Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
7 Jun 2021 Conflict, Peace & Security အန်တုတော်လှန်ရေးနှင့် ပြည်တွင်းစစ်အကြား အဆက်အစပ်ကို လေ့လာခြင်း အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀) Download PDF Version နွေဦးတော်လှန်ရေးလို့ ထင်ရှားလာတဲ့ မြန်မာ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုဟာ အကြမ်းမဖက် လူထုတိုက်ပွဲကနေ၊ လက်နက်ကိုင် တိုက်ပွဲအဖြစ် ပြောင်းလဲလာတာ (ဝါ) တိုက်ပွဲပုံစံ နှစ်ခုကို ပေါင်းစပ် ကျင့်သုံးလာတာ တွေ့လာရပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒေသအတော်များများမှာ ဖွဲ့စည်းလာကြပြီး အာဏာသိမ်း စစ်ကောင်စီ တပ်တွေနဲ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဒီတိုက်ပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တချို့ပါ ပါဝင်လာပါတယ်။ တချိန်တည်းမှာပဲ ဒီအခြေနေတွေကြောင့် နဂိုကတည်းက အရှိန် ပြန်ရလာနေတဲ့ မြန်မာ့ပြည်တွင်းစစ်ဟာ ပိုမိုမီးတောက်လောက်တော့မလား ဆိုတဲ့ဆွေးနွေးမှုတွေလည်း ရှိလာပါတယ်။ ဒါကြောင့် မြန်မာ့နွေဦး တော်လှန်ရေးရဲ့လက္ခဏာကို ကနဦး ဆန်းစစ်သုံးသပ်မှုတွေ လုပ်ဖို့ သင့်လှပါတယ်။ ∎ ဆိုလိုရင်း အနှစ်ချုပ် သမားရိုးကျ ဖွင့်ဆိုချက်မှာ တော်လှန်ရေးဆိုတာ အုပ်စိုးသူ အစိုးရနဲ့ သူ့ရဲ့နိုင်ငံရေး၊ လူမှုစီးပွားရေးစနစ်တွေကို ရုတ်ခြည်းပြောင်းလဲပစ်ဖို့ ဦးတည်တယ်၊ ပဒေသရာဇ်တွေရဲ့နန်းလျာ အလွှဲအပြောင်း စနစ်လို၊ ရွေးကောက်ပွဲလို စတဲ့ တည်ဆဲ အင်စတီကျူးရှင်းတွေကို အသုံးမပြုဘဲ လူထု ထောက်ခံမှုကို တိုက်ရိုက် ရယူပြီး အုပ်စိုးသူတွေနဲ့ သူတို့ကို ထောက်ခံသူ ရေပေါ်ဆီ အီလစ်တွေကိုအကြမ်းဖက် တိုက်ခိုက် တော်လှန် ပြောင်းလဲတာ၊ နိုင်ငံတော် အာဏာကို ရယူဖို့ ကြိုးစားတာ ဖြစ်ပါတယ် (Goldstone and Ritter 2019)။ ၁၇၈၉ ခုနှစ် ပြင်သစ် တော်လှန်ရေး ကနေ၊ ၁၉၇၉ ခုနှစ် အထိ ပေါ်ပေါက်ခဲ့တဲ့ တော်လှန်ရေးတွေကို လေ့လာတဲ့ ဖွင့်ဆိုချက်တွေမှာ တော်လှန်ရေး လက္ခဏာ သုံးရပ် တွေ့ရပါတယ်။ ဒါတွေကတော့ (၁) လူအဖွဲ့ စည်းရဲ့တန်ဖိုးထားမှုနဲ့ အင်စတီ ကျူးရှင်းတွေမှာ သိသာ ထင်ရှားတဲ့၊ တိုးတက်သော သဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်ထွန်းခြင်း၊ (၂) နန်းတွင်း အရှုပ်တော်ပုံတွေနဲ့ မတူဘဲ လူထုတွေကိုယ်တိုင် အင်နဲ့ အားနဲ့ ပါဝင်ဆင်နွှဲခြင်း (၃) အကြမ်းဖက် တိုက်ခိုက်ခြင်း တို့ပဲဖြစ်ပါတယ် (Huntington 1968; Skocpol 1979)။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ ဒီအချက်တွေကြောင့်ပဲ တော်လှန်ရေးဟာ အကြမ်းမဖက် လူထုလှုပ်ရှားမှုနဲ့ မတူဘူးလို့ လက္ခဏာ ခွဲခြား ဖော်ပြကြပါတယ်။အကြမ်းမဖက် လူထုလှုပ်ရှားမှုဆိုတာကတော့ အစိုးရတွေရဲ့ မူဝါဒနဲ့ ပြုမူဆောင်ရွက် ပုံတွေကို ပြောင်းလဲစေဖို့နဲ့ လူအဖွဲ့အစည်းရဲ့လက်ခံမှုတွေကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်တယ်။ ဒါကြောင့် အကြမ်းမဖက် လူထုလှုပ်ရှားမှုရဲ့ ရလဒ်ဟာ တော်လှန်ရေး ရလဒ်လောက် အခြေခံကျတဲ့ ပြောင်းလဲမှုကြီးတွေကို မဖြစ်စေဘူးလို့ သုတေသီတွေက ဆိုပါတယ်။ ဒါပေမဲ့ ၁၉၇၉ ခုနှစ် အီရန်နိုင်ငံမှာ ရှားဘုရင်ကို ဆန့်ကျင် ဖြုတ်ချခဲ့တဲ့ လူထုလှုပ်ရှားမှု အပြီးမှာတော့ ဒီယူဆချက်တွေကို ပြန်သုံးသပ်လာကြပါတယ်။ ၁၉၇၉ ခုနှစ် အီရန် လူထုတိုက်ပွဲဟာ အထွေထွေသပိတ်နဲ့ မြို့ကြီးတွေမှာ ဖြစ်တဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေနဲ့ပဲ အာဏာရှင်ကို ဖြုတ်ချခဲ့တာပါ။ လူထုတရပ်လုံး အင်နဲ့အားနဲ့ ပါဝင် တိုက်ပွဲဝင်ခဲ့ကြသလို၊ လှုပ်ရှားမှုရဲ့ရလဒ်အဖြစ်လည်း အစ္စလာမ်မစ် သမ္မတ နိုင်ငံတော်ကို ထူထောင်ခဲ့တာမို့ လူ့အဖွဲ့စည်းတွင်း တန်ဖိုးထားမှုနဲ့ အင်စတီကျူးရှင်းတွေကို အခြေခံကျကျပြောင်းလဲ ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုဘက်က အာဏာပိုင်တွေကို အကြမ်းဖက် တိုက်ခိုက်တယ် ဆိုတာ လုံး၀မရှိသလောက်ပါပဲ။ ဒီ အီရန်လူထုလှုပ်ရှားမှုဟာ အကြမ်းဖက်မှု မရှိတာကလွဲလို့ တော်လှန်ရေး လက္ခဏာတွေနဲ့ အကုန် ပြည့်စုံနေတာမို့ပညာရှင်တွေရဲ့ တော်လှန်ရေးနဲ့ လူထုလှုပ်ရှားမှုအကြား ခြားထားတဲ့မျဉ်းဟာ ပျက်ပြယ်သလို ဖြစ်သွားရပါတယ်။ နောက်ပိုင်းပေါ်ထွက်လာတဲ့ ဖီလစ်ပိုင်နိုင်ငံက အာဏာရှင် မားကို့စ်ကို ဖြုတ်ချတဲ့ ၁၉၈၆ ပြည်သူ့အာဏာတော်လှန်ရေး၊ ၁၉၈၉ ကနေ၁၉၉၁အတွင်း ဆိုဗီယက် ပြည်ထောင်စုနဲ့ အရှေ့ ဥရောပနိုင်ငံတွေမှာပေါ်ပေါက်ခဲ့တဲ့ ကွန်မြူနစ် အာဏာရှင်စနစ် တော်လှန်ရေးတွေ၊၂၀၀၀ ပြည့်နှစ်မှာ ဖြစ်ခဲ့တဲ့ ဆာဘီးယားရဲ့ ဘူလ်ဒိုဇာတော်လှန်ရေး၊ ၂၀၀၄ ခုနှစ် ယူကရိန်းနိုင်ငံရဲ့ လိမ္မော်ရောင် တော်လှန်ရေး၊၂၀၁၁ ခုနှစ်တွေက အာရပ်နွေဦးလို့ တင်စားခဲ့တဲ့ တူနီးရှားနဲ့ အီဂျစ်မှာ ဖြစ်ခဲ့တဲ့ အာဏာရှင် ဆန့်ကျင်ရေး တော်လှန်ရေးတွေကြောင့် တော်လှန်ရေးဆိုင်ရာ အယူအကောက်တွေ ပြောင်းလဲလာပါတယ်။ ဒါကြောင့် ပညာရှင်တွေက အန်တု တိုက်ပွဲဝင်တဲ့ နိုင်ငံရေး (contentious politics) ဆိုတဲ့ ယူဆချက် ဖော်ထုတ်ကြပြီး အကြမ်းမဖက်အန်တုတော်လှန်ရေးနဲ့ လက်နက်ကိုင် အန်တုတော်လှန်ရေးဆိုပြီး ခွဲခြား လေ့လာ ကြပါတယ်။ အကြမ်းမဖက် အန်တုတော်လှန်ရေး၊လက်နက်ကိုင် အန်တုတော်လှန်ရေးနဲ့ ပြည်တွင်း စစ်အကြား ဆက်စပ်မှုကိုပါ သုတေသနပြုလာကြတာကို စိတ်ဝင်စားဖွယ်လေ့လာရပါတယ်။ ∎ ဘာကြောင့် အလေးထားသင့်သလဲ အကြမ်းမဖက် တော်လှန်ရေး၊ လက်နက်ကိုင် တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အကြား ဆက်စပ်မှုကို လေ့လာရာမှာ ပြည်တွင်းစစ်ကိုအရင်ဆုံး အဓိပ္ပါယ်ဖွင့်ဖို့လိုပြန်ပါတယ်။ မြားမြောင်လှတဲ့ ဖွင့်ဆိုချက်တွေကို ချုပ်ရရင် ပြည်တွင်းစစ်ဆိုတာ အာဏာ၊ နယ်မြေစတဲ့ခွဲဝေမှု အပြောင်းအလဲ ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ လက်နက်ကိုင် စုဖွဲ့မှုရှိတဲ့ အင်အားစုတွေအကြား (အစိုးရနဲ့ ဆန့်ကျင်ဘက် တပ်တွေ အကြား ဒါမှမဟုတ် လက်နက်ကိုင် စစ်တပ်တွေအကြား) ရေရှည်စိုက်လိုက်မတ်တပ် တိုက်ပွဲတွေ ဖြစ်နေတာကို ဆိုလိုတာပါ။Uppsala Conflict Data Program (UCDP) ဒေတာ ပိုင်းဖြတ်ချက်အရ ပစ်ခတ်မှု တိုက်ပွဲတွေကြောင့် တနှစ်အတွင်း သေဆုံးသူ ၂၅ယောက်ရှိရင် လက်နက်ကိုင် ပဋိပက္ခလို့ သတ်မှတ်ပါတယ်။ Correlates of War (COW) ကတော့ ပစ်ခတ်မှု တိုက်ပွဲတွေကြောင့် တနှစ်အတွင်း လူ ၁၀၀၀ သေဆုံးရင် ပြည်တွင်းစစ် အဖြစ်သတ်မှတ်ပြီး၊ ပညာရှင် Sambanis ကတော့ တနှစ်အတွင်း လူ ၅၀၀ ကနေ၁၀၀၀ သေဆုံးရင် ပြည်တွင်းစစ် အဖြစ် သတ်မှတ်ပါတယ် (Newman and DeRouen 2014)။ အစဉ်အလာ သုတေသန တွေ့ရှိချက်တွေအရ လက်နက်ကိုင် အန်တုတော်လှန်ရေးက ပြည်တွင်းစစ်ကို မွေးဖွား ပေးတတ်တယ်။ သူနိုင် ကိုယ်ရှုံး ရုတ်ခြည်း ယတိမပြတ်ဘဲ အပြန်အလှန် အကြမ်းဖက်မှုတွေ အချိန် အကြာကြီး ဆက်ဖြစ်နေတတ်တဲ့ သဘောပါ။လူထုဆန္ဒ ဖော်ထုတ်ပြသတဲ့ အကြမ်းမဖက်အန်တု တော်လှန်ရေးကတော့ (အမေရိကန်ကျွန်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုလိုချွင်းချက်မျိုးက လွဲလို့) ပြည်တွင်းစစ်ကို မရှေးရှု စေတတ်ဘူး (Goldstone and Ritter 2019)။ ဒါပေမဲ့ ၂၁ ရာစု အကြမ်းမဖက် အန်တုတော်လှန်ရေး နဲ့ ပြည်တွင်းစစ် အဆက်အစပ်ကို လေ့လာတဲ့ သုတေသီတွေကတော့ အကြမ်းမဖက်အန်တု တော်လှန်ရေးကလည်းပြည်တွင်းစစ်ကို ဦးတည် သွားစေတယ်လို့ ဖော်ထုတ် တင်ပြလာကြပါတယ်။ သူတို့က ဆီးရီးယား၊ လစ်ဗျား၊ ယီမင်နဲ့ ယူဂိုစလားဗီယား နိုင်ငံတွေမှာ ဒီမိုကရေစီအတွက် အကြမ်းမဖက် အန်တု တော်လှန်ရေးတွေကနေ ပြည်တွင်းစစ်အဖြစ် ပဋိပက္ခ သက်ဆိုး ရှည်သွားခဲ့ရတာတွေကို စနစ်တကျ သုတေသန ပြုတင်ပြကြပါတယ် (della Porta et al. 2018)။ ဒါကြောင့် အရင်က ချွင်းချက်အဖြစ်သာ သဘောထားခဲ့ကြတဲ့ အကြမ်းမဖက် အန်တုတော်လှန်ရေး (အကြမ်းမဖက် လူထုလှုပ်ရှားမှု) ကနေ ပြည်တွင်းစစ်ကို ပြောင်းလဲသွားတတ်တဲ့ အခြေနေဟာ အလေးအနက် ထားသင့်တဲ့ လက္ခဏာခြင်းရာ တရပ် ဖြစ်လာပါတယ်။ ∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် လူထု ဆန္ဒပြပွဲတွေဟာ အကြမ်းမဖက် အန်တု တော်လှန်ရေး ဖြစ်ပြီးကြွေးကြော်သံတွေမှာလည်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဖမ်းဆီးထားတဲ့ ပြည်သူတွေနဲ့ ခေါင်းဆောင်တွေကို လွှတ်ပေးရေး၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေး စတဲ့အချက်တွေကို အဓိက တောင်းဆိုတာ တွေ့ရပါတယ်။စစ်ကောင်စီက အကြမ်းဖက် ဖြိုခွဲမှုတွေ လုပ်ပြီးတဲ့ နောက်မှာတော့ ရပ်ရွာဒေသအလိုက် ကာကွယ်ရေး တပ်တွေပေါ်ပေါက်လာပြီးပြန်လည် တိုက်ပွဲဝင်တာ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ လက်တွဲပြီး လက်နက်ကိုင် အန်တု တော်လှန်တာတွေကို ပဲခူး၊ စစ်ကိုင်းကနေ၊ ချင်းပြည်နယ် မင်းတပ်မြို့အလယ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည် နယ်ထဲက မြို့တွေအဆုံး ကျယ်ကျယ်ပြန့်ပြန့်တွေ့လာရပါတယ်။ တိုက်ပွဲ ဝင်နေသူ၊ ထောက်ခံနေ ကြသူတွေ အားလုံး လိုလိုက စစ်အာဏာရှင်စနစ် အမြစ်ပြုတ်အောင် နည်းပေါင်းစုံနဲ့ တော်လှန်မယ်၊ အထူးသဖြင့် လက်နက် အားကိုးတဲ့ စစ်ကောင်စီကို လက်နက်ကိုင် အန်တု တော်လှန်ရေး ဆင်နွှဲရမယ်လို့ခံယူလာကြတာကို တွေ့ရပါတယ်။ ဒီနေရာမှာ မြန်မာ့နွေဦး တော်လှန်ရေးဟာ အကြမ်းမဖက် အန်တုတော်လှန်ရေးကနေ၊ လက်နက်ကိုင်အန်တု တော်လှန်ရေးကိုပြောင်းလဲလာပါတယ်။ တော်လှန်ရေးရဲ့သဘောသဘာ၀အတိုင်း ကာလတို တခုအတွင်း မှာ လူထုထောက်ခံမှုကို တိုက်ရိုက်ရယူပြီးလက်နက်ကိုင် တိုက်ပွဲနဲ့ စနစ်ဟောင်း၊ ခေတ်ဟောင်းကို ရုတ်ခြည်း တော်လှန် ပြောင်းလဲ ပစ်နိုင်မလား၊ ဒါမှမဟုတ် ဆီးရီးယား၊ လစ်ဗျား၊ ယီမင်နဲ့ ယူဂိုစလားဗီယား နိုင်ငံတွေလို အကြမ်းမဖက် အန်တုတော်လှန်ရေး (လူထုဆန္ဒပြ လှုပ်ရှားမှုတွေကနေ) ပြည်တွင်းစစ်မီး တဟုန်းဟုန်းတောက် တာရှည်သွားမလား ဆိုတာ ဆွေးနွေးစရာဖြစ်လာပါတယ်။ တကယ်တော့ လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး တောက်လောင် နေခဲ့တာပါ။ UCDP ဒေတာပိုင်းဖြတ်ချက်အရ ကြည့်ရင် များသောအားဖြင့် တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှု တိုက်ပွဲတွေကြောင့် တနှစ်အတွင်း သေဆုံးသူ ၂၅ ယောက်ရဲ့အထက် ပုံမှန်ရှိနေတာမို့ လက်နက်ကိုင် ပဋိပက္ခ (ဝါ) ဖွဲမီးလို တငွေ့ငွေ့ လောင်နေတဲ့ပြည်တွင်းစစ် (low intensity civil war) လို့ ယေဘုယျ သတ်မှတ် နိုင်ပါတယ်။ တချို့ အချိန်တွေမှာဆိုရင် တနှစ်အတွင်း လူ ၅၀၀ကနေ ၁၀၀၀ အတွင်း သေဆုံးတာမို့ အဲ့ဒီလို နှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကို မီးအရှိန်မြင့်တဲ့ ပြည်တွင်းစစ်အဖြစ် သတ်မှတ်နိုင်ပါတယ် (ပုံကားချပ် ၁ ကို ကြည့်ပါ)။ ဒီလို နဂိုကတည်းက နာတာရှည် ပဋိပက္ခ ရှိထားရင်းစွဲ တိုင်းပြည်မှာ ပြည်တွင်းစစ်မီး တဖန်ဟုန်းဟုန်းတောက်ဖို့ ဖြစ်တန်ခြေ များတတ်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။ ဒါကြောင့် အကြမ်းမဖက် အန်တုတော်လှန်ရေးကနေပြီး လက်နက်ကိုင် အန်တုတော်လှန်ရေးကို ပြောင်းလဲသွားတာ၊ ဒီလက်နက်ကိုင် အန်တု တော်လှန်ရေးကနေမြို့ပြတိုက်ပွဲတွေနဲ့ နိုင်ငံတော် အာဏာကို သိမ်းယူတဲ့ ရုတ်ခြည်း အပြောင်းအလဲကို ဖန်တီးနိုင်မလား၊ ဒါမှမဟုတ် နဂို ရှိရင်းစွဲပြည်တွင်းစစ်မှာ ဒဏ်ရာသစ်တွေ ထပ်တိုးပြီး ပြည်တွင်းစစ် ကျယ်ပြန့် တာရှည် သွားမလားဆိုတာ ဆွေးနွေးစရာပဲဖြစ်ပါတယ်။သူနိုင် ကိုယ်နိုင် ရုတ်ခြည်း ယတိပြတ် အပြောင်းအလဲ ကို ဖန်တီးဖို့အားထုတ်တဲ့ အန်တု တော်လှန်ရေးတွေနဲ့ ပြည်တွင်းစစ် အကြားအဆက်အစပ်ကို လေ့လာတာဟာ မြန်မာ့အရေးကို ပိုမိုနားလည်နိုင်ဖို့ အထောက်အကူ ပြုတာမို့ မြန်မာနိုင်ငံနဲ့ အထူးဆီလျော်ပြီးအလေးထားသင့်တဲ့ အကြောင်းအချက် တရပ်ဖြစ်ပါတယ်။ ∎ Further Readings della Porta, Donatella […]
31 May 2021 Conflict, Peace & Security အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၉) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒ ထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (မေ ၂၈ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၈၃၃ ဦးထက် မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ မေ ၂၈ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၇၆၁ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်း မရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ အရင်နှစ်ပတ်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၂၆ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်လေ့လာမယ်ဆိုရင် နှစ်ပတ်တာကာလအတွင်း သေဆုံးရသူ အရေအတွက်က ၄၅ ဦးကျော် တိုးလာသလို၊ သေဆုံးမှု အများဆုံးအသက် အုပ်စုထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံးဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက် အုပ်စုကလည်း သေဆုံးရမှု အများဆုံး ဖြစ်ပါတယ်။ တခါဦးခေါင်းကို ပစ်ခတ်ခံရသူ အရေအတွက်က ၁၀၁ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၅၈၆ ဦး၏ ၁၇ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန်ဖြစ်ပြီး၊ မန္တလေးက ဒုတိယ နေရာမှာ ရှိနေပါတယ်။ ဒီနှစ်ပတ်အတွင်း သေဆုံးခဲ့ရသူ ၄၅ ဦးကျော်အနက် ချင်းပြည်နယ်အတွင်း ၁၆ ဦးအထိ အများဆုံးသေဆုံးခဲ့ပြီး၊ကယားပြည်နယ် အတွင်း ခုနှစ်ဦး အထိ သေဆုံးခဲ့ကြရပါတယ်။ တဖက်မှာလည်း AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှု မရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံး ပြီး၊ ဒလန်လို့ စွပ်စွဲခံရတာကြောင့် အသတ်ခံရသူ၁၇ ဦးရှိတယ်လို့လည်း ပြောပါတယ်။ မေ ၁၅ ရက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၆၃ ဦး ရှိတယ်ဆိုပြီး စစ်ကောင်စီ က ပြောဆိုပါတယ်။ အဲဒီကိန်းဂဏန်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၂၆) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/ISPMyanmarpage/posts/2569213160049567 ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
