Topics

China Studies

7 Jan 2022

နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုအနက် ၁၁ ခုတွင် ကုန်သွယ်မှုကျဆင်း

နောက်ဆုံးသိရတဲ့ တရားဝင် စာရင်းတွေအရ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်း ၁၄ ခုရှိတဲ့အထဲက ၁၁ ခုမှာ ကုန်သွယ်မှု ဆက်လက် ကျဆင်းနေပါတယ်။ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေး စခန်းတခုဖြစ်တဲ့ မူဆယ်စခန်းမှာ ဆိုရင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော် ကျဆင်းခဲ့ပါတယ်။ တာချီလိတ် စခန်းမှာ အမေရိကန်ဒေါ်လာ ၂၈ သန်းကျော် ကျခဲ့ပေမဲ့ မြ၀တီစခန်းမှာတော့ အမေရိကန်ဒေါ်လာ သန်း ၆၄၀ ကျော် တက်လာပါတယ်။ အခု ဖော်ပြထားတဲ့ အတက်အကျတွေဟာ အာဏာမသိမ်းခင် ခြောက်လနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ခြောက်လကို နှိုင်းယှဉ်ထားတာ ဖြစ်ပါတယ်။
1 Jan 2022

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်း (၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အငြင်းပွားဖွယ်ရာအဖြစ် ဆက်ရှိနေသည်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးကြရာ၌ တရုတ်နိုင်ငံသည် အာဏာသိမ်း စစ်ကောင်စီဘက်မှ အကြိမ်ကြိမ် ရပ်တည်ခဲ့သဖြင့် ပြည်တွင်း၌လည်း တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆန္ဒပြပွဲများ ဖြစ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အတွင်းရှိ နိုင်ငံရေး အပြောင်းအလဲများသည် ပြည်တွင်းရေးသားဖြစ်ပြီး ပြင်ပဖိအားဖြင့် ဝင်ရောက် စွက်ဖက် ခြင်း မပြုလုပ်ကြရန် တရုတ်နိုင်ငံက အကြိမ်ကြိမ် ပြောခဲ့ပါသည်။
28 Dec 2021

ခုနစ်လအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်သာရှိ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု မရှိတဲ့၊ ဒေသခံပြည်သူလူထုရဲ့ ဘဝတိုးတက်မှုတွေကိုထောက်ပံ့မှု မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့်လည်း တိုင်းပြည်ဟာ ပိုမိုချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရပြီးပါပြီ။ တခါ မြန်မာနိုင်ငံမှာဘယ်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေသလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေ အဓိက ဝင်ရောက်နေသလဲ ဆိုတာဟာ လက်ရှိ နိုင်ငံရေးအကျပ်အတည်းအတွင်း နိုင်ငံတကာပါဝင်မှုကို နားလည်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ လူထုတွေရဲ့ နေ့စဉ်ဘဝတွေကိုပါတိုက်ရိုက် သက်ရောက်မှုရှိတာကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုနေသလဲ ဆိုတဲ့အပေါ် မျက်ခြေမပြတ် ရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို သတင်းအချက်အလက် ဂေဟစနစ် ပျက်စီးနေချိန်မှာ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စီမံကိန်းတွေ၊ ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်းမြင်သာမှု ရှိသလား၊ သက်ရောက်မှုဘယ်လိုဖြစ်နိုင်သလဲ စတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေကအလေးထား စောင့်ကြည့်စရာ ဖြစ်ပါတယ်။
23 Dec 2021

တရုတ်-မြန်မာ ကုန်သွယ်မှု အနိမ့်ဆုံး ကျဆင်းခဲ့

(အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၇၀) အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာကုန်သွယ်မှု ဆက်လက် ကျဆင်းနေပါတယ်။ စစ်ကောင်စီက နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ တရုတ်-မြန်မာ ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ သန်း ၃၈၀ အထိ ကျဆင်းခဲ့ပြီး ဒါဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး ကျဆင်းခဲ့တဲ့ ပမာဏ ဖြစ်ပါတယ်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုကလည်း အာဏာသိမ်းပြီးနောက်ပိုင်း ကျဆင်းနေရာက ၂၀၂၁ ခုနှစ် ဇူလိုင်မှာ အာဏာသိမ်းပြီး နောက်ပိုင်း အနိမ့်ဆုံး ပမာဏ ရောက်သည်အထိ အဆိုးရွားဆုံး ကျဆင်းခဲ့ပါတယ်။ Download as PDF ∎ ဘာကြောင့်အလေးထားသင့်သလဲ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားမယ်လို့ […]
20 Dec 2021

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ကျဆင်း

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော် ကျဆင်းသွားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ် ဇူလိုင်လအထိ စစ်ကောင်စီက တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအပေါ် မူတည်ပြီး အရင်ဘဏ္ဍာနှစ် ကာလတူနဲ့ နှိုင်းယှဉ် တွက်ချက်ပြခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးစ ဖေဖော်ဝါရီလနဲ့မတ်လတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုံး၀ မဝင်ခဲ့ပါဘူး။ ဒါပေမဲ့ မေလမှာတော့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ တန်ကြေးရှိတဲ့ တရုတ်စွမ်းအင် စီမံကိန်းတွေကို စစ်ကောင်စီက အတည်ပြုခဲ့ပါတယ်။ ➤ အပြည့်အစုံကို အောက်ပါ  Link တွင် ဖတ်နိုင်ပါတယ်။
15 Dec 2021

လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်များအပေါ် သက်ရောက်နေသည့် တရုတ်၏ ပြည်ပရင်းနှီးမြှုပ်နှံမှုများ

အစီရင်ခံစာမိတ်ဆက် ​​တံခါးပိတ် မူဝါဒကျင့်သုံးခဲ့တဲ့ တရုတ်နိုင်ငံဟာ ၁၉၉၉ ခုနှစ်မှာ ” ပြင်ပသို့ ဖြန့်ကျက်ခြင်း မူဝါဒ (ဒါမှမဟုတ်) အပြင်ထွက် မူဝါဒ” ကို ကျင့်သုံးပြီး တရုတ်စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံရပ်ခြားမှာ ခြေဆန့်ကြဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။  တရုတ်သမ္မတ ရှီကျင့်ဖျင် တက်လာပြီး ရပ်ဝန်း လမ်းကြောင်း အစီအမံကို ကြေညာပြီး နောက်ပိုင်း အရှေ့တောင်အာရှ၊ တောင်အာရှကနေ အရှေ့ အလယ်ပိုင်း၊ အာဖရိက နိုင်ငံတွေအထိ ချိတ်ဆက်မယ့် စီးပွားရေးကွန်ရက် လမ်းကြောင်းတွေပေါ်ပေါက်လာပါတယ်။ ကမ္ဘာတဝန်းမှာလည်း တရုတ် ကုမ္ပဏီတွေနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဒုနဲ့ဒေး ရှိလာပါတယ်။ မြန်မာနိုင်ငံမှာလည်း အာဏာသိမ်းပြီးနောက်မှာ ရပ်ဝန်းလမ်းကြောင်း အစီအမံအောက်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန် မီးလင်းချိုင်စွမ်းအင်စီမံကိန်းနဲ့ အမေရိကန်ဒေါ်လာ ၂၂ သန်းတန် ကန်ပိုက်တီ နယ်စပ်စီးပွားရေးပူးပေါင်းမှုဇုံ စီမံကိန်းတွေကို […]
10 Sep 2021

မြန်မာ့စစ်အာဏာသိမ်းမှုအပေါ် တရုတ်၏ရပ်တည်ချက် – အကျိုးစီးပွားဝိရောဓိများနှင့် မူဝါဒလားရာများ

