ISP Products

Print

28 Jun 2019

ဥတုဘေးအတွက် လှုပ်ရှားမှု အရေးပေါ်လို့ ထိုးရမယ့်ခေါင်းလောင်း စကားဝိုင်း၏ နောက်ဆက်တွဲ ဆွေးနွေးချက်

ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်က ခုနစ်ကြိမ်မြောက် ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲ အဖြစ် “ဥတုဘေးအတွက် လှုပ်ရှားမှု- အရေးပေါ်လို့ ထိုးရမယ့် ခေါင်းလောင်း” ခေါင်းစဉ်နဲ့ ထင်ရှားတဲ့ မိုးလေဝသ ပညာရှင်၊ သစ်တော၊ စိုက်ပျိုးရေး ပညာရှင်၊ သဘာဝ ပတ်ဝန်းကျင် အရေး လှုပ်ရှား ဆောင်ရွက်နေကြသူများနဲ့ ဆွေးနွေးခဲ့ပါတယ်။ ပရိသတ်ရဲ့ စိတ်ဝင်တစား တုံ့ပြန်မှုတွေလည်း အားတက်စရာ ရရှိခဲ့ပါတယ်။ စကားဝိုင်းကို လူကိုယ်တိုင် တက်ရောက်သူ ၅၄၀ ကျော် ရှိခဲ့ပြီး၊ အွန်လိုင်းထုတ်လွှင့်မှုကနေ ကြည့်ရှု သူတွေကလည်း ၅၉၉,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ဒါကိုပဲ အပိုင်းလိုက် ပြန်လည် ထုတ်လွှင့်ရာမှာ ကြည့်ရှုသူ အရေအတွက်ဟာ ဇွန် ၂၈ ရက်အထိ ၁ ဒသမ ၆ […]
3 Dec 2018

သေးငယ်ကျစ်လျစ်သော ဝန်ကြီးအဖွဲ့ (Small Cabinet) မူက မြန်မာမှာ ဘာကြောင့် မလုပ်မဖြစ်သလဲ

အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ “သေးငယ်ကျစ်လစ်သော ဝန်ကြီးအဖွဲ့ ”  (Small Cabinet) မူဟာ မြန်မာနိုင်ငံ အတွက် အလုပ်ဖြစ်ခဲ့ဟန် မတူပါဘူး။ သုံးနှစ်အတွင်းမှာပဲ မူလဖွဲ့စည်းစဉ်ကနဲ့ မတူတော့ဘဲ ပုံစံတွေ ပြောင်း၊ ဝန်ကြီးဌာနတွေ ထပ်တိုး၊ ဒုတိယ ဝန်ကြီးတွေကိုလည်း ခန့်အပ်လာရပါတယ်။ မြန်မာနိုင်ငံရဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းပုံတွေကို လေ့လာမယ်ဆိုရင် Small cabinet ဆိုတာက ဦးနေဝင်းလက်ထက် ၁၉၆၂ ခုနှစ်ထဲက စခဲ့တာပါ။  ဖဆပလအပါအဝင် ကျန်တဲ့ အစိုးရတွေက ကနဦးမှာ ဝန်ကြီးဌာနအနည်းငယ်၊ ဝန်ကြီးအနည်းငယ်ဖြင့် ဖွဲ့စည်းခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဝန်ကြီးဌာနတွေ အများအပြား တိုးချဲ့ခဲ့သလို၊ ဦးဆောင်မယ့် ဝန်ကြီးတွေကိုလည်း ထပ်တိုး ခန့်အပ်လေ့ရှိပါတယ်။ NLD အစိုးရကတော့ အစောပိုင်းမှာ Small […]
2 Nov 2017

တရုတ်ကွန်မြူနစ် ပါတီညီလာခံ၏ အဖြေများနှင့် ပေးထားချက်အသစ်များ

တရုတ်ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် ပါတီညီလာခံတွင် အဓိက အချက်သုံးချက်ကို စောင့်ကြည့်ခဲ့ကြသည်။ ထိုသုံးချက်မှာ ရှီ၏အမည်ကို ကွန်မြူနစ်ပါတီ၏ အခြေခံဥပဒေတွင် ထည့်သွင်းခြင်း ရှိမရှိ၊ ညီလာခံမှ အသစ် ရွေးချယ်ထားမည့် ပေါလစ်ဗျူရို အမြဲတမ်း အဖွဲ့ဝင်စာရင်းတွင် ၂၀၂၂ ခုနှစ် အလွန် ရှီ၏နေရာကို ဆက်ခံမည့်သူ ပါဝင်းခြင်း ရှိ မရှိ နှင့် ရှီကျင့်ဖိန်၏ လက်ရုံးတဦးဖြစ်သည့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ခေါင်းဆောင် ဝမ်ချီစမ်းသည် ပါတီတွင်း ကျင့်ထုံးတခု ဖြစ်သည့် အသက် ၆၇ တွင် အနားယူရသည့် အစဉ်အလာကို ကျော်လွန်ပြီး ပေါလစ်ဗျူရို အမြဲတမ်းအဖွဲ့တွင် ဆက်လက် ပါဝင်ခြင်း ရှိမရှိတို့ ဖြစ်သည်။ ထိုမေးခွန်းများ၏ အဖြေကို ခုနစ်ရက်ကြာ ပါတီညီလာခံ၏ အပြီးသတ်တွင် […]
31 Jul 2017

ရေကပ်ဘေး၊ ရေအကျပ်အတည်းနှင့် နိုင်ငံတော် ရေစီမံမှု

တလောက ထိုင်းနိုင်ငံထုတ်၊ ဘန်ကောက်ပို့စ် သတင်းစာမှာ ထိုင်းနိုင်ငံက ရေစီမံမှုသတင်းကို ဖတ်လိုက်ရပါတယ်။ ထိုင်းနိုင်ငံမှာ ရေနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေက ဌာနပေါင်းစုံမှာ ဖြစ်နေကြတော့ ပူးပေါင်း ဆောင်ရွက်မှုအရ ပြဿနာ ရှိနေပါတယ်။ ဘန်ကောက်မြို့တော်နဲ့ ဒွန်မုအန် လေဆိပ်ကြီး ၂၀၁၁ ခုနှစ်မှာ ရေမြုပ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းကာလမှာ သူတို့က ပြန်ဆန်းစစ်လို့ ထိုင်းနိုင်ငံမှာ ရေစီမံခန့်ခွဲမှုအတွက် နိုင်ငံတော်အဆင့်ဌာနတခု ထားရှိရင်ကောင်းမယ်လို့ အကြံပြုမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံက တူးမြောင်းနဲ့ မြစ်ချောင်းများကို စီမံခန့်ခွဲမှုအတွက် ဗဟိုအာဏာပိုင် ဌာနတခု (Central Water Agency) တခု ဖြစ်ပေါ်လာရေး အဆိုက နီးစပ်လာနေပြီ ဆိုပြီး သတင်းက ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာလည်း အခုအခါမှာ ရေလွှမ်းမိုးမှုကြောင့် နေရာဒေသအများမှာ လူပေါင်းတသိန်းကျော် ဒုက္ခခံစားနေရတယ်၊ နောက်ထပ်လည်း […]
26 Jul 2017

နန်းတော်တွင်းမှ သီအိုရီဆရာ၊ ကျရှုံးနိုင်ငံ ပြင်ဆင်ရေးနှင့် အစိုးရတစ်ရပ်၏ လုပ်ငန်းတာဝန် (၁၀) ခု

အာဖဂန်နစ္စတန် သမ္မတ အာရှရပ် ဂါနီ (Ashraf Ghani) အကြောင်းကို The New Yorker ဂျာနယ်မှာ ဖတ်ရတယ်။ သူက ထူးခြားတဲ့သူ၊ ဘာဖြစ်လို့လဲ ဆိုတော့ “ကျရှုံးနိုင်ငံများကို ပြန်လည်ပြင်ဆင်ခြင်း” (Fixing Failed States: A Framework for Rebuilding a Fractured World”) ဆိုတဲ့ စာအုပ်ကိုရေးခဲ့ဖူးတဲ့သူ၊ ကျရှုံးနိုင်ငံများအကြောင်းဆိုင်ရာ သိရှိကျွမ်းကျင် သူလို့လည်း ဆိုနိုင်တယ်။ သူ ကိုယ်တိုင်က မတည်မငြိမ်မှုတွေ၊ စစ်ပွဲပဋိပက္ခတွေများတဲ့ နိုင်ငံရေးအရ အလွန်တရာ မတည် မငြိမ်နိုင်လှတဲ့ အာဖဂန် နစ္စတန်လို နိုင်ငံမျိုးမှာ သမ္မတ ဖြစ်လာခဲ့တယ်။ သူရေးခဲ့တဲ့ သဘောတရားတွေကို သူကိုယ်တိုင် ပြန်ပြီး လက်တွေ့ အ သုံးချနိုင်ပါ့မလား.. သူ့နိုင်ငံကိုလည်း […]
10 Jul 2017

ဒေါ်အောင်ဆန်းစုကြည်၏ မျှော်ရင်းဝေး ငြိမ်းချမ်းရေး

ဇွန်လ အစောပိုင်းက နေပြည်တော်တွင် အရေးပါတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတကျော့လုပ်ခဲ့ပြီး ရက်အနည်းငယ် အကြာ၌ မြန်မာနိုင်ငံ မြောက်ပိုင်းကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြားမှ တိုက်ပွဲများ ပေါ်ပေါက်လာခဲ့သည်။ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတခု မဆင်နွဲမီတွင် မြန်မာ့တပ်မတော်က သတိပေးစာစောင် များ လေယာဉ်ပေါ်မှ ကျဲချ၍ တနိုင်းမြို့နယ်တွင် နေထိုင်သူများကို ထွက်ခွာခိုင်းခဲ့သည်။ ဆက်လက်နေထိုင်သူ မည်သူ မဆို KIA နှင် ပူးပေါင်းဆောင်ရွက်သူဟု ယူဆမည် ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။ နေအိမ်စွန့်ခွာ ထွက်ပြေးရသူ ထောင်ပေါင်းများစွာ ပဋိပက္ခဒေသတွင်းတွင် ကျန်ရစ်နေဆဲ ဖြစ်သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်လက္ခဏာ ဖြစ်သော ငြိမ်းချမ်းရေးဆောင်ရွက်မှုက မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေး ယူဆောင် မလာနိုင်ခဲ့ပါ။ တနှစ်ပင်မပြည့်သည့် ကာလအတွင်းတွင် အဓိက ငြိမ်းချမ်းရေးဆွေးနွေးပွဲ […]