25 May 2021 Conflict, Peace & Security စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခံရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၈) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မေ ၁၉ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစု ပေါင်း ၅၀၀၀ကျော် အထိ ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၄၁၇၄ ဦးဟာ လက်ရှိ အချိန်အထိ ဖမ်းဆီး ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာ NLD အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင်၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေလည်း ပါဝင်ပြီး၊ NLD ပါတီဝင်တွေကို လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်သားတွေ၊ အရပ်သား ပြည်သူတွေ၊ CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားသူစာရင်းကို အာဏာသိမ်း စစ်ကောင်စီက နေ့စဉ်ရက် ဆက်ဆိုသလို ကြေညာ နေပါတယ်။ တခါ ဖမ်းဆီးခံ ထားရသူတွေနဲ့၀ရမ်းထုတ်ခံထားရသူတွေအပေါ် တရားစွဲဆိုမှု ပြုလုပ်တဲ့ ကိန်းဂဏန်းတွေကို လေ့လာ ကြည့်ရင် လည်း ပုဒ်မ ၅၀၅ (က) ကိုအများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ အရင်လက ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၁၈ မှာပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ် လေ့လာမယ်ဆိုရင် တလအတွင်း ဖမ်းဆီးထိန်းသိမ်းထားခံရသူ အရေအတွက် ၁၀၀၀ ကျော်တိုးလာပြီး အဖမ်းခံရသူ အများစုက အရပ်သား ပြည်သူတွေ ဖြစ်နေပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၁၈) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/ISPMyanmarpage/posts/2547821338855416 ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မ အမျိုးမျိုးနဲ့ ဖမ်းဆီး ထောင်ချခံနေရတဲ့ ပြည်သူအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူ တွေအပေါ် (တရားရေးမဏ္ဍိုင်အသုံးချပြီး) ဘယ်လို ဖိနှိပ်မှုတွေ လုပ်သလဲ ဆိုတာကို သုတေသန ပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို အင်အားသုံး အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းတာတွေအပြင်၊ လူထုလှုပ်ရှားမှုမှာ ပါဝင်သူတွေကို ကြီးလေးတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီး ထောင်ချ အရေးယူမှု လုပ်တာတွေကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဆက်စပ်ပြီး အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေသုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်းပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။
25 May 2021 Conflict, Peace & Security တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၇) Download PDF Version ဖေဖော်ဝါရီ ၁ ရက်မှ မေ ၁၇ ရက်အထိ (၂၀၂၁) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အခြေ စိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ အခုဆိုရင် ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရှိလာပါပြီ။ ● ၉၉ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ခဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားမှု ၉၉ ကြိမ်ထက် မနည်း ရှိခဲ့ ပါတယ်။ အများစုက ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာ ဖြစ်ခဲ့တာပါ။ ဖေဖော်ဝါရီ ၁ရက်မှ ဧပြီ ၁၇ ရက်အထိ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲဖြစ်ပွားမှု ၇၅ ကြိမ်ထက်မနည်း ရှိခဲ့ရာကနေ အခုတလမှာ ၂၄ ကြိမ်ထက်မနည်း ထပ်ဖြစ်ခဲ့ပြီး စုစုပေါင်း ၉၉ကြိမ်ထက်မနည်း ရှိလာပါတယ်။ စစ်အာဏာသိမ်း ပြီးနောက် KNU တပ်မဟာ (၅) နယ်မြေအတွင်း နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုအကြိမ်ပေါင်း ၄၀၇ ကြိမ်၊ လေကြောင်း တိုက် ခိုက်မှု ၂၇ ကြိမ်အပြင် လက်နက်ကြီး ၄၇ လုံး ပစ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ● အရပ်သား ၆၂ ဦးကျော်သေဆုံးခဲ့ရ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် သုံးလကျော် အချိန်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၆၂ဦးကျော် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၈၀ ဦးကျော် ရှိခဲ့ပါတယ်။ ဒီထဲကမှ ၂၅ ဦးကျော်ဟာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁၇ ရက်အထိ တိုက်ပွဲတွေကြောင့် သေဆုံးခဲ့ရတဲ့အရပ်သားပြည်သူ ၅၄ ဦးကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ ၇၂ ဦးကျော် ရှိခဲ့တာဖြစ်ပြီး၊ ယခုလအတွင်းမှာတော့ အရပ်သားသေဆုံးမှုရှစ်ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ရှစ်ဦး ထက်မနည်း အသီးသီး ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ အရေအတွက်ကလည်း တလအတွင်း သုံးဦးထက်မနည်း တိုးလာခဲ့ပါတယ်။ ● စစ်ပြေးဒုက္ခသည် ၇၇,၀၀၀ ကျော်တိုးလာ တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် တိုးလာပြီး စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ဘေးဒုက္ခသည် အရေအတွက် ၇၇,၁၅၄ ဦးကျော် ရှိလာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁၇ ရက် အထိ စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက် ၃၄,၆၀၁ ဦးကျော်ရှိခဲ့ရာက အခုတလမှာ ၇၇,၁၅၄ ဦးကျော်အထိ ရှိလာတာကြောင့် တလအတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၄၂,၅၅၃ ဦးကျော် တိုးလာပါတယ်။ ၂၀၂၀ ပြည့်နှစ် ကစပြီး အခု ၂၀၂၁ ခုနှစ် မေ ဒုတိယပတ်ကာလအထိ စစ်ပြေးဒုက္ခသည် အရေအတွက်ကိုကြည့်ရင် ၄၄၄,၆၅၄ ဦးကျော် ရှိလာခဲ့ပါတယ်။ တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေအနက် ၅,၈၀၀ ကျော်ဟာ ကချင်ပြည်နယ် မိုးမောက်နဲ့ ဖားကန့်မြို့ရှိ ဒေသတွေမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ KIA တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာခဲ့ရတာပါ။ တခါ ဧပြီ ၂၄ ရက်မှ မေလဆန်းကာလအထိ ချင်းပြည်နယ် မင်းတပ်နဲ့ ဟားခါးမြို့၊စစ်ကိုင်းတိုင်း ကနီမြို့တွေက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတို့အကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ ဒီလို ဖြစ်ပွားမှုတွေအတွင်းမှာပဲ စစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့ပြီး ရဟတ်ယာဉ်များနဲ့ပါ အင်အားသုံးတိုက်ခိုက်ခဲ့တာကြောင့် မင်းတပ်မြို့နေ လူဦးရေရဲ့ သုံးပုံနှစ်ပုံ (၇,၀၀၀ ကျော်ခန့်) ဟာ တောတောင်တွေအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အလားတူပဲ စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းက ဒေသခံပြည်သူ ၂၀,၀၀၀ ကျော်ခန့်ဟာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင် ထွက်ပြေးခဲ့ကြရပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၂၁) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/ISPMyanmarpage/posts/2552095425094674 ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူး ပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
17 May 2021 Conflict, Peace & Security အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၆) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒ ထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (မေ ၁၄ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၇၈၈ ဦးထက် မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ မေ ၁၄ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၇၁၇ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်း မရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ အရင်တလက ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၂၀ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်လေ့လာမယ်ဆိုရင် တလအတွင်း သေဆုံးရသူ အရေအတွက်က ၆၂ ဦးကျော် တိုးလာသလို၊ သေဆုံးမှု အများဆုံး အသက် အုပ်စုထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံးဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက် အုပ်စုကလည်း သေဆုံးရမှု အများဆုံး ဖြစ်ပါတယ်။ တခါ ဦးခေါင်းကို ပစ်ခတ်ခံရသူ အရေအတွက်က ၉၆ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၅၄၀ ဦး၏ ၁၇ ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန်ဖြစ်ပြီး၊ မန္တလေးက ဒုတိယ နေရာမှာ ရှိနေပါတယ်။ ဒီတလအတွင်း သေဆုံးခဲ့ရသူ ၆၂ ဦးကျော်အနက် စစ်ကိုင်းတိုင်းအတွင်း သေဆုံးခဲ့ရသူ အရေအတွက်က ၁၉ ဦး၊ မန္တလေးတိုင်း အတွင်း သေဆုံးခဲ့ရသူဦးရေက ၁၄ ဦးအထိ ရှိခဲ့ပြီး အများဆုံး ဖြစ်ခဲ့ကြပါတယ်။ တဖက်မှာလည်း AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှု မရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံး ပြီး၊ ဒလန်လို့ စွပ်စွဲခံရတာကြောင့် အသတ်ခံရသူ၁၇ ဦးရှိတယ်လို့လည်း ပြောပါတယ်။ မေ ၁၅ ရက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၆၃ ဦး ရှိတယ်ဆိုပြီး စစ်ကောင်စီ က ပြောဆိုပါတယ်။ အဲဒီကိန်းဂဏန်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၂၀) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
15 May 2021 Covid-19 and Myanmar သင်ယူမှု ဆုံးရှုံးခြင်း မဖြစ်စေရန် အရေးကြီးပါသည် အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၅) Download PDF Version ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်-၁၉ ကူးစက် ကပ်ဘေးကြောင့် နိုင်ငံတကာ နည်းတူ မြန်မာနိုင်ငံမှာလည်း စာသင်ကျောင်းတွေကို ပိတ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းခံရပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထု လှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ကျောင်းသား လူငယ်အများအပြား ဦးဆောင် ပါဝင်ခဲ့ကြသလို ဆရာ-ဆရာတွေ၊ကျောင်း-တက္ကသိုလ်တွေနဲ့ သက်မွေး တက္ကသိုလ်တွေကလည်း အကြမ်း မဖက် လှုပ်ရှားမှု (CDM) မှာ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။အာဏာသိမ်း စစ်ကောင်စီက လူထုလှုပ်ရှားမှု ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွဲပြီး အခု (ကိုဗစ် တတိယလှိုင်း အန္တရာယ်ကိုစိုးရိမ်မှုတွေရှိ နေတဲ့ကြားက) ကျောင်းတွေကို ပြန်ဖွင့်ဖို့ ကြိုးစားလာပါတယ်။ တဖက်မှာလည်း “စစ်အာဏာရှင် လက်အောက် – ကျောင်းမတက်ရေး” လှုံ့ဆော်မှုတွေ ရှိပါတယ်။ ဒီအခြေအနေတွေ ကြားထဲမှာ သင်ယူလေ့လာမှု ဆုံးရှုံးခြင်းများ (Learning losses) မဖြစ်စေရေးဟာ အလေးထားသင့်တဲ့ အကြောင်းအချက်တခု ဖြစ်လာပါတယ်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ ∎ ဆိုလိုရင်း အနှစ်ချုပ် နိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ချမှတ် ကျင့်သုံးကြတဲ့ မူဝါဒတွေမှာ လူသားရင်းမြစ် (Human capital) နဲ့လူ့အဖွဲ့အစည်းပေါ် ရင်းနှီး မြှုပ်နှံမှုတွေကို အများအပြား လုပ်ကြပါတယ်။ အထူးသဖြင့် ပညာရေး ကဏ္ဍက အရေးကြီးပါတယ်။လူတဦးချင်း ထုတ်လုပ်နိုင်စွမ်း တိုးတက်ဖို့အတွက် ကျွမ်းကျင်မှုတွေ ဖြည့်ဆည်း ပေးရပါတယ်။ စီးပွားရေးစနစ် တခုလုံးအတွက်တော့ ပြောင်းလဲလာတဲ့ နည်းပညာတွေကို အမီလိုက်ဖို့ ပညာရေးအခံ လိုအပ်ပါတယ်။ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (OECD) အစီရင်ခံစာ (၂၀၂၀) ရဲ့ ဖော်ပြချက်မှာ ပါရှိတဲ့ သုတေသနတွေအရ ကျောင်းတွေ ပိတ်ထားရတာကြောင့် တတန်းကနေ ၁၂ တန်း ပညာရေး ဆုံးရှုံးရသူ ကျောင်းသားတွေဟာ သူတို့ ဘဝ တသက်တာမှာ လစာဝင်ငွေ သုံးရာခိုင်နှုန်းအထိ လျော့နည်းသွားဖွယ် ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတွေအနေနဲ့တော့ ကျန်ရာရှိတဲ့ ရာစုနှစ် တလျောက်လုံး အခုလိုသင်ယူလေ့လာမှု ဆုံးရှုံးမှု အတွက် GDP ရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်းသွားဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်။အထူးသဖြင့် အခွင့်အရေးနည်းတဲ့၊ ချို့ငဲ့တဲ့ ကျောင်းသား တွေအပေါ် ထိခိုက် သက်ရောက်မှု ပိုကြီးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက် ကပ်ဘေးကြောင့် ပြီးခဲ့တဲ့ ပညာသင်နှစ်ကို ရပ်နားခဲ့ရပါတယ်။ အခုအခါမှာ စစ်အာဏာသိမ်းမှုကြောင့် လူငယ်တွေအပါအဝင် လူအများစုရဲ့ အနာဂတ်ဟာ မရေရာမှုတွေ ဖြစ်လာပါတယ်။ စစ်အာ သိမ်းမှုကြောင့် ဖြစ်လာတဲ့အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုတွေကို (ခေတ်အဆက်ဆက် လူထု တော်လှန်ရေးများနည်းတူ) လူငယ်တွေကပဲအစပျိုး ဦးဆောင်ခဲ့ကြပါတယ်။ အာဏာသိမ်း စစ်ကောင်စီက အကြမ်း ဖက် ဖြိုခွဲမှုတွေ လုပ်ခဲ့တဲ့အပြင် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျန်းမာရေးနဲ့ ပညာရေး နယ်ပယ်က ပညာရှင်၊ ဝန်ထမ်းတွေကိုလည်း အလုပ်ဖြုတ်တာ၊ ပုဒ်မ ၅၀၅-က တပ်ပြီးတရားစွဲဆို အမှုဖွင့် ဖမ်းဆီးတာတွေ လုပ် ဆောင်နေပါတယ်။ ဒီကြားထဲမှာပဲ စစ်ကောင်စီက တက္ကသိုလ်ဆိုင်ရာ အဆင့်မြင့်ပညာသင်တန်းတွေကို မေလ ထဲမှာ ဖွင့်စေခဲ့ပြီး၊ ဇွန်လပိုင်းမှာ အခြေခံ ပညာကျောင်းတွေ ပြန်ဖွင့်ဖို့ ကြော်ငြာပါတယ်။ တဖက်မှာလည်းအာဏာသိမ်း စစ်ကောင်စီကို ဖီဆန်တဲ့ အနေနဲ့ “စစ်အာဏာရှင်အောက်က ပညာရေးကို ဆန့်ကျင်ရေး”၊ “ကျောင်းမတက်ရေး” လှုပ်ရှား တောင်းဆိုမှုတွေ ဖြစ်လာသလို တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား အများစုကလည်း ကျောင်းမတက်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။ ပိုစိုးရိမ်စရာ တခုကတော့ တက္ကသိုလ် ပရိ၀ုဏ်အတွင်းမှာ ဗုံးပေါက်ကွဲမှုလို ကိစ္စမျိုးတွေဖြစ်လာနေတာပါပဲ။ ဒီအခါမှာ နိုင်ငံရေးဘောင်ကို ကျော်ပြီး ပညာရေးကို စဉ်းစား သင့်ပါသလား၊ သင်ယူလေ့လာမှု ဆုံးရှုံးခြင်းတွေ ဖြစ်ခဲ့ရင်ကျောင်းသား လူငယ်တဦးချင်း သာမက လူ့အဖွဲ့အစည်း၊ နိုင်ငံ၊ စီးပွားရေးစနစ် တခုလုံးအပေါ် ဘယ် လောက် သက်ရောက် နစ်နာနိုင်ပါသလဲ။ မူဝါဒ ချမှတ်သူများ၊ တော်လှန်ပြောင်းလဲရေးလိုလားသူများအနေနဲ့ စနစ်တကျ လေ့လာချင့်ချိန် ဆုံးဖြတ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ∎ ဘာကြောင့် အလေးထားသင့်သလဲ OCED/ Harvard survey (2020 May) လေ့လာချက်တွေအရ ကိုဗစ်-၁၉ ကူးစက် ကပ်ဘေးကြောင့် ကျောင်းများ ပိတ်ထားရတဲ့အခါသင်ယူလေ့လာ ဆုံးရှုံးမှု၊ စီးပွားရေး သက်ရောက်မှုတွေ သာမက၊ ကျောင်းသား တဦးချင်း (ကလေးများနဲ့ အရွယ်ရောက်စ လူငယ်များ) ရဲ့ လူမှု- စိတ်ခံစားမှုပိုင်းဆိုင်ရာ၊ စိတ်အားထက်သန်မှု ဆိုင်ရာ ဖွံ့ဖြိုးမှု တွေအပေါ် များစွာ သက်ရောက်တယ်လို့ ဖော်ပြပါတယ်။ အကြောင်းကတော့ စာသင်ခန်းဖော်များနဲ့ ထိတွေ့ ဆက်ဆံရမှု လျော့နည်းနေရလို့ ဖြစ်ပါတယ်။ UNICEF ရဲ့ ဖော်ပြချက်တွေအရ အသက်ငယ်ရွယ်စဉ် အချိန်ကစလို့ လေ့လာသင်ယူမှု ရရှိနိုင်မှုဟာ ကလေးသူငယ် အခွင့်အရေး တခုဖြစ်ပြီး၊ ကမ္ဘာကုလသမဂ္ဂက ချမှတ်ထားတဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေး ပန်းတိုင်များ (SDG 2030) မှာလည်း အရေးပါတဲ့ ပစ်မှတ်ထားရည်မှန်းချက်တခု ဖြစ် တာကြောင့် အလေးထားသင့်ပါတယ်။ ∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား မြန်မာနိုင်ငံရဲ့ အခြေအနေက မိအေးနှစ်ခါနာ ပုံစံမျိုးပါပဲ။ ကိုဗစ်ကပ်ဘေးကြောင့် ထိခိုက် နစ်နာခဲ့ရတာတွေကို ပြန်လည် ကုစားဖို့မစွမ်းနိုင်သေးတဲ့အချိန်မှာ စစ်အာဏာ သိမ်းမှုကြောင့် မသေချာ၊ မရေရာမှုတွေ ပြည့်နှက်ပြီး တ ဖြည်းဖြည်း ပြိုလဲသွားမယ့် ဘက်ကို ဦးတည်နေပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ စံသတ်မှတ်ချက်တွေအရ ပညာရေး နိမ့်ကျတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ပညာရေး အသုံးစရိတ်ဟာGDP ရဲ့ နှစ်ရာခိုင်နှုန်းလောက်ပဲ သုံးစွဲနိုင်ပါတယ်။ ဒီသုံးစွဲမှုဟာ NLD အစိုးရလက်ထက်ရောက်မှ ရောက်လာတာ ဖြစ်ပြီး၊ ၂၀၁၀ပြည့်နှစ် မတိုင်ခင် စစ်အစိုးရလက်ထက်မှာ အဲဒီလောက်တောင် သုံးစွဲမှု မရှိခဲ့ပါဘူး။ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ၂၀၁၅ ခုနှစ် စစ်တမ်း ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ အသက် ၃-၅ နှစ်ကြားကလေး ၂၀ ရာခိုင်နှုန်းဟာ စနစ်တကျ ဖွဲ့စည်းထားတဲ့ ကျောင်းစာ (သင်ယူမှု) မလုပ်နိုင်ပါဘူး။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရအသက် ၆-၁၀ ကြား ကလေး ၈၁ ရာခိုင်နှုန်းကပဲ မူလတန်းကျောင်းကို တက်ရောက် နိုင်ပါတယ်။ အသက် ၁၀-၁၉ နှစ်ကြားကလေးတွေမှာလည်း ကျောင်းထွက်ရမှုနှုန်း မြင့်မားပါတယ်။ အသက် ၁၇ နှစ်မှာ ကျောင်းထွက်ရသူ ၃၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သန်းခေါင်စာရင်း (၂၀၁၄) အရ တွေ့ရှိရပါတယ်။ အသက် ၃-၁၇ နှစ်အကြား ကလေး ၁၈၄,၀၀၀ ဦးဟာလည်း မြန်မာနိုင်ငံပဋိပက္ခစစ်ပွဲများ ဖြစ်ပွားရာဒေသတွေ မှာ ကြီးပြင်း နေရပါတယ် (UNICEF)။ ကမ္ဘာ့ဘဏ် ဖော်ပြချက်တွေအရ ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံက တက္ကသိုလ်တွေနဲ့ အဆင့်မြင့် ပညာရေးဌာနတွေမှာ သင်ကြား နေတဲ့ဆရာ၊ ဆရာမ ၂၆,၀၀၀ ကျော် ရှိပါတယ်။ CDM လှုပ်ရှားမှုကြောင့် ဆရာ-ဆရာမပေါင်း ၁၁,၀၀၀ ကျော်ကို အရေးယူ ထုတ်ပစ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက မေ ၁၁ ရက်မှာ ဖော်ပြပါတယ်။ ဖမ်းဆီးခံရသူ ၃,၈၀၀ ကျော်မှာ ဆရာ-ဆရာမ ၄၇ ဦး ပါဝင်ပြီး၊၁၅၀ ကျော်ကိုလည်း ၀ရမ်းထုတ်ထားပါတယ်။ ဒီလုပ်ဆောင်မှုတွေက ရှိထားပြီးဖြစ်တဲ့ လူသားရင်းမြစ်နဲ့ လူ့အဖွဲ့အစည်းအတွင်းက ရင်းနှီးမြှုပ်နှံမှုတွေမှာ ဂေဟစနစ် ပျက်သုဉ်းတဲ့အထိ ဆိုးကျိုးဖြစ်စေပါတယ်။ အချိန်တိုအတွင်း ပြန်လည် ကုစားနိုင်ဖို့ ခက်ခဲပါမယ်။ မြန်မာနိုင်ငံမှာ ပညာရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အမျိုးသား ပညာရေး မဟာဗျူဟာအစီအစဉ် (NESP 1) ၂၀၁၆ -၂၀၂၁ နဲ့ (NESP 2) ၂၀၂၁-၂၀၃၀ တို့ကို ပြင်ဆင်နေပါတယ်။ အခု စစ်အာဏာ သိမ်းလိုက်တာကြောင့်စစ်ကောင်စီ အုပ်ချုပ်ရေးကို ကျောင်းဆရာ-ကျောင်းသား အများစုက ပူးပေါင်း ဆောင်ရွက်မှု မလုပ်တော့ပါဘူး။ ဒါ့အပြင် NESP 2 အကောင်အထည်ဖော်မှုတွေမှာ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုနဲ့ ရန်ပုံငွေ ရရှိမှုအပိုင်းတွေမှာလည်း အခက်အခဲများစွာကြုံတွေ့ရမှာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုကြောင့် ဖြစ်စေ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပုံသဏ္ဌာန် မျိုးစုံနဲ့ ပါဝင်လုပ်ဆောင် နေရတာကြောင့် ဖြစ်စေ သင်ယူလေ့လာမှု ဆုံးရှုံးခြင်းတွေ (Learning losses) ရှိလာတော့မှာ ဖြစ်ပါတယ်။အထူးသဖြင့် အခြေခံအဆင့်ကျောင်းပညာရေးကိစ္စက အထူးအလေးထား စဉ်းစားသင့်ပါတယ်။ ကလေးသူငယ်တွေ ကျောင်းတက်ခွင့် ဆုံးရှုံးရမယ်ဆိုရင် သူတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးခွင့်၊ လူမှုဆက်ဆံရေး အတွေ့အကြုံ ကျယ်ပြန့်ခွင့်တွေသာမက မိဘတွေရဲ့စားဝတ်နေရေးကအစ တိုင်းပြည်အနာဂတ်အဆုံး အကုန် ထိခိုက်မှာဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေအနေနဲ့ ကျောင်းနေရွယ်ကလေးကို အိမ်မှာထား စာသင်ပေးတဲ့ အိမ်ကျောင်း၊ ပုဂ္ဂလိက ကျောင်း၊ နိုင်ငံရပ်ခြားကကျောင်း စတာတွေကို မထားနိုင်သလို၊ သားသမီးငယ်တွေကို ကျောင်း မပို့နိုင် လို့ လူကြီးတယောက်ယောက် အိမ်မှာ စောင့်ရှောက်သူအဖြစ် နေနေရတဲ့အခါမိသားစုဝင်ငွေ ရှာနိုင်စွမ်း နည်းပါးသွားမှာမျိုးကိုလည်း လျော့မတွက်သင့် လှပါဘူး။ အလားတူ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်းကနေ၊ ပြည်သူ အချင်းချင်း ကျောင်းသား အချင်းချင်း အမုန်းပွားတာကစလို့ အကြမ်းဖက်တာ အထိ မဖြစ်စေဖို့ ဂရုထားသင့်ပါတယ်။ ဒါကြောင့် ပညာရေးအတွက် မူဝါဒပဲ ဖြစ်ဖြစ်၊ လှုံဆော်လှုပ်ရှားမှုတွေပဲ ဖြစ်ဖြစ် ချမှတ်ရာမှာ ရေတိုသက်သက် မကြည့်ဘဲ ရှေရှည်ကို ဘက်စုံထောင့်စုံ လက်တွေ့ကျကျ စဉ်းစားသင့်ပါတယ်။ ဥပမာအားဖြင့် အပြိုင် ပညာရေးစနစ်တွေကို ကျယ်ကျယ်ပြန့်ပြန့် မဖန်တီးပေးနိုင်သေးတဲ့ ကာလမှာ ဒီမိုကရေစီနဲ့ ဖယ်ဒရယ် တန်ဖိုးတွေနဲ့ လျော်ညီတဲ့ သမိုင်းနဲ့ တိုင်းရင်းသား မိခင်ဘာသာစကားလိုသင်ရိုးတွေကို စာသင်ကျောင်းတွေမှာ ဖြည့်စွက် သင်ကြားနိုင်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်တာမျိုးက ပညာရေးလည်း အဆက်မပြတ်စေဘဲ လှုပ်ရှားမှုကိုလည်း လူတိုင်းပါဝင်နိုင်တဲ့ နည်းနဲ့ ဆက်ထိန်းနိုင်ဖို့ လမ်းစတခုမို့ အကျိုး များနိုင်ပါတယ်။ ဒီဥပမာအပြင် အခြား ပိုမိုကောင်းမွန်တဲ့ ထိုးထွင်း ဖန်တီးမှုရှိတဲ့ နည်းနာတွေကိုလည်း ၀ိုင်းစဉ်းစားသင့်ပါတယ်။ ဒါ့အပြင် မိဘေတွအနေနဲ့ အခြေခံပညာအဆင့်က သူတို့သားသမီးတွေရဲ့ အနာဂတ်ကို စီမံပုံဖော်ပိုင်ခွင့်၊ ကျောင်သားတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေကို ဒီမိုကရေစီစနစ်ရဲ့ တန်ဖိုးထားမှု တခုဖြစ်တဲ့ လူတဦးချင်းစီရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်အဖြစ် လေးစား အသိမှတ်ပြုဖို့ လိုအပ်ပါတယ်။ ငါဖြစ်စေချင်တာနဲ့ မတူ ငါ့ရန်သူဆိုပြီး မိဘနဲ့ ကျောင်းသားတွေကို အပြစ်တင် ရန်-ငါခွဲနေမယ့်အစား စစ်အာဏာရှင်စနစ်ကို ပြည်သူအားလုံး သူ့နည်းနဲ့သူ၊ သူတတ်နိုင်တဲ့ အခြေနေဘောင်ထဲက တိုက်ပွဲဝင်နိုင်အောင် တီထွင် ကြံဆမှုရှိတဲ့ တိုက်ပွဲပုံစံတွေကို ဖန်တီး ဖော်ထုတ်ပေးတာ၊ ချိတ်ဆက် ထိရောက်အောင် ဆောင်ရွက်ပေးတာကသာလျှင် အသင့်တော်ဆုံး နည်းလမ်းတခု ဖြစ်နိုင်ပါမယ်။ ပစ်မှတ်မလွဲဖို့ တန်ဖိုးထားမှုမသွေဖည် လိုအပ်လှပါတယ်။ အချုပ်ကတော့ သင်ယူလေ့လာမှု ဆုံးရှုံးခြင်းကို ကုစားနိုင်ဖို့နဲ့ (စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကာလအတွင်း) ပညာ ဆက်သင်လိုသူတွေ အခွင့်အရေး မဆုံးရှုံးစေဖို့ ပညာရေးမူဝါဒကို ဘယ်လို ဖော်ဆောင်ကြမလဲ၊ စာသင်ကြားရေးနဲ့ ပတ်သက်တဲ့ လှုံဆော်လှုပ်ရှားမှုတွေကို ဖော်ဆောင်ရာမှာ အင်အားစု အသီးသီးက ရေတိုသာမက ရေရှည်ပါ ထည့်စဉ်းစားတဲ့ လက်တွေ့ကျကျ ပြင်ဆင်မှုတွေ ပြုလုပ်ကြရပါတော့မယ်။
7 May 2021 Socioeconomic Studies အင်တာနက် ဖြတ်တောက်ခြင်းနှင့် မြန်မာ့စီးပွားရေး ကဏ္ဍအပေါ် သက်ရောက်မှု အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၄) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီက ပုံသဏ္ဍာန်မျိုးစုံနဲ့ အင်တာနက် ဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အာဏာမသိမ်းခင် မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် ဇွန်လကစပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ခုနစ်ခုနဲ့ ချင်းပြည်နယ် တောင်ပိုင်းက မြို့နယ်တခုတို့မှာ အင်တာနက် ဖြတ်တောက်မှုကို ကာလရှည်ကြာ ပြုလုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း အင်တာနက် ဖြတ်တောက်ခံရမှုကိုတော့ တနိုင်ငံလုံး အတိုင်းအတာအရ ဆိုးရွားစွာ ထိခိုက် ခံစားခဲ့ရတာ ဖြစ်ပါတယ်။ Datareportal ဝက်ဘ်ဆိုက်ရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်နီး […]
30 Apr 2021 Covid-19 and Myanmar ကိုဗစ်-၁၉ တတိယလှိုင်းနှင့် လူသားလုံခြုံမှု အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၃) Download PDF Version ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရချိန်ကစပြီး မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်နေကြ၊ ပေးဆပ်နေကြတဲ့ အချိန်မှာ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် ၁၉ ကပ်ဘေးကြီးကလည်း ပျံ့နှံနှုန်း ပိုမို မြန်ဆန်၊ အသေအပျောက်နှုန်း ပိုများတဲ့ တတိယလှိုင်းအဖြစ်နဲ့ ထပ်မံ ခြိမ်းခြောက်လာပြန်ပါပြီ။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ ဧပြီ ၂၁ ရက်နေ့ တရက်ထဲမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၁၀,၀၀၀ ကျော် တွေ့ခဲ့ပါတယ်။ နောက်ထပ် အိမ်နီးချင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာလည်း ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုုင်းကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် တတိယလှိုင်းမှာတော့ နေ့စဉ်နဲ့အမျှ ရောဂါပိုး ကူးစက်ခံရသူပေါင်း […]
23 Apr 2021 ASEAN အာဆီယံအဖွဲ့၏ မြန်မာ့အရေးအပေါ်တွင် တုံ့ပြန်ဆောင်ရွက်မှုများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၂) Download PDF Version မြန်မာ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေမှာ အာဆီယံဟာ အပြုသဘော ချဉ်းကပ်မှုကိုပဲ အစဉ်တစိုက် ကျင့်သုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစပြီး အာဆီယံက အဖွဲ့အစည်းအနေနဲ့ရော၊ အဖွဲ့ဝင် တနိုင်ငံချင်းအနေပါ မြန်မာ့အရေးကို ကြားဝင် ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှု တွေ ရှိခဲ့ပါတယ်။ အခု လာမယ့် ဧပြီ ၂၄ ရက်မှာတော့ ခေါင်းဆောင်တွေ လူကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးကြမယ့် အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပပြီး မြန်မာ့အရေးကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အဖွဲ့ဝင် နိုင်ငံတခုရဲ့ […]
