Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
24 Sep 2021 What Matters စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထောင်ချခံရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၀) စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် စက်တင်ဘာ ၂၂ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၈,၃၅၁ ဦးရှိခဲ့ပြီး ယခုအချိန်ထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၆,၆၉၈ ဦးရှိပါသည်။ ဖမ်းဆီး ခံထားရသူအများစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သာမန်အရပ်သား ပြည်သူတွေနဲ့ ကျောင်းသားတွေဖြစ်ကြပါတယ်။ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေသာမက ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ လက်ရှိ အချိန်ထိဖမ်းဆီးချုပ်နှောင်ခံရသူတွေထဲမှာ ဆရာဝန် ၄၈ ဦးပါဝင်နေပြီး ကိုဗစ်ကာလ ဆေးကုသမှု လှည့်လည် ပြုလုပ်ပေးနေတဲ့ ပရဟိတဆရာဝန်တွေကိုပါ စစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။ ဖမ်းဆီးထားသူတွေအပေါ် တရားစွဲဆိုမှု လုပ်ထားတဲ့ ကိန်းဂဏန်းတွေကိုလေ့လာ ကြည့်ရင် ပုဒ်မ ၅၀၅ (က) ကို အများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ စက်တင်ဘာ ၇ ရက်နေ့က ဖော်ပြခဲ့သောကိန်းဂဏန်းများ (အလေးထားရမည့်အကြောင်းအချက်များ အမှတ်-၄၆ ကိုရှုပါ) နှင့်နှိုင်းယှဉ်ပါက ဖမ်းဆီးချုပ်နှောင်ခံရသူ ၄၇၅ဦး တိုးလာပါသည်။ Download as PDF ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၆) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေးမဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံးအကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။
15 Sep 2021 Backgrounder • Explainers ကုလသမဂ္ဂ စင်မြင့်ထက်၌ မြန်မာ့ကိုယ်စားပြုခွင့်ရရေး အားပြိုင်မှု သိသင့်သမျှအကြောင်းခြင်းရာ ကုလသမဂ္ဂ စင်မြင့်ထက်၌ မြန်မာ့ကိုယ်စားပြုခွင့်ရရေး အားပြိုင်မှု ဒီကနေ့မှာစတင်မယ့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ အာဏာသိမ်း စစ်ကောင်စီတို့အကြား နိုင်ငံကိုယ်စားပြုခွင့် ရရှိရေးအတွက် ကြိုး ပမ်းမှုတွေကို သိသင့်သမျှ အကြောင်းချင်းရာ (Backgrounder) အဖြစ်ISP-Myanmar က ဖော်ပြလိုက်ပါတယ်။ ရေးသားသူများနန်းလွင်၊ သန့်အောင်ပိုင်၊ လင်းထက်အောင် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် တည်းဖြတ်ခဲ့သည့်ဆောင်းပါးကို စက်တင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီ (မြန်မာစံချိန်တော်ချိန်) တွင် အချက်အလက်အသစ်များ ဖြည့်စွက်ခဲ့ပါသည်။ အကျဉ်းချုပ်ဆွေးနွေးချက် ● ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနဲ့ လူ့အခွင့်အရေး ကောင်စီတို့ရဲ့ အစည်းအဝေး အစီအစဉ်တွေမှာ မြန်မာ့အရေးကိစ္စဟာ […]
15 Sep 2021 What Matters အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၈) ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ (၂၀၂၁) ◉ ၁,၀၈၉ ဦးထက်မနည်း သေဆုံး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (စက်တင်ဘာ ၁၂ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၁,၀၈၉ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှုများစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) ရဲ့ စက်တင်ဘာ ၁၂ ရက်အထိ မှတ်တမ်းပြုစုမှုအရ သေဆုံးသူ ၁,၀၂၀ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ Download as PDF ◉ သေဆုံးသူ ၄၅ ဦးတိုးလာ စက်တင်ဘာ ၅ ရက်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၅) နဲ့ နှိုင်းယှဉ်ကြည့်ရင် အသစ်ထပ်တိုးလာတဲ့ သေဆုံးသူအရေအတွက်က တပတ်ကျော်ကာလအတွင်း ၄၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအထဲကမှ မကွေးတိုင်းအတွင်းသေဆုံးခဲ့ကြရသူတွေက အများဆုံး ဖြစ်ပါတယ်။ စက်တင်ဘာ ၉ ရက်မှာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီးနောက် ဒေသခံအချို့ နဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ခဲ့ကြပါတယ်။ စစ်ကောင်စီဘက်ကလက်နက်ကြီးအသုံးပြုမှု၊ အင်အားသုံး ဖြိုခွင်းမှု တွေကြောင့် ဒေသခံပြည်သူ ၁၇ ဦး သေဆုံးခဲ့ကြရပါတယ်။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၅) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ [link] ◉ လူငယ်၊ လူလတ်ပိုင်း သေဆုံးရမှုများ သေဆုံးခဲ့ရသူ ၁,၀၈၉ ဦးကို အသက် အုပ်စုအလိုက် ကြည့်ရင် အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက်အုပ်စုကလည်း သေဆုံးရမှု အများဆုံးဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန် ဖြစ်ပြီး၊ မန္တလေးက ဒုတိယနေရာမှာ ရှိနေပါတယ်။ ယခုတပတ် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာအတွင်း သေဆုံးခဲ့သူ ၁၇ ဦးအနက် အသက် ၁၈ နှစ်အောက် လူငယ် ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြရပါတယ်။ ◉ ဦးခေါင်းပစ်ခတ်ရသူ ၁၁၇ ဦးကျော်ရှိ တခါ ဦးခေါင်းကို သေဆုံးခဲ့ရသူတွေထဲမှာ ပစ်ခတ်ခံရသူ အရေအတွက်က ၁၁၇ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၈၁၄ ဦး၏ ၁၄ ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ အဆိုပါသေဆုံး ရသူများ အနက် အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြားလူငယ်တွေက ၅၃ ရာခိုင်နှုန်း အထိ အများဆုံးသေဆုံးခဲ့ကြရပါတယ်။ ဦးခေါင်းပစ်ခတ်ခံရသူ အများဆုံးဒေသက မန္တလေးတိုင်းဖြစ်ပြီး ၂၇ ဦးအထိ ရှိပါတယ်။ ◉ သေဆုံးသူ အရေအတွက် ထုတ်ပြန်ချက်များ AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားသလိုတဖက်မှာလည်း စစ်ကောင်စီဘက်က သေဆုံးသူ အရေအတွက် ထုတ်ပြန်လာတာတွေ ရှိနေပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၀ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။စက်တင်ဘာ ၉ ရက်က စစ်ကောင်စီ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံအခြေစိုက် သံသမန်များအား ရှင်းလင်းပွဲမှာ သေဆုံးသူအရေအတွက်ကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီမှ ဩဂုတ်လကုန်အထိ အစိုးရဝန်ထမ်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်၊မြို့နယ်အဆင့်နဲ့ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူ၊ ပြည်ခိုင်ဖြိုးပါတီဝင်၊ မိသားစု နဲ့ ထောက်ခံသူ၊ ဒလန်လို့ စွပ်စွဲသတ်ဖြတ်ခံရသူအပြင် ဗုံးဖောက်ခွဲမှုတွေကြောင့်ပါ သေဆုံးရသူက စုစုပေါင်း ၉၃၃ ဦး ရှိနေကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ သူတို့ရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့အဖွဲ့ အစည်းတွေရဲ့ သီးခြားအတည်ပြုချက်တော့ မရှိပါဘူး။ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စက်တင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်မှာတော့ ဇွန်နဲ့ ဩဂုတ်လတွေအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ်များအတွင်း ပြည်သူ ၄၃၁ ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်မှ ၁,၇၁၀ ဦး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်တဲ့ အဖွဲ့အစည်း များရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
9 Sep 2021 What Matters တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုနှင့် စစ်ပြေးဒုက္ခများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၇) ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၇ ရက်အထိ (၂၀၂၁) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထု လှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက် လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန် အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ တခါ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာပဲ တတိုင်းပြည်လုံးကို အရေးပေါ်အခြေအနေ ကြေညာပြီး အုံကြွခုခံစစ် စတင်ကြဖို့ တိုက်တွန်းခဲ့တာကြောင့် နိုင်ငံအနှံ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပိုများလာပြီး ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေလည်း အရင်ထက် ပိုမို ပေါ်ထွက်လာပါတယ်။ Download as PDF ● ၈၇၈ ကြိမ် ထက်မနည်း ဖြစ်ပွား စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၈၇၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာ ပထမပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအနက် ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အတွင်းက KNU တပ်မဟာ နယ်မြေတွေအတွင်း တိုက်ပွဲတွေ၊ စစ်ရေးလှုပ်ရှားမှုတွေ ဖြစ်ပွားနေပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးဒေသအတွင်း MNDAA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ် ပွားနေပါတယ်။ တဖန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီး စက်တင်ဘာ ၇ ရက်အထိ ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ၁၁၁ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြပါတယ်။ ● အရပ်သား ၁၇၁ ဦးကျော် သေဆုံး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၁၇၁ ဦးကျော် ရှိခဲ့ပြီးထိခိုက် ဒဏ်ရာရသူ ၁၃၈ ဦးကျော် ရှိခဲ့ပါတယ်။ အဆိုပါ သေဆုံးခဲ့ရသူတွေထဲမှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၅၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦးလည်း ပါဝင်နေပါတယ်။ ● စစ်ပြေးဒုက္ခသည် ၂,၁၀၀ ကျော် နေရပ်ပြန် တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ ယခုတပတ် အတွင်း စစ်ပြေးဒုက္ခသည် ၈၅၀ ဦးကျော် တိုးလာပြီး၊ တဖက်မှာလည်း ကချင်ပြည်နယ်အတွင်းက စစ်ရှောင် ပြည်သူ ၂,၁၀၀ ကျော်ခန့် နေရပ်ပြန်လာခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ရက် ကစပြီး အခု ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်အထိ စစ်ပြေး ဒုက္ခသည်အရေအတွက်ကို ကြည့်ရင် ၇၆၇,၆၅၆ ဦးကျော် ရှိလာခဲ့ပါတယ်။ ယခုတပတ်အတွင်း တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေအနက် ၅၀၀ ကျော်ဟာ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က KNU တပ်မဟာ(၄) နယ်မြေတွေအတွင်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလှုပ်ရှားဖို့ ဝင်ရောက်စီးနှင်းပြီး နောက် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတာဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း အတွင်း ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ MNDAA တို့အကြားတိုက်ပွဲတွေကြောင့် မုံးကိုးမြို့အနီးက ဒေသခံပြည်သူ ၂၀၀ ကျော် ထပ်မံ ထွက်ပြေးတိမ်းရှောင်လာခဲ့ရပါတယ်။ ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်က ၇၆၀,၀၀၀ ကျော်အထိ ရှိလာသလို၊အရင်ကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်ပမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် အရေအတွက်ကလည်း၉၇၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ရိုဟင်ဂျာဒုက္ခသည်ပေါင်း၈၈၀,၀၀၀ ကျော်၊ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်းမှာ စစ်ရှောင်ဒုက္ခသည် ၉၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၃) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
8 Sep 2021 What Matters စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထောင်ချခံရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၆) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း စက်တင်ဘာ ၄ ရက်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၇,၈၀၀ ကျော် အထိ ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၆,၂၃၀ ဦးဟာ လက်ရှိအချိန်အထိ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူ အများစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သာမန်အရပ်သား ပြည်သူတွေနဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေသာမက ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ လက်ရှိအချိန်ထိ ဖမ်းဆီးချုပ်နှောင်ခံရသူတွေထဲမှာ ဆရာဝန် ၄၇ ဦးပါဝင်နေပြီး ကိုဗစ်ကာလ ဆေးကုသမှုလှည့်လည် ပြုလုပ်ပေးနေတဲ့ ပရဟိတဆရာဝန်တွေကိုပါ စစ်ကောင်စီက ဖမ်းဆီးမှုတွေလုပ်နေပါတယ်။ ဖမ်းဆီးထားသူတွေအပေါ် တရားစွဲဆိုမှု လုပ်ထားတဲ့ ကိန်းဂဏန်းတွေကို လေ့လာကြည့်ရင် ပုဒ်မ ၅၀၅ (က) ကိုအများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ ဩဂုတ် ၂၅ ရက် ဖော်ပြခဲ့သော ကိန်းဂဏန်းများ (အလေးထားရမည့်အကြောင်းအချက်များ အမှတ်-၄၁ ကိုရှုပါ) နှင့် နှိုင်းယှဉ်ပါက ဖမ်းဆီးချုပ်နှောင်ခံရသူ ၄၃၆ ဦး တိုးလာပါသည်။ Download as PDF ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၁) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူများအပေါ် တရားရေးမဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြု လေ့လာနိုင် မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံးအကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာ ခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီရဲ့ ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။
6 Sep 2021 What Matters အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ။ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ (၂၀၂၁) အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၅) ◉ ၁,၀၄၄ ဦးထက်မနည်း သေဆုံး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (စက်တင်ဘာ ၃ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၁,၀၄၄ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှုများစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) ရဲ့ စက်တင်ဘာ ၃ ရက်အထိ မှတ်တမ်းပြုစုမှုအရ သေဆုံးသူ ၉၇၆ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ Download as PDF ◉ သေဆုံးသူ ၂၅ ဦးတိုးလာ ဩဂုတ် ၂၇ ရက်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၂) နဲ့ နှိုင်းယှဉ်ကြည့်ရင် အသစ်ထပ်တိုးလာတဲ့ သေဆုံးသူအရေအတွက်က တပတ်ကျော်ကာလအတွင်း ၂၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအထဲကမှ ကိုးဦးဟာ စစ်ကိုင်းတိုင်းအတွင်း သေဆုံးခဲ့ရပြီး၊ ခြောက်ဦးကတော့ ရှမ်းပြည်နယ်အတွင်း သေဆုံးခဲ့ရသူများ ဖြစ်ပါတယ်။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၂) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ◉ လူငယ်၊ လူလတ်ပိုင်း သေဆုံးရမှုများ သေဆုံးခဲ့ရသူ ၁,၀၄၄ ဦးကို အသက် အုပ်စုအလိုက် ကြည့်ရင် အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက်အုပ်စုကလည်း သေဆုံးရမှု အများဆုံးဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန် ဖြစ်ပြီး၊ မန္တလေးက ဒုတိယနေရာမှာ ရှိနေပါတယ်။ ◉ ဦးခေါင်းပစ်ခတ်ရသူ ၁၁၆ ဦးကျော်ရှိ တခါ ဦးခေါင်းကို သေဆုံးခဲ့ရသူတွေထဲမှာ ပစ်ခတ်ခံရသူ အရေအတွက်က ၁၁၆ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၇၇၁ ဦး၏ ၁၅ ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ တဖက်မှာလည်း AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံးပြီး၊ ဒလန်လို့ စွပ်စွဲခံရတာကြောင့် အသတ်ခံရသူ၁၇ ဦးရှိတယ်လို့လည်း ပြောပါတယ်။ ဇွန် ၁၂ ရက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၇၃ ဦး ရှိတယ်ဆိုပြီး စစ်ကောင်စီက ပြောဆိုပါတယ်။ စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ထုတ်ပြန်ချက်မှာတော့ ခုနှစ်လတာကာလအတွင်း သူ့ပါတီဝင်တွေ၊ မိသားစုတွေနဲ့ ပါတီထောက်ခံသူ စုစုပေါင်း ၂၅၃ ဦး အသတ်ခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ သူတို့ရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့အဖွဲ့ အစည်းတွေရဲ့ သီးခြားအတည်ပြုချက်တော့ မရှိပါဘူး။ ဒါ့အပြင် ဇူလိုင်လ တလအတွင်းမှာပဲ စစ်ကောင်စီက အရပ်သားတွေအပေါ် အကြမ်းဖက်မှု ၆၉ ကြိမ် ဖြစ်ပွား ခဲ့ပြီး၊ တိုက်ပွဲများနဲ့ပဋိပက္ခဖြစ်စဉ်တွေကြောင့် သေဆုံးသူ ပြည်သူစုစုပေါင်း ၁၉၉ ဦးထက်မနည်း ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက သူတို့ရဲ့ Facebook စာမျက်နှာမှာ ဩဂုတ် ၉ ရက်က ဖော်ပြခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်တဲ့ အဖွဲ့အစည်း များရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
2 Sep 2021 What Matters တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ။ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ (၂၀၂၁) အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၃) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ Download PDF Version ● ၈၇၀ ကြိမ် ထက်မနည်း ဖြစ်ပွား စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၈၇၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ KNU ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားထားတဲ့ KIC သတင်းဌာန ဖော်ပြချက်အရ ဩဂုတ် တလအတွင်း KNU တပ်မဟာ (၅) နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ KNU တို့အကြား တိုက်ပွဲပေါင်း အကြိမ် ၁၃၀ ကျော် ဖြစ်ပွားခဲ့ရာ၊ စစ်ကောင်စီဘက်မှ ၁၁၈ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၈ ဦးရှိခဲ့ကာ KNU တပ်မဟာ (၅) ဘက်မှ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဩဂုတ် နောက်ဆုံးအပတ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ကြူကုတ်(ပန်ဆိုင်း) ဒေသတွေမှာ စစ်ကောင်စီနဲ့ MNDAA တို့အကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ၁၅ ဦးကျဆုံးပြီး၊ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရပါတယ်။ တဖန် ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာလည်း ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တို့အကြားအပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီး ဩဂုတ် ၃၁ ရက်အထိ ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ၁၀၁ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ကြပါတယ်။ ● အရပ်သား ၁၆၆ ဦးကျော် သေဆုံး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၁၆၆ ဦးကျော် ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူ ၁၃၈ ဦးကျော် ရှိခဲ့ပါတယ်။ အဆိုပါ သေဆုံးခဲ့ရသူတွေထဲမှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၅၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦးလည်း ပါဝင်နေပါတယ်။ ယခုတပတ် အတွင်း သေဆုံးခဲ့ရသူတွေအနက် ၁၁ ဦးဟာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနှင်းပြီးနောက် လိုက်လံပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေ ဖြစ်ကြောင်း သိရပါတယ်။ ● စစ်ပြေးဒုက္ခသည် ၁၁,၀၀၀ ကျော်တိုးလာ တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ယခုတပတ် အတွင်း စစ်ပြေး ဒုက္ခသည် ၁၁,၈၅၆ ဦးကျော် တိုးလာပြီး၊ စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ပြေးဒုက္ခသည် အရေအတွက် ၂၇၁,၄၅၆ ဦးကျော် ရှိလာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီ ၁ရက် ကစပြီး အခု ၂၀၂၁ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ စစ်ပြေး ဒုက္ခသည် အရေအတွက်ကို ကြည့်ရင် ၇၆၈,၉၅၆ ဦးကျော် ရှိလာခဲ့ပါတယ်။ ယခုတပတ်အတွင်း တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေအနက် ၅,၀၀၀ ကျော်ဟာ ကယားပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအပြီး ဘေးလွတ်ရာကိုတိမ်းရှောင်လာကြတာပဲ ဖြစ်ပါတယ်။ အလားတူ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းကြတာကြောင့် အနီးအနားက ဒေသခံပြည်သူ ၅,၀၀၀ ကျော်ဟာလည်း ဘေးလွတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်လာကြရပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ MNDAA တို့အကြားတိုက်ပွဲတွေ၊တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းအကြား တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၁၄၀၀ ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင် လာခဲ့ရပါ တယ်။ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်က တန့်ဂျာရွာအနီးမှာ စစ်ကောင်စီနဲ့ KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ နေအိမ်အချို့မှ တပ်စွဲထားတာကြောင့် ဒေသခံပြည်သူ ၄၀၀ ကျော်ခန့်မှာ လည်း ဘေးလွတ်ရာနေရာတွေဆီကို ထွက်ပြေးလာကြရပါတယ်။ ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်က ၇၆၀,၀၀၀ ကျော်အထိ ရှိလာသလို၊အရင်ကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်ပမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် အရေအတွက်ကလည်း၉၇၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ရိုဟင်ဂျာဒုက္ခသည်ပေါင်း၈၈၀,၀၀၀ ကျော်၊ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်းမှာ စစ်ရှောင်ဒုက္ခသည် ၉၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၉) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
28 Aug 2021 What Matters အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ။ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၂၅ ရက်အထိ (၂၀၂၁) အလေးထားရမည့် အကြောင်းအချက်များ အမှတ် -( ၄၂) ◉ ၁,၀၁၉ ဦးထက်မနည်း သေဆုံး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (ဩဂုတ် ၂၅ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၁,၀၁၉ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှုများစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ဩဂုတ် ၂၅ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၉၅၁ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ Download PDF Version ◉ သေဆုံးသူ ၃၁ ဦးတိုးလာ ဩဂုတ် ၁၂ ရက်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၇) နဲ့ နှိုင်းယှဉ်ကြည့်ရင် အသစ်ထပ်တိုးလာတဲ့ သေဆုံးသူအရေအတွက်က ၁၅ ရက်အတွင်း ၃၁ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၁၀ ဦးဟာ စစ်ကိုင်းတိုင်းအတွင်းသေဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၇) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ◉ လူငယ်၊ လူလတ်ပိုင်း သေဆုံးရမှုများ သေဆုံးခဲ့ရသူ ၁,၀၁၉ ဦးကို အသက် အုပ်စုအလိုက် ကြည့်ရင် အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက်အုပ်စုကလည်း သေဆုံးရမှု အများဆုံးဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ ကြတဲ့ ဒေသက ရန်ကုန် ဖြစ်ပြီး၊ မန္တလေးက ဒုတိယနေရာမှာ ရှိနေပါတယ်။ ◉ ဦးခေါင်းပစ်ခတ်ရသူ ၁၁၆ ဦးကျော်ရှိ တခါ ဦးခေါင်းကို သေဆုံးခဲ့ရသူတွေထဲမှာ ပစ်ခတ်ခံရသူ အရေအတွက်က ၁၁၆ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၇၃၇ ဦး၏ ၁၅ ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ တဖက်မှာလည်း AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံးပြီး၊ ဒလန်လို့ စွပ်စွဲခံရတာကြောင့် အသတ်ခံရသူ၁၇ ဦးရှိတယ်လို့လည်း ပြောပါတယ်။ ဇွန် ၁၂ ရက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၇၃ ဦး ရှိတယ်ဆိုပြီး စစ်ကောင်စီက ပြောဆိုပါတယ်။ အဲဒီကိန်းဂဏန်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ဒါ့အပြင် ဇူလိုင်လ တလအတွင်းမှာပဲ စစ်ကောင်စီက အရပ်သားတွေအပေါ် အကြမ်းဖက်မှု ၆၉ ကြိမ် ဖြစ်ပွား ခဲ့ပြီး၊ တိုက်ပွဲများနဲ့ပဋိပက္ခဖြစ်စဉ်တွေကြောင့် သေဆုံးသူ ပြည်သူစုစုပေါင်း ၁၉၉ ဦးထက်မနည်း ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက သူတို့ရဲ့ Facebook စာမျက်နှာမှာ ဩဂုတ် ၉ ရက်က ဖော်ပြခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်တဲ့ အဖွဲ့အစည်း များရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
25 Aug 2021 What Matters စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထောင်ချခံရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၁) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဩဂုတ် ၂၃ ရက်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၇,၀၀၀ ကျော် အထိ ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၅,၈၂၁ ဦးဟာ လက်ရှိအချိန်အထိ ဖမ်းဆီး ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီး ခံထားရသူ အများစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သာမန်အရပ်သား ပြည်သူတွေနဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့CDM ကို ထောက်ခံ အားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေသာမက ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားပါတယ်။ လက်ရှိ အချိန်ထိ ဖမ်းဆီး ချုပ်နှောင်ခံရသူတွေထဲမှာ ဆရာဝန် ၄၈ ဦးပါဝင်နေပြီး ကိုဗစ်ကာလ ဆေးကုသမှု လှည့်လည် ပြုလုပ်ပေးနေတဲ့ ပရဟိတ ဆရာဝန်တွေကိုပါ စစ်ကောင်စီက ဖမ်းဆီးမှုတွေလုပ်နေပါတယ်။ ဖမ်းဆီးထားသူတွေအပေါ် တရားစွဲဆိုမှု လုပ်ထားတဲ့ ကိန်းဂဏန်းတွေကို လေ့လာ ကြည့်ရင် ပုဒ်မ ၅၀၅ (က) ကိုအများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ ယခင်အပတ်က ဖော်ပြခဲ့သော ကိန်းဂဏန်းများ (အလေးထားရမည့်အကြောင်းအချက်များ အမှတ်-၃၈ ကိုရှုပါ) နှင့်နှိုင်းယှဉ်ပါက တပတ်အတွင်း ဖမ်းဆီးချုပ်နှောင်ခံရသူ ၂၅၉ ဦး တိုးလာပါတယ်။ဒါ့အပြင် ဇူလိုင်လစာရင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဖမ်းဆီးခံရသူ အရေအတွက် ပိုများလာပါတယ်။ Download PDF Version ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၈) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ [link] https://ispmyanmar.com/burmese/2021/08/16/wm-38/ ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး နောက်ပိုင်း ဥပဒေပုဒ်မ အမျိုးမျိုးနဲ့ ဖမ်းဆီး ထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီက သူတို၎င်းတို့ကို ဆန့်ကျင် ကန်ကွက်နေသူတွေကို တရားရေးမဏ္ဍိုင်အသုံးချပြီး လုပ်ဆောင်တဲ့ ဖိနှိပ်မှုတွေအကြောင်း သုတေသနပြု လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှအင်အားသုံး အကြမ်းဖက်ဖမ်းဆီး ဝရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် ဆန္ဒပြ ပြည်သူတွေအပေါ် အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိ၊မရှိ ဆိုတဲ့ ကိစ္စရပ်တွေကို အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။
25 Aug 2021 What Matters တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၉) ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၂၀ ရက်အထိ (၂၀၂၁) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသားဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ Download PDF Version ● အကြိမ် ၇၆၀ ထက်မနည်း ဖြစ်ပွား စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၇၆၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ KNU သတင်းနှင့်ပြန်ကြားရေးဌာန Thoolei News ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားခဲ့တဲ့ မဇ္ဇျိမ သတင်းဌာနက ဇူလိုင်လအတွင်း ကရင်ပြည်နယ်အတွင်းရှိ ခရိုင် ၄ ခုအတွင်း တိုက်ပွဲ ၁၈၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် လက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၅၀ ခန့် သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ဇူလိုင်လမှစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးနဲ့ ပန်ဆိုင်း(ကြူကုတ်) ဒေသတွေအတွင်းMNDAA အဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတို့အကြား တိုက်ပွဲအရေအတွက် ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ တဖန် ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာလည်း ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီး ဩဂုတ်၂၀ ရက်အထိ အဲဒီဒေသတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ၈၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြပါတယ်။ ● အရပ်သား ၁၄၉ ဦးကျော် သေဆုံး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၁၄၉ ဦးကျော် ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူ ၁၃၆ ဦးကျော် ရှိခဲ့ပါတယ်။ အဆိုပါ သေဆုံးခဲ့ရသူတွေထဲမှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၄၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦးလည်း ပါဝင်နေပါတယ်။ ● စစ်ပြေးဒုက္ခသည် ၃၀,၀၀၀ ကျော်တိုးလာ တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ယခုတလအတွင်း စစ်ပြေး ဒုက္ခသည် ၃၁,၆၀၀ ကျော် တိုးလာပြီး၊စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ပြေးဒုက္ခသည် အရေအတွက် ၂၅၉,၆၀၀ ဦးကျော် ရှိလာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ၁ရက် ကစပြီး အခု ၂၀၂၁ ခုနှစ် ဩဂုတ် ၂၀ ရက်အထိ စစ်ပြေး ဒုက္ခသည် အရေအတွက်ကို ကြည့်ရင် ၇၅၇,၁၀၀ ဦးကျော် ရှိလာခဲ့ပါတယ်။ ယခုတလအတွင်း တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေအနက် ၅,၀၀၀ ကျော်ဟာ ကယားပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအပြီး ဘေးလွတ်ရာကို တိမ်းရှောင်လာကြတာပဲ ဖြစ်ပါတယ်။ အလားတူ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်မှာ စစ်ပြေးဒုက္ခသည် ၄,၀၀၀ ကျော်၊စစ်ကိုင်းတိုင်းမှာ ၅,၀၀၀ ကျော်၊ မကွေးတိုင်းမှာ ၁,၀၀၀ ကျော်တို့ဟာ ထပ်မံထွက်ပြေး တိမ်းရှောင် လာကြရပါတယ်။ ဒါ့အပြင်ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေမှာလည်း အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြားတိုက်ပွဲတွေအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်းအကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာကြောင့် ဒေသခံပြည်သူ ၁၂,၀၀၀ ကျော်ဟာလည်း ဘေးလွတ်ရာကို ထပ်မံ တိမ်းရှောင် လာခဲ့ကြရပါတယ်။ ၎င်းတို့ထဲမှာ ဩဂုတ်လအတွင်းရှမ်းပြည်နယ် မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်) ဒေသအတွင်း MNDAA အဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံ ၁,၈၀၀ ကျော်လည်း ပါဝင်ပါတယ်။ အဆိုပါ လူဦးရေအနက် ၁,၄၀၀ ကျော်ခန့်ဟာတရုတ်-မြန်မာနယ်စပ်အထိ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်းလည်း သိရပါတယ်။ ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်က ၇၅၀,၀၀၀ ကျော်အထိ ရှိလာသလို၊အရင်ကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်ပမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် အရေအတွက်ကလည်း၉၇၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ရိုဟင်ဂျာဒုက္ခသည်ပေါင်း၈၈၀,၀၀၀ ကျော်၊ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်းမှာ စစ်ရှောင်ဒုက္ခသည် ၉၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၃) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်း အားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
16 Aug 2021 What Matters စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထောင်ချခံရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၈) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဩဂုတ်လ ၁၂ ရက်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၇၀၀၀ ကျော် အထိ ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၅၅၇၁ ဦးဟာ လက်ရှိအချိန်အထိ ဖမ်းဆီး ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီး ခံထားရသူအများစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သာမန်အရပ်သား ပြည်သူတွေနဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေသာမက ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ လက်ရှိ အချိန်ထိဖမ်းဆီး ချုပ်နှောင်ခံရသူတွေထဲမှာ ဆရာဝန် ၄၈ ဦးပါဝင်နေပြီး ကိုဗစ်ကာလ ဆေးကုသမှု လှည့်လည် ပြုလုပ်ပေးနေတဲ့ ပရဟိတဆရာဝန်တွေကိုပါ စစ်ကောင်စီက ဖမ်းဆီးမှုတွေလုပ်နေပါတယ်။ ဖမ်းဆီးထားသူတွေအပေါ် တရားစွဲဆိုမှု လုပ်ထားတဲ့ ကိန်းဂဏန်းတွေကို လေ့လာ ကြည့်ရင် ပုဒ်မ ၅၀၅ (က) ကိုအများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ ဇွန်လက ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၃၄ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ် လေ့လာမယ်ဆိုရင် ဖမ်းဆီး ထိန်းသိမ်းထားခံရသူ အရေအတွက် ၄၀၀ ကျော် တိုးလာပါတယ်။ Download PDF Version ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၄) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေးမဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံးအကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။
13 Aug 2021 What Matters အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၇) ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၁၁ ရက်အထိ (၂၀၂၁) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (ဩဂုတ် ၁၁ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၉၆၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာ ရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ဩဂုတ် ၁၁ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၈၉၇ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်း မရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ Download PDF Version အရင်တလက ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၃၅ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်လေ့လာမယ်ဆိုရင် တလတာကာလအတွင်း သေဆုံးရသူ အရေအတွက်က ၈၀ ဦးကျော် တိုးလာသလို၊ သေဆုံးမှု အများဆုံးအသက် အုပ်စုထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက် အုပ်စုကလည်း သေဆုံးရမှု အများဆုံး ဖြစ်ပါတယ်။ တခါဦးခေါင်းကို ပစ်ခတ်ခံရသူ အရေအတွက်က ၁၀၇ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၇၁၄ ဦး၏ ၁၅ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန်ဖြစ်ပြီး၊ မန္တလေးက ဒုတိယ နေရာမှာ ရှိနေပါတယ်။ ဒီတလအတွင်း သေဆုံးခဲ့ရသူ ၈၀ ဦးကျော်အနက် စစ်ကိုင်းတိုင်းအတွင်း ၃၁ ဦးအထိ အများဆုံး သေဆုံးခဲ့ပြီး၊မန္တလေးတိုင်း အတွင်း ၁၀ ဦးအထိ သေဆုံးခဲ့ကြရပါတယ်။ တဖက်မှာလည်း AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံးပြီး၊ ဒလန်လို့ စွပ်စွဲခံရတာကြောင့် အသတ်ခံရသူ၁၇ ဦးရှိတယ်လို့လည်း ပြောပါတယ်။ ဇွန် ၁၂ ရက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၇၃ ဦး ရှိတယ်ဆိုပြီး စစ်ကောင်စီက ပြောဆိုပါတယ်။ အဲဒီကိန်းဂဏန်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ဒါ့အပြင် ဇူလိုင်လ တလအတွင်းမှာပဲ စစ်ကောင်စီက အရပ်သားတွေအပေါ် အကြမ်းဖက်မှု ၆၉ ကြိမ် ဖြစ်ပွား ခဲ့ပြီး၊ တိုက်ပွဲများနဲ့ပဋိပက္ခဖြစ်စဉ်တွေကြောင့် သေဆုံးသူ ပြည်သူစုစုပေါင်း ၁၉၉ ဦးထက်မနည်း ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက သူတို့ရဲ့ Facebook စာမျက်နှာမှာ ဩဂုတ် ၉ ရက်က ဖော်ပြခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်တဲ့ အဖွဲ့အစည်းများရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၅) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
