Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
2 Nov 2017 Latest Notes & Updates NCA စာချုပ်အလွန် အားနည်းချက် (သို့မဟုတ်) JICM အစည်းအဝေး ခေါ်ယူရန် နှောင့်နှေးမနေသင့် တနိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း နှစ်နှစ်ပြည့် အခမ်းအနားမှာ (NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စား၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ခေါင်းဆောင်၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ) ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားနည်းချက်တွေအပေါ် ပြောဆိုခဲ့ရာမှာ အဓိကထား ပြောခဲ့တာ တခုရှိပါတယ်။ “NCA စာချုပ်ကို အခြေခံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်နေတဲ့ အချိန်မှာ အဓိက အားနည်းချက် တခုက JICM အစည်းအဝေးကို ပုံမှန်ခေါ်ယူ ကျင်းပနိုင်ခြင်းမရှိတဲ့ ကိစ္စ ဖြစ်တယ်လို့ မြင်ပါတယ်။ NCA စာချုပ်အရ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို […]
18 Oct 2017 Latest Notes & Updates တရုတ်ကွန်မြူနစ်ပါတီ ညီလာခံမှာ ဘာအပြောင်းအလဲ ဖြစ်နိုင်မလဲ ကိုယ်စားလှယ်ပေါင်း ၂၀၀၀ကျော် တက်ရောက်မည့် တရုတ် ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက်ပါတီ ညီလာခံကို မြို့တော်ဘေဂျင်းတွင် ယနေ့စတင်လိုက်ပြီး တစ်ကမ္ဘာလုံးမှ တရုတ်အရေးလေ့လာသူများကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီညီလာခံကို ငါးနှစ်တစ်ကြိမ် ကျင်းပပြီး ပါတီ၏ ခေါင်းဆောင်နေရာနှင့် အခြား အရေးပါသော နေရာများအတွက် တာဝန်ယူမည့်ပုဂ္ဂိုလ်များကို ရွေးချယ်အတည်ပြုသည်။ နောက် ငါးနှစ်တာ ကာလအတွက် ပါတီနှင့် နိုင်ငံကို ဦးဆောင်မည့် မူဝါဒများ လမ်းညွန်ချက်များကို အတည်ပြုချမှတ်သည်။ ၁၉၈၂ ခုနှစ်တွင် ပါတီ ဥက္ကဌရာထူးကို ဖျက်သိမ်းပြီးနောက် ပါတီ အထွေထွေအတွင်းရေးမှူးသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍတွင် အဓိကကျသူ ဖြစ်လာပြီး ၎င်းကို ပါတီညီလာခံမှ တဆင့် ငါးနှစ်တကြိမ် ရွေးချယ်လေ့ရှိသည်။ ထို့အပြင် အခြားအရေးပါသော နေရာများဖြစ်သည့် ဗဟိုကော်မတီဝင် […]
တရုတ်ကွန်မြူနစ်ပါတီ ညီလာခံမှာ ဘာအပြောင်းအလဲ ဖြစ်နိုင်မလဲ