မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၄)
စစ်အာဏာသိမ်းပြီးနောက် ယခုနှစ် အထိ မေလ ၂၀ အထိ နေအိမ်နဲ့အဆောက်အအုံ ၅၈၀ ကျော်ကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စု အမှတ်-၄ မှာ ဒီအကြောင်းချင်းရာကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ တရုတ်အရေး လေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒ ဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ် မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ် မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်နေပါတယ်။
