မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၁၁၃)
မနှစ်ကစတင်ခဲ့တဲ့ အယ်လ်နီညိုဖြစ်စဉ်တွေရဲ့ နောက်ဆက်တွဲရာသီဥတုဘေးတွေကို ပြည်သူတွေ ခံစားနေရဆဲဖြစ်ပါတယ်။ မိုးဦးနဲ့ မိုးလယ်ကာလတွေမှာ ဖြစ်လေ့ရှိတဲ့ ရေကြီးရေလျှံမှုအပြင် ဝမ်းရောဂါတွေကိုပါ ပြည်သူတွေ ရင်ဆိုင်နေကြရပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ISP-Myanmar ရဲ့ အခုတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ပိုင်းခြားဖော်ပြသွားပါမယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။
