Topics

China Studies

29 Apr 2019

BRI မှာ မြန်မာဘက်က အဆိုပြုတဲ့ စီမံကိန်းတွေ ပါဝင်ဖို့လိုပါတယ်

တရုတ်နိုင်ငံ၏ ခါးပတ်ကွင်း လမ်းတစင်း (BRI) အစီအစဉ်ကို မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်ရာ၌ မြန်မာအစိုးရဘက်က အဆိုပြုသော စီမံကိန်းများ ပါဝင်ရန် လိုအပ်ကြောင်း ISP-Myanmar ၏ China Desk တာဝန်ခံ မခင်ခင်ကျော်ကြီးက ပြောကြားခဲ့သည်။ ဧပြီ ၂၄ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တွေ့ဆုံမှုအပြီး ထွက်ရှိခဲ့သည့် သတင်းထုတ်ပြန်၌ ပါဝင်ခဲ့သော အကြောင်းအရာများအပေါ် MCN သတင်းဌာနက သီးသန့်ပြုလုပ်သည့် ဆက်သွယ်မေးမြန်းခန်း အစီအစဉ်တွင် မခင်ခင်ကျော်ကြီးက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။ မခင်ခင်ကျော်ကြီးသည် ISP-Myanmar ၏ China Desk တာဝန်ခံဖြစ်သည့် အပြင် တရုတ်ရေးရာ သုတေသနများကို အစဉ်တစိုက် လုပ်ဆောင်နေသူ ဖြစ်ပါသည်။ […]
17 Mar 2018

အသွင်ကူးပြောင်းရေးကာလ မြန်မာ့ စီးပွားရေးနှင့် ငြိမ်းချမ်းရေး အကျပ်အတည်းအတွက် အဖြေ တရုတ်ဆီမှာ ရှိသလား

နိုင်ငံတစ်နိုင်ငံ၏ အသွင်ကူးပြောင်းမှုကို လေ့လာရာတွင် ပြည်တွင်းရှိ နိုင်ငံရေးမျှခြေများ၊ မူဝါဒ အကောင်းအဆိုးများအား လေ့လာသုံးသပ်ခြင်းသည် အရေးပါသကဲ့သို့ ပြင်ပ အချင်းအရာများ ဖြစ်သော ပထဝီနိုင်ငံရေး၊ အိမ်နီးချင်းများကိုလည်း လုံး၀ လျစ်လျူရှုထား၍ မရပါ။ တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှင့်အတူ သူ၏ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်ရှိ အခန်းကဏ္ဍသည် တစ်စထက်တစ်စ အရေးပါလာသည်။ ကမ္ဘာ့ရေးရာများကို သုံးသပ်ရာတွင် တရုတ်နိုင်ငံ၏ သက်ရောက်မှုကို ချန်လှပ်ထား၍ မရနိုင်တော့ပေ။ အထူးသဖြင့် မြန်မာနိုင်ငံအရေးကို သုံးသပ်ရာတွင် ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်ခု ဖြစ်သည့်အပြင်၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်း၊ အကြီးမားဆုံးသော ကုန်သွယ်ဖက်နှင့် ရင်းနှီးမြုပ်နှံသည့်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် အခရာကျသည်။ ထို့အပြင် ရခိုင်ပြည်နယ် အရေးတွင် နိုင်ငံတကာ၏ ဖိအားပေးမှုများ မြင့်တက်လာသည့်အလျောက် ကုလသမဂ္ဂ […]
28 Feb 2018

တရုတ်၏ အလွှာစုံဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ (သုတေသနစာတမ်း)

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP Myanmar) ၏ ဆောင်ရွက်နေဆဲ ဖြစ်သော သုတေသနများအနက် ပထမဆုံး ထုတ်ဝေလိုက်သော သုတေသန စာတမ်း ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်း အလွှာအသီးသီးမှ အရေးပါသူများနှင့် ဆက်ဆံရေး တည်ဆောက်ရန် ကြိုးပမ်းခဲ့သော တရုတ်နိုင်ငံ၏ အမျိုးမျိုးသော ဆက်ဆံရေးများကို လေ့လာခြင်းဖြင့် ၎င်းတို့၏ အကျိုးစီးပွား လိုလားချက်များကို စာတမ်းတွင် ပုံဖော်ထားပါသည်။ သုတေသန စာတမ်း Soft copy စာအုပ်ကို Amazon Kindle Store တွင် ရရှိနိုင်ပြီး အဓိကမြို့ကြီးများရှိ စာအုပ်ဆိုင်များတွင်လည်း ကျပ် ၁၅၀၀ ဖြင့် ဝယ်ယူနိုင်ပါသည်။
11 Dec 2017

တရုတ် စီမံကိန်းတွေကို ဘယ်လို ကိုင်တွယ်မလဲ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်၊ မြန်မာ – တရုတ် ဆက်ဆံရေး အခြေအနေနှင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာမည့် တရုတ် စီမံကိန်းများနှင့် ပတ်သက်၍ သတိပြုစရာ အချက်များ၊ ကြိုတင် ပြင်ဆင်သင့်သည်များ အပေါ် ဆွေးနွေးခဲ့ကြသည့် မျက်မှောက်ရေးရာ သုံးသပ်စရာ အစီအစဉ်ကို ဒီဇင်ဘာ ၄ ရက်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) တွင် ထုတ်လွှင့်ခဲ့ပါသည်။ MCN သတင်းဌာနက စီစဉ်ရိုက်ကူးခဲ့သည့် ထိုအစီအစဉ်၌ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ MCN သတင်းဌာန အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်တို့နှင့်အတူ ISP Myanmar မှ တရုတ်ရေးရာ သုတေသန တာဝန်ခံ မခင်ခင်ကျော်ကြီးလည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးခန်း အပြည့်အစုံကို အောက်ပါ […]
4 Dec 2017

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်ရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးပါလဲ

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်၏ အခန်းကဏ္ဍ မည်မျှ အရေးသနည်း ဆိုသော အကြောင်းအရာနှင့် ပတ်သက်သည့် DVB Debate အစီအစဉ်ကို ဒီဇင်ဘာ ၂ ရက်တွင် DVB သတင်းဌာနက ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။ ထိုအစီအစဉ်၌ စာရေးဆရာ ဦးဟိန်းလတ်၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးအေးမောင်ကျော် ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းတို့နှင့်အတူ ISP Myanmar မှ တရုတ်ရေးရာ သုတေသန တာဝန်ခံ မခင်ခင်ကျော်ကြီးလည်း ပါဝင် ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အစီအစဉ် အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှု နိုင်ပါသည်။  
3 Dec 2017

ရခိုင်အကျပ်အတည်းကြားက မြန်မာနဲ့ နိုင်ငံတကာဆက်ဆံရေး

ရခိုင်ပြည်နယ် အရေးကြောင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ဖိအားတွေ တိုးလာနေချိန်မှာပဲ မြန်မာခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးတွေ ခပ်စိတ်စိတ် တွေ့လာနေရပါတယ်။ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တရုတ်ပြည်က ပြန်ရောက်လာလာချင်းဆိုသလိုပဲ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံရေး ပါတီခေါင်းဆောင်တွေ ညီလာခံကိုတက်ဖို့ ဘေဂျင်းမြို့တော်ကို သွားမယ့်အကြောင်း ကြေညာခဲ့တာပါ။ ရခိုင်ပြည်နယ် အရေးကြောင့် မြန်မာနဲ့ နိုင်ငံတကာ ဆက်ဆံရေးအပေါ် ဘယ်လောက်အထိ ရိုက်ခတ်နေပြီလဲ၊ နိုင်ငံတကာ ဆက်ဆံရေးမှာ အရှေ့နဲ့အနောက် ဘယ်သူက ပိုအရေးကြီးလာနေပြီလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေး တင်ဆက်ထားပါတယ်။ အဆိုပါ အစီအစဉ်တွင် ISP Myanmar ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းလည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ဆွးနွေးခန်း […]
1 Dec 2017

