Data Matters

နိုင်ငံအနှံ့ နေအိမ်နှင့် အဆောက်အအုံ ၅၃၁ လုံးထက်မနည်း ချိပ်ပိတ် သိမ်းဆည်းခံခဲ့ရ

စစ်ကောင်စီက နေအိမ် ချိပ်ပိတ် သိမ်းဆည်းမှုတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက စတင်လုပ် ဆောင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ခုခံတွန်းလှစ်စစ် စတင်ဖို့ ကြေညာခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နောက်ပိုင်းမှာ ပိုလုပ်လာခဲ့ပါတယ်။ အထူးသဖြင့် NUG အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ (PDF/LDF/CDF/KNDF စသဖြင့်) နဲ့ ဆက်စပ်နေတဲ့ နေအိမ်၊ အဆောက်အဦတွေကို ပစ်မှတ်ထား ချိပ်ပိတ် သိမ်းဆည်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရအရေးယူဆောင်ရွက်နေတဲ့ အမှုတွေနဲ့ ဆက်စပ်တဲ့ နေအိမ်၊ တိုက်ခန်းတွေကိုလည်း သိမ်းဆည်းခဲ့သလို၊ CDM လှုပ်ရှားမှုနဲ့ ဆက်စပ်နေသူတွေ၊ အသံတိတ်သပိတ် လှုံ့ဆော်မှုတွေနဲ့ ဆက်စပ်နေသူတွေရဲ့ နေအိမ် အဆောက်အအုံတွေကိုလည်း ချိပ်ပိတ်ခဲ့ပါတယ်။
By ISP Admin | March 15, 2022

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၈)

Download PDF Version

ISP-Myanmar က စုစည်းထားတဲ့ အချက်အလက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားတဲ့ မှတ်တမ်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် မတ် ၇ ရက်အထိ (စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ဆက်စပ်ပြီး) နေအိမ်၊ အဆောက်အအုံ အရေအတွက် ၅၃၁ လုံးထက်မနည်းကို စစ်ကောင်စီက ချိပ်ပိတ်သိမ်း ဆည်းခဲ့ပါတယ်။ ချိပ်ပိတ် သိမ်းဆည်းခံရမှု အများစုဟာ စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပြီး ၁၃၅ လုံးထက် မနည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းမှာ ၁၁၆ လုံး၊ မန္တလေးတိုင်းမှာ ၈၅ လုံး၊ ဧရာ၀တီတိုင်းမှာ ၄၇ လုံး နဲ့ မကွေးတိုင်းမှာ ၃၉ လုံး ထက်မနည်း ချိပ်ပိတ် သိမ်းဆည်း ခြင်းခံခဲ့ရပါတယ်။ ဒီအရေအတွက်ဟာ လက်လှမ်းမီသမျှ စုစည်းထားခြင်းသာ ဖြစ်ပြီး ဒီထက် ပိုများနိုင်ပါတယ်။

စစ်ကောင်စီက နေအိမ် ချိပ်ပိတ် သိမ်းဆည်းမှုတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက စတင်လုပ် ဆောင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ခုခံတွန်းလှစ်စစ် စတင်ဖို့ ကြေညာခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နောက်ပိုင်းမှာ ပိုလုပ်လာခဲ့ပါတယ်။ အထူးသဖြင့် NUG အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ (PDF/LDF/CDF/KNDF စသဖြင့်) နဲ့ ဆက်စပ်နေတဲ့ နေအိမ်၊ အဆောက်အဦတွေကို ပစ်မှတ်ထား ချိပ်ပိတ် သိမ်းဆည်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရအရေးယူဆောင်ရွက်နေတဲ့ အမှုတွေနဲ့ ဆက်စပ်တဲ့ နေအိမ်၊ တိုက်ခန်းတွေကိုလည်း သိမ်းဆည်းခဲ့သလို၊ CDM လှုပ်ရှားမှုနဲ့ ဆက်စပ်နေသူတွေ၊ အသံတိတ်သပိတ် လှုံ့ဆော်မှုတွေနဲ့ ဆက်စပ်နေသူတွေရဲ့ နေအိမ် အဆောက်အအုံတွေကိုလည်း ချိပ်ပိတ်ခဲ့ပါတယ်။

∎ ဘာကြောင့်အလေးထားသင့်လဲ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေ၊ ပုဒ်မအမျိုးမျိုးသုံးပြီး ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူတွေနဲ့ ဆက်စပ်နေတဲ့ နေအိမ်၊ အဆောက်အအုံပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းဆည်းမှုတွေအပေါ် လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူများအပေါ် တရားရေး မဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေ ရှိ၊မရှိ ဆိုတာအပြင် အသွင်ကူးပြောင်းမှုဆိုင်ရာတရားမျှတမှု (Transitional Justice) ကိစ္စရပ်တွေ အတွက် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရတာတွေအပြင် ပါဝင်လှုပ်ရှားနေသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေရသူ တွေရဲ့ နေအိမ်၊ အဆောက်အအုံစတဲ့ ပိုင်ဆိုင်မှုတွေကို ချိိတ်ပိတ်သိမ်းဆည်းမှုအရေအတွက်တွေ ကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တို့လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေ မှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *