Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
13 Oct 2023 Conflict, Peace & Security အရပ်သား ၁၀ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများ အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သားများအပေါ် ကျူးလွန်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ၂၂ ခုထက်မနည်း ရှိခဲ့သည်။ ယခုညွှန်းပြမြေပုံသည် တနေရာတည်း၌ အနည်းဆုံး ၁၀ ဦးနှင့်အထက် အစုအပြုံလိုက် သတ်ဖြတ်ခံရမှုများအား စုစည်းထားခြင်းဖြစ်သည်။
13 Oct 2023 Conflict, Peace & Security မုန်လိုင်ခက်ပေါက်ကွဲမှုနှင့် ဆက်စပ်အခြေအနေ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက် ညပိုင်းက မုန်လိုင်ခက် စစ်ရှောင်စခန်းတွင်ဖြစ်ခဲ့သော စစ်လက်နက် ကျရောက်ပေါက်ကွဲမှု အခြေအနေနှင့် ဆက်စပ်စဉ်းစားနိုင်ရန် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လိုင်ဇာမြို့အနီးရှိ စစ်ဘေးရှောင်စခန်းများ၊ စစ်ကောင်စီတပ်စခန်းများ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာချုပ်နယ်မြေနှင့် ရှေ့တန်းနယ်မြေများကို ဖော်ပြထားခြင်းဖြစ်သည်။
28 Jul 2023 Conflict, Peace & Security ခြောက်လတာအတွင်း နေအိမ်အဆောက်အအုံ ၂၄,၀၀၀ ကျော် မီးရှို့ခံရ စစ်အာဏာသိမ်းအလွန် နှစ်နှစ်ကျော်ကာလအတွင်း နေအိမ်အဆောက်အအုံ (ဘာသာရေးအဆောက်အအုံများအပါအဝင်) စုစုပေါင်း ၈၁,၈၉၉ လုံးထက်မနည်း မီးရှို့ခံခဲ့ရပါတယ်။ ဒီပမာဏထဲက ၃၀ ရာခိုင်နှုန်းနီးပါး (၂၄,၁၃၈ လုံးထက်မနည်း) ဟာ ၂၀၂၃ ခုနှစ် ခြောက်လအတွင်း ဖြစ်ခဲ့တာပါ။
30 Jun 2023 China Studies တရုတ်စီမံကိန်းများအနီးတဝိုက်တွင် တိုက်ပွဲဖြစ်မှု ထက်ဝက်ကျော်လျော့ကျ အာဏာသိမ်း နှစ်နှစ်ကျော်ကာလ ၂၀၂၃ ခုနှစ် မေ ၃၁ ရက်အထိ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဥ်ထားတဲ့ မြို့နယ်တွေနဲ့ အခြား တရုတ်စီမံကိန်းတွေ အကောင်အထည်ဖော်နေတဲ့ မြို့နယ် ၆၁ ခုမှာ တိုက်ပွဲ ၂,၂၄၈ ကြိမ် ထက်မနည်း ဖြစ်ခဲ့ပါတယ်။ ဒီအထဲက ၁,၄၈၆ ကြိမ်ထက်မနည်းဟာ ပထမ ၁၄လတာအတွင်း (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် မတ်လအထိ) ဖြစ်ခဲ့တာပါ။
14 Jun 2023 Conflict, Peace & Security ၂၀၂၃ ခုနှစ် ပထမငါးလတာအတွင်း အရပ်သား သေဆုံးမှု စံချိန်တင် မြင့်တက်လာ ၂၀၂၃ ခုနှစ် ပထမငါးလတာအတွင်း လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် အရပ်သား ၇၄၈ ဦးထက်မနည်း စံချိန်တင် သေဆုံးခဲ့ပါတယ်။ အဲ့ဒီအရပ်သားသေဆုံးမှု အရေအတွက်ဟာ အရင်နှစ်တနှစ်လုံးမှာ သေဆုံးခဲ့တဲ့ အရပ်သားစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းနီးပါး အထိ ရှိပါတယ်။
3 Jan 2023 China Studies တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလမ်းသစ် သုံးသွယ် လမ်း ကြောင်းသစ်တွေဟာ အရင်က တရုတ်နိုင်ငံရဲ့ ရပ်ဝန်းလမ်းကြောင်း အစီအမံ(BRI) ထဲမှာ ပါဝင်ခြင်း မရှိတဲ့ အစီအမံတခု ဖြစ်ပြီး တရုတ်နိုင်ငံရဲ့အနောက်ဘက်က ပြည်နယ်တွေ သမုဒ္ဒရာ ထွက်ပေါက်ရရေး၊ ဒေသတွင်းနိုင်ငံတွေနဲ့ ချိတ်ဆက်ရေးတွေမှာ မြန်မာနိုင်ငံကို ဗဟိုပြုပြီး လည်ပတ်တဲ့ လမ်းကြောင်းတွေ ဖြစ်ပါတယ်။
21 Dec 2022 Conflict, Peace & Security ချင်းပြည်နယ်၌ တိုက်ပွဲပေါင်း ၅၉၀ ကျော် ဖြစ်ပွားခဲ့ စစ်အာဏာသိမ်းမှုအလွန် အခုနှစ် နိုဝင်ဘာလအထိ ချင်းပြည်နယ်က မြို့နယ် ကိုးခုလုံးမှာ လက်နက်ကိုင်တိုက်ပွဲပေါင်း ၅၉၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေက စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ၊ စစ်ကောင်စီနဲ့ EAOs တွေအကြားမှာ ဖြစ်ခဲ့တာပါ။ မင်းတပ်မြို့နယ်မှာ တိုက်ပွဲပေါင်း ၁၂၅ ကြိမ်ကျော် ဖြစ်ခဲ့ပြီး အများဆုံး ဖြစ်ပါတယ်။
25 Nov 2022 China Studies တရုတ်စီမံကိန်းများ၏ အနီးတဝိုက် ဆက်စပ်နေရာများတွင် တိုက်ပွဲဖြစ်မှု နှစ်ဆပိုများလာ အာဏာသိမ်းမှုအလွန် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဥ်ထားတဲ့ ပြည်နယ်နဲ့တိုင်း ရှစ်ခုက မြို့နယ် ၄၃ ခုမှာ တိုက်ပွဲပေါင်း ၃၀၁ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ တိုက်ပွဲအကြိမ်ရေ ၁၀၀ ထက်မနည်း ဖြစ်ခဲ့ရာကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ (၁၀ လအတွင်း) တိုက်ပွဲအကြိမ်ရေ ၂၀၀ ထက်မနည်း ဖြစ်လာတာကြောင့် နှစ်ဆနီးပါး များပြားလာတာကို တွေ့ရပါတယ်။
16 Nov 2022 China Studies ကွမ်ရှီး-ရန်ကုန် ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းသစ် ကွမ်းရှီး-ရန်ကုန် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းသစ်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်မှာ စဖွင့်ခဲ့ပါတယ်။ ဒီလမ်းသစ်ဟာ တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်က တောင်တရုတ်ပင်လယ် ဘေ့ဘူး (Beibu) ပင်လယ်ကွေ့ဆိပ်ကမ်းမှာ ရှိနေတဲ့ ချင်းကျိုးဆိပ်ကမ်းကနေ မြန်မာနိုင်ငံ ရန်ကုန် ဆိပ်ကမ်းအကြား တိုက်ရိုက်ချိတ်ဆက်မှာပါ။
15 Aug 2022 China Studies တရုတ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခမြေပုံ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်ကြား၊စစ်ကောင်စီနဲ့ အသစ်ပေါ်ပေါက်လာတဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ကြောင့် မြန်မာနိုင်ငံရဲ့ ပဋိပက္ခမြေပုံဟာ ယခင်ကထက် ကြီးမားကျယ်ပြန့် လာပါတယ်။ အလားတူ တရုတ်စီမံကိန်းကြီးတွေ တိုက်ခိုက်ခံရတာ၊ ခြိမ်းခြောက်ခံရတာ စတဲ့ ဖြစ်စဉ်တွေလည်း ပေါ်ပေါက်ခဲ့သလို စီမံကိန်းတွေ တည်ဆောက်မယ့် နေရာတွေမှာလည်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
18 Jul 2022 Conflict, Peace & Security မြန်မာနိုင်ငံ အရှေ့တောင်ဒေသ ပဋိပက္ခမြေပုံ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်အတွင်း စစ်ကောင်စီနှင့် ကရင်လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ အကြားမှာ တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေ ၄,၇၁၀ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၂၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။ ကရင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တွေထဲမှာ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC/AA) က KNU/KNLA တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးတွဲ စစ်ဆင်ရေး လုပ်တာရှိသလို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ခွဲထွက်အဖွဲ့ နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကလည်း စစ်ကောင်စီကို သီးခြားစစ်ဆင်ရေးတွေ ပြုလုပ်ပြီး တိုက်ခိုက်ခဲ့ကြတဲ့ တိုက်ပွဲတွေလည်း ပါဝင်ပါတယ်။
6 May 2022 Conflict, Peace & Security ကရင်နီဒေသ ပဋိပက္ခမြေပုံ ၂၀၂၁ ခုနှစ်၊ မေ ၂၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀ ရက်အတွင်း ကရင်နီဒေသထဲမှာ ကရင်နီ တပ်မတော် (KA) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ အပါအဝင် ကရင်နီတော်လှန်ရေးတပ် အနည်းဆုံး ၁၀ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားတဲ့ အကြိမ်ရေ ၂၄၇ ကြိမ် ထက်မနည်း ရှိခဲ့ပါတယ်။ ကရင်နီတော်လှန်ရေးတပ်တွေအနေနဲ့ ပွဲဦးထွက်စဥ်က တူမီး၊လက်လုပ် သေနတ်တွေကိုသာ ကိုင်တွယ်တိုက်ခိုက်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ တိုက်ပွဲဝင် ရိုင်ဖယ်၊ စက်သေနတ်၊ စနိုက်ပါ စတဲ့ ခေတ်မီ လက်နက်တွေကိုပါ တပ်ဆင်လာနိုင်ပြီး ပိုမိုအားကောင်းလာတာကို တွေ့ရပါတယ်။ တိုက်ပွဲဖြစ်ပွားမှုတွေ ဖြစ်စဉ်တွေကိုပြန်ကြည့်ရရင် နှစ်ဖက်ထိပ်တိုက်တိုက်ခိုက်မှုတွေအပြင် စစ်ကောင်စီရဲ့ မြို့ပေါ်အခြေစိုက် တပ်မ ဌာနချုပ်စခန်းနဲ့ ရဲစခန်းတွေအပြင် တပ်စွဲထားတဲ့တောင်ကုန်းတွေပါ တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်တွေလည်း ပါဝင် ပါတယ်။
29 Apr 2022 China Studies တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခမြေပုံ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိနဲ့ စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီး ဝဏ္ဏမောင်လွင်တို့ တရုတ်အစိုးရကတရားဝင်ဖိတ်ခေါ်တဲ့ ခရီးစဥ်အတွင်းမှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို အသိအမှတ်ပြု သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် စစ်ကောင်စီကို ယွမ်ငွေသန်း ၆၅၀ ထောက်ပံ့ဖို့နဲ့ တရုတ်စီမံကိန်းတွေ ဆက်လက် အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
11 Feb 2022 Conflict, Peace & Security မြန်မာနိုင်ငံ အနောက်မြောက်ဒေသ ပဋိပက္ခမြေပုံ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF/CDF/KNDF စသဖြင့်) နဲ့ စစ်ကောင်စီတို့အကြားတိုက်ပွဲ ပြင်းထန်နေတဲ့ ဒေသတွေအနက် မြန်မာနိုင်ငံ အနောက်မြောက်ဘက်ခြမ်းဒေသမှာ အရပ်သား အစုလိုက်အပြုံလိုက် အသတ်ခံရမှု (တနေရာတည်းတွင်အနည်းဆုံးသုံးယောက်အသတ်ခံရသည်ကိုဆိုလို) ရှိနေပါတယ်။ သတင်းမီဒီယာတွေနဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်ကို အခြေပြုပြီး ISP-Myanmar က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဇူလိုင်လကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်အတွင်း စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၁၆ မြို့မှာ တိုက်ပွဲဖြစ်ပွားမှုတွေအတွင်း အစုအလိုက်အပြုံလိုက် အသတ်ခံရတဲ့ ဖြစ်စဉ်တွေကြောင့် အရပ်သား ၁၄၀ ဦးထက်ကျော်ထက်မနည်း သေဆုံးခဲ့ရပါတယ်။
4 Feb 2022 China Studies တရုတ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခမြေပုံ အာဏာသိမ်းပြီးနောက်မှာ ရှမ်းပြည်မြောက်ပိုင်းရှိ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား နယ်မြေလွှမ်းမိုးရေး စစ်ပွဲတွေပိုမိုပြင်းထန်ခဲ့ပါတယ်။ တရုတ်နဲ့နီးစပ်တယ်လို့ မကြာခဏ အညွှန်းခံရတဲ့ SSPP အဖွဲ့၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ရဲ့ ပူးပေါင်းထိုးစစ်ကြောင့် RCSS အဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ထိန်းချုပ်ထားတဲ့ နယ်မြေအများအပြားကို လက်လွှတ်ခဲ့ရသလို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA (ကိုးကန့်) ရဲ့ နယ်မြေချဲ့ထွင်မှုဟာလည်း မြင်သာခဲ့ပါတယ်။