မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၄၅)
အခုလ ၁၆ ရက်နဲ့ ၁၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ SNLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးအပြီးမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မှာ မဟုတ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ဒီအကြောင်းအချင်းရာကို အချက်အလက် အခြေပြုပိုင်းခြားဖော်ပြထားပါတယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ် မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။
