Data Matters

နယ်စပ်ကုန်သွယ်ရေး၏ ၇၅ ရာခိုင်နှုန်းမှာ ထိုင်းနှင့်ကုန်သွယ်မှုဖြစ်လာ

မြန်မာ-ထိုင်းကုန်သွယ်မှုမှာ အဓိက ကုန်သွယ်ဂိတ်ဖြစ်တဲ့ မြဝတီမှာ အမေရိကန်ဒေါ်လာသန်း ၆၀၀ နီးပါး၊ နဘုလယ်/ ထီးခီးမှာ အမေရိကန်ဒေါ်လာသန်း ၁၈၀ ကျော်၊ မောတောင်မှာ အမေရိကန်ဒေါ်လာ သုံးသိန်းနီးပါး မြင့်တက်ခဲ့တာကြောင့်ဖြစ်ပါတယ်။ မီနီဘတ်ဂျက်ကာလအတွင်း မြန်မာ့နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်ရော သွင်းကုန်ပါ ကျဆင်းခဲ့ပါတယ်။ မြန်မာ့နယ်စပ်ကုန်သွယ်မှုစုစုပေါင်းတန်ဖိုးကို အရင်ဘဏ္ဍာနှစ်နဲ့ ကာလတူနှိုင်းယှဥ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆ ဘီလီယံ လျော့ကျခဲ့ပါတယ်။တရုတ်နယ်စပ်ကုန်သွယ်မှုမှာတော့ ကာလတူနှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ကျဆင်းခဲ့ပါတယ်။
By ISP Admin | April 22, 2022

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၁၅)

မြန်မာ့ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးက ပမာဏအများဆုံးအနေနဲ့ ရပ်တည်ခဲ့ရာကနေ ၂၀၂၁ – ၂၀၂၂ မီနီဘတ်ဂျက်ကာလမှာတော့ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးက တဟုန်ထိုး မြင့်တက်ခဲ့ပါတယ်။ မီနီဘတ်ဂျက်ကာလအကုန်မှာထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးကို ကာလတူနှိုင်းယှဉ်ရင် ယခင်ဘဏ္ဍာနှစ်ကထက် အမေရိကန်ဒေါ်လာသန်း ၆၄၀ ကျော်တက်လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုဟာ ယခင်ဘဏ္ဍာနှစ်မှာ စုစုပေါင်း နယ်စပ်ကုန်သွယ်မှုရဲ့ ၃၄ ရာခိုင်နှုန်းကနေ၇၅ ရာခိုင်နှုန်းကျော် ဖြစ်လာခဲ့ပါတယ်။

Download as PDF Version

မြန်မာ-ထိုင်းကုန်သွယ်မှုမှာ အဓိက ကုန်သွယ်ဂိတ်ဖြစ်တဲ့ မြဝတီမှာ အမေရိကန်ဒေါ်လာသန်း ၆၀၀ နီးပါး၊ နဘုလယ်/ ထီးခီးမှာ အမေရိကန်ဒေါ်လာသန်း ၁၈၀ ကျော်၊ မောတောင်မှာ အမေရိကန်ဒေါ်လာ သုံးသိန်းနီးပါး မြင့်တက်ခဲ့တာကြောင့်ဖြစ်ပါတယ်။ မီနီဘတ်ဂျက်ကာလအတွင်း မြန်မာ့နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်ရော သွင်းကုန်ပါ ကျဆင်းခဲ့ပါတယ်။ မြန်မာ့နယ်စပ်ကုန်သွယ်မှုစုစုပေါင်းတန်ဖိုးကို အရင်ဘဏ္ဍာနှစ်နဲ့ ကာလတူနှိုင်းယှဥ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆ ဘီလီယံ လျော့ကျခဲ့ပါတယ်။တရုတ်နယ်စပ်ကုန်သွယ်မှုမှာတော့ ကာလတူနှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ကျဆင်းခဲ့ပါတယ်။

မီနီဘတ်ဂျက်အတွင်း ကုန်သွယ်မှုလျော့ကျမှုသိသိသာသာမဖြစ်ခင် စစ်ကောင်စီက သွင်းကုန်ကန့်သတ်မှု မူဝါဒတွေ ချမှတ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းမှာဆိုရင် ဗဟိုဘဏ်က ပို့ကုန်တင်သွင်းသူတွေ အနေနဲ့ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ ဝင်ငွေတွေကို ရက် ၃၀ အတွင်း နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ လိုင်စင်ရဘဏ် တွေကိုသာ ဈေးကွက်ပေါက်ဈေးနဲ့မပျက်မကွက် ရောင်းချရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

∎ ဘာကြောင့်အလေးထားသင့်သလဲ

အာဏာသိမ်းမှုအပြီးမှာ ဖြစ်ပွားခဲ့တဲ့ စီးပွားရေး အကျပ်အတည်းတွေနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကမြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိမလဲ ဆိုခြင်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အရေးပါပါတယ်။ ဒါ့အပြင် စီးပွားရေး ကိန်းဂဏန်းတွေဟာ ပြည်ပနိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့အကျိုးစီးပွား စဉ်းစားချက်တွေကို များစွာ ထင်ဟပ်လျက်ရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ ပြည်ပနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးထဲထဲဝင်ဝင်နားလည်စေဖို့ အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

ပြည်တွင်း-ပြည်ပ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေ၊ လအလိုက် နှစ်အလိုက်နဲ့ ကာလတူ ကုန်သွယ်မှုတန်ဖိုးတွေကို စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ ဝင်ကြည့်နိုင်ပါတယ်။ ဒါ့အပြင်အဲဒီက အချက်အလက်တွေကို ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ဖက်နိုင်ငံများကအချက်အလက်များ၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်းနှိုင်းယှဉ် လေ့လာနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *