Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
11 Dec 2017 Latest Notes & Updates မြန်မာ – တရုတ် ဆက်ဆံရေးအပေါ် သုံးသပ်ချက် ဒီဇင်ဘာ ၉ ရက်က ထုတ်လွှင့်ခဲ့သော RFA သတင်းဌာန၏ “မေးပါရစေဦး” အစီအစဉ်တွင် မြန်မာ – တရုတ် ဆက်ဆံရေး အခြေအနေအပေါ် သုံးသပ် ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးခန်းတွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး၊ RFA သတင်းဌာနမှ ဦးဝင်းနိုင်တို့နှင့်အတူ ISP Myanmar ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းလည်း ပါဝင် ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးခန်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
4 Dec 2017 Latest Notes & Updates • Media Room ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်ရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးပါလဲ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်၏ အခန်းကဏ္ဍ မည်မျှ အရေးသနည်း ဆိုသော အကြောင်းအရာနှင့် ပတ်သက်သည့် DVB Debate အစီအစဉ်ကို ဒီဇင်ဘာ ၂ ရက်တွင် DVB သတင်းဌာနက ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။ ထိုအစီအစဉ်၌ စာရေးဆရာ ဦးဟိန်းလတ်၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးအေးမောင်ကျော် ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းတို့နှင့်အတူ ISP Myanmar မှ တရုတ်ရေးရာ သုတေသန တာဝန်ခံ မခင်ခင်ကျော်ကြီးလည်း ပါဝင် ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အစီအစဉ် အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှု နိုင်ပါသည်။
3 Dec 2017 Latest Notes & Updates ရခိုင်အကျပ်အတည်းကြားက မြန်မာနဲ့ နိုင်ငံတကာဆက်ဆံရေး ရခိုင်ပြည်နယ် အရေးကြောင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ဖိအားတွေ တိုးလာနေချိန်မှာပဲ မြန်မာခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးတွေ ခပ်စိတ်စိတ် တွေ့လာနေရပါတယ်။ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တရုတ်ပြည်က ပြန်ရောက်လာလာချင်းဆိုသလိုပဲ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံရေး ပါတီခေါင်းဆောင်တွေ ညီလာခံကိုတက်ဖို့ ဘေဂျင်းမြို့တော်ကို သွားမယ့်အကြောင်း ကြေညာခဲ့တာပါ။ ရခိုင်ပြည်နယ် အရေးကြောင့် မြန်မာနဲ့ နိုင်ငံတကာ ဆက်ဆံရေးအပေါ် ဘယ်လောက်အထိ ရိုက်ခတ်နေပြီလဲ၊ နိုင်ငံတကာ ဆက်ဆံရေးမှာ အရှေ့နဲ့အနောက် ဘယ်သူက ပိုအရေးကြီးလာနေပြီလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေး တင်ဆက်ထားပါတယ်။ အဆိုပါ အစီအစဉ်တွင် ISP Myanmar ၏ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းလည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ဆွးနွေးခန်း […]
31 Oct 2017 Broadcast • Latest Notes & Updates • Media Room ၂၀၁၇ ခုနှစ်က ငြိမ်းချမ်းရေးနှစ်ဆိုတာ ဖြစ်လာမလား ” ငြိမ်းချမ်းရေး ဘယ်လောက်နီးပြီလဲ၊ ဘာတွေလုပ်ဖို့ကျန်သေးလဲ” အစရှိသဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်သော အယ်ဒီတာစကားဝိုင်း အစီအစဉ်ကို အောက်တိုဘာ ၂၈ ရက်တွင် DVB သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ အဆိုပါ အစီအစဉ်၌ The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး ဂျာနယ်မှ အယ်ဒီတာ ကိုနေထွန်းနိုင်လည်း ပါဝင် ဆွေးနွေးသည်။ စကားဝိုင်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ Source – DVB TV News
13 Oct 2017 Broadcast • Latest Notes & Updates • Media Room ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ တင်ပြချက်အပေါ် သုံးသပ်ခြင်း ရခိုင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ တင်ပြချက်ကို အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် အစိုးရ မီဒီယာများက ထုတ်လွှင့်ခဲ့သည်။ အဆိုပါ တင်ပြချက်အပေါ် သုံးသပ်ချက် အယ်ဒီတာ စကားဝိုင်း ဆွေးနွေးခန်းကို DVB သတင်းဌာနက အောက်တိုဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့ပြီး DVB TV News Facebook စာမျက်နှာမှ တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။ ထိုစကားဝိုင်းတွင် The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးဂျာနယ် အယ်ဒီတာ ဦးအောင်သူငြိမ်းလည်း ဝင်ရောက် ဆွေးနွေးခဲ့သည်။ Source – DVB TV News