AnalysisPrograms

Myanmar Quarterly Symposium – 4

By ISP Admin | September 19, 2019

❑ Symposium မိတ်ဆက်

ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု၊ ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း Advancing Social Justice in Myanmar: Seeking Its Philosophical Roots and Policy Options for a Divided Society

မည်သူမဆို တက်ရောက်နိုင်ပြီး ထိုင်ခုံနေရာအတွက် ကြိုတင်စာရင်း ပေးသွင်းနိုင်ပါသည်။

► တက်ရောက်လိုသူများအနေဖြင့် ဖုန်း – ဝ၉ ၉၆၀ ၈၃၉ ၈၀၁၊ ဝ၉ ၅၁၈၈ ၇၀၉ များသို့ ဆက်သွယ်၍ လည်းကောင်း၊ အီးမေးလ် mediaprojectmanager@ispmyanmar.com, ispmminfo@gmail.com သို့ အမည်စာရင်း ပေးပို့၍ လည်းကောင်း ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

❒ မြန်မာ့လူ့အဖွဲ့အစည်းနှင့် လူမှုတရားမျှတမှု

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှ အစပြု၍၊ တိုင်းရင်းသား တန်းတူရေး၊ အလုပ်သမား၊ လယ်သမား၊ စီးပွားရေးဆိုင်ရာမျှတမှု ကိစ္စများ အလယ်၊ သယံဇာတ သဘာ၀ ပတ်ဝန်းကျင် ကိစ္စများအဆုံး လူမှုတရားမျှတရေး (social justice) ရှိရေးသည် သတိပြု သုံးသပ်စရာ ဆုံချက်တခု ဖြစ်သည့်နည်းတူ အရေးကြီးသော ကိစ္စတခုလည်း ဖြစ်သည်။ ထို့ကြောင့်ပင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုကို လိုချင်ပါက လူမှုတရားမျှရေး (social justice) ကို လုပ်ပါဟူ၍ ဆိုကြခြင်း ဖြစ်သည်။

သို့သော် မျက်မှောက်ခေတ် မြန်မာ့ လူ့အဖွဲ့အစည်းတွင် တရားမျှတမှု (justice) ကို တွင်တွင်ကျယ်ကျယ် ပြောဆိုနေကြသော်လည်း လူ့အဖွဲ့အစည်းအတွက် အခွင့်အလမ်းနှင့် ဓနဥစ္စာ ခွဲဝေဖြန့်ဖြူးမှု ဆိုင်ရာ လူမှုတရားမျှတမှု (social justice) အကြောင်း ပြောဆို ဆွေးနွေးမှုများမှာ အားနည်းနေဆဲ ဖြစ်သည်ကို သတိပြုမိသည်။ ထိုသို့ ဖြစ်ရသည်မှာလည်း လူမှုတရားမျှတမှု (social justice) ဖွင့်ဆိုချက် အပေါ် အယူအဆ၊ အနက်ကောက်ပုံ ကောက်နည်း အနည် မထိုင်သေးခြင်းကြောင့် ဖြစ်နိုင်ပါသည်။

အခြားတဖက်တွင်မူ အယူအကောက် အနည် မထိုင်သေးသည့်အတွက် လူမှု တရားမျှတမှု (social justice) ကင်းမဲ့နေခြင်းများကို ပြုပြင် ပြောင်းလဲနိုင်မည့် ပြည်သူ့ရေးရာ မူဝါဒအဖြစ် ချိတ်ဆက် ဖော်ဆောင်နိုင်မှု မရှိခြင်းကလည်း လူ့အဖွဲ့အစည်းအတွင်း အရေးတကြီး အာရုံစိုက်ရမည့် ကိစ္စတခု ဖြစ်နေသည်။

စက်တင်ဘာ ၂၁ ရက်တွင် ပြုလုပ်မည့် Myanmar Quarterly Symposium ၌ လူမှုတရားမျှတမှု (social justice) အကြောင်း ဆွေးနွေးရာတွင် နောက်ခံပြုမည့် အကြောင်းအရာ နှစ်ခုရှိပါမည်။

ဆွေးနွေးပွဲ ပထမပိုင်းတွင်း လူမှုတရားမျှတမှု (social justice) နှင့် ပတ်သက်ပြီး အတွေးအခေါ် ရေသောက်မြစ် ရှိ၊ မရှိကို ဆွေးနွေးကြပါမည်။ ထို့နောက် တရားမျှတမှု မရှိဘဲ ရင်ကြားစေ့ရေး ဖြစ်နိုင်မည်လား၊ လူ့အဖွဲ့အစည်းအတွင်း အခြေခံ လူထုလူတန်းစားများ၊ လူနည်းစုများကို စာနာထောက်ထားမှု ရှိနေသလား၊ သို့တည်းမဟုတ် အာဏာရှိသူ၊ ဥစ္စာရှိသူများကို ဖော်လံ ဖားရုံမျှပဲ ဖြစ်နေသည်လား အစရှိသည်တို့ကို အခြေခံသော မေးမြန်းမှုနှင့် ပြန်လည် ဆွေနွေးချက်များ ပြုလုပ်ကြမည် ဖြစ်သည်။

ဒုတိယပိုင်းတွင်မူ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို အခြေခံမည် ဖြစ်သည်။ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမား၊ လယ်သမား အခွင့်အရေးနှင့် ကျား-မ လိင်စိတ် ခံယူမှုဆိုင်ရာ တန်းတူမှု စသော ကိစ္စရပ်များအတွက် မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်များအား မေးမြန်းခြင်းနှင့် ပြန်လည် ဆွေးနွေးကြမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေး၊ ပြည်ထောင်စု တည်ဆောက်ရေး ဖော်ဆောင်မှုများ လုပ်သည့် အခါ တိုင်းရင်းသားအရေး (လူမျိုးစုအရေး)၊ ကိုးကွယ် ယုံကြည်မှုဆိုင်ရာ ဘာသာရေး အစရှိသော ဝိသေသလက္ခဏာများအပြင် လူ့အဖွဲ့အစည်းအတွင်း အလွန်အကျူး ဖြစ်ပေါ်နေသော လူတန်းစား မညီမျှမှု၊ ကျား-မ လိင်စိတ် ခံယူမှုဆိုင်ရာ တန်းတူရေး တဖက်စောင်းနင်း ဖြစ်မှုများနှင့် ဥတုဖောက်ပြန်မှု ဆိုးပြစ် အကျိုးဆက်များကို လျစ်လျူရှုထား၍ မရသောကြောင့် ဖြစ်ပါသည်။

❑ Myanmar Quarterly Symposium

ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း Advancing Social Justice in Myanmar: Seeking Its Philosophical Roots and Policy Options for a Divided Society မည်သူမဆို တက်ရောက်နိုင်ပြီး ထိုင်ခုံနေရာအတွက် ကြိုတင်စာရင်း ပေးသွင်းနိုင်ပါသည်။

► တက်ရောက်လိုသူများအနေဖြင့် – ဖုန်း – ဝ၉ ၉၆၀ ၈၃၉ ၈၀၁၊ ဝ၉ ၅၁၈၈ ၇၀၉ များသို့ ဆက်သွယ်၍ လည်းကောင်း၊ အီးမေးလ်- mediaprojectmanager@ispmyanmar.com, ispmminfo@gmail.com သို့ အမည်စာရင်း ပေးပို့၍ လည်းကောင်း ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

◉ နေ့ရက် – စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၉ ခုနှစ် (စနေ)

◉ အချိန် – မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှ ညနေ ၅ နာရီအထိ

◉ နေရာ – Kafe in Town (ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်)



One Response

  1. ခေါင်းစဉ်တွေက များနေတယ်။
    ငါးသိုင်းများ ဟင်း ဟုန်။
    အချိန်တို အတွင်း မှာ ထိရောက် မှ ုရှိနိုင်မည့်
    ပမာဏ သာ တင်သွင်းရန်သင့်။

Leave a Reply

Your email address will not be published. Required fields are marked *