ISP Products

ISP Mapping

စာမျက်နှာတစ်ခု၏ အပြင်အဆင်ကိုကြည့်သောအခါ စာဖတ်သူသည် ဖတ်ရှုနိုင်သောအကြောင်းအရာကြောင့် အာရုံပြောင်းသွားလိမ့်မည်ဟူသော ရှည်လျားသောအချက်ဖြစ်သည်။ ကိုအသုံးပြုရခြင်း၏ အဓိကအချက်မှာ ၎င်းတွင် ကိုအသုံးပြုခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ၎င်းတွင် ကိုအသုံးပြုခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ၎င်းတွင် စာလုံးများ ပုံမှန်ဖြန့်ဝေမှု ပိုများနေခြင်းဖြစ်ပါသည်။

18 Jul 2022

မြန်မာနိုင်ငံ အရှေ့တောင်ဒေသ ပဋိပက္ခမြေပုံ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်အတွင်း စစ်ကောင်စီနှင့် ကရင်လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ အကြားမှာ တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေ ၄,၇၁၀ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၂၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။ ကရင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တွေထဲမှာ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC/AA) က KNU/KNLA တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးတွဲ စစ်ဆင်ရေး လုပ်တာ​ရှိသလို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ခွဲထွက်အဖွဲ့ နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ​ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကလည်း စစ်ကောင်စီကို သီးခြားစစ်ဆင်ရေးတွေ ပြုလုပ်ပြီး တိုက်ခိုက်ခဲ့ကြတဲ့ တိုက်ပွဲတွေလည်း ပါဝင်ပါတယ်။
6 May 2022

ကရင်နီဒေသ ပဋိပက္ခမြေပုံ

၂၀၂၁ ခုနှစ်၊ မေ ၂၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀ ရက်အတွင်း ကရင်နီဒေသထဲမှာ ကရင်နီ တပ်မတော် (KA) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ အပါအဝင် ကရင်နီတော်လှန်ရေးတပ် အနည်းဆုံး ၁၀ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား  တိုက်ပွဲဖြစ်ပွားတဲ့ အကြိမ်ရေ ၂၄၇ ကြိမ် ထက်မနည်း ရှိခဲ့ပါတယ်။ ကရင်နီတော်လှန်ရေးတပ်တွေအနေနဲ့ ပွဲဦးထွက်စဥ်က တူမီး၊လက်လုပ် သေနတ်တွေကိုသာ ကိုင်တွယ်တိုက်ခိုက်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ တိုက်ပွဲဝင် ရိုင်ဖယ်၊ စက်သေနတ်၊ စနိုက်ပါ စတဲ့ ခေတ်မီ လက်နက်တွေကိုပါ တပ်ဆင်လာနိုင်ပြီး ပိုမိုအားကောင်းလာတာကို တွေ့ရပါတယ်။ တိုက်ပွဲဖြစ်ပွားမှုတွေ ဖြစ်စဉ်တွေကိုပြန်ကြည့်ရရင် နှစ်ဖက်ထိပ်တိုက်တိုက်ခိုက်မှုတွေအပြင် စစ်ကောင်စီရဲ့ မြို့ပေါ်အခြေစိုက် တပ်မ ဌာနချုပ်စခန်းနဲ့ ရဲစခန်းတွေအပြင် တပ်စွဲထားတဲ့တောင်ကုန်းတွေပါ တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်တွေလည်း ပါဝင် ပါတယ်။ 
29 Apr 2022

တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခမြေပုံ

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိနဲ့ စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီး  ဝဏ္ဏမောင်လွင်တို့ တရုတ်အစိုးရကတရားဝင်ဖိတ်ခေါ်တဲ့ ခရီးစဥ်အတွင်းမှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို အသိအမှတ်ပြု သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် စစ်ကောင်စီကို ယွမ်ငွေသန်း ၆၅၀ ထောက်ပံ့ဖို့နဲ့ တရုတ်စီမံကိန်းတွေ ဆက်လက် အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။