အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ပို့ကုန်၊ သွင်းကုန် ကျဆင်းမှုအဆိုးဆုံး ဖြစ်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (ဇူလိုင်လ) နဲ့ ကာလတူ နှိုင်းယှဉ်တဲ့အခါ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄,၀၀၀ ကျော် လျော့ကျခဲ့သလို၊ ပို့ကုန်တန်းဖိုးကလည်း အမေရိကန်ဒေါ်လာ သန်း ၂,၇၀၀ ကျော် လျော့ကျခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဒေသပေါင်း ၂၃၆ ခုနဲ့ ကုန်သွယ်မှု လုပ်နေတာ ဖြစ်ပြီး၊ တရုတ်က မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်ပါတယ်။ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အာဆီယံ နိုင်ငံများနဲ့ ကုန်သွယ်မှု ပမာဏဟာ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းခန့် ရှိပါတယ်။
