Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
9 Feb 2023 Conflict, Peace & Security အာဏာသိမ်း နှစ်နှစ်ပြည့် သက်တမ်းတိုးပြီး စစ်၀င်္ကပါထဲ ဇွတ်တိုးဝင်ခြင်း အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် နေရာအတော်များများမှာ လက်နက်ကိုင်တော်လှန်မှုကလွဲပြီး အခြား ရွေးစရာမရှိတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။ နိုင်ငံအနှံ့ လက်နက်ကိုင်တပ်ဖွဲ့ ၅၇၇ ဖွဲ့ထက်မနည်း ရှိလာပြီး နှစ်နှစ်အတွင်း တိုက်ပွဲဖြစ်မှု အကြိမ်ရေ ၈,၀၀၀ ကျော် ရှိလာပါတယ်။
11 May 2022 Conflict, Peace & Security အခြေမခိုင် မဏ္ဍပ်နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု စစ်ကောင်စီဥက္ကဋ္ဌရဲ့ ဖိတ်ခေါ်ချက်အပေါ် တုံ့ပြန်မှုတွေကို ကြည့်ရင် အခြေအနေသုံးရပ်ကို မြင်သာစေပါတယ်။ ပထမအချက်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်အခြေအနေဟာ အရင်ကလိုပုံမှန်အခြေအနေ (old normal) မဟုတ်တော့ဘူး၊ ဘက်အသီးသီးက တိုင်းပြည်ကို သူတို့လိုလားတဲ့ အခြေအနေသစ် (new normal) အဖြစ် ဖန်တီးဖို့ ကြိုးစားနေကြပြီး၊ တိတိပပ ပုံပေါ်လာတာ မရှိသေးပါဘူး။ သေချာတာကတော့ အာဏာသိမ်းမှု အကျိုးဆက်အဖြစ် တိုင်းပြည်ဟာ နိုင်ငံရေးတည်ငြိမ်မှု အခင်းအကျင်းမျိုးရဖို့ ရေခံမြေခံရှိတဲ့ ပုံမှန်အခြေအနေမဟုတ်တော့တာ၊ ရှိရင်းစွဲအထိုင်ကိုလွန်သွားပြီ (post-normal) ဆိုတဲ့အပေါ် သိမြင်ချက်က စစ်ကောင်စီဘက်၊ အထူးသဖြင့် စစ်ကောင်စီ ဥက္ကဋ္ဌဆီမှာ ရှိနေပုံမရပါဘူး။
10 Mar 2022 Conflict, Peace & Security မြန်မာ့အရေး အဖြေရှာမှုနှင့် အင်အားကြီး နိုင်ငံများအကြား အားပြိုင်မှုအတွက် အသုံးချခံမြေစာပင် ဖြစ်နိုင်ခြေ မြန်မာ့အရေး နိုင်ငံတကာ အထူးကိုယ်စားလှယ်တွေထဲမှာ စစ်တပ်နဲ့ နီးစပ်သူတွေလည်း ရလဒ်ထွက်ပေါ် အောင် မလုပ်နိုင်သေးသလို၊ အခြားတဖက်မှာလည်း ယုံကြည်ထိုက်လိုက်တဲ့ ကိုးစားခံရမှု အားသာချက် (Credibility Leverage) က ကျဆင်းနေပါတယ်။ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်တွေ မစခင်မှာပဲ စစ်တပ်နဲ့ အာဏာခွဲဝေရေး (Power-sharing) ဆိုတဲ့ အင်တာဗျူး စကားရပ်ကြောင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် မစ္စနိုရင်းဟေဇာဟာ တာအထွက်မှာ တက်ကျိုးသလို ဖြစ်ခဲ့ရပါတယ်။ တခါ အာဆီယံဘုံသဘော တူညီချက်ငါးရပ်မှာ အခြေခံ အကျဆုံးဖြစ်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ စစ်ကောင်စီကို အာဆီယံအထူး ကိုယ်စားလှယ်သစ်က နားမချနိုင်သေးပါဘူး။ ဒါ့အပြင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဘက်အသီးသီးနဲ့ တရားဝင်အပြုသဘော တွေ့ဆုံဆွေးနွေးဖို့ရာလည်း နှောင့်နှေးနေပါတယ်။ ဂျပန် အထူးကိုယ်စားလှယ် ဆာဆာကာဝါကတော့ စစ်တပ်နဲ့နီးစပ်သူ ဖြစ်တာကြောင့် သူ့အပေါ် မြန်မာ့တော်လှန်ရေးအတိုက်အခံများရဲ့ ယုံကြည်မှုက အားနည်းပါတယ်။
1 Feb 2022 Conflict, Peace & Security စစ်အာဏာသိမ်းမှု တနှစ်ပြည့်<br>ချိန်ထိုးအကဲဖြတ်အပ်သည့် ရှုထောင့်သုံးရပ် အာဏာသိမ်းခဲ့တဲ့အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေဟာ သူတို့အပေါ်ဆန့်ကျင်တဲ့ တွန်းလှန်ပုန်ကန်မှုမျိုးစုံကို နိုင်ငံအနှံ့ ဒေသအများစုမှာ ရင်ဆိုင်နေရပြီး အာဏာကိုင်စွဲအုပ်ချုပ်ခွင့်လည်း အခုထိမရသေးပါဘူး။ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာမျက်နှာစာမှာ အဖတ်ဆယ်လို့မရအောင် နိုင်ငံရဲ့ ဂုဏ်သိက္ခာက ချွတ်ခြုံကျခဲ့ရပြီဖြစ်သလို ပြည်သူလူထုရဲ့ နိစ္စဓူဝ ရှင်သန်ရပ်တည်ရမှုတွေကလည်း အဆိုးဆုံးသောအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီဘက်က ဖမ်းဆီး နှိပ်စက်တာတွေ၊ တိုက်ပွဲတွေနဲ့အတူ စစ်ပြေးဒုက္ခသည် တိုးပွားလာတာနဲ့ အရပ်သားသေဆုံးမှု စံချိန်တင်များလာတာစတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကိုလည်း ကြီးစွာရင်ဆိုင်နေရပါတယ်။
22 Jan 2022 Conflict, Peace & Security ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ “လူသားချင်းစာနာထောက်ထားမှုအပြင်” (Humanitarian Plus) ချဉ်းကပ်မှုနည်းလမ်း စစ်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာတာနဲ့အမျှ အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးက အဓိကကျလာပါတယ်။ ဒီအရေး ဖြေရှင်းနိုင်ဖို့အတွက် Humanitarian Plus ဆိုတဲ့ ချဉ်းကပ်မှုကို ပြောဆိုကြရာမှာတော့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီ သက်သက်သာမက၊ “အပြင်” (Plus) ဆိုပြီး ဖြည့်စွက်ထည့်သွင်း ဆောင်ရွက်ရမယ့် ကိစ္စရပ်နဲ့ ဒီလို ဆောင်ရွက်မယ့်နယ်ပယ်က ဘယ်အတိုင်းအတာအထိ ကျယ်ပြန့်သွားမလဲဆိုတဲ့ အယူအကောက်ကတော့ သဲသဲကွဲကွဲ မရှိသေးပါဘူး။
11 Jan 2022 Conflict, Peace & Security စောင့်ဆိုင်းခြင်း၊ ရှုတ်ချခြင်းတို့ဖြင့် လူမဆန်သော စစ်ဘေးနှင့် အရပ်သားပြည်သူ ကာကွယ်ရေးအပေါ် ဖြေရှင်းနိုင်ဖွယ်မရှိ ပြီးခဲ့တဲ့လပိုင်းအတွင်း ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ လေကြောင်းထိုးစစ်အပါအဝင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးမှုက စံချိန်တင် ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်သူတွေ လောင်မီးကျနေချိန်မှာပဲအာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကိုလာခဲ့ပြီး လူသားချင်းစာနာမှု အထောက်အကူပေးရေး လုပ်ဆောင်မယ်လို့ ပြောခဲ့ပါတယ်။
21 Dec 2021 ASEAN မြန်မာ့အရေး ကမ္ဘောဒီးယားအထူးကိုယ်စားလှယ်နှင့် လုပ်နိုင်စွမ်းအကန့်အသတ် ကနဦးသုံးသပ်ချက် (အမှတ်-၄) ∎ ဖြစ်ရပ်အချက်အလက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆုက်ခွန်း (Prak Sokhonn) ကို တာဝန်ပေးလိုက်ကြောင်း ၂၀၂၂ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူရမယ့် ကမ္ဘောဒီးယားနိုင်ငံက ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အထူးကိုယ်စားလှယ်သစ် ပရက်ဆုက်ခွန်းဟာ သူ့အရင် တာဝန်ယူခဲ့တဲ့ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒါတို အီရီ ဝမ်ယူဆော့ဖ် မလုပ်နိုင်ခဲ့တဲ့ကိစ္စ၊ အထူးသဖြင့် မြန်မာနိုင်ငံအရေးကို ဖြေရှင်းနိုင်ဖို့ အာဆီယံခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး ဘုံသဘောတူညီချက်ငါးရပ် အထမြောက်အောင် ဆက်လက် တာဝန် ယူရမှာပါ။ Download as PDF ∎ ကနဦးသုံးသပ်ချက် စစ်အာဏာသိမ်းပြီး ၁၀ လကျော် ကြာလာပြီဖြစ်တဲ့ မြန်မာ့ အကျပ်အတည်းမှာ ပါဝင်နေသူတွေအနေနဲ့ အခြေအနေဆိုးက ကျော်လွှားဖို့ […]
14 Dec 2021 China Studies တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီနှင့် မြန်မာနိုင်ငံ တရုတ်နည်းတရုတ်ဟန် ဒီမိုကရေစီစနစ်အကြောင်း ဖော်ပြခဲ့တဲ့ စက္ကူဖြူ စာတမ်းတစောင်ကို တရုတ် နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးက ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ခဲ့ပါတယ်။ အမေရိကန်က ဦးဆောင်ပြုလုပ်မယ့် ဒီမိုကရေစီထိပ်သီးညီလာခံ မစခင် ငါးရက်အလိုမှာ အဲဒီလို ထုတ်ပြန်ခဲ့တာပါ။
10 Dec 2021 Conflict, Peace & Security အသံမထွက်ဘဲ ခြောက်ခြားနိုင်စွမ်း၊ မမြင်ရဘဲ အရှိုက်ထိ ထိုးနှက်နိုင်စွမ်း ကနဦးသုံးသပ်ချက် (အမှတ်-၂) ဒီဇင်ဘာ ၁၀ ရက် မြန်မာ့အကြမ်းမဖက်လှုပ်ရှားမှု ∎ ဖြစ်ရပ်အချက်အလက် ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ မြန်မာပြည်တဝှမ်း အသံတိတ် သပိတ်မှောက်ကြပါတယ်။ မြေပြင်မှတ်တမ်းဓာတ်ပုံတွေအရ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှု အားကောင်း တာ၊ လှုပ်ရှားမှုအောင်မြင်တာ တွေ့ရပါတယ်။ လှုပ်ရှားမှုရဲ့ ကြွေးကြော်သံက “ဆိတ်သုဉ်း နေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဆိုတာပဲဖြစ်ပါတယ်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ https://anchor.fm/isp-myanmar/episodes/ep-e1c47qu Download as PDF ∎ ကနဦးသုံးသပ်ချက် အသံတိတ်သပိတ်ရဲ့ အောင်မြင်မှုက စစ်အာဏာသိမ်းမှုကို ဆန့် ကျင်တဲ့ ပြည်သူများရဲ့ သန္နိဋ္ဌာန်နဲ့ ပစ်တိုင်းထောင်လို အလဲအဖြို မခံ ကြံ့ကြံ့ခိုင် ပြန်ရုန်းထနိုင်စွမ်းကို ပေါ်လွင်စေပါတယ်။ ဒီလှုပ်ရှားမှုမှာ ပြည်သှူပါဝင်မှု အရေအတွက်သာမက အရည်အသွေး အရလည်း […]
6 Dec 2021 Conflict, Peace & Security အကျဉ်းချရုံဖြင့် ပျက်ပြယ်မသွားမည့်ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအခန်းကဏ္ဍ ကနဦးသုံးသပ်ချက် (အမှတ်-၁) ∎ ဖြစ်ရပ်အချက်အလက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီရဲ့ အထူးတရားရုံးက ထောင်ဒဏ်လေးနှစ် ချမှတ်လိုက်ပါတယ်။ စစ်ကောင်စီက တရားစွဲထားတဲ့ အမှု ၁၂ ခုထဲက နှစ်ခုနဲ့ အခုလို အမိန့်ချခဲ့တာဖြစ်ပြီး အမှု ၁၀ ခုကို ဆက်လက် တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း နေအိမ် အကျယ်ချုပ် ၁၅ နှစ် ကျော်ထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ အမျိုးမျိုးသုံးပြီး အမှုပေါင်း တဒါဇင်နဲ့ တရားစွဲဆိုခဲ့တာဟာ ဒီတကြိမ် ပထမဆုံးဖြစ်ပါတယ်။ ∎ ကနဦးသုံးသပ်ချက် ဗိုလ်ချုပ်နေဝင်း၊ ဒေါက်တာမောင်မောင်က စလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကနေ ဦးသိန်းစိန်အလယ် ဒီကနေ့ စစ်ခေါင်းဆောင်တွေအထိ ဒေါ်အောင်ဆန်းစုကြည် ပုစ္ဆာဟာ အာဏာရှင်တွေကို ခေါင်းခြောက် စေခဲ့ပါတယ်။ ဒီပုစ္ဆာကို ဘယ်လိုပဲ ရှင်းရှင်း (ဖိနှိပ်ထောင်ချလို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးမှာ ၂၀၀၈ အခြေခံ ဥပဒေ အထိန်းအကွပ်ထဲက အကန့်အသတ်ဘောင်နဲ့ ပြန်ပါခွင့် ပေးတာပဲဖြစ်ဖြစ်) နိုင်လည်းရှုံး၊ ရှုံးလည်း ရှုံး ဆိုသလို နှာခေါင်းကျည်ပွေ့ တွေ့ခဲ့ရတာချည်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ပုစ္ဆာဆိုတာ သူ့အပေါ် ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံမှုနဲ့ နိုင်ငံတကာက လက်ခံ အသိအမှတ် ပြုခြင်းကို ဆိုလိုပါတယ်။ တနည်းအားဖြင့် ၁၉၅၈ ခုနှစ်ကစလို့ စစ်အစိုးရ အဆက်ဆက်မှာ လွတ်လွတ်ကျွတ်ကျွတ် ဘယ်တုန်းကမှ မရဖူးတဲ့ (အာဏာကိုင်စွဲ အုပ်ချုပ်ဖို့ ယုံကြည် အပ်နှင်းခံရမှု legitimacy) ပါပဲ။ အာဏာ သိမ်းထားသူတွေ၊ အာဏာ ရယူလိုသူတွေက ဒီပုစ္ဆာကို မဖြေရှင်းနိုင်သရွေ့ မြန်မာ့နိုင်ငံရေးမှာ လိုရင်းမပေါက်၊ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ ဖြစ်နေမှာပါ။ ဒီလိုပြောလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည် အပ်နှင်းခံရမှု legitimacy ဟာ တသမတ်တည်း ရှိတယ်လို့ မယူဆပါဘူး။ အတက်အကျ၊ အကွေ့အပြောင်း၊ အပွန်းအပဲ့ ရှိတတ်ပါတယ်။ (ဥပမာ- ရိုဟင်ဂျာ အရေး၊ တိုင်းရင်းသား အရေး၊ ငြိမ်းချမ်းရေး စသဖြင့်) အခုလည်းနွေဦးတော်လှန်ရေးမှာ အသစ် အသစ် ပေါ်ထွက်လာတဲ့ နိုင်ငံရေး ဇာတ်ဆောင် ပလေယာ အသစ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား သဘောထားတွေ အံကိုက်လည်း ကျနိုင်သလို၊ အဟတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ- အားလုံးက စစ်ကောင်စီနဲ့ မပူးပေါင်းဘဲ သပိတ်မှောက်ရေး လှုပ်ရှားမှု (CDM) လုပ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီ တရားရုံးကိုအသိအမှတ်ပြုကာ တရားရင်ဆိုင်နေတဲ့အပေါ် မကျေနပ်ကြတဲ့ ပလေယာတွေ ရှိတာကိုလည်း သတိပြုမိကြမှာပါ။ ၁၉၉၀ ပြည့်နှစ်၊ ၂၀ဝ၀ ပြည့်နှစ်တွေနဲ့ မတူတာက ဒီတကြိမ်မှာတော့ အနောက်နိုင်ငံတွေသာမက တရုတ် အပါအဝင် အာဆီယံနိုင်ငံတွေကပါ ဒေါ်အောင်ဆန်းစုကြည်ကို တည်ငြိမ်တဲ့ အပြောင်းအလဲအတွက် လိုအပ်တဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ် ထားကြတာပါ။ အောက်တိုဘာလတုန်းက အာဆီယံ အထူးကိုယ်စားလှယ် ခရီးစဉ် ပျက်ခဲ့တာကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ခွင့်မရခြင်းက အဓိကပါပဲ။ ဒီလို တွေ့ခွင့် မပေးရခြင်းက တရား ရင်ဆိုင်နေရဆဲ ဖြစ်တာကြောင့်လို့ စစ်ကောင်စီက အကြောင်း ပြပါတယ်။ အခု စီရင်ချက် ချပြီးပြီ ဆိုရင် အကျဉ်းထောင်ကိုပို့မလား၊ ပုံစံ တမျိုးမျိုးနဲ့ နေအိမ် အကျယ်ချုပ် ပြန်ထားမလား၊ အရင်ကလို နိုင်ငံတကာ အထူးသံ ကိုယ်စားလှယ်တွေနဲ့ ပြန်တွေ့ခွင့် ပေးမလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကရော မြန်မာ့နိုင်ငံရေး အတွက် အညွှန်းပြုစရာ ပြန်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ https://anchor.fm/isp-myanmar/episodes/ep-e1c2u74 ∎ ဖြစ်တန်ခြေ အကဲဖြတ်ချက် စစ်ကောင်စီ အာဏာသိမ်းခြင်းရဲ့ အရင်းခံ အကြောင်းတခုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ၂၀ဝ၈ ခုနှစ် အခြေခံ ဥပဒေနဲ့ ထိန်းပြီး ဘောင်အတွင်းက ခွင့်ပြုခဲ့တာတောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဩဇာကို မကျော်နိုင်တာ၊ ဒေါ်အောင်ဆန်းစုကြည်ပုစ္ဆာကို မဖြေရှင်းနိုင်ခဲ့တာက အဓိက အကြောင်းတခု ဖြစ်ပါတယ်။ အခုလည်း မြန်မာ့နိုင်ငံရေးဟာသင်ခန်းစာ ကျော်မရတဲ့ စာမေးပွဲလိုပဲ ဒီပုစ္ဆာနဲ့ ပြန်တိုးရဖွယ် ရှိနေပါတယ်။ မြန်မာ့နိုင်ငံရေးကို အဖြေရှာရာမှာ ပုဂ္ဂိုလ်ရေး အားပြုတာကို ကျော်လွန်ပြီလို့ (ဖြစ်လည်း ဖြစ်သင့်သလို) မျှော်လင့်ချင်ကြသူတွေ ရှိစေကာမူ၊ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသရွေ့၊ ဒေါ်အောင်ဆန်းစုကြည် ပုစ္ဆာဟာ တခန်းတကဏ္ဍ ကြီးကြီးမားမား အရေးပါဖွယ် ရှိနေပါသေးတယ်။ စစ်ကောင်စီကအခုလို ထောင်ချ ဖိနှိပ် ကန့်သတ်ခြင်းကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍက ပျယ်ပြယ်သွားမယ့်ပုံ မရှိပါဘူး။ ▂ ယခုဖော်ပြသည့် ISP’s OnPoint ကဏ္ဍတွင် လတ်တလော ဖြစ်ပေါ်နေသော ထူးခြား အရေးပါသည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ဆီလျော်မည့် ကနဦး သုံးသပ်ချက်များကို ကျစ်ကျစ်လျစ်လျစ် ပိုင်းခြားရေးသားပြီး ဖြစ်တန်ခြေများအား ISP-Myanmar ကအကဲဖြတ် ဖော်ပြသွားပါမည်။
21 Oct 2021 Conflict, Peace & Security မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ ✤ မိတ်ဆက် NCA ခြောက်နှစ်ပြည့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အထူးကဏ္ဍ (Special Features) အဖြစ် အကြောင်းအရာ ငါးခုကိုအပိုင်းလိုက်ခွဲ၍ ISP-Myanmar က ဖော်ပြနေခြင်း ဖြစ်ပါသည်။ ပထမဆုံး အနေဖြင့် “မြန်မာ့ငြိမ်းချမ်းရေး ဖြန်တန်ခြေ များအားဖြန့်ထွက် စဉ်းစားခြင်း” (Scenario Thinking) ကို အောက်တိုဘာ ၁၇ ရက်တွင် ဖော်ပြခဲ့ပြီး၊ ယခု “မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်- အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ” အကြောင်း ပိုင်းခြားစိတ်ဖြာသုံးသပ်ချက် (Analysis) ကို ဆက်လက်ဖော်ပြခြင်းဖြစ်သည်။ နောက်ရက်များတွင် “စစ်အာဏာသိမ်းပြီး နောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လှန်ဆန်းစစ်သော မေးခွန်း ၇ ခု” (Key Questions) ကို ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ၊ သုတေသီများနှင့် လေ့လာသုံးသပ်သူများအား ISP-Myanmar က မေးမြန်းထားပြီး၊ ၎င်းတို့၏ ဖြေဆိုမှုများကို ဖော်ပြသွားရန်ရှိပါသည်။ ထို့နောက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သိထားသင့်သော ဒေတာအချက်အလက်များအား စုစည်းဖော်ပြမည့် Visual Story နှင့် သိသင့်သမျှအကြောင်းချင်းရာ (Backgrounder) တို့ကိုလည်း ထပ်မံဖော်ပြသွားမည် ဖြစ်သည်။ ➤ ယခု ဖော်ပြချက်ကို PDF file ဖြင့် Download ရယူနိုင်ပါသည်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ ➥ “NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း” ကို ယခု link တွင် ဖတ်ရှုနိုင်ပါသည်။ ∎ အနှစ်ချုပ် ╸မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော် ကြာပါပြီ။ နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဆိုရင်ပဲ ၂၀၁၁ ခုနှစ်ကနေ စတင် ရေတွက်ရင် ၁၀ နှစ် ရှိခဲ့ပါပြီ။ ဒီအခြေအနေမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ၊ သပိတ်တွေ အကြမ်းဖက် ချေမှုန်းခံရ ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ပဋိပက္ခက အဆင့်သစ်တခုသို့ တိုးမြင့်သွားတယ်လို့ ဆိုနိုင်ပါတယ်။ ရွေးကောက်ခံ တရားဝင်မှု အပေါ် အခြေခံ ဖွဲ့စည်းခဲ့တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပေါ်ထွက်လာသလို၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တွေလည်း ဦးဆောင်မှု ပုံစံအမျိုးမျိုးနဲ့ ပေါ်ပေါက်လာပြီးတက်ကြွသူ လူငယ် အများစုက လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ် ခဲ့ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ပဋိပက္ခဖြစ်စဉ်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အသစ်သော အင်အားစုများအဖြစ် သတ်မှတ်နိုင်သလို လက်နက်ကိုင် တိုက်ပွဲကြီး/ ငယ်တွေလည်း ပြန်၍ ဖြစ်ပေါ်နေပါတယ်။ ╸စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ငါးလကြာ (၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့အထိ) ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။ အခု ကြေညာမှုဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာကစပြီး ရေတွက်ရင်အကြိမ် ၂၀ မြောက် အပစ်ရပ်သက်တမ်းတိုး ကြေညာခြင်း ဖြစ်ပါတယ်။ ကြေညာချက်မှာတော့ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက် ကပ်ဘေးကို ထောက်ထားသောအားဖြင့် အပစ်ရပ်ကြဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ တောင်းဆိုမှုကို တုံ့ပြန်တယ်လို့ဖော်ပြထားပါတယ်။ လေးလကြာ အပစ် ရပ်စဲကြဖို့ နှစ်ဖက်သော အင်အားစုတွေကို အာဆီယံ အထူးကိုယ်စားလှယ်က တောင်းဆိုထားတာကို တုံ့ပြန်ပုံလည်း ရပါတယ်။ ╸အပစ်ရပ် ကြေညာချက်အသစ်က တိုင်းရင်းသား လက်နက်ကိုင် အင်အားစု (EAO) တွေကို ဦးတည် ပစ်မှတ်ထားပုံ ရပြီး၊ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ NUGနဲ့ PDF စတဲ့ အင်အားစု အသစ်များ ပါဝင်ပုံ မရပါဘူး။ ဒါကြောင့် အခုတကြိမ် အပစ်ရပ် ကြေညာချက်ဟာလည်း ပဋိပက္ခတွေ ပြေငြိမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး (Dialogue) ဆီ မရောက်နိုင်ဘူးလို့ သုံးသပ်နိုင်ပါတယ်။ ╸တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) က အရင် အခြေအနေအဟောင်း ဖြစ်ပြီး လက်မှတ် ထိုးထားတဲ့ EAO တွေကိုတောင် နိုင်ငံရေးအရ စည်းရုံး ဆွဲဆောင်နိုင်စွမ်း နည်းပါးပါတယ်။ NCA ပြင်ပမှာရှိတဲ့ တိုင်းရင်းသား အဖွဲ့တွေ၊ အသစ်သော လက်နက်ကိုင် အန်တုသူ အင်အားစုတွေအတွက်လည်း လွှမ်းခြုံနိုင်မှု မရှိပါဘူး။ ╸စစ်ကောင်စီအနေနဲ့ အရင် အင်အားစုဟောင်းတွေ (Old Players) နဲ့ အခင်းအကျင်းအဟောင်းကို လက်ခံ ညှိနှိုင်း နိုင်တယ်လို့ယူဆရပေမဲ့ အင်အားစုသစ်များနဲ့ အသစ်သော အခြေအနေအတွက်တော့ မဟာဗျူဟာ စဉ်းစားထားပုံ မရပါဘူး။ ╸မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပြည်တွင်း အင်အားစုများရဲ့ သဘောထားနဲ့ ဆောင်ရွက်ချက်တွေသာမက အိမ်နီးချင်း နိုင်ငံများရဲ့ ပထဝီ နိုင်ငံရေးအကျိုးစီးပွားများဟာလည်း ထည့်သွင်း စဉ်းစားရတဲ့ အချက်ဖြစ်ပါတယ်။ အထူးသဖြင့် အခု ကာလလိုအင်အားစု အသစ်တွေ ပေါ်ထွန်းနေတဲ့ ကာလ၊ တိုင်းပြည် တခုလုံးနဲ့ချီတဲ့ နိုင်ငံရေး ဦးတည်ရာ လမ်းကြောင်း ပုံမပေါ်လွင်သေးတဲ့ကာလမှာ “အညှီရှိ၊ ယင်အုံ” ဆိုသလို ပထဝီနိုင်ငံရေး ပယောဂ တွေက ပိုပြင်းထန် တတ်ပါတယ်။ ∎ နိဒါန်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပါပြီ။ နောက်ဆုံးအကြိမ် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး ကြိုးပမ်းမှုကပဲ ဆယ်စုနှစ် တခု ရှိလာခဲ့ပါပြီ။ အောက်တိုဘာ ၁၅ ရက်မှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်တာ ခြောက်နှစ် သက်တမ်း ပြည့်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ အခြေအနေအသစ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေးလုပ်ခဲ့တဲ့ အကြမ်းမဖက် ဆန္ဒပြပွဲနဲ့ သပိတ်တွေကို စစ်ကောင်စီက အကြမ်းဖက် ချေမှုန်းခဲ့ပါတယ်။ စစ်ကောင်စီက အကြမ်းမဖက် လှုပ်ရှားမှုတွေကို ရက်စက်စွာ ချေမှုန်း ဖြိုခွဲခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ စာရင်းများအရ (၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်အထိ) အကြမ်းမဖက် ဆန္ဒပြသူ ပြည်သူ ၁,၁၈၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒီကာလမှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်တချို့က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ဖွဲ့စည်းခဲ့ကြပါတယ်။ အကြမ်းမဖက် လူထုဆန္ဒပြပွဲတွေ အကြမ်းဖက် ချေမှုန်း ခံရပြီးတဲ့နောက် တက်ကြွသူ လူငယ်အများစုက လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ်ခဲ့ကြပါတယ်။ NUG အစိုးရက ဖက်ဒရယ် တပ်မတော်ရဲ့ ရှေ့ပြေးအဖြစ် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကို ဖွဲ့စည်း ထူထောင်ခဲ့ပြီး၊ အမည် အမျိုးမျိုးနဲ့ ဒေသစုံမှာလည်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေ၊ ဒေသဆိုင်ရာ ခုခံရေးတပ် (LDF) တွေ ပေါ်ပေါက်လာပါတယ်။ ဂျပန်အခြေစိုက် Nikkei Asia သတင်းဖော်ပြချက်တွေအရNUG က ပြည်သူ့ ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင် ၈,၀၀၀ ကျော်ကို လေ့ကျင့်သင်တန်း ပေးထားတယ်လို့ ဖော်ပြပါတယ်။မြန်မာနိုင်ငံရဲ့ ပဋိပက္ခနဲ့ တိုက်ခိုက်မှုများအပေါ် အနီးကပ် လေ့လာ နေကြသူတွေ ခန့်မှန်းချက်အရ နိုင်ငံအနှံ့မှာ PDF တပ်ဖွဲ့ပေါင်း၁၂၀ မှ ၃၀၀ အကြား ရှိနိုင်ပြီး၊ အင်အားအရ ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ရှိနိုင်တယ်လို့ တွက်ဆကြပါတယ်။ ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို ၂၀၁၁ ခုနှစ် ဩဂုတ်မှာ စတင်ကြေညာပါတယ်။ နောက်ပိုင်းမှာ EAO ၁၅ ဖွဲ့နဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွေက တဆင့် နှစ်ဖက် အပစ်ရပ်မှု သဘောတူညီနိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို နိုင်ငံတကာ အသိသက်သေများ ရှေ့မှောက်မှာ လက်မှတ်ထိုး သဘောတူနိုင်ခဲ့ပါတယ်။အစောပိုင်းမှာ EAO ရှစ်ဖွဲ့နဲ့၊ ၂၀၁၈ ခုနှစ်မှာ နောက်ထပ် နှစ်ဖွဲ့ ထပ်တိုးပြီး စုစုပေါင်း EAO ၁၀ ဖွဲ့နဲ့ NCA သဘောတူညီချက် ရရှိခဲ့ပါတယ်။ NCA သဘောတူညီချက်အရ နိုင်ငံရေးဆွေးနွေး အဖြေရှာမှုအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) [နောက်ပိုင်း NLD အစိုးရလက်ထက်မှာ၂၁ ရာစုပင်လုံ- ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအဖြစ် ပြောင်းလဲ ခေါ်ဆိုခဲ့ပါတယ်] ကို ငါးကြိမ် ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူညီချက်မှာ ထည့်သွင်းဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူ ၇၁ ချက် ရခဲ့ပါတယ်။ ဒါပေမဲ့ NCA သဘောတူညီမှု ပြင်ပမှာ အင်အားကြီးတဲ့ EAO အဖွဲ့တွေ ဆက်လက် ကျန်ရှိနေဆဲ ဖြစ်ပြီး၊ NLD အစိုးရ လက်ထက်မှာပဲ အင်အားကြီးမားလာတဲ့ ရက္ခိုင့်တပ်တော် (ULA/AA) နဲ့ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ်မှာ ရက္ခိုင့် တပ်တော် (AA) ကို အစိုးရနဲ့ တပ်မတော်က အကြမ်းဖက်အဖွဲ့ အစည်းအဖြစ်ကြေညာခဲ့ပါတယ်။ (စစ်အာဏာ သိမ်းအပြီး ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်မှာတော့ AA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ်ကနေ စစ်ကောင်စီက ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်) ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း NUG အစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ၊ ဒေသဆိုင်ရာ ခုခံရေးတပ်(LDF) တွေ ပေါ်ပေါက် လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှည်ကြာတဲ့ ပြည်တွင်းစစ်အတွက် အင်အားစုသစ်တွေ ထပ်တိုးလာခြင်းပဲဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီက အချိန်တိုအတွင်းမှာပဲ ၂၀၂၁ ခုနှစ် မေ ၁၀ ရက်မှာ NUG၊ CPRH နဲ့ PDF တွေကို“အကြမ်းဖက် အဖွဲ့အစည်း”အဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။ NUG အစိုးရကလည်း ပြည်သူတရပ်လုံး ခုခံစစ်အဖြစ် အုံကြွတော်လှန်ကြဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ တိုက်တွန်း ကြေညာခဲ့ပါတယ်။ ဒီနောက်ပိုင်း ပဋိပက္ခ တင်းမာမှု ပိုမို မြင့်မားလာပြီး နိုင်ငံတကာရဲ့ လိုလားချက်တခု ဖြစ်တဲ့ တွေ့ဆုံညှိနှိုင်း ပြေလည်နိုင်တဲ့ အခြေအနေက လတ်တလော အနေအထားမှာ မရှိသေးပါဘူး။ ∎ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၂၀၁၁ ခုနှစ် ဩဂုတ်မှာ သမ္မတ ဦးသိန်းစိန် စတင် ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အစိုးရနှစ်ဆက် ဆယ်စုနှစ်တခုတိုင်ခဲ့ပါပြီ။ ဆယ်နှစ်တာ ကာလအတွင်း တည်ငြိမ်ဖွံ့ဖြိုးမှု တစုံတရာနဲ့ NCA စာချုပ်ကို EAO အဖွဲ့ ၁၀ ဖွဲ့နဲ့ သဘောတူညီခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ရဲ့ ရေသောက်မြစ် အကြောင်းတရား ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလို့ ပြောနေပေမဲ့ NCA ပြင်ပမှာ လက်နက်ကိုင်အဖွဲ့ကြီးတွေ မပါဘဲ ကျန်နေပါသေးတယ်။ ၂၀၁၁ ခုနှစ်ကနေစတင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာလည်း ရေရှည်ကြာလွန်းတဲ့ လုပ်ငန်းစဉ် (Protracted Peace Process) ဖြစ်လာပါတယ်။နိုင်ငံတကာ သုတေသန စာပေများအရ ရှည်ကြာလွန်းတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဟာ အစိုးရတွေရဲ့ ဦးဆောင်မှု၊စွမ်းဆောင်နိုင်စွမ်း အပေါ်မူတည်ပြီး အတက်အကျ ရှိတတ်ပါတယ်။ ပြန်ပြီး ပျက်ပြယ် တတ်ကြတာလည်း ရှိပါတယ်။ ပဋိပက္ခများဆီ တကျော့ပြန်ပြီး လည်သွားကြတာလည်း ရှိတတ်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေကြပေမဲ့ ပစ်ခတ်မှုတွေ ငြိမ်းမသွားပါဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က “ငြိမ်းချမ်းရေးမရှိသော လုပ်ငန်းစဉ်” ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ စေ့ဆော်မှုတွန်းအား မီးပေါင်ကျလာပြီး၊လက်မှတ် ရေးထိုးထားတဲ့ EAO တွေအတွက်လည်း မက်လုံးမရှိ ဖြစ်လာပါတယ်။ NCA သဘောတူညီချက် ပြင်ပမှာ အင်အားကြီးမားတဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) စတဲ့ အဖွဲ့အစည်းတွေ ရှိနေကြပါတယ်။ NCA သဘောတူညီချက်ဟာ ဘယ်သော အခါကမျှ အင်အားစုအားလုံးကို လွှမ်းခြုံတဲ့ သဘောတူညီချက် (all-inclusive pact) တခု မဖြစ်ခဲ့ပါဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေတဲ့ ကာလအတွင်းမှာပဲ အောက်ခြေပြည်သူ လူထုတွေအတွက် “နေ့စဉ်ဘဝ ငြိမ်းချမ်းရေး” ပျောက်ဆုံးနေရပါတယ်။ ပြည်တွင်းစစ်ရဲ့ ရေသောက်မြစ် ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်များအတွင်းပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) ငါးကြိမ် ကျင်းပနိုင်ခဲ့ပါတယ်။ ပြည်ထောင်စု သဘောတူညီချက် (Union Accords) တနည်းပြောရရင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံ နိုင်ငံရေး သဘောတူညီချက် ၇၁ ချက် ရရှိခဲ့တယ်လို့ဖော်ပြကြပါတယ်။ ဒါပေမဲ့ လုံခြုံရေးနဲ့ တပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အစပျိုးတောင် သဘောတူနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒါအပြင် နယ်စည်းပိုင်းခြား သတ်မှတ်ရေး (demarcation) သဘော တူညီချက်တွေကို သဘောတူနိုင်ခဲ့တာ မရှိတော့ ဒီအချက်တွေကြောင့်ပဲ လက်နက်ကိုင် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှု မတိုင်မီ၊ အရင် NLD အစိုးရ လက်ထက်ကတည်းကငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကြန့်ကြာ တစ်ဆို့နေမှုတွေ ရှိခဲ့ပါတယ်။ တချို့သောသူများက ‘NCA ဟာ သေဆုံးပြီ’ လို့ ပြောခဲ့ကြပါတယ်။ ∎ NCA သဘောတူညီချက် ငြိမ်းချမ်းရေးအတွက် အာမခံချက်လော၊ ထောင်ချောက်လော NCA အတွက် ညှိနှိုင်း ဆွေးနွေးကြရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ ကိုယ်စားလှယ် Nationwide Ceasefire Coordination Team (NCCT) နဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) တို့ အကြား လပေါင်း ၅၀ ကျော်နဲ့ ဆွေးနွေးပွဲပေါင်း ၂၅၀ ကျော် ပြုလုပ် ညှိနှိုင်းခဲ့ကြရပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပြည်တွင်း အင်အားစုများ ကိုယ်တိုင်ကြိုးပမ်းမှု (Home-Grown) နဲ့ အစိုးရ-EAOs-နိုင်ငံရေး ပါတီများရဲ့ ဖက်စပ် လုပ်ငန်းစဉ် (Joint Venture) အဖြစ် ဂုဏ်ယူ ပြောဆို ခဲ့ကြပါတယ်။ မြန်မာစစ်တပ်ရဲ့ အမြင်မှာတော့ NCA သဘောတူညီချက်ဟာ တိုင်းရင်းသား အုပ်စုတွေဘက်က စတင် အဆိုပြုတာ၊ ဒါကို သူတို့ဘက်က လက်ခံ စဉ်းစားပေးတာ ဖြစ်ပြီး၊ နောက်ဆုံး တပ်မတော်-EAOs-နိုင်ငံရေးပါတီများ အားလုံးရဲ့ သဘောတူညီချက်အဖြစ် မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ NCA နဲ့ပြည်ထောင်စု သဘောတူညီချက်တွေကို ပြည်ထောင်စု လွှတ်တော်ကပါ တရားဝင် အတည် ပြုပေးထားပါတယ်။ ဒါကြောင့်ပဲအကယ်၍ ပြန်လည် ပြင်ဆင်မယ်ဆိုရင် အင်အားစုအားလုံးက ပြန်ပြီး သဘောတူညီ၊ လွှတ်တော်ကို နောက်တကြိမ် ပြန်ဖြတ်ရမယ်လို့ မြင်ကြပါတယ်။ NCA ကို ပထမဆုံးအကြိမ် အပြည့်စုံဆုံး ငြိမ်းချမ်းရေး သဘောတူညီချက်လို့ ဂုဏ်တင် ပြောဆိုကြတာလည်း ရှိပါတယ်။ နိုင်ငံတကာ အသိသက်သေများ ရှေ့မှောက်မှာ လက်မှတ်ရေးထိုး သဘောတူ ထားကြတာ ဖြစ်ပါတယ်။ NCA ဟာ အရေးပါတဲ့ အဖွဲ့အစည်းစနစ်- အင်စတီကျူးရှင်း (institution) တခုလို့ ယူဆနိုင်ပြီး၊ အကယ်၍ NCA မရှိတော့ဘူးဆိုရင်နောက်ထပ် အစား ထိုးစရာ၊ စည်းနှောင်ထားမှု တစုံတရာရှိတဲ့ အထောက်အထား မှတ်တမ်းတခုခု မရှိတော့တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ NCA သဘောတူညီချက်အပေါ် အကောင်အထည်ဖော်မှု အားနည်းလွန်းခြင်းက လက်တွေ့ပြဿနာ ဖြစ်ခဲ့ပါတယ်။ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းမှုတွေကို စလုံးရေ စ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။ တပ်ဖွဲ့တွေအကြား နယ်စည်းသတ်မှတ်မှု (demarcation) အတွက်လည်း စစ်တပ်ဘက်က ဆွေးနွေးလိုစိတ် မရှိသလို၊ အရပ်သား အစိုးရကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ဖို့ ဦးဆောင်နိုင်စွမ်း မဲ့နေခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်ပဲ NLD အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မချောမွေ့မှုတွေ၊ တစ်ဆို့မှုတွေ ရှိခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ ရွေးကောက်ခံ အရပ်သားအစိုးရနဲ့ လွှတ်တော်တွေကို စစ်ကောင်စီကဖျက်သိမ်းခဲ့ပါတယ်။ NCA လုပ်ငန်းစဉ်မှာ အရေးပါတဲ့ အင်အားစုတွေ မရှိတော့တဲ့အခါ လုံးဝရပ်ဆိုင်းသွားပါတယ်။ NCA စာချုပ်အရ ဖွဲ့စည်း တည်ဆောက်ထားမှုတွေ ဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ NCA ပူးတွဲအကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) စတာတွေလည်း အားလုံး မရှိတော့သကဲ့သို့၊ ရှေ့မဆက်နိုင်ဘဲရပ်ဆိုင်းခဲ့ပါတယ်။ အရင်ကာလက ငြိမ်းချမ်းရေးကို အဓိကဆောင်ရွက်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ပြီး၊ အစားထိုးအနေနဲ့ ဗိုလ်ချုပ်ကြီးရာပြည့်ကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်စေတဲ့အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီလိုဖွဲ့ခဲ့ပေမဲ့ NCA အကောင်အထည်ဖော်မှုက အာဏာသိမ်းပြီး ရှစ်လကြာတဲ့ အထိ အကောင်အထည် ပေါ်မလာပါဘူး။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့ ဦးတည်ချက် ကိုးရပ်မှာ NCA နဲ့ ထာဝရ ငြိမ်းချမ်းရေးစတဲ့ ဝေါဟာရတွေကို ထည့်သွင်းဖော်ပြထားဆဲ ရှိပါတယ်။ NCA သဘောတူညီချက်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အသစ်သော အင်အားစုတွေ၊ အသစ်သော အခြေအနေတို့ အတွက်ထည့်သွင်း စဉ်းစားထားတာမျိုး မရှိဘူးလို့ ယူဆထားနိုင်ပါတယ်။ ဒါတင်မက ၂၀၂၁ ခုနှစ် မေ ၁၀ ရက်မှာ စစ်ကောင်စီက စောစီးစွာပဲ NUG၊ CPRH နဲ့ PDF တွေကို “အကြမ်းဖက် အဖွဲ့အစည်း” များအဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။ ဒီအချက်က ညှိနှိုင်းဆွေးနွေးရေးအတွက် တံခါး ပိတ်လိုက်သလို ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ငါးလကြာ (၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့အထိ) ရပ်ဆိုင်းထားမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။လက်ဟောင်း အင်အားစု EAO တွေ (လက်မှတ် ရေးထိုးထားသူရော – မထိုးထားသူပါ Signatories and Non-signatories) အတွက်ရည်ရွယ်ထားပုံ ရပါတယ်။ အသစ်သော အင်အားစုများအတွက် ထည့်သွင်း စဉ်းစားထားခြင်း မရှိဘူးလို့ တွက်ဆနိုင်ပါတယ်။အသစ်သော အခြေအနေ၊ အသစ်သော အင်အားစုများ အတွက် စစ်ကောင်စီက အခုချိန်မှာ လုပ်နေတဲ့၊ အရင်ကလည်း EAO တွေကို လုပ်ခဲ့ဖူးတဲ့“ငြိမ်ဝပ်ပိပြားရေး၊ ချေမှုန်းရေး” ကလွဲလို့ အခြား မဟာဗျူဟာ စဉ်းစားနိုင်စွမ်း ကင်းမဲ့နေတယ် ယူဆနိုင်ပါတယ်။ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဟန့်အတားကြီးတခု ဖြစ်လာနိုင်ပါတယ်။ ∎ အသစ်သော အင်အားစုများ၊ အသစ်သော အခြေအနေ […]
17 Oct 2021 Conflict, Peace & Security NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း ✤ မိတ်ဆက် NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အထူးကဏ္ဍ (Special Features) အဖြစ် အကြောင်းအရာ ငါးခုကိုISP-Myanmar က ဖော်ပြရန် ရှိပါသည်။ ယခု ပထမဆုံးအနေဖြင့် “မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း” (Scenario Thinking) ကို စတင်ဖော်ပြခြင်း ဖြစ်သည်။ ယင်းနောက် “မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် – အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ” အကြောင်း ပိုင်းခြား စိတ်ဖြာ သုံးသပ်ချက် (Analysis) ကို ဆက်လက် ဖော်ပြရန်ရှိပါသည်။ ထိုဖော်ပြချက် အပြီးတွင် “စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လှန်ဆန်းစစ်သောမေးခွန်း ၇ ခု” (Key Questions) ကို ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ၊ သုတေသီများနှင့် လေ့လာ သုံးသပ်သူများအား ISP-Myanmar က မေးမြန်းထားပြီး၊ ၎င်းတို့၏ ဖြေဆိုမှုများကို ဖော်ပြသွားရန် ရှိပါသည်။ ထို့နောက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သိထားသင့်သော ဒေတာ အချက်အလက်များအား စုစည်းဖော်ပြမည့် Visual Story နှင့် သိသင့်သမျှ အကြောင်းချင်းရာ (Backgrounder) တို့ကိုလည်း ထပ်မံ ဖော်ပြသွားမည် ဖြစ်သည်။ ➤ ယခု ဖော်ပြချက်ကို PDF file ဖြင့် Download ရယူနိုင်ပါသည်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ ✤ ဖြစ်တန်ခြေ ဖြန့်ထွက်စဉ်းစားခြင်းISP-Myanmar က ဖော်ပြမည့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်တန်ခြေများကို ဖြန့်ထွက် စဉ်းစားခြင်းတွင် ပါဝင်သည့် အကြောင်းပြယူဆချက်များနှင့် ဆက်နွယ်သက်ရောက်မှုများသည် မလွဲမသွေ မုချ ဖြစ်မည် ဆိုသော အပြီးအပြတ် သဘော မဆောင်ဘဲ၊အနာဂတ် ရည်မှန်းချက်သို့ ရောက်ရှိနိုင်ရန် ပစ္စုပ္ပန်အခြေအနေနှင့် ချိတ်ဆက် စဉ်းစားရာ၌ အညွှန်း ပြုစရာအဖြစ် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ ယခု ဖော်ပြထားသော ဖြစ်တန်ခြေ ဖြန့်ထွက် စဉ်းစားခြင်းနှင့် ပတ်သက်၍ အထောက်အထားသစ်များ ပေါ်ထွက်လာသည်နှင့် အမျှ ပြန်လည် သုံးသပ် ဖြည့်စွက်မှုများ ပြုလုပ်သွားပါမည်။မည်သည့် နယ်ပယ်အတွက်မဆို ဖြစ်တန်ခြေကို လေ့လာရာ၌ အနာဂတ်ဟောကိန်း သဘောထက် အကြောင်းပြ ယူဆချက်များအား အချက်အလက် အထောက်အထားများဖြင့် ဆန်းစစ်ပြီး၊ အထောက်အထား အားကောင်းပါက အားကောင်း လာသလောက်ဖြစ်တန်ခြေ ပို၍ နီးစပ်လာနိုင်မည့် အညွှန်းပြဆိုချက်များ အဖြစ် လေ့လာသင့်ပါသည်။ အထောက်အထား ကျိုးကြောင်းယုတ္တိကိုဖော်ထုတ် ပိုင်းခြား ဆန်းစစ်ပြီး ဖြစ်တန်ခြေကို ကြိုတွေးဆခြင်း နှင့် အကျိုးဆက်များအား ပုံဖော်ကြည့်ခြင်းသာ ဖြစ်ပါသည်။ဘက်အသီးသီးက မူဝါဒ ချမှတ်သူများ သာမက ပြည်သူများ အနေဖြင့်ပါ မိမိတို့ မျှော်မှန်းသော ဖြစ်တန်ခြေ အနာဂတ်မှ ယခု ဖြစ်နေသော ပစ္စုပ္ပန်သို့ ပြန်စုန်ဆင်းပြီး လိုအပ်သည့် အကြောင်းတရားများ ပြည့်စုံအောင် တည်ဆောက်ယူရင်း ရေဆန်ကို မည်သို့လှန်တက် မည်နည်း၊ ဦးတည်သော ပန်းတိုင်သို့ မည်သည့် နည်းလမ်းဖြင့် ရောက်နိုင်မည်နည်း စသဖြင့် မဟာဗျူဟာမြောက် ဦးနှောက်မုန်တိုင်းဆင်နိုင်ရန်၊ စီမံကိန်းများ ချမှတ်နိုင်ရန်အတွက် ဖြစ်တန်ခြေ တွေးတောပုံများက အထောက်အကူ ဖြစ်စေနိုင်ပါသည်။ ∎ အနှစ်ချုပ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ခြောက်နှစ် ပြည့်ချိန်မှာပဲ မြန်မာနိုင်ငံ နေရာအနှံ့ လက်နက်ကိုင် တိုက်ပွဲ ကြီးငယ်တွေ၊ စစ်ရေး ပြင်ဆင် လှုပ်ရှားမှုတွေ၊ တင်းမာမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို NLD အစိုးရ လက်ထက် ၂၀၂၀ ပြည့်နှစ် ဩဂုတ်မှာ နောက်ဆုံး လုပ်ခဲ့ပေမဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာကတည်းက NCA အခြေပြု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်မှုဟာ အကျပ်ဆိုက် (deadlock) အခြေအနေ ကြုံနေခဲ့ရတာ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း (စာချုပ်အဖြစ် မည်ကာမတ္တ ကျန်နေပေမဲ့) NCA အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ် အားလုံး ရပ်တန့် သွားပါတယ်။NCA လုပ်ငန်းစဉ် အကောင်အထည် ဖော်ရာမှာ ရှိရမယ့် အစုအဖွဲ့ ကိုယ်စားပြုမှု၊ ယန္တရား လည်ပတ်ပုံ ဒါတွေကလည်း စစ်အာဏာသိမ်းမှုကြောင့် ပျက်သွားပါတယ်။ NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (NCA-S EAO) တွေက တဖွဲ့ချင်းရော၊ အစုအဖွဲ့ အနေနဲ့ပါ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ထားပါတယ်။ မြေပြင်မှာလည်း ကချင်လွတ်လပ်ရေး အဖွဲ့ (KIO/KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ တချို့တို့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲ အပြင်းအထန် ဖြစ်နေပါတယ်။ တခါ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ရဲ့ တိုက်ပွဲဆင်မှုတွေကို ပြန်မြင်နေရပါတယ်။ ရှမ်းပြည်နယ်မှာတော့ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နဲ့ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့အကြား တိုက်ပွဲတွေ ပိုဖြစ်နေပါတယ်။ ဒါပေမဲ့ အာဏာမသိမ်းခင် အချိန်က တပ်မတော်နဲ့ အပြင်းအထန် တိုက်ပွဲဆင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားမှု မရှိတော့ဘဲ အပစ်ရပ်နေပါတယ်။ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အနောက်မြောက် လွင်ပြင်ဒေသ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်း ဒေသတွေမှာလည်း ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။ မြန်မာ့ ငြိမ်းချမ်းရေး ရှေ့ဆက် ဖြစ်တန်ခြေတွေကို (အပြီးအပြတ် သဘော မဆောင်ဘဲ ဆက်လက် စဉ်းစားနိုင်ရန် အညွှန်းပြုစရာ အဖြစ်) ပိုင်းခြားရာမှာ အောက်ထစ် ဖြစ်တန်ခြေ (Baseline Scenario) ၊ အဆိုးရွားဆုံး ဖြစ်တန်ခြေ (Worst-Case Scenario) နဲ့ ရလဒ်ကောင်း ထွက်ရန် အားထုတ်မှု၏ ဖြစ်တန်ခြေ (Intervention Scenarios) စသဖြင့် သုံးပိုင်းခွဲပြီး ISP-Myanmar က သုံးသပ်ပါတယ်။ ၁။ အောက်ထစ်ဖြစ်တန်ခြေ (Baseline Scenario) က စစ်ကောင်စီအနေနဲ့ NCA အပေါ် အခြေခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆက်ထိန်းထားရင်း၊ လက်မှတ် ထိုးမထားတဲ့ EAO တွေနဲ့ တဖွဲ့ချင်း ဖြစ်ဖြစ်၊ အုပ်စုလိုက် ဖြစ်ဖြစ် သီးသန့် သဘောတူညီချက် ယူပြီး ပဏာမ လက်မှတ် ရေးထိုးနိုင်ဖို့ ကြိုးပမ်းတာမျိုး ရှိလာနိုင်ပါတယ်။ ဖြစ်တန်ခြေ ၄၀ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ သတ်မှတ်ပါတယ်။ ၂။ အဆိုးရွားဆုံး ဖြစ်တန်ခြေ (Worst-Case Scenario) က အရင် ရှိထားပြီးဖြစ်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အနှစ်သာရ အရရော၊ အကောင်အထည် ဖော်ရေး လုပ်ငန်းစဉ် အရပါ အဆုံးသတ် သွားမယ်၊ ပျက်စီးသွားမယ်။ စစ်ကောင်စီ တပ်တွေနဲ့ EAO များ၊ PDF များအကြား ကြီးမားတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာပြီး ပြည်တွင်းစစ် ပိုမို ကျယ်ပြန့် လာနိုင်ပါတယ်။ ဖြစ်တန်ခြေ ၃၀ရာခိုင်နှုန်း ရှိနိုင်တယ်လို့ သတ်မှတ်ပါတယ်။ ၃။ ရလဒ်ကောင်း ထွက်ဖို့ အားထုတ်မှု ဖြစ်တန်ခြေတွေ (Intervention Scenarios) မှာ နှစ်ပိုင်း ရှိနိုင်ပါမယ်။ ပထမတခုက နိုင်ငံတကာ (အထူးသဖြင့် တရုတ်ထောက်ခံမှုနဲ့) ကြားဝင်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကိုချိတ်ဆက် ဖြေရှင်းပေးတာ ဖြစ်ပါတယ်။ ဒုတိယ တခုက အဓိက EAO တွေ၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့ PDF တွေပူးပေါင်းပြီး “တပ်ပေါင်းစု” နဲ့ စစ်ကောင်စီကို အနိုင်ယူ အောင်ပွဲခံတာ ဖြစ်ပါတယ်။ ပထမအချက်က ၂၀ ရာခိုင်နှုန်း ရှိနိုင်ပြီး ဒုတိယ အချက်က ၁၀ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ သတ်မှတ်ပါတယ်။ ∎ နောက်ခံအခြေအနေ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ဆက်စပ် အခြေအနေ (context) ကိုကြည့်ရင် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၉ ရက် မှာ ၂၁ ရာစုပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (စတုတ္ထအစည်းအဝေး) လုပ်ခဲ့ပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အကျပ်ဆိုက်မှု (deadlock) ပြေလည်ခြင်း မရှိဘဲ ဆက်ရှိနေခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း လုပ်ငန်းစဉ် သုံးရပ်ပါတဲ့ ငြိမ်းချမ်းရေး အစီအစဉ်သစ်ကို ၂၀၂၀ ပြည့်နှစ်အလွန်မှာ အကောင်အထည်ဖော်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တခုလုံး ရပ်ဆိုင်းသွားပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဒီဇိုင်း (design) ပိုင်းမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုယ်တိုင်က အားနည်းချက် ဖြစ်ခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆုံးဖြတ်ချက်တွေ အတွက် အရေးပါတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာပင်လျှင် တိုင်းရင်းသားတွေရဲ့ သဘောထား၊ ဆွေးနွေးချက်၊ လိုလားချက်တွေ လျစ်လျူရှုခံရတာ ရှိခဲ့ပါတယ်။ အဆိုးဆုံးက လုံခြုံရေး ကဏ္ဍ ဆွေးနွေးချက်တွေ ရှေ့မရောက်တဲ့အပြင် သဘောတူညီချက်တခုမှလည်း မရခဲ့ပါဘူး။ တဖက်မှာလည်း အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်မှု ပူးတွဲ ကော်မတီ (JMC) ယန္တရား ဟာ လုပ်ငန်းဆောင်ရွက်မှု လမ်းညွှန်ချက်၊ မူဘောင်တွေနဲ့ ရှုပ်ထွေးခဲ့ပြီး လက်တွေ့ကျတဲ့ ဖြေရှင်းပေးမှုတွေ အသက် မဝင်ခဲ့ပါဘူး။ ဒါ့အပြင်တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကျပ်ဆိုက်မှု (deadlock) ကို ဖြေရှင်း ပေးနိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ်။ NCA ပြင်ပကနေ ဖြေရှင်းဖို့ ကြိုးစားမှုအဖြစ် လုပ်ခဲ့တဲ့ ၁၀+၁၀ လို ထိပ်သီး အစည်းအဝေးကလည်း အလုပ် မဖြစ်ခဲ့ပါဘူး။ NCA ကိုပဲ အခြေပြုပြီး ဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်တာကြောင့် NCA ထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပါဝင်နိုင်ဖို့ နေရာ မရှိခဲ့တာလည်း ပြဿနာတခု ဖြစ်ခဲ့ပါတယ်။ ဒါကို NCA ပြင်ပ သီးသန့် စာချုပ် ဒါမှမဟုတ် သဘောတူညီမှု ယူပြီး ဖြေရှင်းနိုင်ရေးလမ်းစ ဖော်တာမျိုး ရှိခဲ့ပေမဲ့ အပြီးမသတ် နိုင်ခင်မှာပဲ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ပိုပြီး ရှုပ်ထွေးတဲ့ အခြေအနေ ဖြစ်လာပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် NCA အခြေခံတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရပ်တန့်သွားပြီး အသစ်အသစ်သော အင်အားစုတွေနဲ့ အခင်းအကျင်း သစ်တွေ ဖြစ်လာပါတယ်။ NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) တွေက တဖွဲ့ချင်းရော၊ အစုအဖွဲ့ အနေနဲ့ပါ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ထားပါတယ်။ ပြီးခဲ့တဲ့ သုံးလအတွင်း မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခမြေပုံက ပြောင်းလဲလာပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပိုဖြစ်လာသလို၊ နိုင်ငံအရှေ့မြောက်ဘက်မှာလည်း မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA) ရဲ့ တိုက်ပွဲဆင်မှုတွေကို ပြန် မြင်လာရပါတယ်။ သံလွင်မြစ် အရှေ့ခြမ်း မှာလည်း တိုက်ပွဲတွေ ဖြစ်လာပါတယ်။ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေက ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ကနေရှမ်းပြည်နယ် တောင်ပိုင်းအထိ ဆင်းလာခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း ဒေသမှာလည်း ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာအချို့နဲ့ စစ်ကောင်စီအကြား အကြိမ်ရေ ရာနဲ့ချီတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာခဲ့ပါတယ်။ နောက်ထပ် ပေါ်လာတဲ့ အခင်းအကျင်းသစ်က ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ (PDF) တွေရဲ့ ခုခံ တွန်းလှန်စစ် ဖြစ်ပါတယ်။ နိုင်ငံအနှံ့ အရေအတွက်အားဖြင့် အနည်းဆုံး ၁၈၀ ကနေ အများဆုံး ၃၀ဝ ကျော်အထိ ရှိတဲ့ PDF အဖွဲ့တွေရဲ့ ခုခံ တွန်းလှန်စစ်ကိုချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အနောက်မြောက် လွင်ပြင်ဒေသ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသတွေမှာ အများဆုံး တွေ့ရပြီး ကယားပြည်နယ်မှာလည်း တိုက်ခိုက်မှုတွေ အရှိန်မြင့်နေပါတယ်။ ခြုံပြောရရင် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကလွဲပြီး ကျန်ပြည်နယ်နဲ့ တိုင်း ဒေသတွေမှာ အနည်းနဲ့အများ ဆိုသလို EAO တွေရဲ့တိုက်ပွဲဆင်မှုနဲ့ PDF တွေရဲ့ ခုခံ တွန်းလှန်စစ်က အရှိန်ကောင်းလာပါတယ်။ စစ်အာဏာ မသိမ်းခင် အချိန်က တပ်မတော်နဲ့အပြင်းအထန် တိုက်ပွဲဆင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီနဲ့ တိုက်ပွဲ ဖြစ်ပွား မှုမရှိတော့ဘဲ အပစ်ရပ်နေတာကထူးခြားချက်တခု ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းအတွက် ဆက်စပ် အခြေအနေ (context) ပြောင်းလဲသွားမှု၊ စကတည်းက အားနည်းချက် ရှိနေတဲ့ဒီဇိုင်း၊ စစ်အာဏာ သိမ်းပြီး နောက်ပိုင်း ဖြစ်လာတဲ့ အသစ်အသစ်သော အခင်းအကျင်း စတဲ့အချက်တွေက ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်အပေါ် ရိုက်ခတ်မှု ရှိခဲ့ပါတယ်။ NCA ကို အခြေပြုထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားလုံး ပါဝင်နိုင်မှုမရှိဘူးဆိုတဲ့ အငြင်းပွားမှု ရှိနေချိန်မှာပဲ၊ ဗဟိုချုပ်ကိုင်မှု လွန်ကဲတဲ့ အခင်းအကျင်းတွေက ကြိုးပမ်းမှု ဖြစ်စဉ်ကို ရှေ့မရောက်စေဘဲအကျပ်ရိုက်မှု (deadlock) ဖြစ်စေခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဖြစ်စဉ်တခုလုံး ပျက်စီးသွားပြီး NCA ပျက်ပြယ်ပြီဆိုတဲ့ သုံးသပ်ချက်တွေပါ ရှိခဲ့ပါတယ်။ စစ်ကောင်စီက အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ကို ဖျက်သိမ်းပြီး အသစ် ဖွဲ့စည်းလိုက်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းကော်မတီ (NSPNC) ဦးဆောင်မှုနဲ့ NCA လမ်းကြောင်း အတိုင်း ဆက်လုပ်မယ်လို့ ဆိုပါတယ်။ ပြည်ထောင်စု လွှတ်တော်ကအတည်ပြုပေးတဲ့ ကိစ္စကလွဲလို့ ငြိမ်းချမ်းရေးအတွက် စေ့စပ် ညှိနှိုင်းမှုတွေကို စစ်ကောင်စီနဲ့ ဆွေးနွေး အဖြေရှာလို့ ရကြောင်း စစ်ကောင်စီဥက္ကဋ္ဌက အောက်တိုဘာ ၁၅ ရက်မှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ခံ အစိုးရ၊ လွှတ်တော် အပါအဝင် တရားဝင်ကိုယ်စားပြုမှု အင်္ဂါ မစုံတော့တဲ့ အခြေအနေတွေက NCA အခြေခံ ငြိမ်းချမ်းရေး လုပ်ငန်းအပေါ် ပြန်လှန် ဆန်းစစ်စရာ ဖြစ်စေခဲ့ပါတယ်။ […]
10 Sep 2021 China Studies မြန်မာ့စစ်အာဏာသိမ်းမှုအပေါ် တရုတ်၏ရပ်တည်ချက် – အကျိုးစီးပွားဝိရောဓိများနှင့် မူဝါဒလားရာများ (လမ်းကြောင်းထွင်အာဘော်များကို ဆန်းစစ် သုံးသပ်ခြင်း အမှတ် – ၃) နိဒါန်း ၂၀၂၁ ခုနှစ် ဩဂုတ်နှောင်းပိုင်းမှာ တရုတ်ရဲ့ အာရှရေးရာအထူးသံတမန် မစ္စတာ ဆွန်းကော်ရှန်ဟာ မြန်မာနိုင်ငံကို တပတ်ကြာ လာရောက်ခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီမတိုင်ခင် ဩဂုတ်လဆန်းက ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကို “မြန်မာအစိုးရ”လို့ ရည်ညွှန်းခေါ်ဆိုခဲ့ပြီး ဒါဟာ အာဏာသိမ်း စစ်ကောင်စီက အိမ် စောင့်အစိုးရအဖြစ် ဖွဲ့စည်းပြီး တပတ်အကြာမှာ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဒီမတိုင်ခင်မှာလည်း တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီ ဥက္ကဋ္ဌကို မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ဆိုပြီး သုံးစွဲတာ၊ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးကို ပြည်ထောင်စုဝန်ကြီးလို့ခေါ်ပြီး တရုတ်နိုင်ငံက ဦးဆောင်ကျင်းပတဲ့ အာဆီယံနဲ့ မဲခေါင် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံ ကိုယ်စားပြုတက်စေတာတွေ ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးချိန်ကစပြီး တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ ပြည်တွင်းရေးသာ ဖြစ်တယ်လို့ ပြောဆိုပြီးကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အာဏာသိမ်းစစ်တပ်ကို ပြင်းထန်တဲ့ အရေးယူ တုံ့ပြန်မှုတွေ မရှိစေရေး အကြိမ်ကြိမ် ကာကွယ်ပေးခဲ့ပါတယ်။ ပြည်တွင်းရေးရာ အပြောင်းအလဲတွေကြောင့် တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ချစ်ကြည်တဲ့မူဝါဒကို ထိခိုက်မှာမဟုတ်ဘူး၊ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုး တိုးတက်မှု လမ်းကြောင်းရွေးချယ်ရာမှာ တရုတ်ကကူညီပံ့ပိုးသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒီလို ပြောဆိုမှု တွေကြောင့် အာဏာသိမ်းစစ်တပ်ကို အစိုးရအဖြစ် တရုတ်နိုင်ငံက တရားဝင်အသိအမှတ်ပြုကြောင်း ဖော်ပြခြင်း လား ဆိုတာ ယူဆစရာ ဖြစ်လာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ နိုင်ငံရေးအကျပ်အတည်းမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ၊ မူဝါဒတွေ၊ ရပ်တည်ချက်တွေနဲ့ပတ်သက်ပြီး ဩဇာရှိတဲ့ နိုင်ငံတကာ သုတေသန အဖွဲ့အစည်းတွေ၊ သတင်းဌာနတွေက လေ့လာ သုံးသပ်ဖော်ပြတဲ့ ဝေဖန်သုံးသပ်ချက်တွေ၊ သတင်း ဆောင်းပါးတွေ များစွာ ထွက်ပေါ်ခဲ့ပါတယ်။ ➤ ယခု ဆန်းစစ်ချက်အား PDF file ဖြင့် Download ရယူနိုင်ပါသည်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ ဩဇာကြီးမားတဲ့ The Economist မဂ္ဂဇင်းက ဆိုရင် မြန်မာနိုင်ငံမှာ မဟာဗျူဟာကျ စီးပွားရေး စီမံကိန်းတွေကို အဓိကလုပ်ဆောင်လိုတဲ့ တရုတ်ဟာ စစ်အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ မတည်ငြိမ်မှုတွေကို မြင်တွေ့လိုခြင်း မရှိဘူး၊ ဒါပေမဲ့ ပြန်လည်တည်ငြိမ်ရေးကို လုပ်ဆောင်မယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ကတိကို ယုံကြည်ကိုးစားနေတယ်၊ ပြည်သူလူထုဘက်(သို့မဟုတ်) ပြည်သူလူထု ထောက်ခံသော အစိုးရဘက်မှာ ရပ်တည်သွားမယ့် အလားအလာ […]
2 Aug 2021 Political Economy မြန်မာ့ဘဏ်စနစ် ပြိုလဲတော့မလား ဆွေးနွေးချက်များအား ဆန်းစစ်ခြင်း (လမ်းကြောင်းထွင်အာဘော်များကို ဆန်းစစ်သုံးသပ်ခြင်း အမှတ် – ၂) ▪ နိဒါန်း အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ်လာတဲ့ ငွေသားရှားပါးမှု ပြဿနာဟာ အခုချိန်မှာလည်း ပြေလည် မရှိသေးပါဘူး။ ဘဏ်ထဲမှာ စုငွေ ရှိသည့်တိုင် ငွေသားထုတ်ယူဖို့ အခက်အခဲ ကြုံနေရတာကြောင့် ကိုဗစ် တတိယလှိုင်းလို ကပ်ဘေးကို ရင်ဆိုင်ရတဲ့အခါ တပူပေါ် နှစ်ပူဆင့် ဖြစ်လာပါတယ်။ အခြေခံ စားသောက်ကုန်နဲ့ ဆေးဝါး ဝယ်တာက စပြီး အရေးပေါ် အောက်ဆီဂျင် ဝယ်တဲ့ ကိစ္စအထိငွေသားအလုံ အလောက် မရှိတော့ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ကိုဗစ်-၁၉ ဆိုင်ရာ ကိစ္စရပ်များအတွက် ကန့်သတ်ပမာဏထက် ကျော်လွန်ပြီး ငွေထုတ်ခွင့်ပြုဖို့ နိုင်ငံပိုင်ဘဏ်တွေ၊ ပုဂ္ဂလိက ဘဏ်တွေနဲ့ နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲတွေဆီကို ဗဟိုဘဏ်က အကြောင်းကြားစာ ပို့ခဲ့ပါတယ်။ ဒီလိုမျိုး ငွေသား ရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ ဗဟိုဘဏ်က အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမဲ့ အာဏာမသိမ်းခင် ကာလက ရှိခဲ့တဲ့ အခြေအနေ၊ အဆင့်မျိုး ပြန်ရောက်အောင် ထိန်းသိမ်းနိုင်စွမ်း မရှိသေးတာ တွေ့ရပါတယ်။ နဂိုကတည်းက ချည့်နဲ့နေပြီး ချို့ယွင်းချက် ဗရပွ ဖြစ်နေတဲ့ မြန်မာ့ဘဏ်စနစ်ဟာ ဒီကြားထဲ အကျပ်အတည်းတခုခုနဲ့ ထပ်ကြုံရရင် အမှိုက်ကစ ပြသာဒ် မီးလောင် မဖြစ်ဘူးလို့လည်း မပြောနိုင်ပါဘူး။ ဒါကြောင့်လည်း ဘဏ်စနစ် တခုလုံး ပြိုလဲတော့မလား ဆိုတဲ့ ဆွေးနွေးချက်တွေ ရှိလာပါတယ်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ https://anchor.fm/isp-myanmar/embed/episodes/ep-e15berp ➤ ယခု ဆန်းစစ်ချက်အား PDF file ဖြင့် Download ရယူနိုင်ပါသည်။ ဒီယူဆချက်နဲ့ ပတ်သက်ပြီး မြန်မာ့အရေး ကျွမ်းကျင်သူ သမိုင်းပညာရှင် ဖြစ်တဲ့ ဒေါက်တာ သန့်မြင့်ဦးက ဩဇာကြီးမားတဲ့ ကမ္ဘာ့စီးပွားရေး စာစောင် Financial Times ကို ပြောကြားရာမှာ ၂၀၁၆ ခုနှစ်က တည်းက မြန်မာ့ဘဏ်စနစ် မှာအကျပ်အတည်းတွေ ရှိနေခဲ့တာလို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုတွေနဲ့အတူဖြစ်လာတဲ့ ငွေဖြစ် လွယ်မှု ပြဿနာအပေါ် ဗဟိုဘဏ်ရဲ့ ကိုင်တွယ်ဖြေရှင်းပုံ အားနည်းတာတွေ၊ ဖြေရှင်းဖို့ စိတ်ဆန္ဒ အားနည်းတာတွေနဲ့ ဘဏ်တွေအပေါ် ပုံမှန်ရှိနေကျ ယုံကြည်မှု မရှိတော့တာတွေက အကျပ်အတည်းကို ပိုပြီး ဆိုးရွားစေခဲ့တယ်လို့ ဆိုပါတယ်။Financial Times ရဲ့ ဘန်ကောက် အခြေစိုက် သတင်းထောက် John Reed ရေးသားခဲ့တဲ့ ဆောင်းပါးမှာ မြန်မာနိုင်ငံရဲ့ ငွေသားရှားပါးမှု ပြဿနာဟာ (ပြည်သူဘက်က) ယုံကြည်မှု မရှိတော့တာကြောင့် ဘဏ်အကျပ်အတည်းဖြစ်ဖို့ ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။ ဒီရှုမြင်ချက်ကိုပဲ Crisis of Confidence လို့ ဆောင်းပါးရှင် ခိုင်က Frontier Myanmar မဂ္ဂဇင်းမှာ သုံးသပ်ခဲ့ပါ တယ်။ ဒါ့အပြင် ဆောင်းပါးရှင် Dominic Oo နဲ့ Shawn W. Crispin တို့ကတော့ ယုံကြည်မှု ပြဿနာအပြင် အရင်ကတည်းက ပြန်မဆပ်နိုင်တဲ့ဘဏ်ချေးငွေတွေ ရှိတာကြောင့် အခြေမခိုင်တဲ့ ဘဏ်တွေဟာ နိုင်ငံရေး မတည်ငြိမ်မှု ဖြစ်ချိန်မှာ ပြိုလဲလုနီးပါး အခြေအနေ ဆိုက်သွားတယ်လို့ ဒေသတွင်းမှာ ထင်ရှားတဲ့ မဂ္ဂဇင်းတစောင်ဖြစ်တဲ့ Asia Times မှာ ဆွေးနွေးထားပါတယ်။ ကမ္ဘာ့ဘဏ်က ဒီရက်ပိုင်း ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး စောင့်ကြည့် အစီရင်ခံစာမှာ ဘဏ်တွေနဲ့ ပတ်သက်ပြီးယုံကြည်မှု ပြဿနာနဲ့ အခြေခံလိုအပ်ချက်တွေ အကြောင်းကို အသေးစိတ် ထောက်ပြထားပါတယ်။ ဒါပေမဲ့ ဘဏ်တွေ ပြိုလဲနိုင်ခြေ ရှိ၊ မရှိကိုတော့ မှတ်ချက်ပြုထားတာ မတွေ့ရပါဘူး။ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအချက်တွေကို သုံးသပ်ပြီးဖြစ်တန်ခြေ အနေအထားတွေကို အချက်အလက်တွေနဲ့ ဖော်ပြတဲ့ The Economist Intelligence Unit (EIU) က ထုတ်ခဲ့တဲ့ ၂၀၂၁ခုနှစ် အတွက် မြန်မာနိုင်ငံဆိုင်ရာ တတိယအကြိမ် အစီရင်ခံစာမှာ နိုင်ငံ (စစ်ကောင်စီ) အနေနဲ့ ချေးငွေတွေအားလုံး ပြန်မဆပ်နိုင်တော့မယ့် sovereign default အနေအထားကို မရောက်နိုင်သေးပေမယ့် တိုင်းပြည် ဖရိုဖရဲ ဖြစ်နေတာနဲ့အမျှ ဖြစ်နိုင်ခြေက မြင့်မားနေပါတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ▪ အရေးပါသည့် ဆွေးနွေးချက်များ၊ အထောက်အထားနှင့် အကြံပြုချက်များ မြန်မာနိုင်ငံမှာ ဘဏ်စနစ်တခုလုံး ပြိုလဲနိုင်တဲ့ အထိ ကပ်ဆိုက်သွားနိုင်တယ် ဆိုတဲ့ ဆွေးနွေးချက်တွေမှာ အချက် သုံးချက်ကိုအဓိကထားပြီး သုံးသပ်ပြောဆိုကြပါတယ်။ ပထမဆုံးအချက်က ဘဏ်စနစ် ကပ်ဆိုက်ရောက်နိုင်ခြေဟာ “ယုံကြည်မှုအကျပ်အတည်း”ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူတွေက စစ်အာဏာရှင်စနစ်ကို လက်မခံတာကြောင့် စစ်အာဏာရှင်တွေ အုပ်ချုပ်စီမံတဲ့ ငွေကြေး စီမံခန့်ခွဲမှုအောက်မှာစုဆောင်းငွေတွေကို မထားချင်တော့ပါဘူး။ ဒါ့အပြင် စစ်အာဏာရှင်စနစ်လက်အောက်မှာ ကြိုးဆွဲရာ “က”ရတဲ့ ဗဟိုဘဏ်ရဲ့ရပ်တည်မှုကလည်း အာဏာရှင်ရဲ့ အကျိုးစီးပွားအတွက်သာ ဦးတည်လေ့ရှိတာကြောင့် ဗဟိုဘဏ်က ဘယ်လိုပဲ ဖြေရှင်းမှုတွေလုပ်ပါစေ၊ ထိရောက်ဖို့ အားနည်းပါတယ်။ ဥပမာအားဖြင့် ငွေသား ထုတ်ယူတဲ့အခါ တဦးကို တပတ် ငွေကျပ် သိန်း ၂၀၊ တရက်ကိုကျပ်ငါးသိန်း စသဖြင့် ကန့်သတ်မှုတွေ လုပ်ခဲ့ခြင်းကိုက ဗဟိုဘဏ်ရဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်းအပေါ် ယုံကြည်မှု ပိုကျစေပါတယ်။ တချိန်တည်းမှာပဲ ငွေကြေး ရိုက်ထုတ်ဖို့အတွက် နည်းပညာနဲ့ ကုန်ကြမ်းတွေရောင်းပေးနေတဲ့ ဂျာမဏီ အခြေစိုက် လုပ်ငန်းကပါစစ်အာဏာသိမ်းမှုကို ဒဏ်ခတ်တဲ့ အနေနဲ့ မြန်မာနိုင်ငံအတွက် ကုန်ကြမ်းတွေ မရောင်းပေးတော့ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါကိုလည်းဖြေရှင်းနိုင်စွမ်း မရှိတဲ့အခါ ဗဟိုဘဏ်ရဲ့ လုပ်ဆောင်နိုင်မှု အကန့်အသတ်က ပိုထင်ရှားခဲ့ပါတယ်။ ဒါ့ကြောင့် အပ်နှံထားတဲ့ငွေကြေးတွေကို ရသလောက် တိုးကျိတ် ထုတ်ယူတာတွေ ပိုလုပ်လာပါတယ်။ စီးပွားရေး လုပ်ငန်းတွေကလည်း အရောင်းအဝယ်လုပ်တဲ့အခါ အွန်လိုင်းကနေ ပေးချေတာထက် ငွေစက္ကူနဲ့ပဲ လက်ခံခဲ့တာကြောင့် ငွေသား လိုအပ်ချက်ဟာ ပြည်သူလူထုအတွက်အခက်အခဲကြီးတခု ဖြစ်နေပါတယ်။ တခါ လက်ထဲရှိနေတဲ့ ငွေတွေကို ငွေဖြစ်လွယ်တဲ့ ရွှေ၊ အမေရိကန်ဒေါ်လာတို့နဲ့ လဲလှယ်ဝယ်ယူကြတာကြောင့် မြန်မာငွေကြေးတန်ဖိုးက အဆမတန် ထိုးဆင်းခဲ့ပါတယ် (Khine, 2021)။ ရလဒ်အားဖြင့် ငွေအပ်နှံသူတွေရဲ့ဘဏ်တွေအပေါ်ထားရှိတဲ့ ယုံကြည်မှုဟာ ပိုကျဆင်းလာပါတယ်။ ဒီလို ဘဏ်တွေအများစုအပေါ် ယုံကြည်မှုလျော့နည်းရာကနေငွေအပ်နှံသူတွေ တယောက်ကနေ နှစ်ယောက်၊ နှစ်ယောက်ကနေ သုံးယောက်၊ အဲဒီကမှ လူအားလုံး စိုးရိမ် ထိတ်လန့်တကြီး ငွေတွေ ဝိုင်းပြီး ပြန်ထုတ် ကြရင်းနဲ့ ဘဏ်မှာ ငွေစုပြုံထုတ်တဲ့ ပြဿနာ (bank run) ဖြစ်လာပါတယ်။ ဘဏ်တွေမှာ ငွေတွေစုပြုံ ထုတ်တဲ့ ပြဿနာကို ရုတ်တရက် ကြည့်ရင် ဘဏ္ဍာရေး အခြေခံ လိုအပ်ချက်တွေ မကောင်းတာကြောင့် လို့ ပြောကြပါတယ်၊ ဒါပေမဲ့လူထုထောက်ခံမှု မရှိတဲ့ အုပ်စိုးသူတွေကို ပြည်သူ ယုံကြည်မှု မရှိတော့တာ က အမှန်တရားတခု ဖြစ်တယ်လို့ မြန်မာ့ဝါရင့်စီးပွားရေး လုပ်ငန်းရှင်တဦးက Asia Times မဂ္ဂဇင်းရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ ပြောခဲ့ပါတယ်။ ဒုတိယအချက်က ဘဏ်တွေရဲ့ အခြေခံ လိုအပ်ချက် တောင့်တင်းမှုမရှိတဲ့ အနေအထားကြောင့် ဖြစ်ပါတယ်။ The Economic Intelligence Unit က ၂၀၂၁ ခုနှစ်မှာ တတိယအကြိမ် ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ အရဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်တွေဟာညံ့ဖျင်းတဲ့ အကဲဖြတ်ချက်တွေအပေါ် မူတည်ပြီး ချေးငွေ ထုတ်ပေးဖို့ ဆုံးဖြတ်ချက် ချကြတယ်၊ ဒါဟာ ဘဏ်တွေ ကပ်ဆိုက်စေမယ့် အန္တရာယ်ကို ဦးတည် နေတယ်လို့ ပြောခဲ့ပါတယ်။ Asia Times မဂ္ဂဇင်းရဲ့ ဆောင်းပါးမှာလည်း ၂၀၂၁ ဇန်နဝါရီလ စစ်အာဏာ မသိမ်းခင်တုန်းက အခြေအနေ တရပ်ကို ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund – IMF) က မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်တွင်းဘဏ်တွေရဲ့ ဘဏ္ဍာရေး အခြေအနေ အစစ်အမှန်ကို သိရဖို့ နိုင်ငံတကာစစ်ဆေးရေး အဖွဲ့တွေနဲ့ အမြန်ဆုံး စစ်ဆေးပြီး ကုစားပြင်ဆင်ဖို့ အထူးသတိပေးထားပြီး ဒါက ဘဏ်တွေရဲ့ စိုးရိမ်ရတဲ့ အခြေအနေကို ပြဆိုနေတာပါ (Oo & Crispin, 2021)။ တခါ ၂၀၁၇ ခုနှစ်မှာ ဗဟိုဘဏ်က ချမှတ်ခဲ့တဲ့ ပိုမိုတင်းကြပ်တဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီစေမဲ့စည်းမျဉ်းအသစ်တွေ ထုတ်ပြန်လိုက်ချိန်မှာ အဲဒီအချိန်ထိ တောက်လျှောက် ချေးထားခဲ့တဲ့ ဘဏ်ချေးငွေတွေ အားလုံးရဲ့ သုံးပုံတပုံဟာ ကြွေးဆုံးဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်(GIZ Myanmar, 2021)။ ၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ခြောက်လတာကာလမှာ အစိုးရဘဏ် သုံးခုရဲ့ ချေးငွေ ဆုံးရှုံးမှုတန်ဖိုးဟာ ကျပ် ၂၆၃ ဒသမ ၉ ဘီလီယံရှိပါတယ် (Chan Mya Htwe, 2020)။ NLD အစိုးရလက်ထက်မှာ ကိုဗစ်ကာလ စီးပွားရေးကုစားမှု မူဝါဒတွေအရ စည်းမျဉ်းအသစ်တွေကို ဘဏ်တွေ လိုက်နာဖို့အတွက် ၂၀၂၃ ခုနှစ် အထိ ဗဟိုဘဏ်က ရွေ့ဆိုင်းခဲ့ပေမယ့်၊ ဘဏ်ချေးငွေအမြောက်အမြား ဆုံးရှုံးမယ့်အန္တရာယ်ကို အဲဒီ အချိန်ကတည်းက ကြုံနေခဲ့ရတာပါ (The […]
1 Jul 2021 Conflict, Peace & Security မြန်မာ့အရေး ကျရှုံးနိုင်ငံဖြစ်တော့မလား ဆွေးနွေးချက်များအား ဆန်းစစ်ခြင်း နိဒါန်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး ဖြစ်လာတဲ့ အခြေအနေတွေအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကျရှုံးနိုင်ငံတခု (failed state) အဖြစ် ဦးတည်သွားနိုင်တယ်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လေ့လာသူတွေက ဆိုနေကြပါတယ်။ အထူးသဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ချေမှုန်းမှုကြောင့် သေဆုံးရမှုတွေ အမြောက်အများ ရှိနေသလို၊ လက်တုံ့ပြန် ခုခံ တိုက်ခိုက်မှုတွေကြောင့်လည်း စစ်ပွဲတွေ ကျယ်ပြန့်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာ့ဒုက္ခသည်တင်ပို့မှု ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အရေအတွက် တသန်းကျော်တဲ့ နိုင်ငံတွေကို မှတ်တမ်းပြုထားရာမှာ မြန်မာနိုင်ငံက ဒုက္ခသည် […]