Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
3 Jun 2022 ISP Clips နိုင်ငံတဝန်းလုံး တိုက်ပွဲ ၄,၆၀၀ ကျော်ဖြစ်ပွားခဲ့ စစ်အာဏာသိမ်းပြီးနောက် ယခုနှစ် မေ ၁၅ရက်အထိ နိုင်ငံတဝန်းလုံးမှာတိုက်ပွဲဖြစ်ပွားမှု ၄,၆၀၀ ကျော်ရှိလာပါပြီ။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ် မှတ်စု အမှတ် - ၃ မှာ ဒီအကြောင်းခြင်းရာကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
2 Jun 2022 Data Matters အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်၊ အဆောက်အအုံ ၂၂,၀၀၀ ကျော်မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ ၂၀၂၂ ခုနှစ်၊ မေ ၁ ရက်ကနေ ၂၆ ရက်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်၊ အဆောက်အအုံ ၇,၆၆၂ လုံး ထက်မနည်း ရှိခဲ့ပါတယ်။ အာဏာသိမ်ပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့၊ ဖျက်ဆီးခြင်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံ အရေအတွက် (လအလိုက်) ထဲမှာ ယခုလအတွင်း ဖျက်ဆီးခံရတဲ့ပမာဏာကတော့ တနှစ်တာအတွင်း အများဆုံး ဖြစ်ပါတယ်။ ဒီလိုမျိုးမီးရှို့၊ ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ၇,၆၆၂ လုံးထဲမှာ စစ်ကိုင်းတိုင်းက ၅,၃၃၇ လုံး၊ မကွေးတိုင်းက ၂,၁၄၃ လုံး၊ ရှမ်းပြည်နယ်ကအလုံး ၁၁၀၊ မန္တလေးတိုင်းကအလုံး ၃၀၊ ချင်းပြည်နယ်က ၂၉ လုံး၊ ကရင်ပြည်နယ်က ၁၀ လုံးနဲ့ ကယားပြည်နယ်က ၃ လုံးတို့ ပါဝင်ပါတယ်။
27 May 2022 Data Matters စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်၊အဆောက်အအုံ ၅၈၀ ကျော် ချိပ်ပိတ်သိမ်းဆည်းခြင်းခံခဲ့ရ သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံတွေထဲမှာ အရပ်သားတွေရဲ့ပိုင်ဆိုင်မှုတွေ အများဆုံး ချိပ်ပိတ်သိမ်းဆည်း ခြင်းခံခဲ့ရပြီးတော့ ၃၇၃ လုံးထက်မနည်းရှိခဲ့ပါတယ်။ ဒါဟာ စုစုပေါင်း သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံ အရေအတွက်အားလုံးရဲ့ ၆၃ ဒသမ ၇ ရာခိုင်နှုန်းရှိပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပိုင်ဆိုင်မှု နေအိမ်၊ အဆောက်အအုံ ၁၄၇ လုံးထက်မနည်းသိမ်းဆည်းခံခဲ့ရပြီး ၂၅ ရာခိုင်နှုန်းခန့် ရှိပါတယ်။
23 May 2022 Data Matters စစ်အာဏာသိမ်းပြီး နိုင်ငံတစ်ဝန်းလုံးတွင် တိုက်ပွဲပေါင်း လေးထောင့်ခြောက်ရာကျော်ဖြစ်ပွားခဲ့ အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်းလုံးမှာ လက်နက်ကိုင်ပဋိပက္ခတွေ နေရာအနှံ့ဖြစ်ပွားခဲ့ပြီးတော့ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှာတော့ ပဋိပက္ခ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ရက်ကနေ ၂၀၂၂ ခုနှစ်၊ မေ ၁၅ ရက်အတွင်း ISP-Myanmar က လက်လှမ်းမီသမျှ စုဆောင်းထားတဲ့ အချက်အလက်တွေအရ ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲအကြိမ်ရေ ၂,၄၃၂ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
19 May 2022 ISP Clips အရပ်သားသေဆုံးမှု ၅,၆၀၀ ကျော်ထက်မနည်းရှိလာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်း အာဏာသိမ်းမှုနောက်ဆက်တွဲ အရပ်သားသေဆုံးမှု ၅,၆၀၀ ကျော်ထက်မနည်းရှိလာပါပြီ။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စု အမှတ်-၁ မှာ ဒီအကြောင်းချင်းရာကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
12 May 2022 Data Matters စစ်အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှု ၅,၆၀၀ ကျော်ရှိလာ အာဏာသိမ်းကာလတနှစ်ကျော် ကြာမြင့်လာပြီဖြစ်ပေမယ့်လည်း စစ်ကြောရေးစခန်းတွေမှာ ဖမ်းဆီးနှိပ်စက်ခံရတာကြောင့် သေဆုံးနေသူတွေရဲ့ အရေအတွက်ကလည်း မြင့်တတ်နေဆဲပဲဖြစ်ပါတယ်။ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် နိုင်ငံတဝန်းအရပ်သားသေဆုံးမှုတွေထဲမှာမှ ဆန္ဒပြနေစဥ်အတွင်း ပစ်ခတ်ခံရတာတွေနဲ့ ဖမ်းဆီးခံရပြီးနောက်သေဆုံးခဲ့ရသူ ၁,၈၃၁ ဦးရဲ့ ဒေသတွေကို ထပ်မံခွဲခြမ်း စိတ်ဖြာကြည့်ရင် စစ်ကိုင်းတိုင်းက သေဆုံးသူဦးရေ ၅၉၉ ဦးထက် မနည်းရှိခဲ့တာကြောင့် အရပ်သား သေဆုံးမှု အများဆုံးရှိခဲ့တဲ့ ဒေသဖြစ်ပါတယ်။
