Topics

Conflict, Peace & Security

17 Aug 2022

၁၈ လတာကာလအတွင်း နိုင်ငံတဝန်းလုံးတွင် တိုက်ပွဲပေါင်း ၆,၆၀၀ ကျော် ဖြစ်ပွား

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၂၇) စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ ၁၈ လတာကာလ အတွင်း နိုင်ငံတဝန်းလုံးမှာ လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲပေါင်း ၆,၆၇၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲတွေအနက် ၄,၀၅၂ ကြိမ်ထက်မနည်း (၆၀ ရာခိုင်နှုန်းကျော်) ဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ(EAOs) အကြား ဖြစ်ခဲ့တာပါ။ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ (PDF/LDF/CDF/CNDF/ KNDF စသဖြင့်) အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကတော့ ၁,၇၁၁ ကြိမ်ထက်မနည်း ရှိပါတယ်။ ဒါ့အပြင် စစ်ကောင်စီနဲ့ EAOs၊ ဒေသခံကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်ပွားမှု […]
27 Jul 2022

သေဒဏ်စီရင်ခြင်းနောက်ဆက်တွဲနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုကို ဖယ်ထုတ်မရတော့သည့် မြန်မာ့အကျပ်အတည်း

နိုင်ငံရေးအရ သေဒဏ်ပေးခြင်း ကျင့်သုံးတာဟာ အာဆီယံအပါအဝင် နိုင်ငံတချို့က လမ်းကြောင်းပေးနေတဲ့ မြန်မာနိုင်ငံကို ပုံမှန်အခြေအနေပြန်သွားဖို့ (Return to normalcy) အားထုတ်ရေးဆိုတာ မဖြစ်နိုင်တော့ကြောင်း သက်သေပြလိုက်တဲ့ နောက်ဆုံး အထောက်အထားတရပ်ပါပဲ။ တိုင်းပြည်ရဲ့ အနာဂတ်သစ် ဘယ်လိုပုံပေါ်လာမယ်ဆိုတာ မသိမြင်နိုင်သေးပေမဲ့ မြန်မာ့နိုင်ငံရေးမှာ ရှိရင်းစွဲအထိုင် (Old normal) ကနေ အကျပ်အတည်းပြဿနာကို အကဲဖြတ်ပုံ၊ ကြောင်းကျိုးဆင်ခြင် တည်ဆောက်နားလည်ပုံနဲ့ ဖြေရှင်းနည်းစဉ်းစားပုံတွေဟာ အောင်မြင်ဖို့ မရှိနိုင်တော့ပါဘူး။ 
25 Jul 2022

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်၊အဆောက်အအုံ ၂၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာတွေဟာ စစ်အာဏာသိမ်းမှုအပြီး နေအိမ်နှင့် အဆောက်အအုံ အများဆုံး မီးရှို့ဖျက်ဆီးခံခဲဲ့ရတဲ့ ဒေသတွေဖြစ်ပြီး မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်၊ အဆောက်အအုံပေါင်း ၅,၈၅၀ ကျော်ထက်မနည်း ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်ပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေအကြား မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အအုံအရေအတွက် (လအလိုက်) ဟာ ၂၀၂၂ ခုနှစ်၊ မေလအတွင်းမှာ အမြင့်ဆုံးရှိခဲ့ပြီး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ စုစုပေါင်း နေအိမ်၊ အဆောက်အအုံ အရေအတွက်ရဲ့ ၃၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လထဲမှာတော့ မကွေးတိုင်းအတွင်းက နေအိမ်၊ အဆောက်အအုံတွေအပြင် လက်လုပ်ရေနံတွင်း ၁၅၀ ထက်မနည်းလည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။
18 Jul 2022

မြန်မာနိုင်ငံ အရှေ့တောင်ဒေသ ပဋိပက္ခမြေပုံ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်အတွင်း စစ်ကောင်စီနှင့် ကရင်လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ အကြားမှာ တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေ ၄,၇၁၀ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၂၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။ ကရင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တွေထဲမှာ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC/AA) က KNU/KNLA တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးတွဲ စစ်ဆင်ရေး လုပ်တာ​ရှိသလို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ခွဲထွက်အဖွဲ့ နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ​ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကလည်း စစ်ကောင်စီကို သီးခြားစစ်ဆင်ရေးတွေ ပြုလုပ်ပြီး တိုက်ခိုက်ခဲ့ကြတဲ့ တိုက်ပွဲတွေလည်း ပါဝင်ပါတယ်။
15 Jun 2022

မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပ ဒုက္ခသည်ဦးရေ နှစ်သန်းခွဲကျော် ရှိလာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ပြေးဒုက္ခသည်အရေအတွက်ဟာ လစဉ်တိုးနေပြီး ၂၀၂၂ ခုနှစ်ရဲ့ ပထမ ငါးလတာ (ဇန်နဝါရီလ မှ မေလ) အတွင်းမှာပဲ ဒုက္ခသည်ဦးရေ ၅၂၇,၆၉၇ ဦးထက်မနည်းတိုးခဲ့ပါတယ်။ အဲ့ဒီ့အရေအတွက်ဟာ အာဏာသိမ်းပြီးနောက် အသစ်တိုးလာတဲ့ ပြည်တွင်းစစ်ပြေး ဒုက္ခသည် စုစုပေါင်းအရေအတွက်ရဲ့ ၄၉ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။ အာဏာသိမ်းပြီးနောက် အသစ်တိုးလာတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်စုစုပေါင်းကို နယ်မြေဒေသအလိုက် ကြည့်ရင် စစ်ပြေးဒုက္ခသည်အများဆုံး ရှိလာတာက စစ်ကိုင်းတိုင်းဖြစ်ပြီး ဒုက္ခသည် ၃၄၄,၂၅၀ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၃၂ ရာခိုင်နှုန်း ရှိလာပါတယ်။
6 Jun 2022

သေဒဏ်နှင့် ထောင်ဒဏ်တသက်တကျွန်း ချမှတ် ခံရသူ ၂၀၉ ဦးအထိ ရှိလာ

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြောက်ဉက္ကလာပ မြို့နယ်မှာ သေဒဏ်ချမှတ်ခံရသူ ၅၂ ဦး နှင့် ထောင်ဒဏ်တသက် တကျွန်းချမှတ်ခံရသူ ၁၂ ဦး ရှိခဲ့ပြီး သေဒဏ်နဲ့ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသူ အများဆုံးရှိခဲ့တဲ့ မြို့နယ်ဖြစ်ပါ တယ်။ ဒါ့အပြင် လှိုင်သာယာမြို့နယ်မှာလည်း သေဒဏ်ချမှတ်ခံရသူ ၁၇ ဦး၊ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသူ ၃၀ ဦး နဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တသက်တကျွန်းပူးတွဲချမှတ်ခံရသူ၃ ဦးတို့ရှိခဲ့ပြီး ဒုတိယအများဆုံး သေဒဏ်နဲ့ ထောင်ဒဏ် တသက်တကျွန်းချမှတ်ခံခဲ့ရတဲ့ မြို့နယ်ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇွန် ၂ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုတိယဝန်ကြီးက ဦးကျော်မင်းယု (ခ) ဂျင်မီ၊ ဦးဖြိုးဇေယျာသော် (ခ) ဇေယျာသော်၊ ဦးလှမျိုးအောင် နဲ့ ဦးအောင်သူရ ဇော်တို့ လေးဦးကို သေဒဏ်အတည်ပြုပြီး ကြိုးပေးဖို့ စီစဉ်နေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သေဒဏ်ချမှတ်ခံ ထားရတဲ့သူတွေကို အခုလိုမျိုး ကြိုးပေးဖို့လုပ်ဆောင်တာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေအပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအသိုင်းအဝိုင်းက ဝေဖန်ကန့်ကွက် ခဲ့ကြပြီး ကမ္ဘာ့ကုလသမဂ္ဂ နဲ့ မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးကလည်း သေဒဏ်အတည်ပြု ချမှတ်တာကို ဆန့်ကျင် ကြောင်းအပြင် အာဏာသိမ်းလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆို ခဲ့ပါတယ်။