Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
24 Mar 2022 Data Matters သုံးလအတွင်း စစ်ပြေးဒုက္ခသည် သုံးသိန်းခွဲကျော်တိုးလာခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံးရှိခဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မတ် ၂၀ ရက်အထိ နေရာအနှံ့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့အပြန်အလှန်ပစ်ခတ်မှု တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် စုစုပေါင်း ၇၅၂,၅၈၉ ဦးကျော် ရှိလာပါတယ်။ စစ်အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည် ၄၉၇,၂၀၀ ဦးကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၁,၂၄၉,၇၈၉ ဦးကျော် ရှိလာပါတယ်။ တခါ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည် ၁၀၀,၂၀၀ ဦးကျော် ရှိနေပါတယ်။
15 Mar 2022 Data Matters နိုင်ငံအနှံ့ နေအိမ်နှင့် အဆောက်အအုံ ၅၃၁ လုံးထက်မနည်း ချိပ်ပိတ် သိမ်းဆည်းခံခဲ့ရ စစ်ကောင်စီက နေအိမ် ချိပ်ပိတ် သိမ်းဆည်းမှုတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက စတင်လုပ် ဆောင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ခုခံတွန်းလှစ်စစ် စတင်ဖို့ ကြေညာခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နောက်ပိုင်းမှာ ပိုလုပ်လာခဲ့ပါတယ်။ အထူးသဖြင့် NUG အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ (PDF/LDF/CDF/KNDF စသဖြင့်) နဲ့ ဆက်စပ်နေတဲ့ နေအိမ်၊ အဆောက်အဦတွေကို ပစ်မှတ်ထား ချိပ်ပိတ် သိမ်းဆည်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရအရေးယူဆောင်ရွက်နေတဲ့ အမှုတွေနဲ့ ဆက်စပ်တဲ့ နေအိမ်၊ တိုက်ခန်းတွေကိုလည်း သိမ်းဆည်းခဲ့သလို၊ CDM လှုပ်ရှားမှုနဲ့ ဆက်စပ်နေသူတွေ၊ အသံတိတ်သပိတ် လှုံ့ဆော်မှုတွေနဲ့ ဆက်စပ်နေသူတွေရဲ့ နေအိမ် အဆောက်အအုံတွေကိုလည်း ချိပ်ပိတ်ခဲ့ပါတယ်။
10 Mar 2022 ISP's OnPoint • Podcasts မြန်မာ့အရေး အဖြေရှာမှုနှင့် အင်အားကြီး နိုင်ငံများအကြား အားပြိုင်မှုအတွက် အသုံးချခံမြေစာပင် ဖြစ်နိုင်ခြေ မြန်မာ့အရေး နိုင်ငံတကာ အထူးကိုယ်စားလှယ်တွေထဲမှာ စစ်တပ်နဲ့ နီးစပ်သူတွေလည်း ရလဒ်ထွက်ပေါ် အောင် မလုပ်နိုင်သေးသလို၊ အခြားတဖက်မှာလည်း ယုံကြည်ထိုက်လိုက်တဲ့ ကိုးစားခံရမှု အားသာချက် (Credibility Leverage) က ကျဆင်းနေပါတယ်။ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်တွေ မစခင်မှာပဲ စစ်တပ်နဲ့ အာဏာခွဲဝေရေး (Power-sharing) ဆိုတဲ့ အင်တာဗျူး စကားရပ်ကြောင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် မစ္စနိုရင်းဟေဇာဟာ တာအထွက်မှာ တက်ကျိုးသလို ဖြစ်ခဲ့ရပါတယ်။ တခါ အာဆီယံဘုံသဘော တူညီချက်ငါးရပ်မှာ အခြေခံ အကျဆုံးဖြစ်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ စစ်ကောင်စီကို အာဆီယံအထူး ကိုယ်စားလှယ်သစ်က နားမချနိုင်သေးပါဘူး။ ဒါ့အပြင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဘက်အသီးသီးနဲ့ တရားဝင်အပြုသဘော တွေ့ဆုံဆွေးနွေးဖို့ရာလည်း နှောင့်နှေးနေပါတယ်။ ဂျပန် အထူးကိုယ်စားလှယ် ဆာဆာကာဝါကတော့ စစ်တပ်နဲ့နီးစပ်သူ ဖြစ်တာကြောင့် သူ့အပေါ် မြန်မာ့တော်လှန်ရေးအတိုက်အခံများရဲ့ ယုံကြည်မှုက အားနည်းပါတယ်။
19 Feb 2022 Data Matters လူပေါင်း ၉,၀၀၀ ကျော်ထက်မနည်း ဖမ်းဆီးခံထားရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထု အရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေး မဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံး အကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။
