မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၆)
အာဏာသိမ်းပြီးတဲ့နောက်ယခုနှစ် မေ ၃၁ ရက်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် သေဒဏ်၊ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရသူတွေနဲ့ သေဒဏ် နဲ့ တသက်တကျွန်းပူးတွဲချမှတ်ခံရသူတွေ စုစုပေါင်း ၂၀၉ ဦး ရှိလာပြီဖြစ်ပါတယ်။SP-Myanmar ရဲ့ဒီတပတ် မြင်ကွင်းကျယ် မှတ်စု အမှတ်-၆ မှာ ဒီအကြောင်းအချင်းရာကို အချက်အလက် အခြေပြုပိုင်းခြားဖော်ပြထားပါတယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ တရုတ်အရေး လေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒ ဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ် မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ် မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်နေပါတယ်။
