Topics

China Studies

9 Jun 2022

တရုတ်နှင့်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော် ကျဆင်း

မီနီဘတ်ဂျက်ကာလအတွင်းမှာ  အာဆီယံ (ASEAN) အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံကျော် ရှိပါတယ်။  ထိုင်းနဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါးရှိပြီးကုန်သွယ်မှုပမာဏ အများဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ ကာလတူ နှိုင်းယှဥ်ရင်အမေရိကန်ဒေါ်လာသန်း ၅၂၀ကျော် တက်လာပါတယ်။ ဒေသတွင်းအစုအဖွဲ့တွေဖြစ်တဲ့ QUAD နဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော်ရှိပြီး၊ ဥရောပသမဂ္ဂ (EU) နဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော် ရှိခဲ့ပါတယ်။ EU က QUAD ထက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး လျော့နည်းနေတာကိုတွေ့ရပါတယ်။ AUKUS နဲ့ကုန်သွယ်မှုက အမေရိကန်ဒေါ်လာသန်း ၈၀၀ နီးပါးရှိပြီးဒေသတွင်းအစုအဖွဲ့တွေထဲမှာ အနည်းဆုံးဖြစ်ပါတယ်။ 
19 May 2022

လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ဝင်ရောက်

ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် နှိုင်းယှဥ်ကြည့်မယ်ဆိုရင် အခြားဝန်ဆောင်မှုများကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၁၃ သန်းကျော်နဲ့ အများဆုံးဝင်ရောက်ခဲ့ပါတယ်။ ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၂၂ သန်းကျော်နဲ့ ဒုတိယအများဆုံးဝင်ရောက်ခဲ့ပါတယ်။ အိမ်ခြံမြေကဏ္ဍမှာ အမေရိကန်‌ဒေါ်လာ ၃၈ သန်းကျော်၊ စွမ်းအင်ကဏ္ဍမှာ ၁၇ သန်းကျော်နဲ့ မွေးမြူ‌ရေးနှင့်‌ ရေလုပ်ငန်း ကဏ္ဍတွေမှာလည်း ၁၅ သန်းကျော် စီဝင်ရောက်ခဲ့ပါတယ်။ ဆောက်လုပ်ရေး၊ ရေနံနဲ့ သဘာဝဓာတ်‌ငွေ့၊ စက်မှုဇုန်၊ ပို့ဆောင်ဆက်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံမှု လုံးဝဝင်ရောက်ခဲ့ခြင်း မရှိတာကိုတွေ့ရပါတယ်။
29 Apr 2022

တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခမြေပုံ

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိနဲ့ စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီး  ဝဏ္ဏမောင်လွင်တို့ တရုတ်အစိုးရကတရားဝင်ဖိတ်ခေါ်တဲ့ ခရီးစဥ်အတွင်းမှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို အသိအမှတ်ပြု သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် စစ်ကောင်စီကို ယွမ်ငွေသန်း ၆၅၀ ထောက်ပံ့ဖို့နဲ့ တရုတ်စီမံကိန်းတွေ ဆက်လက် အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
22 Apr 2022

နယ်စပ်ကုန်သွယ်ရေး၏ ၇၅ ရာခိုင်နှုန်းမှာ ထိုင်းနှင့်ကုန်သွယ်မှုဖြစ်လာ

မြန်မာ-ထိုင်းကုန်သွယ်မှုမှာ အဓိက ကုန်သွယ်ဂိတ်ဖြစ်တဲ့ မြဝတီမှာ အမေရိကန်ဒေါ်လာသန်း ၆၀၀ နီးပါး၊ နဘုလယ်/ ထီးခီးမှာ အမေရိကန်ဒေါ်လာသန်း ၁၈၀ ကျော်၊ မောတောင်မှာ အမေရိကန်ဒေါ်လာ သုံးသိန်းနီးပါး မြင့်တက်ခဲ့တာကြောင့်ဖြစ်ပါတယ်။ မီနီဘတ်ဂျက်ကာလအတွင်း မြန်မာ့နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်ရော သွင်းကုန်ပါ ကျဆင်းခဲ့ပါတယ်။ မြန်မာ့နယ်စပ်ကုန်သွယ်မှုစုစုပေါင်းတန်ဖိုးကို အရင်ဘဏ္ဍာနှစ်နဲ့ ကာလတူနှိုင်းယှဥ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆ ဘီလီယံ လျော့ကျခဲ့ပါတယ်။တရုတ်နယ်စပ်ကုန်သွယ်မှုမှာတော့ ကာလတူနှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ကျဆင်းခဲ့ပါတယ်။
1 Apr 2022

ငါးလအတွင်း စင်ကာပူနှင့် တရုတ် ရင်းနှီးမြှုပ်နှံမှုများ အများဆုံးဝင်ရောက်၊ အီးယူအပါအဝင် အနောက်နိုင်ငံများမှလည်း ပြန်လည်ဝင်ရောက်လာ

ဝင်လာတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင် ဝန်ဆောင်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၀၆သန်းကျော်နဲ့ အများဆုံးဝင်ရောက်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ဝန်ဆောင်မှုကဏ္ဍမှာ ၄၀ ရာခိုင်နှုန်းနီးပါးအထိ ရှိနေပါတယ်။ ဒ့ါအပြင် ကုန်ထုတ်လုပ်ရေး ကဏ္ဍမှာ ဒုတိယအများဆုံး ဝင်ရောက်ထားတာဖြစ်ပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ၁၃၉ သန်းခန့် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။ သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်‌ငွေ့၊ အိမ်ခြံမြေ၊ စက်မှုဇုန်များ စတဲ့ကဏ္ဍတွေမှာတော့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း လုံးဝမရှိခဲ့တာ ဖြစ်ပါတယ်။
10 Feb 2022

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ ၇၃ ရာခိုင်နှုန်းကျော်မှာ တရုတ်ဖြစ်လာ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု မရှိတဲ့၊ ဒေသခံပြည်သူလူထုရဲ့ ဘဝတိုးတက်မှုတွေကိုထောက်ပံ့မှု မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့်လည်း တိုင်းပြည်ဟာ ပိုမိုချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရ အဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရပြီးပါပြီ။
4 Feb 2022

တရုတ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခမြေပုံ

အာဏာသိမ်းပြီးနောက်မှာ ရှမ်းပြည်မြောက်ပိုင်းရှိ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား နယ်မြေလွှမ်းမိုးရေး စစ်ပွဲတွေပိုမိုပြင်းထန်ခဲ့ပါတယ်။ တရုတ်နဲ့နီးစပ်တယ်လို့ မကြာခဏ အညွှန်းခံရတဲ့ SSPP အဖွဲ့၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ရဲ့ ပူးပေါင်းထိုးစစ်ကြောင့် RCSS အဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ထိန်းချုပ်ထားတဲ့ နယ်မြေအများအပြားကို လက်လွှတ်ခဲ့ရသလို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA (ကိုးကန့်) ရဲ့ နယ်မြေချဲ့ထွင်မှုဟာလည်း မြင်သာခဲ့ပါတယ်။
27 Jan 2022

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအကျပ်အတည်း ဆက်ဖြစ်

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ပြင်းထန်နေချိန်မှာ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကို တရုတ်ဘက် ပိတ်ခဲ့တာကြောင့် ၂၀၁၉ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး ရောက်ခဲ့တဲ့အထိ စံချိန်တင်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ပြည့်နှစ် ဘဏ္ဍာနှစ်နဲ့ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ် (ယာယီစာရင်း) ကုန်သွယ်မှု ပမာဏတွေကို နှိုင်းယှဉ်တဲ့အခါ အမေရိကန်ဒေါ်လာ ၈၃၇ သန်းကျော် ကျဆင်းခဲ့ပါတယ်။ ဒီလိုကျခဲ့ပေမဲ့ တရုတ်နဲ့ နယ်စပ်ကုန်သွယ်မှုဟာ မြန်မာ့နယ်စပ် ကုန်သွယ်မှု စုစုပေါင်းရဲ့ ထက်ဝက်ဝန်းကျင်မှာ ဆက်ရှိနေပြီး၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ နယ်စပ် ကုန်သွယ်မှု စုစုပေါင်းရဲ့ ၅၅ ဒသမ ၁ ရာခိုင်နှုန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ၄၉ ဒသမ ၅ရာခိုင်နှုန်းရှိခဲ့ပါတယ်။