(လမ်းကြောင်းထွင်အာဘော်များကို ဆန်းစစ် သုံးသပ်ခြင်း အမှတ် – ၃)  နိဒါန်း ၂၀၂၁ ခုနှစ် ဩဂုတ်နှောင်းပိုင်းမှာ တရုတ်ရဲ့ အာရှရေးရာအထူးသံတမန် မစ္စတာ ဆွန်းကော်ရှန်ဟာ မြန်မာနိုင်ငံကို တပတ်ကြာ လာရောက်ခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီမတိုင်ခင် ဩဂုတ်လဆန်းက ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကို “မြန်မာအစိုးရ”လို့ ရည်ညွှန်းခေါ်ဆိုခဲ့ပြီး ဒါဟာ အာဏာသိမ်း စစ်ကောင်စီက အိမ် စောင့်အစိုးရအဖြစ် ဖွဲ့စည်းပြီး တပတ်အကြာမှာ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။  တကယ်တော့ ဒီမတိုင်ခင်မှာလည်း တရုတ်နိုင်ငံအနေနဲ့  စစ်ကောင်စီ ဥက္ကဋ္ဌကို မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ဆိုပြီး သုံးစွဲတာ၊ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးကို ပြည်ထောင်စုဝန်ကြီးလို့ခေါ်ပြီး တရုတ်နိုင်ငံက ဦးဆောင်ကျင်းပတဲ့ အာဆီယံနဲ့ မဲခေါင် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံ ကိုယ်စားပြုတက်စေတာတွေ ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးချိန်ကစပြီး တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ ပြည်တွင်းရေးသာ ဖြစ်တယ်လို့ ပြောဆိုပြီးကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အာဏာသိမ်းစစ်တပ်ကို ပြင်းထန်တဲ့ အရေးယူ တုံ့ပြန်မှုတွေ မရှိစေရေး အကြိမ်ကြိမ် ကာကွယ်ပေးခဲ့ပါတယ်။ ပြည်တွင်းရေးရာ အပြောင်းအလဲတွေကြောင့် တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ချစ်ကြည်တဲ့မူဝါဒကို ထိခိုက်မှာမဟုတ်ဘူး၊ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုး တိုးတက်မှု လမ်းကြောင်းရွေးချယ်ရာမှာ တရုတ်ကကူညီပံ့ပိုးသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒီလို ပြောဆိုမှု တွေကြောင့်  အာဏာသိမ်းစစ်တပ်ကို အစိုးရအဖြစ် တရုတ်နိုင်ငံက တရားဝင်အသိအမှတ်ပြုကြောင်း ဖော်ပြခြင်း လား ဆိုတာ ယူဆစရာ ဖြစ်လာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ နိုင်ငံရေးအကျပ်အတည်းမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ၊ မူဝါဒတွေ၊ ရပ်တည်ချက်တွေနဲ့ပတ်သက်ပြီး ဩဇာရှိတဲ့ နိုင်ငံတကာ သုတေသန အဖွဲ့အစည်းတွေ၊ သတင်းဌာနတွေက လေ့လာ သုံးသပ်ဖော်ပြတဲ့ ဝေဖန်သုံးသပ်ချက်တွေ၊ သတင်း ဆောင်းပါးတွေ များစွာ ထွက်ပေါ်ခဲ့ပါတယ်။ ➤ ယခု ဆန်းစစ်ချက်အား PDF file ဖြင့် Download ရယူနိုင်ပါသည်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ ဩဇာကြီးမားတဲ့ The Economist မဂ္ဂဇင်းက ဆိုရင်  မြန်မာနိုင်ငံမှာ မဟာဗျူဟာကျ စီးပွားရေး စီမံကိန်းတွေကို အဓိကလုပ်ဆောင်လိုတဲ့ တရုတ်ဟာ စစ်အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ မတည်ငြိမ်မှုတွေကို မြင်တွေ့လိုခြင်း မရှိဘူး၊ ဒါပေမဲ့ ပြန်လည်တည်ငြိမ်ရေးကို လုပ်ဆောင်မယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ကတိကို ယုံကြည်ကိုးစားနေတယ်၊ ပြည်သူလူထုဘက်(သို့မဟုတ်) ပြည်သူလူထု ထောက်ခံသော အစိုးရဘက်မှာ ရပ်တည်သွားမယ့် အလားအလာ […]
7 Jul 2021

နှစ်တရာပြည့် တရုတ်ကွန်မြူနစ်ပါတီနှင့် အခြေမတည်နိုင်သေးသော ပါတီ-စနစ်အခြေခံမြန်မာ့နိုင်ငံရေး

၁၉၂၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ  ၂၀၂၁ ခုနှစ် ဇူလိုင်မှာပဲ နှစ်တရာ ပြည့်မြောက်ခဲ့ပါပြီ။ ၁၉၉၁ ခုနှစ်တုန်းက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ချိန်မှာ တရုတ်ကွန်မြူနစ်ပါတီဟာလည်း မကြာခင်မှာ ပြိုကွဲသွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရာစုနှစ်တခုကြာ ဆက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် စတင်တည်ထောင်တဲ့ ၁၉၄၉ ခုနှစ်ကတည်းက အာဏာရပါတီအဖြစ် ရှိခဲ့တာကြောင့် နိုင်ငံ့အုပ်ချုပ်ရေးကို ၇၂ နှစ်ကျော်ကြာ တဆက်တည်း ရယူခဲ့တဲ့ ပါတီလည်း ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်မှု၊ နိုင်ငံခေါင်းဆောင်မှုတွေ အကြိမ်ကြိမ် ပြောင်းလဲခဲ့တဲ့အပြင် ပြည်တွင်းစစ်၊ အငတ်ဘေး၊ ယဉ်ကျေးမှုတော်လှန်ရေးလို လူတန်းစားပဋိပက္ခတွေ၊ တခါ ၁၉၈၉ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ တီယန်မင်ရင်ပြင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေ ဖြစ်ခဲ့တဲ့ကြားကပဲ တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံရေးဦးဆောင်မှုကို ကာလရှည်ရယူခဲ့တာ […]