11 Feb 2022 ISP Mapping • What Matters မြန်မာနိုင်ငံ အနောက်မြောက်ဒေသ ပဋိပက္ခမြေပုံ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF/CDF/KNDF စသဖြင့်) နဲ့ စစ်ကောင်စီတို့အကြားတိုက်ပွဲ ပြင်းထန်နေတဲ့ ဒေသတွေအနက် မြန်မာနိုင်ငံ အနောက်မြောက်ဘက်ခြမ်းဒေသမှာ အရပ်သား အစုလိုက်အပြုံလိုက် အသတ်ခံရမှု (တနေရာတည်းတွင်အနည်းဆုံးသုံးယောက်အသတ်ခံရသည်ကိုဆိုလို) ရှိနေပါတယ်။ သတင်းမီဒီယာတွေနဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်ကို အခြေပြုပြီး ISP-Myanmar က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဇူလိုင်လကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်အတွင်း စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၁၆ မြို့မှာ တိုက်ပွဲဖြစ်ပွားမှုတွေအတွင်း အစုအလိုက်အပြုံလိုက် အသတ်ခံရတဲ့ ဖြစ်စဉ်တွေကြောင့် အရပ်သား ၁၄၀ ဦးထက်ကျော်ထက်မနည်း သေဆုံးခဲ့ရပါတယ်။
issue:02, 11 Feb 2022 ISP Mapping မြန်မာနိုင်ငံ အနောက်မြောက်ဒေသ ပဋိပက္ခမြေပုံ မြန်မာနိုင်ငံ အနောက်မြောက်ဒေသ ပဋိပက္ခမြေပုံ
3 Feb 2022 Data Matters တနှစ်တာအတွင်း ဖြစ်ခဲ့သော တိုက်ပွဲများ၊ ဖမ်းဆီးခံရမှုများနှင့် သေဆုံးမှုများ သေဆုံးမှုတွေကို ကြည့်တဲ့အခါ အရပ်သားသေဆုံးမှုက နှစ်ပေါင်း ၃၀ ကျော်အတွင်း စံချိန်တင် ဖြစ်ခဲ့ပါတယ်။ AAPP မှတ်တမ်းတွေအရ စစ်ကောင်စီရဲ့ ပစ်ခတ်မှုနဲ့ ဖမ်းဆီးခံရစဉ်ရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသူ ၁,၃၅၈ ဦးထက်မနည်းရှိခဲ့ပါတယ်။ စစ်ကောင်စီကတော့ ဒလန်လို့ စွပ်ခံရပြီး သတ်ဖြတ်ခံရသူတွေအပါအဝင် ဗုံးဖောက်ခွဲမှုတွေကြောင့် သေဆုံးရတဲ့ အရပ်သား ၁,၅၃၈ဦးထက်မနည်းရှိခဲ့ပြီး အသတ်ခံရတဲ့ အစိုးရဝန်ထမ်း ၂၉၂ ဦးရှိတယ်လို့ ပြောပါတယ်။ တိုက်ပွဲတွေကြောင့် သေဆုံးရတဲ့အရပ်သား ၄၃၀ ထက်မနည်း ရှိခဲ့တာကြောင့် ဒီစာရင်းအားလုံးပေါင်းရင် စစ်အာဏာသိမ်းမှု အကျိုးဆက် နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် တနှစ်တာအတွင်း အရပ်သား ၃,၅၀၀ ကျော်ထက်မနည်းသေဆုံးခဲ့တယ်လို့ တွက်ချက်နိုင်ပါတယ်။ စစ်ကောင်စီ ကိန်းဂဏန်းတွေအတွက်တော့ လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ သီးခြား အတည်ပြုချက် မရှိပါဘူး။
1 Feb 2022 ISP's OnPoint • Podcasts စစ်အာဏာသိမ်းမှု တနှစ်ပြည့်<br>ချိန်ထိုးအကဲဖြတ်အပ်သည့် ရှုထောင့်သုံးရပ် အာဏာသိမ်းခဲ့တဲ့အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေဟာ သူတို့အပေါ်ဆန့်ကျင်တဲ့ တွန်းလှန်ပုန်ကန်မှုမျိုးစုံကို နိုင်ငံအနှံ့ ဒေသအများစုမှာ ရင်ဆိုင်နေရပြီး အာဏာကိုင်စွဲအုပ်ချုပ်ခွင့်လည်း အခုထိမရသေးပါဘူး။ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာမျက်နှာစာမှာ အဖတ်ဆယ်လို့မရအောင် နိုင်ငံရဲ့ ဂုဏ်သိက္ခာက ချွတ်ခြုံကျခဲ့ရပြီဖြစ်သလို ပြည်သူလူထုရဲ့ နိစ္စဓူဝ ရှင်သန်ရပ်တည်ရမှုတွေကလည်း အဆိုးဆုံးသောအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီဘက်က ဖမ်းဆီး နှိပ်စက်တာတွေ၊ တိုက်ပွဲတွေနဲ့အတူ စစ်ပြေးဒုက္ခသည် တိုးပွားလာတာနဲ့ အရပ်သားသေဆုံးမှု စံချိန်တင်များလာတာစတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကိုလည်း ကြီးစွာရင်ဆိုင်နေရပါတယ်။