11 May 2022 ISP's OnPoint • Podcasts အခြေမခိုင် မဏ္ဍပ်နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု စစ်ကောင်စီဥက္ကဋ္ဌရဲ့ ဖိတ်ခေါ်ချက်အပေါ် တုံ့ပြန်မှုတွေကို ကြည့်ရင် အခြေအနေသုံးရပ်ကို မြင်သာစေပါတယ်။ ပထမအချက်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်အခြေအနေဟာ အရင်ကလိုပုံမှန်အခြေအနေ (old normal) မဟုတ်တော့ဘူး၊ ဘက်အသီးသီးက တိုင်းပြည်ကို သူတို့လိုလားတဲ့ အခြေအနေသစ် (new normal) အဖြစ် ဖန်တီးဖို့ ကြိုးစားနေကြပြီး၊ တိတိပပ ပုံပေါ်လာတာ မရှိသေးပါဘူး။ သေချာတာကတော့ အာဏာသိမ်းမှု အကျိုးဆက်အဖြစ် တိုင်းပြည်ဟာ နိုင်ငံရေးတည်ငြိမ်မှု အခင်းအကျင်းမျိုးရဖို့ ရေခံမြေခံရှိတဲ့ ပုံမှန်အခြေအနေမဟုတ်တော့တာ၊ ရှိရင်းစွဲအထိုင်ကိုလွန်သွားပြီ (post-normal) ဆိုတဲ့အပေါ် သိမြင်ချက်က စစ်ကောင်စီဘက်၊ အထူးသဖြင့် စစ်ကောင်စီ ဥက္ကဋ္ဌဆီမှာ ရှိနေပုံမရပါဘူး။
6 May 2022 ISP Mapping • What Matters ကရင်နီဒေသ ပဋိပက္ခမြေပုံ ၂၀၂၁ ခုနှစ်၊ မေ ၂၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀ ရက်အတွင်း ကရင်နီဒေသထဲမှာ ကရင်နီ တပ်မတော် (KA) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ အပါအဝင် ကရင်နီတော်လှန်ရေးတပ် အနည်းဆုံး ၁၀ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားတဲ့ အကြိမ်ရေ ၂၄၇ ကြိမ် ထက်မနည်း ရှိခဲ့ပါတယ်။ ကရင်နီတော်လှန်ရေးတပ်တွေအနေနဲ့ ပွဲဦးထွက်စဥ်က တူမီး၊လက်လုပ် သေနတ်တွေကိုသာ ကိုင်တွယ်တိုက်ခိုက်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ တိုက်ပွဲဝင် ရိုင်ဖယ်၊ စက်သေနတ်၊ စနိုက်ပါ စတဲ့ ခေတ်မီ လက်နက်တွေကိုပါ တပ်ဆင်လာနိုင်ပြီး ပိုမိုအားကောင်းလာတာကို တွေ့ရပါတယ်။ တိုက်ပွဲဖြစ်ပွားမှုတွေ ဖြစ်စဉ်တွေကိုပြန်ကြည့်ရရင် နှစ်ဖက်ထိပ်တိုက်တိုက်ခိုက်မှုတွေအပြင် စစ်ကောင်စီရဲ့ မြို့ပေါ်အခြေစိုက် တပ်မ ဌာနချုပ်စခန်းနဲ့ ရဲစခန်းတွေအပြင် တပ်စွဲထားတဲ့တောင်ကုန်းတွေပါ တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်တွေလည်း ပါဝင် ပါတယ်။
2 May 2022 Data Matters နှစ်ပေါင်း ၃၀ ကျော်အတွင်း သတင်းသမားများဖိနှိပ်ခံရမှု စံချိန်တင် ပြီးခဲ့တဲ့ တနှစ်ကျော်ကာလအတွင်း သတင်းသမား ၁၄၃ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး သတင်း မီဒီယာ လုပ်ငန်း ၁၁ ခုကို လိုင်စင်ပိတ်သိမ်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ သတင်းသမား ၁၃၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီအထဲက သတင်းသမား ၂၇ ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ပစ်ခတ်မှုများကြောင့် တ ဦး နဲ့ စစ်ကြောရေးမှာ တ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီလ ၂၁ ရက်အထိ သတင်းသမား ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး တဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ သတင်းသမား တဦးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွင်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မှ ဧပြီလအထိ သတင်းမီဒီယာသမား ၃၄ ဦးထက်မနည်းကို ဖမ်း၀ရမ်းထုတ်ခဲ့ပါသေးတယ်။
27 Apr 2022 Data Matters ၂၀၂၂ ခုနှစ် ဧပြီ တလတည်းအတွင်း စစ်ပြေးဒုက္ခသည် ငါးသောင်းရှစ်ထောင်ကျော် တိုးလာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်အထိ နေရာအနှံ့မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့အပြန်အလှန်ပစ်ခတ်မှု တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် စုစုပေါင်း ၈၁၀,၈၈၉ ကျော်ရှိလာပါတယ်။ စစ်အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည် ၄၉၇,၂၀၀ ကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၁,၃၀၈,၀၈၉ ကျော် ရှိလာပါတယ်။ တခါ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည် ၁,၀၀၂,၀၀၀ ကျော် ရှိနေပါတယ်။
20 Apr 2022 Data Matters တစ်နှစ်ကျော်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ ၅၇,၀၀၀ ကျော်တွင်နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်းခန့်သာပါဝင် လက်လှမ်းမီသမျှ ပြုစုထားတဲ့ စာရင်းတွေအရ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ၅၇,၀၉၁ ဦးထဲမှာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဖမ်းဆီး၊ ချုပ်နှောင်ခံ ရသူ ၄,၅၅၆ ဦးခန့် သာ ပါဝင်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ စုစုပေါင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူဦးရေရဲ့ ရှစ်ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ကျန် ၉၀ ရာခိုင်နှုန်းကျော်ကတော့ နိုင်ငံရေးနဲ့ ဆက်နွယ်ခြင်းမရှိတဲ့ အခြား ပြစ်မှု ၊ပြစ်ဒဏ်တွေနဲ့ အကျဥ်းကျခံနေရသူတွေဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်တွေဟာ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီး၊ ထိန်းသိမ်းခံခဲ့ရတဲ့ သူတွေကို ဦးတည်ပြီး ပေးတာမဟုတ်ဘူးဆိုတာ သိသာနိုင်ပါတယ်။
8 Apr 2022 Data Matters အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်း အရပ်သား ၂,၃၀၀ ကျော်သေဆုံးခဲ့ ဒါ့အပြင် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေကြောင့်သေဆုံးခဲ့ရသူ စုစုပေါင်း ၁,၇၃၀ ဦးထက်မနည်းရှိခဲ့ပြီးတော့လက်နက်ကိုင်ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေ ကြောင့် သေဆုံးခဲ့ရတဲ့အရေအတွက်ဟာ စုစုပေါင်း ၆၁၅ ဦးထက်မနည်းရှိခဲ့ပါတယ်။ စစ်အာဏာ သိမ်းမှုနောက်ပိုင်းမှာ လအလိုက် ပုံမှန်သေဆုံးမှုတွေရှိနေခဲ့ပြီးတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ နဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ မှာတော့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေ ကြောင့် သေဆုံးခဲ့ရတဲ့ အရေအတွက်ဟာ ပိုမိုများပြားခဲ့ပါတယ်။
31 Mar 2022 Data Matters နိုင်ငံတဝန်း လူပေါင်း ၁၃,၀၀၀ ထက်မနည်း ဖမ်းဆီးခံရ ဖမ်းဆီးခံရတဲ့ ကိန်းဂဏန်းတွေကို ကြည့်ရမယ်ဆိုရင် ၂၀၂၁ ခုနှစ် မတ်၊ ဧပြီ၊ မေ သုံးလမှာ ၄,၇၀၀ ဦး ထက်မနည်း စံချိန်တင်ဖမ်းဆီးခံခဲ့ရပြီးတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအထိ ၁၁,၂၈၉ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် ပထမသုံးလမှာ တော့ စုစုပေါင်း ၁၇,၀၀ ဦးထက် မနည်းဖမ်းဆီးခံခဲ့ရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ခြောက်ကြိမ်ထုတ်ပြန်ခဲ့ပြီး စုစုပေါင်း ၅၅,၄၇၂ ဦးထက်မနည်း ကို ပြန်လွှတ်ခဲ့ပါတယ်။ ဒါပေမယ့် AAPP ရဲ့ မှတ်တမ်းတွေအရ တော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံထားရသူ ၃,၀၄၀ ဦးသာ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
25 Mar 2022 Data Matters ရှစ်လအတွင်း EAO<small>s</small> နယ်မြေများ၌ တိုက်ပွဲ နှစ်ထောင်ကျော်ရှိလာ တဆက်တည်းမှာပဲ တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF/CDF/CNDF/KNDF)တို့ အကြား တိုက်ပွဲဖြစ်ပွားမှုတွေကလည်း ပိုမိုကျယ်ပြန့်လာပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ ၂၀၂၂ ခုနှစ်၊ မတ် ၂၀ ရက်ထိ ကိုးလတာအတွင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှု ၇၆၈ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှု အများဆုံး ဖြစ်ခဲ့ပြီး ၂၉၃ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။