ISP Clips

အာဏာသိမ်းမှုနောက်ပိုင်း အဂတိ၊ အမှုအခင်းနှင့် ဖြေရှင်းမှုများ

မြန်မာ့လူ့ဘောင်အတွင်းက အဂတိလိုက်စားမှု၊ ရာဇဝတ်မှုတွေနဲ့ ဖြေရှင်းမှုတွေအကြောင်းကို ISP-Myanmar ရဲ့ အခုတပတ် မြင်ကွင်းကျယ်မှတ်စု အစီအစဉ်မှာ ပိုင်းခြားဖော်ပြထားပါတယ်။
By ISP Admin | December 24, 2024

မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၁၃၆)

မြန်မာ့လူ့ဘောင်အတွင်းက အဂတိလိုက်စားမှု၊ ရာဇဝတ်မှုတွေနဲ့ ဖြေရှင်းမှုတွေအကြောင်းကို ISP-Myanmar ရဲ့ အခုတပတ် မြင်ကွင်းကျယ်မှတ်စု အစီအစဉ်မှာ ပိုင်းခြားဖော်ပြထားပါတယ်။ လဝက၊ အုပ်ချုပ်ရေးနဲ့ တရားရုံးတွေကို လာဘ်ပေးရတာက အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားအခြေအနေတွေကို အခုနှစ် မတ်လကနေ ဩဂုတ်လအထိ လေ့လာတွေ့ရှိချက်တွေကို အခြေခံထားပါတယ်။

ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေးဘောဂဗေဒဆိုင်ရာ ကိစ္စရပ်တွေအပြင် မြန်မာနိုင်ငံအတွင်းက လူမှုစီးပွားအခြေအနေတွေ စတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *