Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
29 Jul 2021 Covid-19 and Myanmar မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ ➤ ယခု ဆန်းစစ်ချက်အား PDF file ဖြင့် Download ရယူနိုင်ပါသည်။ အကျဉ်းချုပ် ‒ ကမ္ဘာမှာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဦးစားပေးပြီး အင်တိုက် အားတိုက် လုပ်ကြ၊ ကာကွယ်ဆေး ထိုးနှံရေး အတွက် မဟာဗျူဟာတွေ ချမှတ်နေ ကြပေမယ့် မြန်မာမှာတော့ အရင်းအမြစ် မလောက်ငတာ၊ အာဏာသိမ်း စစ် ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်မှု မလုပ်လိုတာ၊ စစ်ကောင်စီဘက်ကလည်း ပေါင်းစပ် ညှိနှိုင်းမှု မရှိတာတွေကြောင့် တကျောင်း တဂါထာ ဖြစ်နေပါတယ်။ ‒ မြန်မာအဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု COVAX ကနေ ကာကွယ်ဆေး ရနိုင်သလို၊ နှစ်နိုင်ငံချင်း ပူးပေါင်း ဆောင်ရွက်မှုအဖြစ် တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတွေက မျှော်မှန်းလို့ […]
30 Jul 2020 Governance studies မြန်မာ့ဖက်ဒရယ်နှင့် ဒီမိုကရေစီအပေါ် ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်များ၏ နားလည်သဘောပေါက်မှုအား ဆန်းစစ်လေ့လာချက် သုတေသန စာတမ်း (eBook) ကို ယခု Link တွင် မည်သူအဆို အခမဲ့ download ရယူနိုင်ပါပြီ။ သုတေသနစာတမ်းကို အဓိကမေးခွန်း လေးခုဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ထိုမေးခွန်းများမှာ – (၁) နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများက ပြုစုထားသော ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနှင့် ဖက်ဒရယ် နိုင်ငံတည်ထောင်ရေး လုပ်ငန်းစဉ်ဆိုင်ရာ စာတမ်းများသည် လွှတ်တော် ကိုယ်စားလှယ်များအတွက် မည်မျှ ထိရောက်ပါသနည်း။ (၂) ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ ဖက်ဒရယ်နိုင်ငံ ထူထောင်ရေးနှင့် စပ်လျဉ်း၍ အဆိုပါ စာတမ်းမျာက အဓိကထား ဖော်ပြသော အကြောင်းအရာများနှင့် အကြံပြုချက်များမှာ အဘယ်သို့နည်း။ (၃) ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ ဖက်ဒရယ်မူများအကြောင်း ရေးသားထားသည့် ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ စာတမ်းများသည် လွှတ်တော် […]
20 Jun 2019 Myanmar Quarterly လူမှုတရားမျှတရေး၊ ကွဲပြားခြားနားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွင်း သာနာညီမျှမှုကို ရှာဖွေခြင်း The Myanmar Quarterly အမှတ် – ၄ ကို အောက်တွင် download ရယူ ဖတ်ရှုနိုင်ပါသည်။ အယ်ဒီတာမှတ်စု (၁)အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေး၊ ပြည်ထောင်စု တည်ဆောက်ရေး ဖော်ဆောင်မှုတွေ လုပ်တဲ့အခါ တိုင်းရင်းသားအရေး (လူမျိုးစုအရေး)၊ ကိုးကွယ် ယုံကြည်မှုဆိုင်ရာ ဘာသာရေး အစရှိတဲ့ ဝိသေသ လက္ခဏာတွေအပြင် လူ့အဖွဲ့အစည်းအတွင်း အလွန်အကျူး ဖြစ်နေတဲ့ လူတန်းစားမညီမျှမှု၊ ကျား-မ လိင်စိတ် ခံယူမှုဆိုင်ရာ တန်းတူရေး တဖက်စောင်းနင်း ဖြစ်ပေါ်နေမှုနဲ့ဥတုဖောက်ပြန်မှု ဆိုးပြစ်အကျိုးဆက် စတာတွေကိုလည်း လျစ်လျူရှုထားဖို့ မဖြစ်နိုင်ပါဘူး။ အထက်ဖော်ပြပါ ဆင်းရဲချမ်းသာ လူတန်းစားမညီမျှမှု အစရှိတဲ့ ကိစ္စရပ်တွေက တရားမျှတမှု မရှိတဲ့ လူမှု အခြေအနေတွေမှာ မြစ်ဖျားခံနေပါတယ်။ နိုင်ငံတော်ရဲ့ ဓနဥစ္စာ ပြန်လည် ဖြန့်ခွဲဝေမှု […]
16 Aug 2018 Governance studies အပြောင်းအလဲကို စီမံခန့်ခွဲခြင်း – မြန်မာအစိုးရအဖွ့ဲ၏ မူဝါဒချမှတ်သည့် လုပ်ငန်းစဉ် အနှစ်ချုပ် ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းသော ကာလအတွင်း ဝင်ရောက်ခဲ့သည်။ အာဏာရှင်စနစ်၊ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ၊ ဝိရောဓိများ ပြည့်နှက်နေသော အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး၊ ပြည်သူများ၏ ဆင်းရဲတွင်းနက်မှု ပြဿနာများ၊ အစရှိသည်တို့ကို ဆယ်စုနှစ်များစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။ ထိုသို့ ဖြတ်သန်းပြီးမှ စတင်ခဲ့ရသဖြင့် ဒီမိုကရေစီ အားကောင်းရေး၊ ရေရှည်အကျိုးဖြစ်ထွန်းနိုင်မည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အရှည်တည်တံ့နိုင်မည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် အခွင့်အလမ်းတခုလည်း ဖြစ်နေသည်။ အသွင်ကူးပြောင်းမှုကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်ရန် ပို၍ ထိရောက်သော မူဝါဒများ ချမှတ်ရန် လိုအပ်သည်။ ယခုစာတမ်းက မြန်မာအစိုးရအဖွဲ့၏ မူဝါဒ ချမှတ်ပုံကို မိတ်ဆက်ပေးထားသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အုပ်ချုပ်ရေးယန္တရား အခြေအနေများထက် ပြည်ထောင်စု အစိုးရအဖွဲ့၏ မူဝါဒချမှတ်ပုံကို အာရုံစိုက် ဖော်ပြထားပါသည်။ ပင်မရည်ရွယ်ချက်မှာ […]
28 Feb 2018 China Studies တရုတ်၏ အလွှာစုံဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ (သုတေသနစာတမ်း) မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP Myanmar) ၏ ဆောင်ရွက်နေဆဲ ဖြစ်သော သုတေသနများအနက် ပထမဆုံး ထုတ်ဝေလိုက်သော သုတေသန စာတမ်း ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်း အလွှာအသီးသီးမှ အရေးပါသူများနှင့် ဆက်ဆံရေး တည်ဆောက်ရန် ကြိုးပမ်းခဲ့သော တရုတ်နိုင်ငံ၏ အမျိုးမျိုးသော ဆက်ဆံရေးများကို လေ့လာခြင်းဖြင့် ၎င်းတို့၏ အကျိုးစီးပွား လိုလားချက်များကို စာတမ်းတွင် ပုံဖော်ထားပါသည်။ သုတေသန စာတမ်း Soft copy စာအုပ်ကို Amazon Kindle Store တွင် ရရှိနိုင်ပြီး အဓိကမြို့ကြီးများရှိ စာအုပ်ဆိုင်များတွင်လည်း ကျပ် ၁၅၀၀ ဖြင့် ဝယ်ယူနိုင်ပါသည်။
13 Oct 2017 Myanmar Quarterly အသွင်ကူးပြောင်းရေး အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းဆိုင်ရာ အကြောင်းအချက်များနှင့် ဂယက်များ
28 Apr 2017 Myanmar Quarterly ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်စဉ်နှင့် မျှခြေ ကနဦး အဆိုပြုချက်များ
2 Jul 2016 Myanmar Quarterly ဒီမိုကရေစီတပိုင်း စပ်ကြားအုပ်စိုးမှု စနစ်အောက်မှ အရပ်ဘက် အဖွဲ့အစည်းများ၏ နိုင်ငံရေး ဒီမိုကရေစီတပိုင်း စပ်ကြားအုပ်စိုးမှု စနစ်အောက်မှ အရပ်ဘက်အဖွဲ့အစည်းများ၏ နိုင်ငံရေး အမှတ် ၁၊ အောက်တိုဘာ ၂၀၁၆ တပ်မတော် ကျောထောက် နောက်ခံပြုထားတဲ့ ပြည်ခိုင်ဖြိုး ပါတီအစိုးရကနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အစိုးရကို ၂၀၁၆ ဧပြီလမှာ အာဏာ လွှဲပြောင်းပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံရေး အသွင်ကူးပြောင်းရေးရဲ့ ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီလို့ဆိုနိုင်ပါတယ်။ မြန်မာစကားပုံမှာ ”တဂူတည်း ခြင်္သေ့နှစ်ကောင် မအောင်းနိုင်ဘူး” လို့ အဆိုရှိပေမယ့် စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေဟာ တပ်မတော်နဲ့အရပ်သား အစိုးရသစ်ကို တဂူတည်း အတူ အောင်းနေဖြစ်အောင် ဖန်တီးထားပါတယ်။ တနည်း ပြောရရင်တော့ မြန်မာ့ အုပ်စိုးမှုစနစ်ဟာ ရွေးကောက်ပွဲ ဒီမိုကရေစီ တစိတ်တပိုင်းနဲ့ အာဏာရှင် အင်စတီကျုးရှင်း ကျင့်ထုံး […]