28 Jan 2022 Data Matters နှစ်ပေါင်း ၃၀ ကျော်အတွင်း ပဋိပက္ခကြောင့် အရပ်သားသေဆုံးမှု စံချိန်တင် ပဋိပက္ခနဲ့ တိုက်ပွဲတွေကို စောင့်ကြည့်ပြီး ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သား ပြည်သူအရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏတွေကို လေ့လာခြင်းအားဖြင့်လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာတရားမျှတမှု ရှုထောင့် (Transitional Justice) နဲ့ လူသားလုံခြုံရေးဆိုင်ရာ (Human Security) ကိစ္စရပ်တွေအတွက်လည်း သုတေသန ပြုနိုင်မှာဖြစ်တဲ့အတွက် အလေးထားသင့်သော ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။
22 Jan 2022 ISP's OnPoint • Podcasts ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ “လူသားချင်းစာနာထောက်ထားမှုအပြင်” (Humanitarian Plus) ချဉ်းကပ်မှုနည်းလမ်း စစ်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာတာနဲ့အမျှ အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးက အဓိကကျလာပါတယ်။ ဒီအရေး ဖြေရှင်းနိုင်ဖို့အတွက် Humanitarian Plus ဆိုတဲ့ ချဉ်းကပ်မှုကို ပြောဆိုကြရာမှာတော့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီ သက်သက်သာမက၊ “အပြင်” (Plus) ဆိုပြီး ဖြည့်စွက်ထည့်သွင်း ဆောင်ရွက်ရမယ့် ကိစ္စရပ်နဲ့ ဒီလို ဆောင်ရွက်မယ့်နယ်ပယ်က ဘယ်အတိုင်းအတာအထိ ကျယ်ပြန့်သွားမလဲဆိုတဲ့ အယူအကောက်ကတော့ သဲသဲကွဲကွဲ မရှိသေးပါဘူး။
11 Jan 2022 ISP's OnPoint • Podcasts စောင့်ဆိုင်းခြင်း၊ ရှုတ်ချခြင်းတို့ဖြင့် လူမဆန်သော စစ်ဘေးနှင့် အရပ်သားပြည်သူ ကာကွယ်ရေးအပေါ် ဖြေရှင်းနိုင်ဖွယ်မရှိ ပြီးခဲ့တဲ့လပိုင်းအတွင်း ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ လေကြောင်းထိုးစစ်အပါအဝင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးမှုက စံချိန်တင် ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်သူတွေ လောင်မီးကျနေချိန်မှာပဲအာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကိုလာခဲ့ပြီး လူသားချင်းစာနာမှု အထောက်အကူပေးရေး လုပ်ဆောင်မယ်လို့ ပြောခဲ့ပါတယ်။
19 Dec 2021 What Matters နှစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် ၆,၀၀၀ ကျော်တိုးလာ ∎ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ (၂၀၂၁) အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၈) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ အခု အချိန်အထိလည်း ပုံသဏ္ဌာန် မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ(EAOs) အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်းEAOs တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ EAOs အချို့ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ (PDF/LDF/CDF/KNDF စသည်ဖြင့်) နဲ့ စစ်ကောင်စီတို့ အကြားအပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ အရှိန်မြင့် လာပါတယ်။ တိုက်ပွဲနဲ့ ပဋိပက္ခ အရှိန်မြင့်လာခြင်းနဲ့အတူ နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ရသူတွေလည်း ပိုများလာသလို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း အရေးပေါ်လိုအပ်နေပါတယ်။ Download as PDF ● နှစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် ၆,၀၀၀ ကျော်တိုးလာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၁၆ ရက်အထိ နေရာအနှံ့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့အပြန်အလှန်ပစ်ခတ်မှု တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် စုစုပေါင်း ၃၉၀,၉၂၇ ဦးကျော် ရှိလာပါတယ်။ စစ်အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည် ၄၉၇,၂၀၀ ဦးကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၈၈၈,၁၂၇ ဦးကျော် ရှိလာပါတယ်။ တခါ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည် ၉၇၂,၀၀ ဦးကျော် ရှိနေပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း EAOs တွေ၊ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ဒေသတွေမှာ စစ်ဘေးဒုက္ခသည်အရေအတွက် ပိုတိုးနေပါတယ်။ ကယားပြည်နယ်မှာ စစ်ဘေးဒုက္ခသည် အများဆုံး ရှိနေပြီး စုစုပေါင်း၁၁၀,၂၀၀ ဦးကျော် ရှိပါတယ်။ စစ်ကိုင်းတိုင်းမှာ ၉၇,၂၅၀ ဦး ကျော်ရှိပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။ ဒီဇင်ဘာပထမပတ်နဲ့ဒုတိယပတ်အတွင်းမှာတော့ နေရပ်စွန့်ခွာ စစ်ဘေးဒုက္ခသည် ၆,၂၀၀ ကျော်အထိ ထပ်မံ တိုးလာခဲ့ပါတယ်။ ● ဒီဇင်ဘာလ အခြေအနေ ၂၀၂၁ ခုနှစ် ဒီဇင်ဘာပထမပတ်အတွင်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇင်ကလဲကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲလာမှုကြောင့် အနီးအနားရှိ ကျေးရွာလေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာလည်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့အကြား လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ရှိနေပြီး စစ်ရေးတင်းမာမှုတွေကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းကိုင်မြို့က ဒေသခံ ၁,၀၀၀ ကျော်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်က ဒေသခံ ၂၀၀ ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာတော့ ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့အတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်လာရာမှ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ စစ်ကောင်စီတို့အကြား စစ်ရေးတင်းမာခဲ့ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်မှစကာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၄,၀၀၀ ကျော်ထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အဲ့ဒီ ၄,၀၀၀ ကျော်အနက်၂,၅၀၀ ကျော်ဟာ မြန်မာ-ထိုင်းနယ်စပ် ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရ ပြီး ကျန် ၁,၀၀၀ ကျော်ကတော့ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းဘက်ခြမ်းကို မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့ရတယ်လို့ သိရပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကို လေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိ အပေါ် သုတေသနပြုဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
18 Dec 2021 What Matters ခြောက်လအတွင်း KNU နယ်မြေ၌ တိုက်ပွဲ ၁,၀၀၀ ကျော် ဖြစ်ခဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၇) ပြီးခဲ့တဲ့ ခြောက်လတာ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေ (EAOs) ရဲ့ နယ်မြေတွေမှာ စစ်ကောင်စီနဲ့ EAOs အကြားတိုက်ပွဲ အကြိမ်ရေ ၁,၁၅၇ ကြိမ်ထက်မနည်း ဖြစ်ခဲ့တာ တွေ့ရပါတယ်။ အဲဒီအထဲကမှ ၁,၀၂၃ ကြိမ်ထက်မနည်း (၉၆ ရာခိုင်နှုန်း) ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအတွင်းမှာ ဖြစ်ခဲ့တာပါ။ ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း KNU တပ်မဟာ ၆ထိန်းချုပ်နယ်မြေ လေကေ့ကော်မြို့အတွင်း စစ်ကောင်စီ တပ်တွေ ဝင်ရောက်ပြီး၊ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာကနေ တိုက်ပွဲဖြစ်ပွားမှု အရှိန်မြင့်နေပါတယ်။ Download as PDF တဆက်တည်းမှာပဲ ဒေသအသီသီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF/CDF/KNDF စသဖြင့်) တို့အကြားတိုက်ပွဲဖြစ်ပွားမှုတွေကလည်း ပိုမို ကျယ်ပြန့်လာပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်နေ ဒီဇင်ဘာ ၁၆ ရက်အထိ ခြောက်လတာကာလအတွင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှု ၃၃၆ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။စစ်ကိုင်းတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုအများဆုံး ဖြစ်ခဲ့ပြီး ၁၁၉ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ ဒါဟာ သတင်းမီဒီယာတွေနဲ့ လွတ်လပ်သော အဖွဲ့အစည်းတွေက ဖော်ပြထားတဲ့ တရားဝင် အချက်အလက်တွေကို စုစည်းပြီး ကောက်ယူထားတာ ဖြစ်ပါတယ်။ မြေပြင်အခြေအနေမှာတော့ အခုဖော်ပြတဲ့ ကိန်းဂဏန်းတွေထက် ပိုများနိုင်ပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာလည်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပြီး လက်ရှိအချိန်ထိ လက်နက်ကိုင်ပဋိပက္ခတွေ တင်းမာမှု ရှိနေဆဲ ဖြစ်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကို လေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိ အပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပဋိပက္ခနဲ့ တိုက်ပွဲတွေကို စောင့်ကြည့်ပြီး ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူအရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်း အားဖြင့်လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာတရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်တဲ့အတွက် အလေးထားသင့်သော ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
10 Dec 2021 ISP's OnPoint • Podcasts အသံမထွက်ဘဲ ခြောက်ခြားနိုင်စွမ်း၊ မမြင်ရဘဲ အရှိုက်ထိ ထိုးနှက်နိုင်စွမ်း ကနဦးသုံးသပ်ချက် (အမှတ်-၂) ဒီဇင်ဘာ ၁၀ ရက် မြန်မာ့အကြမ်းမဖက်လှုပ်ရှားမှု ∎ ဖြစ်ရပ်အချက်အလက် ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ မြန်မာပြည်တဝှမ်း အသံတိတ် သပိတ်မှောက်ကြပါတယ်။ မြေပြင်မှတ်တမ်းဓာတ်ပုံတွေအရ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှု အားကောင်း တာ၊ လှုပ်ရှားမှုအောင်မြင်တာ တွေ့ရပါတယ်။ လှုပ်ရှားမှုရဲ့ ကြွေးကြော်သံက “ဆိတ်သုဉ်း နေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဆိုတာပဲဖြစ်ပါတယ်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ https://anchor.fm/isp-myanmar/episodes/ep-e1c47qu Download as PDF ∎ ကနဦးသုံးသပ်ချက် အသံတိတ်သပိတ်ရဲ့ အောင်မြင်မှုက စစ်အာဏာသိမ်းမှုကို ဆန့် ကျင်တဲ့ ပြည်သူများရဲ့ သန္နိဋ္ဌာန်နဲ့ ပစ်တိုင်းထောင်လို အလဲအဖြို မခံ ကြံ့ကြံ့ခိုင် ပြန်ရုန်းထနိုင်စွမ်းကို ပေါ်လွင်စေပါတယ်။ ဒီလှုပ်ရှားမှုမှာ ပြည်သှူပါဝင်မှု အရေအတွက်သာမက အရည်အသွေး အရလည်း […]
8 Dec 2021 What Matters ပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ပွဲဆင်မှု အရေအတွက် အမြင့်ဆုံးသို့ရောက်လာ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၆) ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်ကနေ ဒီဇင်ဘာ ၃ ရက်အတွင်း အခြေအနေတွေကို ကြည့်ရင် မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ် ဒေသတိုင်းနီးပါးမှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိလာပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်း အခြေအနေမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေရဲ့ တိုက်ပွဲဆင်မှုဟာ ရှစ်လတာကာလအတွင်း အရေအတွက် အမြင့်ဆုံး ဖြစ်လာပါတယ်။ EAOs နယ်မြေတွေဘက်ကို ကြည့်တဲ့အခါ တိုက်ပွဲအရှိန် ကောင်းနေဆဲ ဖြစ်ပေမဲ့ အောက်တိုဘာနဲ့ ယှဉ်မယ်ဆိုရင်တော့ တိုက်ပွဲ ဖြစ်မှု ၃၈ရာခိုင်နှုန်းကျော် ကျဆင်းသွားတာ တွေ့ရပါတယ်။ Download as PDF ● သုံးလအတွင်း တိုက်ပွဲနှင့် ပစ်ခတ်မှု အကြိမ် ၁,၀၀၀ နီးပါးရှိ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီဇင်ဘာ ၃ ရက်အထိ တိုက်ပွဲနဲ့ အပြန်အလှန်ပစ်ခတ်မှု ၁,၉၄၈ ကြိမ်ထက် မနည်း ဖြစ်ခဲ့ပါတယ်။ ဒီအထဲမှာ ၁,၀၀၀ နီးပါးခန့်ဟာ ပြီးခဲ့တဲ့ သုံးလအတွင်း ဖြစ်ခဲ့တာပါ။ ဒီတိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုက၂၈၆ ဦးထက်မနည်း ရှိခဲ့ပါတယ်။ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဟာ စက်တင်ဘာမှာ အများဆုံးဖြစ်ခဲ့ပြီး တလအတွင်း၃၄၄ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ ● ပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ပွဲဆင်မှု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲဆင်မှုက နိုဝင်ဘာမှာ အမြင်ဆုံးဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာတလတည်းမှာ ၁၁၆ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး ရှစ်လတာ ကာလအတွင်း အကြိမ်ရေ အများဆုံး ဖြစ်လာတာပါ။ ရှစ်လအတွင်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၃၅၆ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ ဒီတိုက်ပွဲတွေထဲက ၆၄ရာခိုင်နှုန်းကျော်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခုခံတွန်းလှန်စစ် ကြေညာပြီးတဲ့နောက်ပိုင်း သုံးလအတွင်း ဖြစ်ခဲ့တာပါ။ နိုဝင်ဘာအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲဆင်မှု အမြင့်ဆုံး ရောက်ခဲ့ရတဲ့ အကြောင်းတခုကတော့ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေအတွင်း စစ်ကောင်စီ ဘက်က အနော်ရထာစစ်ဆင်ရေး အမည်နဲ့ ထိုးစစ်ဆင်ခဲ့မှုကြောင့်လည်း ဖြစ်ပါတယ်။ နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း မှာပဲ စစ်ကောင်စီက လေကြောင်းကတဆင့် ထိုးစစ်ဆင်မှုတွေ လုပ်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း အရပ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားအရေအတွက်က ၁၄၁ ဦးထက်မနည်း ရှိခဲ့ပါတယ်။ နှစ်ဖက် တပ်ဖွဲ့ဝင်တွေရဲ့ ကျဆုံးမှုကို ဒီစာရင်းမှာ ထည့်သွင်းထားခြင်း မရှိပါဘူး။ ● EAOs နယ်မြေအတွင်း တိုက်ပွဲဖြစ်မှုကျဆင်း ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နှိုင်းယှဉ်ရင်တော့ EAOs နယ်မြေတွေအတွင်း တိုက်ပွဲဖြစ်မှုဟာ နိုဝင်ဘာလမှာ ၃၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း EAOs နယ်မြေတွေအတွင်း တိုက်ပွဲ ၁၁၈ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး၊ ဒီအထဲက ၈၃ ရာခိုင်နှုန်းဟာKNU တပ်မဟာ ၅ နယ်မြေအတွင်း ဖြစ်ခဲ့တာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီဇင်ဘာ ၃ ရက် အထိ ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်း အစရှိတဲ့ ဒေသတွေက EAOs နယ်မြေ တွေမှာ တိုက်ပွဲဖြစ်မှု ၁,၆၃၈ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ပဋိပက္ခနဲ့ တိုက်ပွဲတွေကို စောင့်ကြည့်ပြီး ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူအရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့်လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာတရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကို လေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိ အပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။