Data Matters

ငါးလအတွင်း ကိုဗစ်ကူးစက်ခံရမှု အမြင့်ဆုံး ပြန်ရောက်လာ

စစ်ကောင်စီရဲ့ တရားဝင်ကိန်းဂဏန်းတွေကို ဆန်းစစ်ရင်ပဲ ကိုဗစ်ကူးစက်မှုဟာ ငါးလအတွင်း အမြင့်ဆုံး ပြန်ရောက်လာတဲ့အပြင် နောက်ထပ် လှိုင်းတခုဖြစ်မယ့် အသွင်ဆောင်လာတာကို တွေ့ရပါတယ်။ ဒီကူးစက်မှုတွေထဲမှာလည်း ရန်ကုန်တိုင်းအတွင်း ကူးစက်မှုက အများဆုံးဖြစ်လာပြီး ဖေဖော်ဝါရီလ ၁၅ ရက်တာကာလ အတွင်း လူပေါင်း ၆,၉၀၀ နီးပါး ကူးစက်ခဲ့ပါတယ်။ တနိုင်ငံလုံးကို ခြုံကြည့်ရင်တော့ ဖေဖော်ဝါရီလ ၁၄ ရက်တာ ကာလအတွင်း ကိုးဗစ်ကူးစက်မှုအားလုံးရဲ့ ၅၄ ရာခိုင်နှုန်းဟာ လူနေထူထပ်တဲ့ ရန်ကုန်တိုင်းအတွင်းမှာ ဖြစ်ပါတယ်။
By ISP Admin | February 17, 2022

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၅)

မြန်မာနိုင်ငံမှာ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ကူးစက်ခံရသူ စတင်တွေ့ရှိခဲ့တယ်လို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။ စစ်ကောင်စီက အိုမီခရွန် တွေ့ရှိမှုနဲ့ ပတ်သက်ပြီး ၁၅ ကြိမ် သတင်းထုတ်ပြန်ထားပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်အထိ နောက်ဆုံးထုတ်ပြန်ချက်အရ ၃၄၈ ဦး ရှိကြောင်း သိရပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ပထမပတ်နဲ့ ဒုတိယပတ်အတွင်းမှာပဲ အိုမီခရွန် ကူးစက်ခံရတဲ့ လက္ခဏာရှိသူ လူအများစုမှာ ဖြစ်လာတာကြောင့် အိုမီခရွန်ကူးစက်ခံရမှုဟာ စစ်ကောင်စီ ထုတ်ပြန်တဲ့ပမာဏထက် အဆမတန်များပြားပြီး အလျင်အမြန် ကူးစက်ပြန့်နှံနေတယ်လို့ ယူဆနိုင်ပါတယ်။

Download PDF Version

စစ်ကောင်စီရဲ့ တရားဝင်ကိန်းဂဏန်းတွေကို ဆန်းစစ်ရင်ပဲ ကိုဗစ်ကူးစက်မှုဟာ ငါးလအတွင်း အမြင့်ဆုံး ပြန်ရောက်လာတဲ့အပြင် နောက်ထပ် လှိုင်းတခုဖြစ်မယ့် အသွင်ဆောင်လာတာကို တွေ့ရပါတယ်။ ဒီကူးစက်မှုတွေထဲမှာလည်း ရန်ကုန်တိုင်းအတွင်း ကူးစက်မှုက အများဆုံးဖြစ်လာပြီး ဖေဖော်ဝါရီလ ၁၅ ရက်တာကာလ အတွင်း လူပေါင်း ၆,၉၀၀ နီးပါး ကူးစက်ခဲ့ပါတယ်။ တနိုင်ငံလုံးကို ခြုံကြည့်ရင်တော့ ဖေဖော်ဝါရီလ ၁၄ ရက်တာ ကာလအတွင်း ကိုးဗစ်ကူးစက်မှုအားလုံးရဲ့ ၅၄ ရာခိုင်နှုန်းဟာ လူနေထူထပ်တဲ့ ရန်ကုန်တိုင်းအတွင်းမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကတော့ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဟာ မျိုးကွဲတွေထက် ကူးစက်နိုင်ခြေ မြင့်မားပြီး ရောဂါလက္ခဏာမပြဘဲ (မပြင်းထန်တဲ့) ကူးစက်ခံရမှု အခြေအနေကတဆင့် အပြင်းအထန် ဖျားနာမှု၊ သေဆုံးမှု အခြေအနေ ကြုံရနိုင်ခြေလည်း ရှိကြောင်း သတိပေးထားပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေနဲ့ ကာကွယ်ဆေး မထိုးထားသူတွေ သတိပြုဖို့ အထူးလိုအပ်နေပါတယ်။

∎ ဘာကြောင့်အလေးထားသင့်လဲ

မြန်မာနိုင်ငံမှာ စုစုပေါင်း လူဦးရေရဲ့ ၃၆ ရာခိုင်နှုန်းကိုသာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားကလည်း အပြည့်အ၀ ပြန်လည်လည်ပတ်နိုင်စွမ်း မရှိသေးပါဘူး။ အိုမီခရွန်ဟာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသားအပြင် တတိယအကြိမ် (Booster) ထိုးနှံပြီးသားလူတွေကိုပါ ကူးစက်နိုင်တာကြောင့် အခုကူးစက်နှုန်းအတိုင်းသာ ဆက်လက်ပြန့်ပွားသွားမယ်ဆိုရင် ဖေဖော်ဝါရီလကုန်မှာ ကူးစက်မှု တရှိန်ထိုး မြင့်လာနိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်ကူးစက်မှု အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး တဦးချင်းကစလို့ ထိရောက်တဲ့ ကာကွယ်တားဆီးမှုလုပ်နိုင်ရေးက အဓိက ကျတာကြောင့် အလေးထားသင့်တဲ့အကြောင်းအချက်တခု ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းအချက်အလက်တွေ၊ ထုတ်ပြန်ကြေညာချက်တွေ နဲ့ ဒေသအလိုက်ကူးစက်ပြန့်နှံ့မှုတွေကို ကမ္ဘ့ာကျန်းမာရေးအဖွဲ့ (WHO) က ဝက်ဘ်ဆိုက်နဲ့ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနတွေရဲ့ ဝက်ဘ်ဆိုက်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ကပ်ရောဂါကူးစက်မှုနဲ့ ကာကွယ်ဆေးထိုးနှံမှု ဆိုင်ရာ အချက်အလက်တွေကို ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ Coronavirus Resource Center ဝက်ဘ်ဆိုက်၊ Our World in Data ဝက်ဘ်ဆိုက်တွေအပြင် ရိုက်တာသတင်းဌာနကဖော်ပြထားတဲ့ Covid-19 Tracker မှာလည်း ကြည့်နိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *