် အဖွဲ့ဝင်တွေ ဟာ ဆက်စပ်မှုရှိတဲ့ ပြင်ပနိုင်ငံရဲ့ တိုက်ရိုက်(ဝါ) သွယ်၀ိုက် ထောက်ပံ့မှုမျိုးကို ရနေတာလို့ ဆိုရမှာပါ။ အချုပ်အားဖြင့် ဆိုရရင်တော့ ဖော်ပြခဲ့တဲ့ အချက် သုံးချက်စလုံးက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေအကြား မဟာမိတ်ဖွဲ့ဖို့ စဉ်းစားရာမှာ လွှမ်းမိုးမှုရှိတဲ့ အကြောင်းအချက်တွေ ဖြစ်ပါတယ်။ ဒီသုတေသနမှာ ထည့်သွင်းထားခြင်း မရှိတဲ့ အချက်တခုအဖြစ် လက်နက်ကိုင်တပ်တွေအနေနဲ့ စစ်စီးပွားရေး (war economy) ကြောင့် ရရှိတဲ့ အကျိုးစီးပွား ချိတ်ဆက်ယှက်ဖြာနေမှုလိုမျိုးတွေကလည်း လက်နက်ကိုင် တပ်တွေ အကြား မဟာမိတ်စုဖွဲ့မှု စဉ်းစားပုံကို သက်ရောက်စေနိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဖော်ပြပါ အကြောင်းအချက် သုံးချက်ကို လေ့လာထားခြင်းဟာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေးနဲ့တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းအကြား မဟာမိတ်ဖွဲ့မှု အကြောင်းတရားတွေအပေါ် သိမြင်နားလည်မှု ပိုတိုးစေပြီး တိုင်းပြည်မှာ အပြောင်းအလဲ ဖန်တီးလိုသူများအတွက် စဉ်းစားစရာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ∎ Further Readings Akcinaroglu, S. (2012). Rebel interdependencies and civil war outcomes. Journal of Conflict Resolution, 56(5), 879-903. Gade, E. K., Gabbay, M., Hafez, M. […]
7 Jun 2021 Podcasts • What Matters အန်တုတော်လှန်ရေးနှင့် ပြည်တွင်းစစ်အကြား အဆက်အစပ်ကို လေ့လာခြင်း အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀) Download PDF Version နွေဦးတော်လှန်ရေးလို့ ထင်ရှားလာတဲ့ မြန်မာ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုဟာ အကြမ်းမဖက် လူထုတိုက်ပွဲကနေ၊ လက်နက်ကိုင် တိုက်ပွဲအဖြစ် ပြောင်းလဲလာတာ (ဝါ) တိုက်ပွဲပုံစံ နှစ်ခုကို ပေါင်းစပ် ကျင့်သုံးလာတာ တွေ့လာရပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒေသအတော်များများမှာ ဖွဲ့စည်းလာကြပြီး အာဏာသိမ်း စစ်ကောင်စီ တပ်တွေနဲ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဒီတိုက်ပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တချို့ပါ ပါဝင်လာပါတယ်။ တချိန်တည်းမှာပဲ ဒီအခြေနေတွေကြောင့် နဂိုကတည်းက အရှိန် ပြန်ရလာနေတဲ့ မြန်မာ့ပြည်တွင်းစစ်ဟာ ပိုမိုမီးတောက်လောက်တော့မလား ဆိုတဲ့ဆွေးနွေးမှုတွေလည်း ရှိလာပါတယ်။ ဒါကြောင့် မြန်မာ့နွေဦး တော်လှန်ရေးရဲ့လက္ခဏာကို ကနဦး ဆန်းစစ်သုံးသပ်မှုတွေ လုပ်ဖို့ သင့်လှပါတယ်။ ∎ ဆိုလိုရင်း အနှစ်ချုပ် သမားရိုးကျ ဖွင့်ဆိုချက်မှာ တော်လှန်ရေးဆိုတာ အုပ်စိုးသူ အစိုးရနဲ့ သူ့ရဲ့နိုင်ငံရေး၊ လူမှုစီးပွားရေးစနစ်တွေကို ရုတ်ခြည်းပြောင်းလဲပစ်ဖို့ ဦးတည်တယ်၊ ပဒေသရာဇ်တွေရဲ့နန်းလျာ အလွှဲအပြောင်း စနစ်လို၊ ရွေးကောက်ပွဲလို စတဲ့ တည်ဆဲ အင်စတီကျူးရှင်းတွေကို အသုံးမပြုဘဲ လူထု ထောက်ခံမှုကို တိုက်ရိုက် ရယူပြီး အုပ်စိုးသူတွေနဲ့ သူတို့ကို ထောက်ခံသူ ရေပေါ်ဆီ အီလစ်တွေကိုအကြမ်းဖက် တိုက်ခိုက် တော်လှန် ပြောင်းလဲတာ၊ နိုင်ငံတော် အာဏာကို ရယူဖို့ ကြိုးစားတာ ဖြစ်ပါတယ် (Goldstone and Ritter 2019)။ ၁၇၈၉ ခုနှစ် ပြင်သစ် တော်လှန်ရေး ကနေ၊ ၁၉၇၉ ခုနှစ် အထိ ပေါ်ပေါက်ခဲ့တဲ့ တော်လှန်ရေးတွေကို လေ့လာတဲ့ ဖွင့်ဆိုချက်တွေမှာ တော်လှန်ရေး လက္ခဏာ သုံးရပ် တွေ့ရပါတယ်။ ဒါတွေကတော့ (၁) လူအဖွဲ့ စည်းရဲ့တန်ဖိုးထားမှုနဲ့ အင်စတီ ကျူးရှင်းတွေမှာ သိသာ ထင်ရှားတဲ့၊ တိုးတက်သော သဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်ထွန်းခြင်း၊ (၂) နန်းတွင်း အရှုပ်တော်ပုံတွေနဲ့ မတူဘဲ လူထုတွေကိုယ်တိုင် အင်နဲ့ အားနဲ့ ပါဝင်ဆင်နွှဲခြင်း (၃) အကြမ်းဖက် တိုက်ခိုက်ခြင်း တို့ပဲဖြစ်ပါတယ် (Huntington 1968; Skocpol 1979)။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ ဒီအချက်တွေကြောင့်ပဲ တော်လှန်ရေးဟာ အကြမ်းမဖက် လူထုလှုပ်ရှားမှုနဲ့ မတူဘူးလို့ လက္ခဏာ ခွဲခြား ဖော်ပြကြပါတယ်။အကြမ်းမဖက် လူထုလှုပ်ရှားမှုဆိုတာကတော့ အစိုးရတွေရဲ့ မူဝါဒနဲ့ ပြုမူဆောင်ရွက် ပုံတွေကို ပြောင်းလဲစေဖို့နဲ့ လူအဖွဲ့အစည်းရဲ့လက်ခံမှုတွေကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်တယ်။ ဒါကြောင့် အကြမ်းမဖက် လူထုလှုပ်ရှားမှုရဲ့ ရလဒ်ဟာ တော်လှန်ရေး ရလဒ်လောက် အခြေခံကျတဲ့ ပြောင်းလဲမှုကြီးတွေကို မဖြစ်စေဘူးလို့ သုတေသီတွေက ဆိုပါတယ်။ ဒါပေမဲ့ ၁၉၇၉ ခုနှစ် အီရန်နိုင်ငံမှာ ရှားဘုရင်ကို ဆန့်ကျင် ဖြုတ်ချခဲ့တဲ့ လူထုလှုပ်ရှားမှု အပြီးမှာတော့ ဒီယူဆချက်တွေကို ပြန်သုံးသပ်လာကြပါတယ်။ ၁၉၇၉ ခုနှစ် အီရန် လူထုတိုက်ပွဲဟာ အထွေထွေသပိတ်နဲ့ မြို့ကြီးတွေမှာ ဖြစ်တဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေနဲ့ပဲ အာဏာရှင်ကို ဖြုတ်ချခဲ့တာပါ။ လူထုတရပ်လုံး အင်နဲ့အားနဲ့ ပါဝင် တိုက်ပွဲဝင်ခဲ့ကြသလို၊ လှုပ်ရှားမှုရဲ့ရလဒ်အဖြစ်လည်း အစ္စလာမ်မစ် သမ္မတ နိုင်ငံတော်ကို ထူထောင်ခဲ့တာမို့ လူ့အဖွဲ့စည်းတွင်း တန်ဖိုးထားမှုနဲ့ အင်စတီကျူးရှင်းတွေကို အခြေခံကျကျပြောင်းလဲ ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုဘက်က အာဏာပိုင်တွေကို အကြမ်းဖက် တိုက်ခိုက်တယ် ဆိုတာ လုံး၀မရှိသလောက်ပါပဲ။ ဒီ အီရန်လူထုလှုပ်ရှားမှုဟာ အကြမ်းဖက်မှု မရှိတာကလွဲလို့ တော်လှန်ရေး လက္ခဏာတွေနဲ့ အကုန် ပြည့်စုံနေတာမို့ပညာရှင်တွေရဲ့ တော်လှန်ရေးနဲ့ လူထုလှုပ်ရှားမှုအကြား ခြားထားတဲ့မျဉ်းဟာ ပျက်ပြယ်သလို ဖြစ်သွားရပါတယ်။ နောက်ပိုင်းပေါ်ထွက်လာတဲ့ ဖီလစ်ပိုင်နိုင်ငံက အာဏာရှင် မားကို့စ်ကို ဖြုတ်ချတဲ့ ၁၉၈၆ ပြည်သူ့အာဏာတော်လှန်ရေး၊ ၁၉၈၉ ကနေ၁၉၉၁အတွင်း ဆိုဗီယက် ပြည်ထောင်စုနဲ့ အရှေ့ ဥရောပနိုင်ငံတွေမှာပေါ်ပေါက်ခဲ့တဲ့ ကွန်မြူနစ် အာဏာရှင်စနစ် တော်လှန်ရေးတွေ၊၂၀၀၀ ပြည့်နှစ်မှာ ဖြစ်ခဲ့တဲ့ ဆာဘီးယားရဲ့ ဘူလ်ဒိုဇာတော်လှန်ရေး၊ ၂၀၀၄ ခုနှစ် ယူကရိန်းနိုင်ငံရဲ့ လိမ္မော်ရောင် တော်လှန်ရေး၊၂၀၁၁ ခုနှစ်တွေက အာရပ်နွေဦးလို့ တင်စားခဲ့တဲ့ တူနီးရှားနဲ့ အီဂျစ်မှာ ဖြစ်ခဲ့တဲ့ အာဏာရှင် ဆန့်ကျင်ရေး တော်လှန်ရေးတွေကြောင့် တော်လှန်ရေးဆိုင်ရာ အယူအကောက်တွေ ပြောင်းလဲလာပါတယ်။ ဒါကြောင့် ပညာရှင်တွေက အန်တု တိုက်ပွဲဝင်တဲ့ နိုင်ငံရေး (contentious politics) ဆိုတဲ့ ယူဆချက် ဖော်ထုတ်ကြပြီး အကြမ်းမဖက်အန်တုတော်လှန်ရေးနဲ့ လက်နက်ကိုင် အန်တုတော်လှန်ရေးဆိုပြီး ခွဲခြား လေ့လာ ကြပါတယ်။ အကြမ်းမဖက် အန်တုတော်လှန်ရေး၊လက်နက်ကိုင် အန်တုတော်လှန်ရေးနဲ့ ပြည်တွင်း စစ်အကြား ဆက်စပ်မှုကိုပါ သုတေသနပြုလာကြတာကို စိတ်ဝင်စားဖွယ်လေ့လာရပါတယ်။ ∎ ဘာကြောင့် အလေးထားသင့်သလဲ အကြမ်းမဖက် တော်လှန်ရေး၊ လက်နက်ကိုင် တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အကြား ဆက်စပ်မှုကို လေ့လာရာမှာ ပြည်တွင်းစစ်ကိုအရင်ဆုံး အဓိပ္ပါယ်ဖွင့်ဖို့လိုပြန်ပါတယ်။ မြားမြောင်လှတဲ့ ဖွင့်ဆိုချက်တွေကို ချုပ်ရရင် ပြည်တွင်းစစ်ဆိုတာ အာဏာ၊ နယ်မြေစတဲ့ခွဲဝေမှု အပြောင်းအလဲ ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ လက်နက်ကိုင် စုဖွဲ့မှုရှိတဲ့ အင်အားစုတွေအကြား (အစိုးရနဲ့ ဆန့်ကျင်ဘက် တပ်တွေ အကြား ဒါမှမဟုတ် လက်နက်ကိုင် စစ်တပ်တွေအကြား) ရေရှည်စိုက်လိုက်မတ်တပ် တိုက်ပွဲတွေ ဖြစ်နေတာကို ဆိုလိုတာပါ။Uppsala Conflict Data Program (UCDP) ဒေတာ ပိုင်းဖြတ်ချက်အရ ပစ်ခတ်မှု တိုက်ပွဲတွေကြောင့် တနှစ်အတွင်း သေဆုံးသူ ၂၅ယောက်ရှိရင် လက်နက်ကိုင် ပဋိပက္ခလို့ သတ်မှတ်ပါတယ်။ Correlates of War (COW) ကတော့ ပစ်ခတ်မှု တိုက်ပွဲတွေကြောင့် တနှစ်အတွင်း လူ ၁၀၀၀ သေဆုံးရင် ပြည်တွင်းစစ် အဖြစ်သတ်မှတ်ပြီး၊ ပညာရှင် Sambanis ကတော့ တနှစ်အတွင်း လူ ၅၀၀ ကနေ၁၀၀၀ သေဆုံးရင် ပြည်တွင်းစစ် အဖြစ် သတ်မှတ်ပါတယ် (Newman and DeRouen 2014)။ အစဉ်အလာ သုတေသန တွေ့ရှိချက်တွေအရ လက်နက်ကိုင် အန်တုတော်လှန်ရေးက ပြည်တွင်းစစ်ကို မွေးဖွား ပေးတတ်တယ်။ သူနိုင် ကိုယ်ရှုံး ရုတ်ခြည်း ယတိမပြတ်ဘဲ အပြန်အလှန် အကြမ်းဖက်မှုတွေ အချိန် အကြာကြီး ဆက်ဖြစ်နေတတ်တဲ့ သဘောပါ။လူထုဆန္ဒ ဖော်ထုတ်ပြသတဲ့ အကြမ်းမဖက်အန်တု တော်လှန်ရေးကတော့ (အမေရိကန်ကျွန်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုလိုချွင်းချက်မျိုးက လွဲလို့) ပြည်တွင်းစစ်ကို မရှေးရှု စေတတ်ဘူး (Goldstone and Ritter 2019)။ ဒါပေမဲ့ ၂၁ ရာစု အကြမ်းမဖက် အန်တုတော်လှန်ရေး နဲ့ ပြည်တွင်းစစ် အဆက်အစပ်ကို လေ့လာတဲ့ သုတေသီတွေကတော့ အကြမ်းမဖက်အန်တု တော်လှန်ရေးကလည်းပြည်တွင်းစစ်ကို ဦးတည် သွားစေတယ်လို့ ဖော်ထုတ် တင်ပြလာကြပါတယ်။ သူတို့က ဆီးရီးယား၊ လစ်ဗျား၊ ယီမင်နဲ့ ယူဂိုစလားဗီယား နိုင်ငံတွေမှာ ဒီမိုကရေစီအတွက် အကြမ်းမဖက် အန်တု တော်လှန်ရေးတွေကနေ ပြည်တွင်းစစ်အဖြစ် ပဋိပက္ခ သက်ဆိုး ရှည်သွားခဲ့ရတာတွေကို စနစ်တကျ သုတေသန ပြုတင်ပြကြပါတယ် (della Porta et al. 2018)။ ဒါကြောင့် အရင်က ချွင်းချက်အဖြစ်သာ သဘောထားခဲ့ကြတဲ့ အကြမ်းမဖက် အန်တုတော်လှန်ရေး (အကြမ်းမဖက် လူထုလှုပ်ရှားမှု) ကနေ ပြည်တွင်းစစ်ကို ပြောင်းလဲသွားတတ်တဲ့ အခြေနေဟာ အလေးအနက် ထားသင့်တဲ့ လက္ခဏာခြင်းရာ တရပ် ဖြစ်လာပါတယ်။ ∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် လူထု ဆန္ဒပြပွဲတွေဟာ အကြမ်းမဖက် အန်တု တော်လှန်ရေး ဖြစ်ပြီးကြွေးကြော်သံတွေမှာလည်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဖမ်းဆီးထားတဲ့ ပြည်သူတွေနဲ့ ခေါင်းဆောင်တွေကို လွှတ်ပေးရေး၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေး စတဲ့အချက်တွေကို အဓိက တောင်းဆိုတာ တွေ့ရပါတယ်။စစ်ကောင်စီက အကြမ်းဖက် ဖြိုခွဲမှုတွေ လုပ်ပြီးတဲ့ နောက်မှာတော့ ရပ်ရွာဒေသအလိုက် ကာကွယ်ရေး တပ်တွေပေါ်ပေါက်လာပြီးပြန်လည် တိုက်ပွဲဝင်တာ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ လက်တွဲပြီး လက်နက်ကိုင် အန်တု တော်လှန်တာတွေကို ပဲခူး၊ စစ်ကိုင်းကနေ၊ ချင်းပြည်နယ် မင်းတပ်မြို့အလယ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည် နယ်ထဲက မြို့တွေအဆုံး ကျယ်ကျယ်ပြန့်ပြန့်တွေ့လာရပါတယ်။ တိုက်ပွဲ ဝင်နေသူ၊ ထောက်ခံနေ ကြသူတွေ အားလုံး လိုလိုက စစ်အာဏာရှင်စနစ် အမြစ်ပြုတ်အောင် နည်းပေါင်းစုံနဲ့ တော်လှန်မယ်၊ အထူးသဖြင့် လက်နက် အားကိုးတဲ့ စစ်ကောင်စီကို လက်နက်ကိုင် အန်တု တော်လှန်ရေး ဆင်နွှဲရမယ်လို့ခံယူလာကြတာကို တွေ့ရပါတယ်။ ဒီနေရာမှာ မြန်မာ့နွေဦး တော်လှန်ရေးဟာ အကြမ်းမဖက် အန်တုတော်လှန်ရေးကနေ၊ လက်နက်ကိုင်အန်တု တော်လှန်ရေးကိုပြောင်းလဲလာပါတယ်။ တော်လှန်ရေးရဲ့သဘောသဘာ၀အတိုင်း ကာလတို တခုအတွင်း မှာ လူထုထောက်ခံမှုကို တိုက်ရိုက်ရယူပြီးလက်နက်ကိုင် တိုက်ပွဲနဲ့ စနစ်ဟောင်း၊ ခေတ်ဟောင်းကို ရုတ်ခြည်း တော်လှန် ပြောင်းလဲ ပစ်နိုင်မလား၊ ဒါမှမဟုတ် ဆီးရီးယား၊ လစ်ဗျား၊ ယီမင်နဲ့ ယူဂိုစလားဗီယား နိုင်ငံတွေလို အကြမ်းမဖက် အန်တုတော်လှန်ရေး (လူထုဆန္ဒပြ လှုပ်ရှားမှုတွေကနေ) ပြည်တွင်းစစ်မီး တဟုန်းဟုန်းတောက် တာရှည်သွားမလား ဆိုတာ ဆွေးနွေးစရာဖြစ်လာပါတယ်။ တကယ်တော့ လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး တောက်လောင် နေခဲ့တာပါ။ UCDP ဒေတာပိုင်းဖြတ်ချက်အရ ကြည့်ရင် များသောအားဖြင့် တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှု တိုက်ပွဲတွေကြောင့် တနှစ်အတွင်း သေဆုံးသူ ၂၅ ယောက်ရဲ့အထက် ပုံမှန်ရှိနေတာမို့ လက်နက်ကိုင် ပဋိပက္ခ (ဝါ) ဖွဲမီးလို တငွေ့ငွေ့ လောင်နေတဲ့ပြည်တွင်းစစ် (low intensity civil war) လို့ ယေဘုယျ သတ်မှတ် နိုင်ပါတယ်။ တချို့ အချိန်တွေမှာဆိုရင် တနှစ်အတွင်း လူ ၅၀၀ကနေ ၁၀၀၀ အတွင်း သေဆုံးတာမို့ အဲ့ဒီလို နှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကို မီးအရှိန်မြင့်တဲ့ ပြည်တွင်းစစ်အဖြစ် သတ်မှတ်နိုင်ပါတယ် (ပုံကားချပ် ၁ ကို ကြည့်ပါ)။ ဒီလို နဂိုကတည်းက နာတာရှည် ပဋိပက္ခ ရှိထားရင်းစွဲ တိုင်းပြည်မှာ ပြည်တွင်းစစ်မီး တဖန်ဟုန်းဟုန်းတောက်ဖို့ ဖြစ်တန်ခြေ များတတ်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။ ဒါကြောင့် အကြမ်းမဖက် အန်တုတော်လှန်ရေးကနေပြီး လက်နက်ကိုင် အန်တုတော်လှန်ရေးကို ပြောင်းလဲသွားတာ၊ ဒီလက်နက်ကိုင် အန်တု တော်လှန်ရေးကနေမြို့ပြတိုက်ပွဲတွေနဲ့ နိုင်ငံတော် အာဏာကို သိမ်းယူတဲ့ ရုတ်ခြည်း အပြောင်းအလဲကို ဖန်တီးနိုင်မလား၊ ဒါမှမဟုတ် နဂို ရှိရင်းစွဲပြည်တွင်းစစ်မှာ ဒဏ်ရာသစ်တွေ ထပ်တိုးပြီး ပြည်တွင်းစစ် ကျယ်ပြန့် တာရှည် သွားမလားဆိုတာ ဆွေးနွေးစရာပဲဖြစ်ပါတယ်။သူနိုင် ကိုယ်နိုင် ရုတ်ခြည်း ယတိပြတ် အပြောင်းအလဲ ကို ဖန်တီးဖို့အားထုတ်တဲ့ အန်တု တော်လှန်ရေးတွေနဲ့ ပြည်တွင်းစစ် အကြားအဆက်အစပ်ကို လေ့လာတာဟာ မြန်မာ့အရေးကို ပိုမိုနားလည်နိုင်ဖို့ အထောက်အကူ ပြုတာမို့ မြန်မာနိုင်ငံနဲ့ အထူးဆီလျော်ပြီးအလေးထားသင့်တဲ့ အကြောင်းအချက် တရပ်ဖြစ်ပါတယ်။ ∎ Further Readings della Porta, Donatella […]
31 May 2021 What Matters အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၉) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒ ထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (မေ ၂၈ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၈၃၃ ဦးထက် မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ မေ ၂၈ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၇၆၁ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်း မရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ အရင်နှစ်ပတ်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၂၆ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်လေ့လာမယ်ဆိုရင် နှစ်ပတ်တာကာလအတွင်း သေဆုံးရသူ အရေအတွက်က ၄၅ ဦးကျော် တိုးလာသလို၊ သေဆုံးမှု အများဆုံးအသက် အုပ်စုထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံးဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက် အုပ်စုကလည်း သေဆုံးရမှု အများဆုံး ဖြစ်ပါတယ်။ တခါဦးခေါင်းကို ပစ်ခတ်ခံရသူ အရေအတွက်က ၁၀၁ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၅၈၆ ဦး၏ ၁၇ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန်ဖြစ်ပြီး၊ မန္တလေးက ဒုတိယ နေရာမှာ ရှိနေပါတယ်။ ဒီနှစ်ပတ်အတွင်း သေဆုံးခဲ့ရသူ ၄၅ ဦးကျော်အနက် ချင်းပြည်နယ်အတွင်း ၁၆ ဦးအထိ အများဆုံးသေဆုံးခဲ့ပြီး၊ကယားပြည်နယ် အတွင်း ခုနှစ်ဦး အထိ သေဆုံးခဲ့ကြရပါတယ်။ တဖက်မှာလည်း AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှု မရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံး ပြီး၊ ဒလန်လို့ စွပ်စွဲခံရတာကြောင့် အသတ်ခံရသူ၁၇ ဦးရှိတယ်လို့လည်း ပြောပါတယ်။ မေ ၁၅ ရက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၆၃ ဦး ရှိတယ်ဆိုပြီး စစ်ကောင်စီ က ပြောဆိုပါတယ်။ အဲဒီကိန်းဂဏန်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၂၆) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/ISPMyanmarpage/posts/2569213160049567 ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
25 May 2021 What Matters စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခံရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၈) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မေ ၁၉ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစု ပေါင်း ၅၀၀၀ကျော် အထိ ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၄၁၇၄ ဦးဟာ လက်ရှိ အချိန်အထိ ဖမ်းဆီး ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာ NLD အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင်၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေလည်း ပါဝင်ပြီး၊ NLD ပါတီဝင်တွေကို လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်သားတွေ၊ အရပ်သား ပြည်သူတွေ၊ CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားသူစာရင်းကို အာဏာသိမ်း စစ်ကောင်စီက နေ့စဉ်ရက် ဆက်ဆိုသလို ကြေညာ နေပါတယ်။ တခါ ဖမ်းဆီးခံ ထားရသူတွေနဲ့၀ရမ်းထုတ်ခံထားရသူတွေအပေါ် တရားစွဲဆိုမှု ပြုလုပ်တဲ့ ကိန်းဂဏန်းတွေကို လေ့လာ ကြည့်ရင် လည်း ပုဒ်မ ၅၀၅ (က) ကိုအများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ အရင်လက ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၁၈ မှာပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ် လေ့လာမယ်ဆိုရင် တလအတွင်း ဖမ်းဆီးထိန်းသိမ်းထားခံရသူ အရေအတွက် ၁၀၀၀ ကျော်တိုးလာပြီး အဖမ်းခံရသူ အများစုက အရပ်သား ပြည်သူတွေ ဖြစ်နေပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၁၈) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/ISPMyanmarpage/posts/2547821338855416 ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မ အမျိုးမျိုးနဲ့ ဖမ်းဆီး ထောင်ချခံနေရတဲ့ ပြည်သူအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူ တွေအပေါ် (တရားရေးမဏ္ဍိုင်အသုံးချပြီး) ဘယ်လို ဖိနှိပ်မှုတွေ လုပ်သလဲ ဆိုတာကို သုတေသန ပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို အင်အားသုံး အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းတာတွေအပြင်၊ လူထုလှုပ်ရှားမှုမှာ ပါဝင်သူတွေကို ကြီးလေးတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီး ထောင်ချ အရေးယူမှု လုပ်တာတွေကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဆက်စပ်ပြီး အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေသုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်းပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။
25 May 2021 What Matters တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၇) Download PDF Version ဖေဖော်ဝါရီ ၁ ရက်မှ မေ ၁၇ ရက်အထိ (၂၀၂၁) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အခြေ စိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ အခုဆိုရင် ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရှိလာပါပြီ။ ● ၉၉ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ခဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားမှု ၉၉ ကြိမ်ထက် မနည်း ရှိခဲ့ ပါတယ်။ အများစုက ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာ ဖြစ်ခဲ့တာပါ။ ဖေဖော်ဝါရီ ၁ရက်မှ ဧပြီ ၁၇ ရက်အထိ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲဖြစ်ပွားမှု ၇၅ ကြိမ်ထက်မနည်း ရှိခဲ့ရာကနေ အခုတလမှာ ၂၄ ကြိမ်ထက်မနည်း ထပ်ဖြစ်ခဲ့ပြီး စုစုပေါင်း ၉၉ကြိမ်ထက်မနည်း ရှိလာပါတယ်။ စစ်အာဏာသိမ်း ပြီးနောက် KNU တပ်မဟာ (၅) နယ်မြေအတွင်း နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုအကြိမ်ပေါင်း ၄၀၇ ကြိမ်၊ လေကြောင်း တိုက် ခိုက်မှု ၂၇ ကြိမ်အပြင် လက်နက်ကြီး ၄၇ လုံး ပစ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ● အရပ်သား ၆၂ ဦးကျော်သေဆုံးခဲ့ရ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် သုံးလကျော် အချိန်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၆၂ဦးကျော် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၈၀ ဦးကျော် ရှိခဲ့ပါတယ်။ ဒီထဲကမှ ၂၅ ဦးကျော်ဟာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁၇ ရက်အထိ တိုက်ပွဲတွေကြောင့် သေဆုံးခဲ့ရတဲ့အရပ်သားပြည်သူ ၅၄ ဦးကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ ၇၂ ဦးကျော် ရှိခဲ့တာဖြစ်ပြီး၊ ယခုလအတွင်းမှာတော့ အရပ်သားသေဆုံးမှုရှစ်ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ရှစ်ဦး ထက်မနည်း အသီးသီး ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ အရေအတွက်ကလည်း တလအတွင်း သုံးဦးထက်မနည်း တိုးလာခဲ့ပါတယ်။ ● စစ်ပြေးဒုက္ခသည် ၇၇,၀၀၀ ကျော်တိုးလာ တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် တိုးလာပြီး စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ဘေးဒုက္ခသည် အရေအတွက် ၇၇,၁၅၄ ဦးကျော် ရှိလာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁၇ ရက် အထိ စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက် ၃၄,၆၀၁ ဦးကျော်ရှိခဲ့ရာက အခုတလမှာ ၇၇,၁၅၄ ဦးကျော်အထိ ရှိလာတာကြောင့် တလအတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၄၂,၅၅၃ ဦးကျော် တိုးလာပါတယ်။ ၂၀၂၀ ပြည့်နှစ် ကစပြီး အခု ၂၀၂၁ ခုနှစ် မေ ဒုတိယပတ်ကာလအထိ စစ်ပြေးဒုက္ခသည် အရေအတွက်ကိုကြည့်ရင် ၄၄၄,၆၅၄ ဦးကျော် ရှိလာခဲ့ပါတယ်။ တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေအနက် ၅,၈၀၀ ကျော်ဟာ ကချင်ပြည်နယ် မိုးမောက်နဲ့ ဖားကန့်မြို့ရှိ ဒေသတွေမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ KIA တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာခဲ့ရတာပါ။ တခါ ဧပြီ ၂၄ ရက်မှ မေလဆန်းကာလအထိ ချင်းပြည်နယ် မင်းတပ်နဲ့ ဟားခါးမြို့၊စစ်ကိုင်းတိုင်း ကနီမြို့တွေက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတို့အကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ ဒီလို ဖြစ်ပွားမှုတွေအတွင်းမှာပဲ စစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့ပြီး ရဟတ်ယာဉ်များနဲ့ပါ အင်အားသုံးတိုက်ခိုက်ခဲ့တာကြောင့် မင်းတပ်မြို့နေ လူဦးရေရဲ့ သုံးပုံနှစ်ပုံ (၇,၀၀၀ ကျော်ခန့်) ဟာ တောတောင်တွေအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အလားတူပဲ စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းက ဒေသခံပြည်သူ ၂၀,၀၀၀ ကျော်ခန့်ဟာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင် ထွက်ပြေးခဲ့ကြရပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၂၁) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/ISPMyanmarpage/posts/2552095425094674 ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူး ပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
17 May 2021 What Matters အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၆) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒ ထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (မေ ၁၄ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၇၈၈ ဦးထက် မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ မေ ၁၄ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၇၁၇ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်း မရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ အရင်တလက ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၂၀ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်လေ့လာမယ်ဆိုရင် တလအတွင်း သေဆုံးရသူ အရေအတွက်က ၆၂ ဦးကျော် တိုးလာသလို၊ သေဆုံးမှု အများဆုံး အသက် အုပ်စုထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံးဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက် အုပ်စုကလည်း သေဆုံးရမှု အများဆုံး ဖြစ်ပါတယ်။ တခါ ဦးခေါင်းကို ပစ်ခတ်ခံရသူ အရေအတွက်က ၉၆ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၅၄၀ ဦး၏ ၁၇ ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန်ဖြစ်ပြီး၊ မန္တလေးက ဒုတိယ နေရာမှာ ရှိနေပါတယ်။ ဒီတလအတွင်း သေဆုံးခဲ့ရသူ ၆၂ ဦးကျော်အနက် စစ်ကိုင်းတိုင်းအတွင်း သေဆုံးခဲ့ရသူ အရေအတွက်က ၁၉ ဦး၊ မန္တလေးတိုင်း အတွင်း သေဆုံးခဲ့ရသူဦးရေက ၁၄ ဦးအထိ ရှိခဲ့ပြီး အများဆုံး ဖြစ်ခဲ့ကြပါတယ်။ တဖက်မှာလည်း AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှု မရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံး ပြီး၊ ဒလန်လို့ စွပ်စွဲခံရတာကြောင့် အသတ်ခံရသူ၁၇ ဦးရှိတယ်လို့လည်း ပြောပါတယ်။ မေ ၁၅ ရက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၆၃ ဦး ရှိတယ်ဆိုပြီး စစ်ကောင်စီ က ပြောဆိုပါတယ်။ အဲဒီကိန်းဂဏန်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၂၀) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
18 Apr 2021 What Matters တိုင်းရင်းသားဒေသများအတွင်း ဖြစ်ပွားသော တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၁) ∎ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဧပြီ ၁၇ ရက်အထိ Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထု လှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသားဒေသများမှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီ အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ စစ်အာဏာသိမ်းမှု ဖြစ်ပြီး နောက်ပိုင်း တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားမှု ၇၅ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ အများစုက ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာ ဖြစ်ခဲ့တာပါ။ ဖေဖော်ဝါရီ ၁ရက်မှ ဧပြီ ၈ ရက်အထိ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲဖြစ်ပွားမှု ၆၉ ကြိမ်ထက်မနည်း ရှိခဲ့ရာကနေ အခုတပတ်မှာ ခြောက်ကြိမ်ထက်မနည်း ထပ်ဖြစ်ခဲ့ပြီး စုစုပေါင်း၇၅ ကြိမ်ထက်မနည်း ရှိလာပါတယ်။ ဒီတိုက်ပွဲတွေဟာ ဧပြီ ၉ ရက်မှ ၁၇ ရက်အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နှစ်လကျော် အချိန်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၅၄ ဦးကျော် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၇၂ ဦးကျော် ရှိခဲ့ပါတယ်။ ဒီထဲကမှ ၂၂ ဦးကျော်ဟာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၈ ရက်အထိ တိုက်ပွဲတွေကြောင့် သေဆုံးခဲ့ရတဲ့အရပ်သားပြည်သူ ၅၁ ဦးကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ ၇၁ ဦးကျော် ရှိခဲ့တာဖြစ်ပြီး၊ ယခုတပတ်အတွင်းမှာတော့ အရပ်သားသေဆုံးမှု သုံးဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ တဦးထက်မနည်း အသီးသီး ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ အရေအတွက်ကလည်း တပတ်အတွင်း နှစ်ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် တိုးလာပြီး စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ဘေးဒုက္ခသည် အရေအတွက် ၃၄,၆၀၁ ဦးကျော် ရှိလာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၈ရက် အထိ စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက် ၃၂,၀၃၀ ဦးကျော် ရှိခဲ့ရာက အခု တပတ်မှာ ၃၄,၆၀၁ ဦးကျော်အထိ ရှိလာတာကြောင့် တပတ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၂,၅၇၁ ဦးကျော် တိုးလာပါတယ်။ ၂၀၂၀ ပြည့်နှစ် ကစပြီး အခု ၂၀၂၁ ခုနှစ် ဧပြီ ဒုတိယပတ်အထိ စစ်ပြေးဒုက္ခသည် အရေအတွက်ကိုကြည့်ရင် ၄၀၂,၁၀၁ ဦးကျော် ရှိလာခဲ့ပါတယ်။ တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေထဲမှ ၃၂,၀၀၀ ကျော်က ကရင်ပြည်နယ်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အာဏာသိမ်း စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် မူတြော် ခရိုင် ဒွယ်လိုးမြို့နယ်နဲ့ ဘူးသိုမြို့နယ်ဖားပွန်-ကမမောင်း လမ်းမကြီးအနီးမှာ ရှိတဲ့ ရွာပေါင်း ၃၀ ကျော်က ဒေသခံ ပြည်သူ ၂,၀၀၀ ကျော်ဟာ ဧပြီ ၁၄ ရက်မှာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၁၇) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူး ပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေတွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။ ◉ What Matters လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေအကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar ကဖော်ပြနေတာပါ။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်းအလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင် ဖြည့်စွက်သွားဖို့ရည်ရွယ်ပါတယ်။ ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိက ဖြေဆိုဖို့ အားထုတ် ပါတယ်။ (၁) တင်ပြချင်တဲ့အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလားဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာ ကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက် လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။ လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေးတင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာသုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲ ဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။
16 Apr 2021 What Matters အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၀) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒ ထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (ဧပြီ ၁၅ ရက်အထိ စာရင်းအရ) ပြည်သူ အရေအတွက် ၇၂၆ ဦးထက် မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ဧပြီ ၁၅ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၆၄၂ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်း မရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ အရင်တပတ်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၁၆ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်လေ့လာမယ်ဆိုရင် တပတ်အတွင်း သေဆုံးရသူ အရေအတွက်က ၁၁၂ ဦးကျော် တိုးလာသလို၊ သေဆုံးမှု အများဆုံး အသက်အုပ်စုထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ်အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် အသက် ၁၈ နှစ်အောက် အသက် အုပ်စုကလည်း သေဆုံးရမှု အများဆုံး ဖြစ်ပါတယ်။ တခါ ဦးခေါင်းကို ပစ်ခတ်ခံရသူ အရေအတွက်က အရင် တပတ်က အရေအတွက်အတိုင်းပဲ ၉၂ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်းသိရှိရသူ ၄၇၈ ဦး၏ ၁၉ ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန်ဖြစ်ပြီး၊ မန္တလေးကဒုတိယ နေရာမှာ ရှိနေပါတယ်။ ဒီတပတ်အတွင်း သေဆုံးခဲ့ရသူ ၁၁၂ ဦးကျော်အနက် ပဲခူးတိုင်းအတွင်း သေဆုံးခဲ့ရသူ အရေအတွက်က အများဆုံး ဖြစ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပဲခူးတိုင်းဟာ ရန်ကုန်နဲ့ မန္တလေးပြီးရင် သေဆုံးရသူ အများဆုံး ဒေသတခု ဖြစ်လာပါတယ်။အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက ပဲခူးမြို့၊ မဂ္ဂတစ်လမ်းပေါ်ရှိ သပိတ်စခန်းတွေကို လက် နက်ကြီးများပါ အသုံးပြုပြီးအင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် ဧပြီ ၉ ရက် တရက်တည်းမှာပဲ ပြည်သူ ၈၂ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၁၆) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။ ◉ What Matters လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေအကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar ကဖော်ပြနေတာပါ။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်းအလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင် ဖြည့်စွက်သွား ဖို့ရည်ရွယ်ပါတယ်။ ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိက ဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလားဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာ ကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက် လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။ လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေးတင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာသုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲ ဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။
14 Apr 2021 Podcasts • What Matters ထီးနန်းကို မင်းစည်းစိမ်အဖြစ် မှတ်ယူတဲ့ နိုင်ငံရေးဓလေ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၉) Download PDF Version စစ်ကောင်စီက အာဏာသိမ်းပြီး ဆန္ဒပြမှုတွေကို အကြမ်းဖက် ချေမှုန်းမှုတွေလုပ်တာ၊ ပစ်ခတ်မှုတွေမှာ ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်တာ၊ ပစ်ခတ်လို့ သေဆုံးရသူတွေထဲမှာ ကလေးသူငယ်တွေ ပါနေတာ၊ ရပ်ထဲ ရွာထဲ ဝင်ရောက် ရှင်းလင်း ချေမှုန်းတဲ့အခါ ပြည်သူတွေအပေါ် ပြောဆို ပြုမူ ဆက်ဆံပုံတွေဟာ ရန်သူသဖွယ် ရမ်းကား နိုင်လွန်းတာတွေကို ဓာတ်ပုံ၊ ဗီဒီယိုစတဲ့အထောက်အထားတွေမှာ တွေ့မြင်ကြရပါတယ်။ စစ်ကောင်စီ တပ်တွေအနေနဲ့ ပြည်သူကိုပါ ရန်-ငါ စည်းခြားပြီး ဘာကြောင့်များ ဒီလောက် ရက်စက်နိုင်ရသလဲဆိုတာ ပြည်သူတွေအတွက် နာကျည်းစရာ ဖြစ်ရသလိုနဲ့ သုတေသီတွေကြားမှာ မေးခွန်း ထုတ်စရာလည်း ဖြစ်ရပါတယ်။ အာဏာသိမ်းခြင်း၊ အာဏာစက် တည်ဆောက်ခြင်းပေါ်မှာ မူတည်ပြီး […]
12 Apr 2021 What Matters စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၈) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဧပြီ ၁၀ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၃၈၀၀ ကျော် အထိ ရှိလာပါတယ်။ ဒီအထဲမှာ ၃၀၁၂ ဦးက ဖမ်းဆီး ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာ NLD အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင်၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေလည်း ပါဝင်ပြီး၊ NLD ပါတီဝင်တွေကိုလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်သားတွေ၊ အရပ်သား ပြည်သူတွေ၊ CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ CDM […]
10 Apr 2021 What Matters တိုင်းရင်းသားဒေသများအတွင်း ဖြစ်ပွားသော တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၇) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထု လှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ စစ်အာဏာသိမ်းမှု ဖြစ်ပြီး နောက်ပိုင်း တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားမှု ၆၉ ကြိမ်ထက် မနည်းရှိခဲ့ပါတယ်။ အများစုက ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာ ဖြစ်ခဲ့တာပါ။ အထူးသဖြင့် မတ် ၂၇ ရက်က […]
9 Apr 2021 What Matters အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၆) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက် ခဲ့ပါတယ်။ ဒီလို ဆန္ဒ ထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (ဧပြီ ၇ ရက်အထိ စာရင်းအရ) ပြည်သူ အရေအတွက် ၆၁၄ ဦးထက် မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ဧပြီ ၇ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၅၉၁ ဦးရဲ့ အချက်အလက်တွေကိုရရှိထားပြီး၊ ဒီစာရင်းတွင် ပါဝင် ခြင်း မရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ အရင် တပတ်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၁၄ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့နှိုင်းယှဉ် လေ့လာမယ် ဆိုရင် တပတ်အတွင်း သေဆုံးရသူ အရေအတွက်က ၇၁ ဦးကျော် တိုးလာသလို၊ သေဆုံးမှု အများဆုံး အသက် အုပ်စုထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ်အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် အသက် ၁၈ နှစ်အောက် အသက် အုပ်စုကလည်း သေဆုံးရမှု ပိုများလာတာ တွေ့ရပါတယ်။ တခါ ဦးခေါင်းကို ပစ်ခတ်ခံရသူ အရေအတွက်က အရင် တပတ်ကထက် ပိုများလာပြီး၊ အရင်တပတ်က ၈၀ ဦးကျော် ရှိခဲ့ရာကနေ ဒီတပတ်မှာ ၉၂ ဦးကျော် (သေဆုံးရသူ အားလုံးရဲ့ ၁၅ ရာခိုင်နှုန်း) ဖြစ်လာပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန်ဖြစ်ပြီး၊ မန္တလေးက ဒုတိယနေရာမှာ ရှိနေပါတယ်။ ဒီတပတ်အတွင်း သေဆုံးခဲ့ရသူ ၇၁ ဦးကျော်အနက် စစ်ကိုင်းတိုင်း အတွင်း သေဆုံးခဲ့ရသူ ဦးရေ ၃၅ ဦးကျော် အထိရှိလာပြီး တပတ်အတွင်း အများဆုံးသေဆုံးခဲ့ရတဲ့ ဒေသ ဖြစ်ခဲ့ပါတယ်။ ဧပြီ ၇ ရက်နေ့ တရက်တည်းမှာ ပင် စစ်ကိုင်းတိုင်းအတွင်း လူပေါင်း ၂၄ ဦးကျော် သေဆုံးခဲ့ရပါတယ်။ ကလေးမြို့နယ်မှ ၁၃ ဦးအထိ အများဆုံး သေဆုံးခဲ့ရပြီး၊ တန့်ဆည်မြို့နယ်မှ ၁၂ ဦး အထိ ဒုတိယ အများဆုံး သေဆုံးခဲ့ရပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၁၄) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ အရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ် ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း ကျင့်ထုံးများနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာအချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊Facebook စာမျက်နှာတွေမှာ ကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကိုအချက်အလက်တွေ ပေးပို့နိုင်ပါတယ်။ ◉ What Matters လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသနရှုထောင့်ကနေ အကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar က ဖော်ပြနေတာပါ။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ဖတ်ချိန် တိုတိုအတွင်း အလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင်မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင် ဖြည့်စွက်သွားဖို့ ရည်ရွယ်ပါတယ်။ ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိက ဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာ ကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက် လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။ လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကိုဦးစားပေး တင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာ သုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသနတွေ့ရှိချက်များပဲ ဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာ ပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။
5 Apr 2021 What Matters အင်တာနက် ဖြတ်တောက်ခြင်းအားဖြင့် လူထုလှုပ်ရှားမှုအရှိန် လျော့ကျသွားမည် မဟုတ်ဆိုသော အယူအဆ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၅) Download PDF Version မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း အင်တာနက် သုံးစွဲမှု ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ သုံးစွဲသူ စုစုပေါင်း ၂၂ သန်းကျော် ရှိခဲ့ပါတယ် (Internet World Stats,2020)။ စီးပွားရေး လုပ်ငန်းတွေတင်မကဘဲ လူတဦးချင်းစီရဲ့ နိစ္စဓူ၀ လုပ်ငန်းဆောင်တာတိုင်းမှာ အင်တာနက်က အရေးပါတဲ့ ဆက်သွယ်ရေး ကိရိယာတခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ အခြားသော ကမ္ဘာ့နိုင်ငံများ နည်းတူ မြန်မာနိုင်ငံမှာလည်း အင်တာနက်က တဆင့် ချိတ်ဆက်လှုပ်ရှား ဆောင်ရွက်မှုတွေ အားကောင်းခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီကတော့ အာဏာသိမ်းခဲ့တဲ့ […]