Topics

ASEAN

21 Dec 2021

မြန်မာ့အရေး ကမ္ဘောဒီးယားအထူးကိုယ်စားလှယ်နှင့် လုပ်နိုင်စွမ်းအကန့်အသတ်

ကနဦးသုံးသပ်ချက် (အမှတ်-၄) ∎ ဖြစ်ရပ်အချက်အလက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆုက်ခွန်း (Prak Sokhonn) ကို တာဝန်ပေးလိုက်ကြောင်း ၂၀၂၂ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူရမယ့် ကမ္ဘောဒီးယားနိုင်ငံက ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အထူးကိုယ်စားလှယ်သစ် ပရက်ဆုက်ခွန်းဟာ သူ့အရင် တာဝန်ယူခဲ့တဲ့ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒါတို အီရီ ဝမ်ယူဆော့ဖ် မလုပ်နိုင်ခဲ့တဲ့ကိစ္စ၊ အထူးသဖြင့် မြန်မာနိုင်ငံအရေးကို ဖြေရှင်းနိုင်ဖို့ အာဆီယံခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး ဘုံသဘောတူညီချက်ငါးရပ် အထမြောက်အောင် ဆက်လက် တာဝန် ယူရမှာပါ။ Download as PDF ∎ ကနဦးသုံးသပ်ချက် စစ်အာဏာသိမ်းပြီး ၁၀ လကျော် ကြာလာပြီဖြစ်တဲ့ မြန်မာ့ အကျပ်အတည်းမှာ ပါဝင်နေသူတွေအနေနဲ့ အခြေအနေဆိုးက ကျော်လွှားဖို့ […]
30 Aug 2021

အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်၊ ဆောင်ရွက်ရန် အကြံပြုချက်များနှင့် ချိန်ထိုးရမယ့် အညွှန်းစနစ်

အနှစ်ချုပ် အာဆီယံရဲ့ မြန်မာ့အရေး ဆောင်ရွက်မှုများအပေါ် မြန်မာပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုက နည်းပါးပါတယ်။  ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူတွေကို စစ်ကောင်စီက ပစ်ခတ်ချေမှုန်းတာတွေ၊ ဖမ်းဆီး နှိပ်စက်မှုတွေနဲ့ ဒီဘက်နောက်ပိုင်း နှစ်ဖက်အပြန်အလှန်အကြမ်းဖက်မှုတွေကို ကြုံတွေ့နေရတဲ့ ပြည်သူအများစုဟာ ခါးသီးနာကျည်းမှုတွေ ပိုများနေတဲ့အတွက် လတ်တလောမှာ ကြားဝင် စေ့စပ်ရေး၊ ဆွေးနွေးဖြေရှင်းရေးတို့အတွက် အဆင်သင့်ဖြစ်သေးပုံ၊ ကြိုဆိုချင်သေးပုံ မရပါဘူး။ ဒီအချက်ကလည်း မြန်မာနိုင်ငံကို မကြာမီလာရောက်ပြီး မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ကြိုးစားမယ့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွက် စိန်ခေါ်မှုတရပ်ပဲ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကရော၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကပါ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကို နိုင်ငံရေးအရ အထူးသတိထားနေတာကြောင့် ဒီခရီးစဉ်ဟာ နိုင်ငံရေးရလဒ်ကြီးကြီးမားမား ချက်ချင်းထွက်ရေးထက် ယုံကြည်မှုတည်ဆောက်ရေးကိုပဲ ဦးစားပေးရမယ့် ခရီးစဉ် ဖြစ်ဖွယ်ရှိပါတယ်။ လက်ရှိအထူးကိုယ်စားလှယ်သက်တမ်းဟာ ၂၀၂၁ ခုနှစ် အကုန်ထိသာ တိုတောင်းပေမယ့် ရှုပ်ထွေးလှတဲ့ မြန်မာ့အကျပ်အတည်း ပြဿနာကိုဖြေရှင်းနိုင်ဖို့ဆိုရင်တော့ ရေရှည်အမြင်၊ အားထုတ်မှုနဲ့သာ ချဉ်းကပ်ဆောင်ရွက်ရပါမယ်။ Download as PDF […]
23 Apr 2021

အာဆီယံအဖွဲ့၏ မြန်မာ့အရေးအပေါ်တွင် တုံ့ပြန်ဆောင်ရွက်မှုများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၂) Download PDF Version မြန်မာ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေမှာ အာဆီယံဟာ အပြုသဘော ချဉ်းကပ်မှုကိုပဲ အစဉ်တစိုက် ကျင့်သုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစပြီး အာဆီယံက အဖွဲ့အစည်းအနေနဲ့ရော၊ အဖွဲ့ဝင် တနိုင်ငံချင်းအနေပါ မြန်မာ့အရေးကို ကြားဝင် ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှု တွေ ရှိခဲ့ပါတယ်။ အခု လာမယ့် ဧပြီ ၂၄ ရက်မှာတော့ ခေါင်းဆောင်တွေ လူကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးကြမယ့် အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပပြီး မြန်မာ့အရေးကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အဖွဲ့ဝင် နိုင်ငံတခုရဲ့ […]