Data Matters

လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ဝင်ရောက်

ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် နှိုင်းယှဥ်ကြည့်မယ်ဆိုရင် အခြားဝန်ဆောင်မှုများကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၁၃ သန်းကျော်နဲ့ အများဆုံးဝင်ရောက်ခဲ့ပါတယ်။ ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၂၂ သန်းကျော်နဲ့ ဒုတိယအများဆုံးဝင်ရောက်ခဲ့ပါတယ်။ အိမ်ခြံမြေကဏ္ဍမှာ အမေရိကန်‌ဒေါ်လာ ၃၈ သန်းကျော်၊ စွမ်းအင်ကဏ္ဍမှာ ၁၇ သန်းကျော်နဲ့ မွေးမြူ‌ရေးနှင့်‌ ရေလုပ်ငန်း ကဏ္ဍတွေမှာလည်း ၁၅ သန်းကျော် စီဝင်ရောက်ခဲ့ပါတယ်။ ဆောက်လုပ်ရေး၊ ရေနံနဲ့ သဘာဝဓာတ်‌ငွေ့၊ စက်မှုဇုန်၊ ပို့ဆောင်ဆက်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံမှု လုံးဝဝင်ရောက်ခဲ့ခြင်း မရှိတာကိုတွေ့ရပါတယ်။
By ISP Admin | May 19, 2022

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၁၉)

၂၀၂၂ ခုနှစ် ပထမလေးလတာ ဇန်နဝါရီလကနေ ဧပြီလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၀၇ သန်းကျော် ဝင်ရောက်ခဲ့ပါတယ်။ ဇန်နဝါရီလမှာ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် ဝင်ရောက်ခဲ့ပေမယ့် ဖေဖော်ဝါရီလမှာ အမေရိကန်ဒေါ်လာ ၂၄ နီးပါး အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။ မတ်လမှာ အမေရိကန်ဒေါ်လာ သန်း ၁၁၆ သန်းကျော်ထိ ပြန်ဝင်ရောက်ခဲ့ပြီး ဧပြီလမှာ အမေရိကန်ဒေါ်လာ ခြောက်သန်းနီးပါးသာ ဝင်ရောက်ခဲ့ပါတယ်။ အဆိုပါကာလအတွင်းမှာ အာဆီယံနိုင်ငံများရဲ့ ရင်းနှီးမြှုပ်နှံမှုကအများဆုံးဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၅၄ ရာခိုင်နှုန်းအထိရှိတာကိုတွေ့ရပါတယ်။ တရုတ်ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်ရှိပြီး စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

Download as PDF Version

ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် နှိုင်းယှဥ်ကြည့်မယ်ဆိုရင် အခြားဝန်ဆောင်မှုများကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၁၃ သန်းကျော်နဲ့ အများဆုံးဝင်ရောက်ခဲ့ပါတယ်။ ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၂၂ သန်းကျော်နဲ့ ဒုတိယအများဆုံးဝင်ရောက်ခဲ့ပါတယ်။ အိမ်ခြံမြေကဏ္ဍမှာ အမေရိကန်‌ဒေါ်လာ ၃၈ သန်းကျော်၊ စွမ်းအင်ကဏ္ဍမှာ ၁၇ သန်းကျော်နဲ့ မွေးမြူ‌ရေးနှင့်‌ ရေလုပ်ငန်း ကဏ္ဍတွေမှာလည်း ၁၅ သန်းကျော် စီဝင်ရောက်ခဲ့ပါတယ်။ ဆောက်လုပ်ရေး၊ ရေနံနဲ့ သဘာဝဓာတ်‌ငွေ့၊ စက်မှုဇုန်၊ ပို့ဆောင်ဆက်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံမှု လုံးဝဝင်ရောက်ခဲ့ခြင်း မရှိတာကိုတွေ့ရပါတယ်။

∎ ဘာကြောင့်အလေးထားသင့်သလဲ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတ ခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစား လိုက်နာမှု မရှိတဲ့၊ ဒေသခံပြည်သူလူထုရဲ့ ဘဝတိုးတက်မှုတွေကို ထောက်ပံ့မှု မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့်လည်း တိုင်းပြည်ဟာ ပိုမိုချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရပြီးပါပြီ။ တခါ မြန်မာနိုင်ငံမှာ ဘယ်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေသလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေ အဓိက ဝင်ရောက်နေသလဲ ဆိုတာဟာ လက်ရှိ နိုင်ငံရေးအကျပ်အတည်းအတွင်း နိုင်ငံတကာပါဝင်မှုကို နားလည်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ လူထုတွေရဲ့ နေ့စဉ်ဘဝတွေကိုပါ တိုက်ရိုက် သက်ရောက်မှုရှိတာကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုနေသလဲ ဆိုတဲ့အပေါ် မျက်ခြေမပြတ် ရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို သတင်းအချက်အလက် ဂေဟစနစ် ပျက်စီးနေချိန်မှာ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စီမံကိန်းတွေ၊ ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်း မြင်သာမှုရှိသလား၊ သက်ရောက်မှု ဘယ်လိုဖြစ်နိုင်သလဲ စတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေက အလေးထား စောင့်ကြည့်စရာ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက် ကာလတူ ရင်းနှီး မြှုပ်နှံမှုတွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ် တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေ၊ Oxford Economics နဲ့ Economist Intelligence Unit က ထုတ်ပြန်တဲ့ စာတမ်းတွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၀၇ သန်းကျော် ဝင်ရောက်
သုံးနှစ်တာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဝင်ရောက်
အာဆီယံ၊ ဟောင်ကောင်နှင့် တရုတ်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်
အခြားဝန်ဆောင်မှုများကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်


One Response

  1. 165/ အမှတ် ၁ ရပ်ကွက် ဥယာဥ်၀ ​ကျေးရွာ..
    ဟိုင်းကူး အုပ်စု. လှည်းကူးမြို့နယ်..
    ဦးစိုင်းဝင်းတင်/ ​ဒေါ်ပြုံး ၂၅.၁၂.၂၀၂၂(အိမ်) ချိတ်ပိတ် pdf နှင့် ဆက်သွယ်မှု

Leave a Reply

Your email address will not be published. Required fields are marked *