18 Apr 2021 Conflict, Peace & Security တိုင်းရင်းသားဒေသများအတွင်း ဖြစ်ပွားသော တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၁) ∎ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဧပြီ ၁၇ ရက်အထိ Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထု လှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသားဒေသများမှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီ အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ စစ်အာဏာသိမ်းမှု ဖြစ်ပြီး နောက်ပိုင်း တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားမှု ၇၅ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ အများစုက ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာ ဖြစ်ခဲ့တာပါ။ ဖေဖော်ဝါရီ ၁ရက်မှ ဧပြီ ၈ ရက်အထိ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲဖြစ်ပွားမှု ၆၉ ကြိမ်ထက်မနည်း ရှိခဲ့ရာကနေ အခုတပတ်မှာ ခြောက်ကြိမ်ထက်မနည်း ထပ်ဖြစ်ခဲ့ပြီး စုစုပေါင်း၇၅ ကြိမ်ထက်မနည်း ရှိလာပါတယ်။ ဒီတိုက်ပွဲတွေဟာ ဧပြီ ၉ ရက်မှ ၁၇ ရက်အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နှစ်လကျော် အချိန်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၅၄ ဦးကျော် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၇၂ ဦးကျော် ရှိခဲ့ပါတယ်။ ဒီထဲကမှ ၂၂ ဦးကျော်ဟာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၈ ရက်အထိ တိုက်ပွဲတွေကြောင့် သေဆုံးခဲ့ရတဲ့အရပ်သားပြည်သူ ၅၁ ဦးကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ ၇၁ ဦးကျော် ရှိခဲ့တာဖြစ်ပြီး၊ ယခုတပတ်အတွင်းမှာတော့ အရပ်သားသေဆုံးမှု သုံးဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ တဦးထက်မနည်း အသီးသီး ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ အရေအတွက်ကလည်း တပတ်အတွင်း နှစ်ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် တိုးလာပြီး စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ဘေးဒုက္ခသည် အရေအတွက် ၃၄,၆၀၁ ဦးကျော် ရှိလာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၈ရက် အထိ စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက် ၃၂,၀၃၀ ဦးကျော် ရှိခဲ့ရာက အခု တပတ်မှာ ၃၄,၆၀၁ ဦးကျော်အထိ ရှိလာတာကြောင့် တပတ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၂,၅၇၁ ဦးကျော် တိုးလာပါတယ်။ ၂၀၂၀ ပြည့်နှစ် ကစပြီး အခု ၂၀၂၁ ခုနှစ် ဧပြီ ဒုတိယပတ်အထိ စစ်ပြေးဒုက္ခသည် အရေအတွက်ကိုကြည့်ရင် ၄၀၂,၁၀၁ ဦးကျော် ရှိလာခဲ့ပါတယ်။ တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေထဲမှ ၃၂,၀၀၀ ကျော်က ကရင်ပြည်နယ်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အာဏာသိမ်း စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် မူတြော် ခရိုင် ဒွယ်လိုးမြို့နယ်နဲ့ ဘူးသိုမြို့နယ်ဖားပွန်-ကမမောင်း လမ်းမကြီးအနီးမှာ ရှိတဲ့ ရွာပေါင်း ၃၀ ကျော်က ဒေသခံ ပြည်သူ ၂,၀၀၀ ကျော်ဟာ ဧပြီ ၁၄ ရက်မှာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၁၇) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူး ပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေတွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။ ◉ What Matters လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေအကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar ကဖော်ပြနေတာပါ။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်းအလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင် ဖြည့်စွက်သွားဖို့ရည်ရွယ်ပါတယ်။ ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိက ဖြေဆိုဖို့ အားထုတ် ပါတယ်။ (၁) တင်ပြချင်တဲ့အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလားဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာ ကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက် လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။ လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေးတင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာသုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲ ဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။
16 Apr 2021 Conflict, Peace & Security အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၀) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒ ထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (ဧပြီ ၁၅ ရက်အထိ စာရင်းအရ) ပြည်သူ အရေအတွက် ၇၂၆ ဦးထက် မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ဧပြီ ၁၅ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၆၄၂ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်း မရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ အရင်တပတ်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၁၆ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်လေ့လာမယ်ဆိုရင် တပတ်အတွင်း သေဆုံးရသူ အရေအတွက်က ၁၁၂ ဦးကျော် တိုးလာသလို၊ သေဆုံးမှု အများဆုံး အသက်အုပ်စုထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ်အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် အသက် ၁၈ နှစ်အောက် အသက် အုပ်စုကလည်း သေဆုံးရမှု အများဆုံး ဖြစ်ပါတယ်။ တခါ ဦးခေါင်းကို ပစ်ခတ်ခံရသူ အရေအတွက်က အရင် တပတ်က အရေအတွက်အတိုင်းပဲ ၉၂ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်းသိရှိရသူ ၄၇၈ ဦး၏ ၁၉ ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန်ဖြစ်ပြီး၊ မန္တလေးကဒုတိယ နေရာမှာ ရှိနေပါတယ်။ ဒီတပတ်အတွင်း သေဆုံးခဲ့ရသူ ၁၁၂ ဦးကျော်အနက် ပဲခူးတိုင်းအတွင်း သေဆုံးခဲ့ရသူ အရေအတွက်က အများဆုံး ဖြစ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပဲခူးတိုင်းဟာ ရန်ကုန်နဲ့ မန္တလေးပြီးရင် သေဆုံးရသူ အများဆုံး ဒေသတခု ဖြစ်လာပါတယ်။အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက ပဲခူးမြို့၊ မဂ္ဂတစ်လမ်းပေါ်ရှိ သပိတ်စခန်းတွေကို လက် နက်ကြီးများပါ အသုံးပြုပြီးအင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် ဧပြီ ၉ ရက် တရက်တည်းမှာပဲ ပြည်သူ ၈၂ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၁၆) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။ ◉ What Matters လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေအကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar ကဖော်ပြနေတာပါ။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်းအလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင် ဖြည့်စွက်သွား ဖို့ရည်ရွယ်ပါတယ်။ ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိက ဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလားဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာ ကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက် လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။ လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေးတင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာသုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲ ဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။
14 Apr 2021 Conflict, Peace & Security ထီးနန်းကို မင်းစည်းစိမ်အဖြစ် မှတ်ယူတဲ့ နိုင်ငံရေးဓလေ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၉) Download PDF Version စစ်ကောင်စီက အာဏာသိမ်းပြီး ဆန္ဒပြမှုတွေကို အကြမ်းဖက် ချေမှုန်းမှုတွေလုပ်တာ၊ ပစ်ခတ်မှုတွေမှာ ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်တာ၊ ပစ်ခတ်လို့ သေဆုံးရသူတွေထဲမှာ ကလေးသူငယ်တွေ ပါနေတာ၊ ရပ်ထဲ ရွာထဲ ဝင်ရောက် ရှင်းလင်း ချေမှုန်းတဲ့အခါ ပြည်သူတွေအပေါ် ပြောဆို ပြုမူ ဆက်ဆံပုံတွေဟာ ရန်သူသဖွယ် ရမ်းကား နိုင်လွန်းတာတွေကို ဓာတ်ပုံ၊ ဗီဒီယိုစတဲ့အထောက်အထားတွေမှာ တွေ့မြင်ကြရပါတယ်။ စစ်ကောင်စီ တပ်တွေအနေနဲ့ ပြည်သူကိုပါ ရန်-ငါ စည်းခြားပြီး ဘာကြောင့်များ ဒီလောက် ရက်စက်နိုင်ရသလဲဆိုတာ ပြည်သူတွေအတွက် နာကျည်းစရာ ဖြစ်ရသလိုနဲ့ သုတေသီတွေကြားမှာ မေးခွန်း ထုတ်စရာလည်း ဖြစ်ရပါတယ်။ အာဏာသိမ်းခြင်း၊ အာဏာစက် တည်ဆောက်ခြင်းပေါ်မှာ မူတည်ပြီး […]
12 Apr 2021 Conflict, Peace & Security စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၈) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဧပြီ ၁၀ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၃၈၀၀ ကျော် အထိ ရှိလာပါတယ်။ ဒီအထဲမှာ ၃၀၁၂ ဦးက ဖမ်းဆီး ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာ NLD အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင်၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေလည်း ပါဝင်ပြီး၊ NLD ပါတီဝင်တွေကိုလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်သားတွေ၊ အရပ်သား ပြည်သူတွေ၊ CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ CDM […]
10 Apr 2021 Conflict, Peace & Security တိုင်းရင်းသားဒေသများအတွင်း ဖြစ်ပွားသော တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၇) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထု လှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ စစ်အာဏာသိမ်းမှု ဖြစ်ပြီး နောက်ပိုင်း တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားမှု ၆၉ ကြိမ်ထက် မနည်းရှိခဲ့ပါတယ်။ အများစုက ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာ ဖြစ်ခဲ့တာပါ။ အထူးသဖြင့် မတ် ၂၇ ရက်က […]
9 Apr 2021 Conflict, Peace & Security အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၆) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက် ခဲ့ပါတယ်။ ဒီလို ဆန္ဒ ထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (ဧပြီ ၇ ရက်အထိ စာရင်းအရ) ပြည်သူ အရေအတွက် ၆၁၄ ဦးထက် မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ဧပြီ ၇ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၅၉၁ ဦးရဲ့ အချက်အလက်တွေကိုရရှိထားပြီး၊ ဒီစာရင်းတွင် ပါဝင် ခြင်း မရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ အရင် တပတ်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၁၄ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့နှိုင်းယှဉ် လေ့လာမယ် ဆိုရင် တပတ်အတွင်း သေဆုံးရသူ အရေအတွက်က ၇၁ ဦးကျော် တိုးလာသလို၊ သေဆုံးမှု အများဆုံး အသက် အုပ်စုထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ်အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် အသက် ၁၈ နှစ်အောက် အသက် အုပ်စုကလည်း သေဆုံးရမှု ပိုများလာတာ တွေ့ရပါတယ်။ တခါ ဦးခေါင်းကို ပစ်ခတ်ခံရသူ အရေအတွက်က အရင် တပတ်ကထက် ပိုများလာပြီး၊ အရင်တပတ်က ၈၀ ဦးကျော် ရှိခဲ့ရာကနေ ဒီတပတ်မှာ ၉၂ ဦးကျော် (သေဆုံးရသူ အားလုံးရဲ့ ၁၅ ရာခိုင်နှုန်း) ဖြစ်လာပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန်ဖြစ်ပြီး၊ မန္တလေးက ဒုတိယနေရာမှာ ရှိနေပါတယ်။ ဒီတပတ်အတွင်း သေဆုံးခဲ့ရသူ ၇၁ ဦးကျော်အနက် စစ်ကိုင်းတိုင်း အတွင်း သေဆုံးခဲ့ရသူ ဦးရေ ၃၅ ဦးကျော် အထိရှိလာပြီး တပတ်အတွင်း အများဆုံးသေဆုံးခဲ့ရတဲ့ ဒေသ ဖြစ်ခဲ့ပါတယ်။ ဧပြီ ၇ ရက်နေ့ တရက်တည်းမှာ ပင် စစ်ကိုင်းတိုင်းအတွင်း လူပေါင်း ၂၄ ဦးကျော် သေဆုံးခဲ့ရပါတယ်။ ကလေးမြို့နယ်မှ ၁၃ ဦးအထိ အများဆုံး သေဆုံးခဲ့ရပြီး၊ တန့်ဆည်မြို့နယ်မှ ၁၂ ဦး အထိ ဒုတိယ အများဆုံး သေဆုံးခဲ့ရပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၁၄) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ အရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ် ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း ကျင့်ထုံးများနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာအချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊Facebook စာမျက်နှာတွေမှာ ကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကိုအချက်အလက်တွေ ပေးပို့နိုင်ပါတယ်။ ◉ What Matters လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသနရှုထောင့်ကနေ အကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar က ဖော်ပြနေတာပါ။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ဖတ်ချိန် တိုတိုအတွင်း အလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင်မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင် ဖြည့်စွက်သွားဖို့ ရည်ရွယ်ပါတယ်။ ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိက ဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာ ကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက် လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။ လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကိုဦးစားပေး တင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာ သုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသနတွေ့ရှိချက်များပဲ ဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာ ပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။