4 Jul 2021 What Matters အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၅) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (ဇူလိုင် ၁ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၈၈၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ဇူလိုင် ၁ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၈၁၇ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်း မရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ အရင်တလက ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၂၉ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်လေ့လာမယ်ဆိုရင် တလတာကာလအတွင်း သေဆုံးရသူ အရေအတွက်က ၅၂ ဦးကျော် တိုးလာသလို၊ သေဆုံးမှု အများဆုံးအသက် အုပ်စုထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက် အုပ်စုကလည်း သေဆုံးရမှု အများဆုံး ဖြစ်ပါတယ်။ တခါဦးခေါင်းကို ပစ်ခတ်ခံရသူ အရေအတွက်က ၁၀၄ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၆၃၆ ဦး၏ ၁၆ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန်ဖြစ်ပြီး၊ မန္တလေးက ဒုတိယ နေရာမှာ ရှိနေပါတယ်။ ဒီတလအတွင်း သေဆုံးခဲ့ရသူ ၅၂ ဦးကျော်အနက် မန္တလေးတိုင်းအတွင်း ၁၂ ဦးအထိ အများဆုံးသေဆုံးခဲ့ပြီး၊စစ်ကိုင်းတိုင်း အတွင်း ၁၀ ဦးအထိ သေဆုံးခဲ့ကြရပါတယ်။ တဖက်မှာလည်း AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံး ပြီး၊ ဒလန်လို့ စွပ်စွဲခံရတာကြောင့် အသတ်ခံရသူ၁၇ ဦးရှိတယ်လို့လည်း ပြောပါတယ်။ ဇွန် ၁၂ ရက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၇၃ ဦး ရှိတယ်ဆိုပြီး စစ်ကောင်စီက ပြောဆိုပါတယ်။ အဲဒီကိန်းဂဏန်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၂၉) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/ISPMyanmarpage/posts/2578166109154272 ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
1 Jul 2021 Podcasts • Review Essay မြန်မာ့အရေး ကျရှုံးနိုင်ငံဖြစ်တော့မလား ဆွေးနွေးချက်များအား ဆန်းစစ်ခြင်း နိဒါန်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး ဖြစ်လာတဲ့ အခြေအနေတွေအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကျရှုံးနိုင်ငံတခု (failed state) အဖြစ် ဦးတည်သွားနိုင်တယ်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လေ့လာသူတွေက ဆိုနေကြပါတယ်။ အထူးသဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ချေမှုန်းမှုကြောင့် သေဆုံးရမှုတွေ အမြောက်အများ ရှိနေသလို၊ လက်တုံ့ပြန် ခုခံ တိုက်ခိုက်မှုတွေကြောင့်လည်း စစ်ပွဲတွေ ကျယ်ပြန့်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာ့ဒုက္ခသည်တင်ပို့မှု ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အရေအတွက် တသန်းကျော်တဲ့ နိုင်ငံတွေကို မှတ်တမ်းပြုထားရာမှာ မြန်မာနိုင်ငံက ဒုက္ခသည် […]
28 Jun 2021 What Matters စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခံရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် -(၃၄) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဇွန် ၂၄ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစု ပေါင်း ၅၀၀၀ကျော် အထိ ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၅၁၀၄ ဦးဟာ လက်ရှိ အချိန်အထိ ဖမ်းဆီး ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာ NLD အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင်၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေလည်း ပါဝင်ပြီး၊ NLD ပါတီဝင်တွေကို လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်သားတွေ၊ အရပ်သား ပြည်သူတွေ၊ CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံ ထားရသူတွေနဲ့ ၀ရမ်းထုတ် ခံထားရသူတွေအပေါ် တရားစွဲဆိုမှု ပြုလုပ်တဲ့ ကိန်းဂဏန်းတွေကို လေ့လာ ကြည့်ရင်လည်း ပုဒ်မ ၅၀၅ (က) ကို အများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ အရင်လက ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၂၈ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့နှိုင်းယှဉ် လေ့လာမယ်ဆိုရင် တလအတွင်း ဖမ်းဆီးထိန်းသိမ်းထားခံရသူ အရေအတွက် ၉၀၀ ကျော် တိုးလာပြီး အဖမ်းခံရသူအများစုက အရပ်သား ပြည်သူတွေ ဖြစ်နေပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၂၈) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/ISPMyanmarpage/posts/2572308643073352 ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မ အမျိုးမျိုးနဲ့ ဖမ်းဆီး ထောင်ချခံနေရတဲ့ ပြည်သူအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူ တွေအပေါ် (တရားရေးမဏ္ဍိုင်အသုံးချပြီး) ဘယ်လို ဖိနှိပ်မှုတွေ လုပ်သလဲ ဆိုတာကို သုတေသန ပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို အင်အားသုံး အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းတာတွေအပြင်၊ လူထုလှုပ်ရှားမှုမှာ ပါဝင်သူတွေကို ကြီးလေးတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီး ထောင်ချ အရေးယူမှု လုပ်တာတွေကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဆက်စပ်ပြီး အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေသုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်းပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။