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ် သုံးသပ်ချက်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ သွားရောက်နေသည့် ခရီးစဉ် အခြေအနေနှင့် မြန်မာ – တရုတ် ဆက်ဆံရေးအပေါ် သုံးသပ်ခဲ့သည့် DVB အယ်ဒီတာ စကားဝိုင်းကို ယနေ့ မွန်းတည့်ချိန်တွင် ရိုက်ကူးခဲ့ပြီး DVB Facebook စာမျက်နှာ၌ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ DVB သတင်းဌာနမှ ဦးတိုးဇော်လတ်တို့နှင့်အတူ ISP Myanmar မှ တရုတ်ရေးရာ သုတေသန တာဝန်ခံ မခင်ခင်ကျော်ကြီးလည်း ပါဝင်ဆွေးနွေးခဲ့သည်။ စကားဝိုင်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
2 Nov 2017

တရုတ်ကွန်မြူနစ် ပါတီညီလာခံ၏ အဖြေများနှင့် ပေးထားချက်အသစ်များ

တရုတ်ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် ပါတီညီလာခံတွင် အဓိက အချက်သုံးချက်ကို စောင့်ကြည့်ခဲ့ကြသည်။ ထိုသုံးချက်မှာ ရှီ၏အမည်ကို ကွန်မြူနစ်ပါတီ၏ အခြေခံဥပဒေတွင် ထည့်သွင်းခြင်း ရှိမရှိ၊ ညီလာခံမှ အသစ် ရွေးချယ်ထားမည့် ပေါလစ်ဗျူရို အမြဲတမ်း အဖွဲ့ဝင်စာရင်းတွင် ၂၀၂၂ ခုနှစ် အလွန် ရှီ၏နေရာကို ဆက်ခံမည့်သူ ပါဝင်းခြင်း ရှိ မရှိ နှင့် ရှီကျင့်ဖိန်၏ လက်ရုံးတဦးဖြစ်သည့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ခေါင်းဆောင် ဝမ်ချီစမ်းသည် ပါတီတွင်း ကျင့်ထုံးတခု ဖြစ်သည့် အသက် ၆၇ တွင် အနားယူရသည့် အစဉ်အလာကို ကျော်လွန်ပြီး ပေါလစ်ဗျူရို အမြဲတမ်းအဖွဲ့တွင် ဆက်လက် ပါဝင်ခြင်း ရှိမရှိတို့ ဖြစ်သည်။ ထိုမေးခွန်းများ၏ အဖြေကို ခုနစ်ရက်ကြာ ပါတီညီလာခံ၏ အပြီးသတ်တွင် […]
18 Oct 2017

တရုတ်ကွန်မြူနစ်ပါတီ ညီလာခံမှာ ဘာအပြောင်းအလဲ ဖြစ်နိုင်မလဲ

ကိုယ်စားလှယ်ပေါင်း ၂၀၀၀ကျော် တက်ရောက်မည့် တရုတ် ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက်ပါတီ ညီလာခံကို မြို့တော်ဘေဂျင်းတွင် ယနေ့စတင်လိုက်ပြီး တစ်ကမ္ဘာလုံးမှ တရုတ်အရေးလေ့လာသူများကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီညီလာခံကို ငါးနှစ်တစ်ကြိမ် ကျင်းပပြီး ပါတီ၏ ခေါင်းဆောင်နေရာနှင့် အခြား အရေးပါသော နေရာများအတွက် တာဝန်ယူမည့်ပုဂ္ဂိုလ်များကို ရွေးချယ်အတည်ပြုသည်။ နောက် ငါးနှစ်တာ ကာလအတွက် ပါတီနှင့် နိုင်ငံကို ဦးဆောင်မည့် မူဝါဒများ လမ်းညွန်ချက်များကို အတည်ပြုချမှတ်သည်။ ၁၉၈၂ ခုနှစ်တွင် ပါတီ ဥက္ကဌရာထူးကို ဖျက်သိမ်းပြီးနောက် ပါတီ အထွေထွေအတွင်းရေးမှူးသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍတွင် အဓိကကျသူ ဖြစ်လာပြီး ၎င်းကို ပါတီညီလာခံမှ တဆင့် ငါးနှစ်တကြိမ် ရွေးချယ်လေ့ရှိသည်။ ထို့အပြင် အခြားအရေးပါသော နေရာများဖြစ်သည့် ဗဟိုကော်မတီဝင် […]