Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
2 Apr 2021 Conflict, Peace & Security အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းကာ တပ်မတော်က အာဏာသိမ်း ရွေးကောက်ပွဲမဲစာရင်းနှင့်ပတ်သက်ပြီး မသမာမှုများရှိနိုင်သည်ဟု သီတင်းပတ်ပေါင်းများစွာ စွပ်စွဲနေခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းတွင် တပ်မတော်က အာဏာသိမ်းယူလိုက်သည်။ အာဏာသိမ်ယူမှုဖြစ်စဉ်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်များ၊ လွှတ်တော်တက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီမှ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များနှင့် ထင်ရှားသည့် နိုင်ငံရေးသမားများအပါအဝင် ရဟန်းတော်တပါးတို့ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ နိုင်ငံတော်အာဏာအား အဓမ္မရယူရန် ကြိုးပမ်းခြင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ထုတ်ပြန်ပြီး အရေးပေါ်အခြေအနေကြေညာကာ ထိုသို့လုပ်ဆောင်ရခြင်းဖြစ်သည်ဟု တပ်မတော်ဘက်က ပြောဆိုခဲ့သည်။ အရေးပေါ်အခြေအနေကြေညာမှုကို ဒုတိယသမ္မတတဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အရေးပေါ်ကာလကို တနှစ်သတ်မှတ်ပြီး မဲစာရင်းများ ပြန်လည်စစ်ဆေးပြီးပါက […]