Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
30 Aug 2021 ASEAN အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်၊ ဆောင်ရွက်ရန် အကြံပြုချက်များနှင့် ချိန်ထိုးရမယ့် အညွှန်းစနစ် အနှစ်ချုပ် အာဆီယံရဲ့ မြန်မာ့အရေး ဆောင်ရွက်မှုများအပေါ် မြန်မာပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုက နည်းပါးပါတယ်။ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူတွေကို စစ်ကောင်စီက ပစ်ခတ်ချေမှုန်းတာတွေ၊ ဖမ်းဆီး နှိပ်စက်မှုတွေနဲ့ ဒီဘက်နောက်ပိုင်း နှစ်ဖက်အပြန်အလှန်အကြမ်းဖက်မှုတွေကို ကြုံတွေ့နေရတဲ့ ပြည်သူအများစုဟာ ခါးသီးနာကျည်းမှုတွေ ပိုများနေတဲ့အတွက် လတ်တလောမှာ ကြားဝင် စေ့စပ်ရေး၊ ဆွေးနွေးဖြေရှင်းရေးတို့အတွက် အဆင်သင့်ဖြစ်သေးပုံ၊ ကြိုဆိုချင်သေးပုံ မရပါဘူး။ ဒီအချက်ကလည်း မြန်မာနိုင်ငံကို မကြာမီလာရောက်ပြီး မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ကြိုးစားမယ့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွက် စိန်ခေါ်မှုတရပ်ပဲ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကရော၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကပါ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကို နိုင်ငံရေးအရ အထူးသတိထားနေတာကြောင့် ဒီခရီးစဉ်ဟာ နိုင်ငံရေးရလဒ်ကြီးကြီးမားမား ချက်ချင်းထွက်ရေးထက် ယုံကြည်မှုတည်ဆောက်ရေးကိုပဲ ဦးစားပေးရမယ့် ခရီးစဉ် ဖြစ်ဖွယ်ရှိပါတယ်။ လက်ရှိအထူးကိုယ်စားလှယ်သက်တမ်းဟာ ၂၀၂၁ ခုနှစ် အကုန်ထိသာ တိုတောင်းပေမယ့် ရှုပ်ထွေးလှတဲ့ မြန်မာ့အကျပ်အတည်း ပြဿနာကိုဖြေရှင်းနိုင်ဖို့ဆိုရင်တော့ ရေရှည်အမြင်၊ အားထုတ်မှုနဲ့သာ ချဉ်းကပ်ဆောင်ရွက်ရပါမယ်။ Download as PDF […]