ISP Clips

ဝန်အဆင့်ဆင့်အောက်က အမျိုးသမီးများ

၂၀၂၄ ခုနှစ်အတွင်းမှာ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းနဲ့ စိန်ခေါ်မှုတွေအကြောင်းကို ဒီတပတ် ISP-Myanmarရဲ့ မြင်ကွင်းကျယ်မှတ်စုမှာ ပိုင်းခြားဖော်ပြထားပါတယ်။
By ISP Admin | December 31, 2024

မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၁၃၇)

၂၀၂၄ ခုနှစ်အတွင်းမှာ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းနဲ့ စိန်ခေါ်မှုတွေအကြောင်းကို ဒီတပတ် ISP-Myanmarရဲ့ မြင်ကွင်းကျယ်မှတ်စုမှာ ပိုင်းခြားဖော်ပြထားပါတယ်။ အမျိုးသမီးတွေဟာ အလုပ်လက်မဲ့ဖြစ်ရတာ၊၊ ဘဝရှေ့ရေး မရေရာတာ၊ လုံခြုံမှုမရှိလို့ နေရပ်စွန့်ခွာရတာ စတဲ့ အခြေအနေတွေကို ကြုံတွေ့နေကြရပါတယ်။ နိုင်ငံတဝန်းက အမျိုးသမီး ၅၀၀ ကျော်ကို မကြာသေးခင်ရက်ပိုင်းက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေ့ရှိချက်တွေကို အခြေခံပြီး ဖော်ပြထားပါတယ်။

ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေးဘောဂဗေဒဆိုင်ရာ ကိစ္စရပ်တွေအပြင် မြန်မာနိုင်ငံအတွင်းက လူမှုစီးပွားအခြေအနေတွေ စတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *