Topics

China Studies

13 Jan 2025

စစ်ကောင်စီလက်လွှတ်ရသည့် တရုတ်စီမံကိန်းများ

မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၁၃၉) ရှမ်းမြောက်နဲ့ ရခိုင်ဒေသတွေမှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအများစုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေနဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပါတယ်။ ဒီအထဲမှာ အမေရိကန်ဒေါ်လာ ဘီလီယံချီတန်ဖိုးရှိတဲ့ စီမံကိန်းတွေလည်း ပါဝင်ပါတယ်။ ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ အခုတပတ် ISP-Myanmar ရဲ့ မြင်ကွင်းကျယ်မှတ်စုမှာ အချက်အလက် အခြေပြုပြီး ဖော်ပြထားပါတယ်။ ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေးဘောဂဗေဒဆိုင်ရာ ကိစ္စရပ်တွေအပြင် မြန်မာနိုင်ငံအတွင်းက လူမှုစီးပွားအခြေအနေတွေ စတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် […]
24 Dec 2024

ရှမ်းမြောက်နှင့်ဆက်စပ်ဒေသများ၌ ထိန်းချုပ်ခံထားရသော တရုတ်စီမံကိန်း ၁၃ ခုရှိ

အလေးထားရမည့် ညွှန်းပြမြေပုံများ အမှတ် – (၇၄) ရှမ်းပြည်နယ်(မြောက်ပိုင်း)အပါအဝင် ဆက်စပ်နေသော မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၃ ခုရှိသည့်အနက် ၁၃ ခုကို (၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDFs) များက အပြည့်အဝထိန်းချုပ်ထားသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း တရုတ်-မြန်မာ ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းနှင့် အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း-ရေကြောင်းကုန်သွယ် ရေးစင်္ကြံသစ် (ILSTC) တို့အပါအဝင် မူဆယ်-မန္တလေးရထားလမ်းနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကိုလည်း EAOs များက တစိတ်တပိုင်း ထိန်းချုပ်ထားသည်။ အပြည့်အစုံကို “ISP ကပြင်ရပ်ဝန်း” ၌ ဖတ်ရှုနိုင်ပါသည်။ ထိုသို့ ဖတ်ရှုရန်အတွက် ““ISP ကပြင်ရပ်ဝန်း” အဖွဲ့ဝင် ဖြစ်ရန် လိုပါသည်။ https://ispmyanmar.com/community/mp-74/ […]